အလ်-အန်ကာဘူတ် · 7/69
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ကာဘူတ်
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَنُكَفِّرَنَّ عَنْهُمْ سَيِّئَاتِهِمْ وَلَنَجْزِيَنَّهُمْ أَحْسَنَ الَّذِي كَانُوا يَعْمَلُونَ ۝٧
Wallazeena aamanoo wa `amilus saalihaati lanukaf firanna `anhum saiyiaatihim wa lanajziyannahum ahsanal lazee kaanoo ya`maloon
📖 မြန်မာဘာသာ
အကြင်သူတို့သည် "အီမာန်" သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြပါမူ၊ မလွဲဧကန် ငါအရှင်မြတ်သည် ၎င်းတို့၏ ပြစ်မှုဒုစရိုက်များကို ၎င်းတို့မှ ပပျောက်စေတော်မူမည်။ ထိုမှတစ်ပါး မုချဧကန် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ ကျင့်မူလျက်ရှိခဲ့ကြသည်တို့ထက် ကောင်းမြတ်သော အစားကို ချီးမြှင့်ပေးသနားတော် မူအံ့သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 5-9 — စူရာ အလ်-အန်ကာဘူတ်

5مَن كَانَ يَرْجُو لِقَاءَ اللَّهِ فَإِنَّ أَجَلَ اللَّهِ لَآتٍ ۚ وَهُوَ السَّمِيعُ الْعَلِيمُ
မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရန် မျှော်လင့်လျက်ရှိခဲ့မူ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်း၍ ထားတော်မူသော ကာလအပိုင်းအခြားသည် မုချ ဆိုက်ရောက်လာမည်ဖြစ်၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ကြားတော်မူသော၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
6وَمَن جَاهَدَ فَإِنَّمَا يُجَاهِدُ لِنَفْسِهِ ۚ إِنَّ اللَّهَ لَغَنِيٌّ عَنِ الْعَالَمِينَ
အမှန်သော်ကား မည်သူမဆို ကြိုးပမ်းဆောင်ရွက်ခဲ့မူ ထိုသူသည် မိမိအကျိုးငှာ ကြိုးပမ်းဆောင်ရွက်သည်သာ ဖြစ်ချေသည်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် စကြာဝဠာခပ်သိမ်းတို့ကို(မှ) လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
7وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَنُكَفِّرَنَّ عَنْهُمْ سَيِّئَاتِهِمْ وَلَنَجْزِيَنَّهُمْ أَحْسَنَ الَّذِي كَانُوا يَعْمَلُونَ
အကြင်သူတို့သည် "အီမာန်" သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြပါမူ၊ မလွဲဧကန် ငါအရှင်မြတ်သည် ၎င်းတို့၏ ပြစ်မှုဒုစရိုက်များကို ၎င်းတို့မှ ပပျောက်စေတော်မူမည်။ ထိုမှတစ်ပါး မုချဧကန် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ ကျင့်မူလျက်ရှိခဲ့ကြသည်တို့ထက် ကောင်းမြတ်သော အစားကို ချီးမြှင့်ပေးသနားတော် မူအံ့သတည်း။
8وَوَصَّيْنَا الْإِنسَانَ بِوَالِدَيْهِ حُسْنًا ۖ وَإِن جَاهَدَاكَ لِتُشْرِكَ بِي مَا لَيْسَ لَكَ بِهِ عِلْمٌ فَلَا تُطِعْهُمَا ۚ إِلَيَّ مَرْجِعُكُمْ فَأُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားအား(ဤသို့)အမိန့်ပေးတော်မူ၏။ အသင်သည် မိမိ၏ မိဘနှစ်ပါးတို့အား ကောင်းစွာပြုစုရမည်။ သို့ရာတွင် အကယ်၍ အသင်၌ အသိပညာ(သက်သေအထောက်အထား) မည်သည့်တစ်စုံတစ်ရာမျှ မရှိသောအရာကို အသင့်အား ငါအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ရန် ထိုမိဘနှစ်ပါးက ကြိုးပမ်းအားထုတ်ခဲ့ကြလျှင် အသင်သည်(ယင်းတွဲဖက် ကိုးကွယ်မှုနှင့်စပ်လျဉ်း၍) ထိုမိဘနှစ်ပါး၏ စကားကို မလိုက်နာလေနှင့်။ အသင်တို့အားလုံးသည် ငါအရှင်မြတ်အထံတော်သို့ ပြန်လာကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုမူလျက်ရှိခဲ့ကြကုန်သော အမှုကိစ္စ(အလုံးစုံ)တို့နှင့်စပ်လျဉ်း၍ အသိပေးတော်မူမည်။
9وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَنُدْخِلَنَّهُمْ فِي الصَّالِحِينَ
၎င်းပြင် ‘အီမာန်’သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြကုန်သော သူတို့အား ဧကန်စင်စစ် ငါအရှင်မြတ်သည် သူမွန်သူမြတ်တို့တွင် ဝင်ရောက်စေတော် မူအံ့သတည်း။
အလ်-အန်ကာဘူတ်ကုရ်အာန် ညွှန်းကိန်း
69အာယာသ်
MeccanRevelation
7အာယာသ်

ဘာသာပြန် — အလ်-အန်ကာဘူတ် 7

စူရာ အလ်-အန်ကာဘူတ် အာယာသ် 7 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကြင်သူတို့သည် "အီမာန်" သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြပါမူ၊ မလွဲဧကန် ငါအရှင်မြတ်သည် ၎င်းတို့၏ ပြစ်မှုဒုစရိုက်များကို…

စူရာ အာယာသ် 7/69 — စူရာ အလ်-အန်ကာဘူတ် العنكبوت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ကာဘူတ် နားထောင်, စူရာ အလ်-အန်ကာဘူတ် ဘာသာပြန်, စူရာ အလ်-အန်ကာဘူတ် mp3, စူရာ အလ်-အန်ကာဘူတ် pdf. အာယာသ် 5–9. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers