مَّا كَانَ اللَّهُ لِيَذَرَ الْمُؤْمِنِينَ عَلَىٰ مَا أَنتُمْ عَلَيْهِ حَتَّىٰ يَمِيزَ الْخَبِيثَ مِنَ الطَّيِّبِ ۗ وَمَا كَانَ اللَّهُ لِيُطْلِعَكُمْ عَلَى الْغَيْبِ وَلَٰكِنَّ اللَّهَ يَجْتَبِي مِن رُّسُلِهِ مَن يَشَاءُ ۖ فَآمِنُوا بِاللَّهِ وَرُسُلِهِ ۚ وَإِن تُؤْمِنُوا وَتَتَّقُوا فَلَكُمْ أَجْرٌ عَظِيمٌ ١٧٩
🔤 Transliteration
Maa kaanal laahu liyazaral mu`mineena `alaa maaa antum `alaihi hattaa yameezal khabeesa minat taiyib; wa maa kaanal laahu liyutli`akum `alal ghaibi wa laakinnal laaha yajtabee mir Rusulihii mai yashaaa`u fa aaminoo billaahi wa Rusulih; wa in tu `minoo wa tattaqoo falakum ajrun `azeem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်သည် မသန့်စင်သောသူ(မုနာဖစ်က်)ကို သန့်စင်သောသူ (မုစ်လင်မ်အစစ်အမှန်)နှင့်ခွဲခြားတော်မမူဘဲ မုအ်မင်န်သက်ဝင် ယုံကြည်သောသူအပေါင်းတို့အား (ယနေ့)အသင်တို့ (မုစ်လင်မ်အစစ်နှင့် မုနာဖစ်က်အယောင်ဆောင် မုစ်လင်မ် တို့သည် ရောနှောလျက်ရှိသော)အခြေအနေမျိုးတွင် လွှတ်ထားတော် မူမည်မဟုတ်ပေ။ ထိုနည်းတူစွာ အလ္လာဟ်အရှင်မြတ်သည်(အယောင်ဆောင် မုစ်လင်မ်တို့၏ အမည်နာမ တို့ကို ထုတ်ဖော်ပြသတော်မူခြင်းအားဖြင့်)အသင်တို့အား မျက်ကွယ်၌ရှိသော အကြောင်းအရာများနှင့်စပ်လျဉ်း၍ အသိပေးတော်မူမည်လည်းမဟုတ်ပေ။ သို့ရာတွင်မူကား အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့သို့သော အကြောင်းကိစ္စများအတွက်) မိမိ၏ ရစူလ်တမန်တော်များအနက်မှအလိုရှိတော်မူသော ရစူလ်တမန်တော်အား ရွေးချယ်(တော်မူ၍ထုတ်ဖော်ပြသရန် လိုအပ်သော အကြောင်းအရာများကိုသာထုတ်ဖော် မိန့်ကြား)တော်မူလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်(အပေါင်း) တို့ကို ယုံကြည်ကြလေကုန်။ တဖန် အကယ်၍သာ အသင်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍(ပြစ်မှုဒုစရိုက် တို့မှ) ကြဉ်ရှောင်ကြပါမူ (နောင်တမလွန်ဘဝတွင်) အသင်တို့အဖို့ ကြီးကျယ်လှစွာသော အကျိုး ဆုလာဘ်သည် (အသင့်) ရှိလတ္တံ့။
🌐 Additional reference in ภาษาไทย
၁။ ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်များ يَمِيزَ (ယမીઇဇာ) — ခွဲခြားသိစေသည်၊ သီးသန့်ခွဲထုတ်သည်။الْخَبِيثَ (အလ်ခဗီဆ) — ဆိုးယုတ်သူ၊ အတွင်းဖောက်ပြန်သူ (မုနာဖိက်)။الطَّيِّبَ (အလ်သွိုင်ယိဗ) — ကောင်းမြတ်သူ၊ စိတ်ရင်းမှန်သူ (မုအ်မင်)။الْغَيْبِ (အလ်ဂိုင်ဗ်) — မျက်ကွယ်ရာ၊ လူသိမပြင်ဆင်နိုင်သော အနာဂတ်အကြောင်းအရာ။يَجْتَبِي (ယဂျ်သဗီ) — ရွေးချယ်တင်မြှောက်သည်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်များကို မုနာဖိက် (အတွင်းဖောက်ပြန်သူ) များနှင့် ရောနှောနေသော အခြေအနေတွင် ထားရှိတော်မူမည် မဟုတ်ပါ။ ထိုသို့ ရောနှောနေခြင်းသည် ကာလကြာရှည်စွာ ဆက်လက်တည်ရှိနေမည် မဟုတ်ဘဲ၊ အရှင်မြတ်သည် စမ်းသပ်မှုများ၊ တာဝန်များနှင့် အခက်အခဲများဖြင့် စမ်းသပ်တော်မူပြီး စိတ်ရင်းမှန်သော မုအ်မင်န်ကို အတွင်းဖောက်ပြန်သူ မုနာဖိက်မှ ခွဲခြားထင်ရှားစေတော်မူမည်။ ဤသည်မှာ အရှင်မြတ်၏ ဉာဏ်ပညာတော်နှင့် အညီ ဖြစ်ပေါ်လာမည့် အရာဖြစ်သည်။
ထို့အပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မျက်ကွယ်ရာ (ဂိုင်ဗ်) အကြောင်းအရာများကို ထုတ်ဖော်အသိပေးတော်မူမည် မဟုတ်ပါ။ အကြောင်းမှာ ဂိုင်ဗ်ကို အရှင်မြတ်မှတစ်ပါး မည်သူမျှ မသိရှိနိုင်သောကြောင့် ဖြစ်သည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် မိမိတမန်တော်များထဲမှ မိမိအလိုရှိတော်မူသောသူကို ရွေးချယ်တင်မြှောက်တော်မူပြီး မိမိအလိုရှိသော ဂိုင်ဗ်အကြောင်းအရာအချို့ကို ဝဟီ (ဗျာဒိတ်တော်) အားဖြင့် ထုတ်ဖော်အသိပေးတော်မူသည်။ ဥပမာအားဖြင့် တမန်တော်မုဟမ္မဒ် (ဆွ) အား မုနာဖိက်များ၏ အခြေအနေကို အသိပေးတော်မူခဲ့သည်။
ထို့ကြောင့် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်များကို ယုံကြည်ကြပါ။ အကယ်၍ သင်တို့သည် စိတ်ရင်းမှန်ဖြင့် ယုံကြည်ပြီး အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ထိန်းသိမ်းခြင်း (တက္ကဝါ) ကို ပြုလုပ်ကြပါက သင်တို့အတွက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ကြီးမားလှသော အကျိုးဆုလာဘ်သည် ရှိပေသည်။
၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်များကို စမ်းသပ်မှုများဖြင့် စမ
مَّا كَانَ ٱللَّهُ لِيَذَرَ ٱلۡمُؤۡمِنِينَ عَلَىٰ مَآ أَنتُمۡ عَلَيۡهِ حَتَّىٰ يَمِيزَ ٱلۡخَبِيثَ مِنَ ٱلطَّيِّبِۗ وَمَا كَانَ ٱللَّهُ لِيُطۡلِعَكُمۡ عَلَى ٱلۡغَيۡبِ وَلَٰكِنَّ ٱللَّهَ يَجۡتَبِي مِن رُّسُلِهِۦ مَن يَشَآءُۖ فَـَٔامِنُواْ بِٱللَّهِ وَرُسُلِهِۦۚ وَإِن تُؤۡمِنُواْ وَتَتَّقُواْ فَلَكُمۡ أَجۡرٌ عَظِيمٌ ١٧٩
အလ္လာဟ်အရှင်မြတ်သည် မသန့်စင်သောသူ(မုနာဖစ်က်)ကို သန့်စင်သောသူ (မုစ်လင်မ်အစစ်အမှန်)နှင့်ခွဲခြားတော်မမူဘဲ မုအ်မင်န်သက်ဝင် ယုံကြည်သောသူအပေါင်းတို့အား (ယနေ့)အသင်တို့ (မုစ်လင်မ်အစစ်နှင့် မုနာဖစ်က်အယောင်ဆောင် မုစ်လင်မ် တို့သည် ရောနှောလျက်ရှိသော)အခြေအနေမျိုးတွင် လွှတ်ထားတော် မူမည်မဟုတ်ပေ။ ထိုနည်းတူစွာ အလ္လာဟ်အရှင်မြတ်သည်(အယောင်ဆောင် မုစ်လင်မ်တို့၏ အမည်နာမ တို့ကို ထုတ်ဖော်ပြသတော်မူခြင်းအားဖြင့်)အသင်တို့အား မျက်ကွယ်၌ရှိသော အကြောင်းအရာများနှင့်စပ်လျဉ်း၍ အသိပေးတော်မူမည်လည်းမဟုတ်ပေ။ သို့ရာတွင်မူကား အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့သို့သော အကြောင်းကိစ္စများအတွက်) မိမိ၏ ရစူလ်တမန်တော်များအနက်မှအလိုရှိတော်မူသော ရစူလ်တမန်တော်အား ရွေးချယ်(တော်မူ၍ထုတ်ဖော်ပြသရန် လိုအပ်သော အကြောင်းအရာများကိုသာထုတ်ဖော် မိန့်ကြား)တော်မူလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်(အပေါင်း) တို့ကို ယုံကြည်ကြလေကုန်။ တဖန် အကယ်၍သာ အသင်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍(ပြစ်မှုဒုစရိုက် တို့မှ) ကြဉ်ရှောင်ကြပါမူ (နောင်တမလွန်ဘဝတွင်) အသင်တို့အဖို့ ကြီးကျယ်လှစွာသော အကျိုး ဆုလာဘ်သည် (အသင့်) ရှိလတ္တံ့။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 177-181 — စူရာ အာလ်-အိမရာန်
177 إِنَّ الَّذِينَ اشْتَرَوُا الْكُفْرَ بِالْإِيمَانِ لَن يَضُرُّوا اللَّهَ شَيْئًا وَلَهُمْ عَذَابٌ أَلِيمٌ
ဧကန်မလွဲ အီမာန် ယုံကြည်ခြင်း သဒ္ဓါတရား(တည်းဟူသောရတနာ)ဖြင့် သွေဖည်ငြင်းပယ်မှုကို လဲလှယ်ဝယ်ယူကြကုန်သောသူတို့သည် အလ္လာဟ်အရှင်မြတ်အားအနည်းငယ်မျှ အကျိုးယုတ်နစ်နာစေခြင်းကို အလျင်းပြုစွမ်းနိုင်ကြမည်မဟုတ်ချေ။ အမှန် စင်စစ်သော်ကား ယင်းသူတို့ အဖို့(နောင်တမလွန်ဘဝတွင်) အလွန်နာကျင်ဖွယ် ဖြစ်သောအပြစ်ဒဏ်သည် (အသင့်) ရှိချေသတည်း။
178 وَلَا يَحْسَبَنَّ الَّذِينَ كَفَرُوا أَنَّمَا نُمْلِي لَهُمْ خَيْرٌ لِّأَنفُسِهِمْ ۚ إِنَّمَا نُمْلِي لَهُمْ لِيَزْدَادُوا إِثْمًا ۚ وَلَهُمْ عَذَابٌ مُّهِينٌ
ထိုမှတစ်ပါးတုံ သွေဖည် ငြင်းပယ်ကြကုန် သောသူတို့သည် မိမိတို့အား ငါအရှင်မြတ်က (အပြစ်ဒဏ်ပေးတော်မူခြင်းမှ) ဆိုင်ငံ့ထားတော် မူသည်ကို မိမိတို့အဖို့ ကောင်းမြတ်လှပေသည်ဟု အလျင်းမထင်မှတ်ကြချေ။ငါအရှင်မြတ်သည် ယင်းသူတို့အား (အပြစ်ဒဏ်ပေးတော်မူခြင်းမှ) ဆိုင်းငံ့ထားတော်မူသည်မှာ စင်စစ် ယင်းသူတို့သည် အပြစ်ဒုစရိုက်မှုများ၌ ပိုမိုတိုးပွားစိမ့်သောငှာသာလျှင် ဖြစ်ချေသည်။ တဖန်(နောင်တမလွန်ဘဝတွင်လည်း)ထိုသူတို့အဖို့ ဂုဏ်အသရေပျက်စေသော အပြစ်ဒဏ်သည်(အသင့်ပြင်ဆင်ပြီး)ရှိပေ သတည်း။
179 مَّا كَانَ اللَّهُ لِيَذَرَ الْمُؤْمِنِينَ عَلَىٰ مَا أَنتُمْ عَلَيْهِ حَتَّىٰ يَمِيزَ الْخَبِيثَ مِنَ الطَّيِّبِ ۗ وَمَا كَانَ اللَّهُ لِيُطْلِعَكُمْ عَلَى الْغَيْبِ وَلَٰكِنَّ اللَّهَ يَجْتَبِي مِن رُّسُلِهِ مَن يَشَاءُ ۖ فَآمِنُوا بِاللَّهِ وَرُسُلِهِ ۚ وَإِن تُؤْمِنُوا وَتَتَّقُوا فَلَكُمْ أَجْرٌ عَظِيمٌ
အလ္လာဟ်အရှင်မြတ်သည် မသန့်စင်သောသူ(မုနာဖစ်က်)ကို သန့်စင်သောသူ (မုစ်လင်မ်အစစ်အမှန်)နှင့်ခွဲခြားတော်မမူဘဲ မုအ်မင်န်သက်ဝင် ယုံကြည်သောသူအပေါင်းတို့အား (ယနေ့)အသင်တို့ (မုစ်လင်မ်အစစ်နှင့် မုနာဖစ်က်အယောင်ဆောင် မုစ်လင်မ် တို့သည် ရောနှောလျက်ရှိသော)အခြေအနေမျိုးတွင် လွှတ်ထားတော် မူမည်မဟုတ်ပေ။ ထိုနည်းတူစွာ အလ္လာဟ်အရှင်မြတ်သည်(အယောင်ဆောင် မုစ်လင်မ်တို့၏ အမည်နာမ တို့ကို ထုတ်ဖော်ပြသတော်မူခြင်းအားဖြင့်)အသင်တို့အား မျက်ကွယ်၌ရှိသော အကြောင်းအရာများနှင့်စပ်လျဉ်း၍ အသိပေးတော်မူမည်လည်းမဟုတ်ပေ။ သို့ရာတွင်မူကား အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့သို့သော အကြောင်းကိစ္စများအတွက်) မိမိ၏ ရစူလ်တမန်တော်များအနက်မှအလိုရှိတော်မူသော ရစူလ်တမန်တော်အား ရွေးချယ်(တော်မူ၍ထုတ်ဖော်ပြသရန် လိုအပ်သော အကြောင်းအရာများကိုသာထုတ်ဖော် မိန့်ကြား)တော်မူလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်(အပေါင်း) တို့ကို ယုံကြည်ကြလေကုန်။ တဖန် အကယ်၍သာ အသင်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍(ပြစ်မှုဒုစရိုက် တို့မှ) ကြဉ်ရှောင်ကြပါမူ (နောင်တမလွန်ဘဝတွင်) အသင်တို့အဖို့ ကြီးကျယ်လှစွာသော အကျိုး ဆုလာဘ်သည် (အသင့်) ရှိလတ္တံ့။
180 وَلَا يَحْسَبَنَّ الَّذِينَ يَبْخَلُونَ بِمَا آتَاهُمُ اللَّهُ مِن فَضْلِهِ هُوَ خَيْرًا لَّهُم ۖ بَلْ هُوَ شَرٌّ لَّهُمْ ۖ سَيُطَوَّقُونَ مَا بَخِلُوا بِهِ يَوْمَ الْقِيَامَةِ ۗ وَلِلَّهِ مِيرَاثُ السَّمَاوَاتِ وَالْأَرْضِ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိကျေးဇူးတော်ဖြင့် ရက်ရောစွာ ပေးသနားတော်မူသော ဥစ္စာပစ္စည်းနှင့်စပ်လျဉ်း၍ စစ်စီစေးနဲကြကုန်သောသူတို့သည် (ယင်းကဲ့သို့)စစ်စီစေးနဲခြင်းသည် မိမိတို့အဖို့ ကောင်းမြတ်သည်ဟူ၍ မထင်မှတ်ကြရာချေ။ စင်စစ်မူကား (ယင်းကဲ့သို့)စစ်စီစေးနဲခြင်းသည် ထိုသူတို့အဘို့ ဆိုးရွားလှပေသည်။ (အဘယ်ကြောင့်ဟူမူ)ထိုသူတို့သည် မုချ ရှင်ပြန်ထမည့်နေ့တွင် မိမိတို့ စစ်စီစေးနဲ(သိုမှီးစုဆောင်း) ခဲ့ကြကုန်သော ဥစ္စာပစ္စည်းများဖြင့် လည်ပင်း၌ ကွင်းစွပ်ခြင်းကို ခံကြရမည် (ဖြစ်သောကြောင့်တည်း)။အမှန်သော်ကား ကောင်းကင်ဘုံ များ၌လည်းကောင်း၊ ပထဝီမြေပြင်၌လည်းကောင်း၊ ရှိရှိသမျှသော အမွေပစ္စည်းအစုစုတို့သည် အလ္လာဟ်အရှင်မြတ် အဖို့သာဖြစ်သည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ကြားသိ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
181 لَّقَدْ سَمِعَ اللَّهُ قَوْلَ الَّذِينَ قَالُوا إِنَّ اللَّهَ فَقِيرٌ وَنَحْنُ أَغْنِيَاءُ ۘ سَنَكْتُبُ مَا قَالُوا وَقَتْلَهُمُ الْأَنبِيَاءَ بِغَيْرِ حَقٍّ وَنَقُولُ ذُوقُوا عَذَابَ الْحَرِيقِ
အလ္လာဟ်အရှင်မြတ်သည် အကြင်သူတို့၏ပြောဆိုသောစကားကို ဧကန်စင်စစ် ကြားတော်မူခဲ့လေပြီ။ ထိုသူတို့က အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ ဆင်းရဲတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ သို့ရာတွင် အကျွန်ုပ်တို့မူကား ပစ္စည်းဥစ္စာကုံလုံကြွယ်ဝပေါများသူများပင် ဖြစ်ကုန်၏ ဟု ပြောဆိုခဲ့ကြလေသည်။ (သို့ပြောဆိုကြသည်ကို ကြားတော်မူသည့်အတိုင်း) ငါအရှင်မြတ်သည် ထိုသူတို့၏ ပြောဆိုချက်နှင့်တကွနဗီတမန်တော်များအား မည်သည့်အခွင့်အလမ်းမျှ မရှိဘဲလျက်(သက်သက်မတရားသဖြင့်) ထိုသူတို့၏ သတ်ဖြတ်ခြင်းကိုပါမုချအမှန် ရေးမှတ်တော်မူအံ့။ တဖန် ငါအရှင်မြတ်သည်(ထိုသူတို့အား ကိယာမတ် ခေါ်ရှင်ပြန်ထမည့်နေ့တွင်) အသင်တို့သည် ဟုန်းဟုန်းတောက်သော ငရဲမီး (တည်းဟူသော)အပြစ်ဒဏ်၏ အရသာကို မြည်းစမ်း ကြလေကုန် ဟု မိန့်ကြားတော်မူလတ္တံ့။
ဘာသာပြန် — အာလ်-အိမရာန် 179 စူရာ အာလ်-အိမရာန် အာယာသ် 179 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်သည် မသန့်စင်သောသူ(မုနာဖစ်က်)ကို သန့်စင်သောသူ (မုစ်လင်မ်အစစ်အမှန်)နှင့်ခွဲခြားတော်မမူဘဲ မုအ်မင်န်သက်ဝင် ယုံကြည်သောသူအပေါင်းတို့အား (ယနေ့)အသင်တို့ (မုစ်လင်မ်အစစ်နှင့် မုနာဖစ်က်အယောင်ဆောင် မုစ်လင်မ်…
စူရာ အာယာသ် 179/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 177–181. မြန်မာဘာသာ: ภาษาไทย.