وَلَمَّا أَن جَاءَتْ رُسُلُنَا لُوطًا سِيءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًا وَقَالُوا لَا تَخَفْ وَلَا تَحْزَنْ ۖ إِنَّا مُنَجُّوكَ وَأَهْلَكَ إِلَّا امْرَأَتَكَ كَانَتْ مِنَ الْغَابِرِينَ ٣٣
🔤 Transliteration
Wa lammaaa an jaaa`at Rusulunaa Lootan seee`a bihim wa daaqa bihim zar`anw wa qaaloo laa takhaf wa laa tahzan innaa munajjooka wa ahlaka illam ra ataka kaanat minal ghaabireen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
တစ်ဖန် ငါအရှင်မြတ်၏ စေတမန်တို့သည်’လူ(တ်)’ ၏ထံသို့ရောက်ရှိ၍ လာခဲ့ကြလေသောအခါ ထို’လူ(တ်)’ မှာ ၎င်းတို့ကြောင့် စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရသည့်ပြင်၊ ၎င်းတို့နှင့်ပက်သက်၍ လွန်စွာစိတ်ကျဉ်းကျပ်မှုလည်း ဖြစ်ခဲ့လေ၏။ သို့ရာတွင် ထိုစေတမန်တို့က (ဤသို့)ပြောဆို (နှစ်သိမ့်စေ)ခဲ့ကြ လေသည်။ [‘အို-လူ(တ်)’] အသင်သည် စိုးရိမ်ခြင်းလည်း မရှိပါလေနှင့်၊ ပူဆွေးခြင်းလည်း မရှိပါလေနှင့်။ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်၏ဇနီးမှအပ အသင်နှင့်တကွ အသင်၏အိမ်သူအိမ်သား သက်ဆိုင်သူ အားလုံးတို့အား ကယ်ဆယ်အံ့သောသူများပင် ဖြစ်ကြပေသည်။ ထို ဇနီးမှာမူကား(ပြစ်ဒဏ်ခံစားရန်) ကျန်ရစ်ခဲ့ကြကုန်သောသူတို့တွင် တစ်ဦးအပါအဝင် ဖြစ်ချိမ့်မည်။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်များ سِيءَ بِهِمْ — သူတို့ကြောင့် စိတ်မကောင်း ဖြစ်ခဲ့ရသည်။ ဆိုလိုသည်မှာ ဧည့်သည်များအတွက် စိုးရိမ်ပူပန်မှုနှင့် ဝမ်းနည်းမှု ခံစားခဲ့ရသည်။ضَاقَ بِهِمْ ذَرْعًا — သူတို့ကို ကာကွယ်ရန် နည်းလမ်းမရှိသဖြင့် စိတ်ကျဉ်းကျပ် ဖြစ်ခဲ့ရသည်။ "ဇရာအ်" ဟူသည် လက်တံ၊ လက်မောင်းကို ဆိုလိုပြီး ဤနေရာတွင် စွမ်းရည်၊ ခံနိုင်ရည်ဟု အဓိပ္ပာယ်ရသည်။مُنَجُّوكَ — သင့်ကို ကယ်တင်မည့်သူများ။الْغَابِرِينَ — ကျန်ရစ်ခဲ့သူများ၊ ပျက်စီးခြင်းထဲ ကျန်ရစ်မည့်သူများ။၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက် အလ္လာဟ်အရှင်မြတ်သည် လူတ်သ် (အလိုင်ဟိစ်စလာမ်) ထံသို့ ကောင်းကင်တမန်များ စေလွှတ်တော်မူခဲ့သည်။ ထိုကောင်းကင်တမန်များသည် လူသားများ၏ အသွင်အပြင်ဖြင့် ရောက်ရှိလာခဲ့ကြသည်။ လူတ်သ် (အလိုင်ဟိစ်စလာမ်) သည် သူတို့ကို လူသားဧည့်သည်များဟု ထင်မှတ်ခဲ့သည်။ သူ၏ လူမျိုးများသည် အလွန်ဆိုးသွမ်းပြီး အရှက်မဲ့သော လုပ်ရပ်များကို ကျူးလွန်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ဧည့်သည်များကို သူ၏လူမျိုးများ၏ ဘေးအန္တရာယ်မှ ကာကွယ်နိုင်မည် မဟုတ်ဟု စိုးရိမ်သဖြင့် စိတ်မကောင်း ဖြစ်ခဲ့ရပြီး စိတ်ကျဉ်းကျပ် ခံစားခဲ့ရသည်။
ထိုအခါ ကောင်းကင်တမန်များက သူ့အား "မကြောက်ပါနှင့်၊ သင့်လူမျိုးများသည် ငါတို့ထံ ဘေးအန္တရာယ် မပြုနိုင်ပါ။ သင့်လူမျိုးများ ပျက်စီးခံရမည့်အကြောင်း သတင်းကြောင့်လည်း မဝမ်းနည်းပါနှင့်။ ငါတို့သည် သင့်ကိုလည်းကောင်း၊ သင့်အိမ်သူအိမ်သားများကိုလည်းကောင်း ကယ်တင်မည် ဖြစ်သည်။ သို့သော် သင့်ဇနီးမှာ ချွင်းချက်ဖြစ်သည်။ သူမသည် ပျက်စီးခံရမည့်သူများထဲတွင် ပါဝင်မည် ဖြစ်သည်" ဟု ပြောကြားခဲ့ကြသည်။
၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ နောက်လိုက်တော်များကို အမြဲတမ်း ကယ်တင်တော်မူသည်။ ခက်ခဲသော အခြေအနေများတွင် ကူညီတော်မူသည်။ မကောင်းမှုကို ကျူးလွန်သူများသည် နောက်ဆုံးတွင် ပျက်စီးခြင်းသို့ ရောက်ရမည် ဖြစ်သည်။ မိသားစုထဲတွင် မကောင်းမှုကို ထောက်ခံသူရှိပါက ထိုသူသည် မိသားစု ဆက်ဆံရ
وَلَمَّآ أَن جَآءَتۡ رُسُلُنَا لُوطًا سِيٓءَ بِهِمۡ وَضَاقَ بِهِمۡ ذَرۡعًاۖ وَقَالُواْ لَا تَخَفۡ وَلَا تَحۡزَنۡ إِنَّا مُنَجُّوكَ وَأَهۡلَكَ إِلَّا ٱمۡرَأَتَكَ كَانَتۡ مِنَ ٱلۡغَٰبِرِينَ ٣٣
တစ်ဖန် ငါအရှင်မြတ်၏ စေတမန်တို့သည်’လူ(တ်)’ ၏ထံသို့ရောက်ရှိ၍ လာခဲ့ကြလေသောအခါ ထို’လူ(တ်)’ မှာ ၎င်းတို့ကြောင့် စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရသည့်ပြင်၊ ၎င်းတို့နှင့်ပက်သက်၍ လွန်စွာစိတ်ကျဉ်းကျပ်မှုလည်း ဖြစ်ခဲ့လေ၏။ သို့ရာတွင် ထိုစေတမန်တို့က (ဤသို့)ပြောဆို (နှစ်သိမ့်စေ)ခဲ့ကြ လေသည်။ [‘အို-လူ(တ်)’] အသင်သည် စိုးရိမ်ခြင်းလည်း မရှိပါလေနှင့်၊ ပူဆွေးခြင်းလည်း မရှိပါလေနှင့်။ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်၏ဇနီးမှအပ အသင်နှင့်တကွ အသင်၏အိမ်သူအိမ်သား သက်ဆိုင်သူ အားလုံးတို့အား ကယ်ဆယ်အံ့သောသူများပင် ဖြစ်ကြပေသည်။ ထို ဇနီးမှာမူကား(ပြစ်ဒဏ်ခံစားရန်) ကျန်ရစ်ခဲ့ကြကုန်သောသူတို့တွင် တစ်ဦးအပါအဝင် ဖြစ်ချိမ့်မည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 31-35 — စူရာ အလ်-အန်ကာဘူတ်
31 وَلَمَّا جَاءَتْ رُسُلُنَا إِبْرَاهِيمَ بِالْبُشْرَىٰ قَالُوا إِنَّا مُهْلِكُو أَهْلِ هَٰذِهِ الْقَرْيَةِ ۖ إِنَّ أَهْلَهَا كَانُوا ظَالِمِينَ
၎င်းပြင် ငါအရှင်မြတ်၏ စေတမန်များသည် ဝမ်းမြောက်ဖွယ်သတင်းကို အိဗ်ရာဟီမ်၏ထံသို့ ဆောင်ကြဉ်းခဲ့ကြလေသောအခါ၊ ၎င်းတို့က ‘ဧကန် မလွဲ ကျွန်ုပ်တို့သည် ဤမြို့ရွာသားတို့အား ဖျက်ဆီးမည့်သူများပင် ဖြစ်ကြပေသည်။ဧကန်စင်စစ် ယင်းမြို့ရွာ၌ နေထိုင်သောသူတို့မှာ အလွန်တရာပြစ်မှု ကျူးလွန်သူများပင် ဖြစ်ကြကုန်သည်’ ဟု ပြောဆိုခဲ့ကြလေ၏။
32 قَالَ إِنَّ فِيهَا لُوطًا ۚ قَالُوا نَحْنُ أَعْلَمُ بِمَن فِيهَا ۖ لَنُنَجِّيَنَّهُ وَأَهْلَهُ إِلَّا امْرَأَتَهُ كَانَتْ مِنَ الْغَابِرِينَ
(ထိုအခါ)ထိုအိဗ်ရာဟီမ်က ထိုမြို့ရွာ၌ (နဗီတမန်တော်) ‘လူ(တ်)’သည်(လည်း) ရှိနေပေသည်ဟု ပြောကြားခဲ့လေရာ ထိုစေတမန်တို့က ပြောဆိုဖြေကြားခဲ့သည်မှာ ထိုမြို့ရွာ၌ မည်သူတို့ နေထိုင်ကြသည်ကို ကျွန်ုပ်တို့သည် ကောင်းစွာသိရှိကြပေသည်။ အမှန်ပင် ကျွန်ုပ်တို့သည် ‘လူ(တ်)’ ၏ဇနီးမှအပ ထို ‘လူ(တ်)’ နှင့်တကွ ၎င်း၏အိမ်သူအိမ်သား သက်ဆိုင်သူများကိုပါ ကယ်ဆယ်ကြပေမည်။ ထို[‘လူ(တ်)]၏ဇနီးမှာမူကား ကျန်ရစ်သူတို့တွင် အပါအဝင်ဖြစ်ပေမည်ဟု ပြောကြားခဲ့ကြကုန်၏။
33 وَلَمَّا أَن جَاءَتْ رُسُلُنَا لُوطًا سِيءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًا وَقَالُوا لَا تَخَفْ وَلَا تَحْزَنْ ۖ إِنَّا مُنَجُّوكَ وَأَهْلَكَ إِلَّا امْرَأَتَكَ كَانَتْ مِنَ الْغَابِرِينَ
တစ်ဖန် ငါအရှင်မြတ်၏ စေတမန်တို့သည်’လူ(တ်)’ ၏ထံသို့ရောက်ရှိ၍ လာခဲ့ကြလေသောအခါ ထို’လူ(တ်)’ မှာ ၎င်းတို့ကြောင့် စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရသည့်ပြင်၊ ၎င်းတို့နှင့်ပက်သက်၍ လွန်စွာစိတ်ကျဉ်းကျပ်မှုလည်း ဖြစ်ခဲ့လေ၏။ သို့ရာတွင် ထိုစေတမန်တို့က (ဤသို့)ပြောဆို (နှစ်သိမ့်စေ)ခဲ့ကြ လေသည်။ [‘အို-လူ(တ်)’] အသင်သည် စိုးရိမ်ခြင်းလည်း မရှိပါလေနှင့်၊ ပူဆွေးခြင်းလည်း မရှိပါလေနှင့်။ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်၏ဇနီးမှအပ အသင်နှင့်တကွ အသင်၏အိမ်သူအိမ်သား သက်ဆိုင်သူ အားလုံးတို့အား ကယ်ဆယ်အံ့သောသူများပင် ဖြစ်ကြပေသည်။ ထို ဇနီးမှာမူကား(ပြစ်ဒဏ်ခံစားရန်) ကျန်ရစ်ခဲ့ကြကုန်သောသူတို့တွင် တစ်ဦးအပါအဝင် ဖြစ်ချိမ့်မည်။
34 إِنَّا مُنزِلُونَ عَلَىٰ أَهْلِ هَٰذِهِ الْقَرْيَةِ رِجْزًا مِّنَ السَّمَاءِ بِمَا كَانُوا يَفْسُقُونَ
ဧကန်အမှန် ကျွန်ုပ်တို့သည် ဤမြို့သူရွာသားတို့အပေါ်၌ ၎င်းတို့သည် အမိန့်တော်ကိုဖီဆန်လျက် ရှိခဲ့ကြသောကြောင့် မိုးကောင်းကင်မှ ပြစ်ဒဏ်တစ်မျိုးကို ချပေးအံ့သောသူများပင် ဖြစ်ကြပေသည်။
35 وَلَقَد تَّرَكْنَا مِنْهَا آيَةً بَيِّنَةً لِّقَوْمٍ يَعْقِلُونَ
သို့ရာတွင် ငါအရှင်မြတ်သည် သိနားလည်ကြကုန်သော အမျိုးသားတို့အဖို့ ထိုမြို့ရွာမှ ထင်ရှားစွာသော သက်သေလက္ခဏာအချို့ကို ချန်လှပ်၍ ထားရှိတော်မူခဲ့ပေသတည်း။
ဘာသာပြန် — အလ်-အန်ကာဘူတ် 33 စူရာ အလ်-အန်ကာဘူတ် အာယာသ် 33 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တစ်ဖန် ငါအရှင်မြတ်၏ စေတမန်တို့သည်’လူ(တ်)’ ၏ထံသို့ရောက်ရှိ၍ လာခဲ့ကြလေသောအခါ ထို’လူ(တ်)’ မှာ ၎င်းတို့ကြောင့် စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရသည့်ပြင်၊…
စူရာ အာယာသ် 33/69 — စူရာ အလ်-အန်ကာဘူတ် العنكبوت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ကာဘူတ် နားထောင်, စူရာ အလ်-အန်ကာဘူတ် ဘာသာပြန်, စူရာ အလ်-အန်ကာဘူတ် mp3, စူရာ အလ်-အန်ကာဘူတ် pdf. အာယာသ် 31–35. မြန်မာဘာသာ: ภาษาไทย.