အာလ်-အိမရာန် · 180/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
وَلَا يَحْسَبَنَّ الَّذِينَ يَبْخَلُونَ بِمَا آتَاهُمُ اللَّهُ مِن فَضْلِهِ هُوَ خَيْرًا لَّهُم ۖ بَلْ هُوَ شَرٌّ لَّهُمْ ۖ سَيُطَوَّقُونَ مَا بَخِلُوا بِهِ يَوْمَ الْقِيَامَةِ ۗ وَلِلَّهِ مِيرَاثُ السَّمَاوَاتِ وَالْأَرْضِ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ ۝١٨٠
Wa laa yahsabannal lazeena yabkhaloon bimaa aataahumul lahu min fadilhee huwa khairal lahum bal huwa sharrul lahum sayutaw waqoona maa bakhiloo bihee Yawmal Qiyaamah; wa lillaahi meeraasus samaawaati wal ard; wallaahu bimaa ta`maloona Khabeer
📖 မြန်မာဘာသာ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိကျေးဇူးတော်ဖြင့် ရက်ရောစွာ ပေးသနားတော်မူသော ဥစ္စာပစ္စည်းနှင့်စပ်လျဉ်း၍ စစ်စီစေးနဲကြကုန်သောသူတို့သည် (ယင်းကဲ့သို့)စစ်စီစေးနဲခြင်းသည် မိမိတို့အဖို့ ကောင်းမြတ်သည်ဟူ၍ မထင်မှတ်ကြရာချေ။ စင်စစ်မူကား (ယင်းကဲ့သို့)စစ်စီစေးနဲခြင်းသည် ထိုသူတို့အဘို့ ဆိုးရွားလှပေသည်။ (အဘယ်ကြောင့်ဟူမူ)ထိုသူတို့သည် မုချ ရှင်ပြန်ထမည့်နေ့တွင် မိမိတို့ စစ်စီစေးနဲ(သိုမှီးစုဆောင်း) ခဲ့ကြကုန်သော ဥစ္စာပစ္စည်းများဖြင့် လည်ပင်း၌ ကွင်းစွပ်ခြင်းကို ခံကြရမည် (ဖြစ်သောကြောင့်တည်း)။အမှန်သော်ကား ကောင်းကင်ဘုံ များ၌လည်းကောင်း၊ ပထဝီမြေပြင်၌လည်းကောင်း၊ ရှိရှိသမျှသော အမွေပစ္စည်းအစုစုတို့သည် အလ္လာဟ်အရှင်မြတ် အဖို့သာဖြစ်သည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ကြားသိ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ။
  • ယဗ်ခုလူန (يَبْخَلُونَ) ။ ။ လိုတရ ပေးကမ်းခြင်းကို ရှောင်ကြဉ်သူများ၊ စေးနှဲသူများ၊ ပေးရမည့်တာဝန်ကို မပေးဘဲ ငြင်းပယ်သူများ။
  • သွက္ကွသု (سَيُطَوَّقُونَ) ။ ။ လည်ပင်းတွင် ကွင်းကဲ့သို့ စွပ်လျက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်။ ဤနေရာတွင် မီးကွင်းအဖြစ် လည်ပင်း၌ စွပ်ခံရမည်ဟု ဆိုလိုသည်။
  • မိရာသွ (مِيرَاثُ) ။ ။ အမွေအနှစ်၊ ကျန်ရစ်သောအရာ။ ဤနေရာတွင် မိုးကောင်းကင်နှင့် မြေကြီး၏ အရှင်သခင်၊ အားလုံးပျက်စီးပြီးနောက် ကျန်ရစ်တော်မူသောအရှင်ဟု ဆိုလိုသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးဇူးတော်ဖြင့် ပေးသနားတော်မူထားသော ဥစ္စာဓနများကို ပေးကမ်းရမည့်တာဝန်မှ ရှောင်ကြဉ်ကာ စေးနှဲနေကြသူများသည် ထိုသို့ စေးနှဲခြင်းသည် မိမိတို့အတွက် ကောင်းသည်ဟု မထင်မှတ်ကြရာ။ အမှန်စင်စစ် ထိုသို့ စေးနှဲခြင်းသည် သူတို့အတွက် ဆိုးကျိုးသာဖြစ်၏။ အကြောင်းမှာ သူတို့ စေးနှဲကာ သိမ်းဆည်းထားခဲ့သော ဥစ္စာဓနများသည် ကိယာမသ်နေ့တွင် မီးကွင်းအဖြစ် သူတို့၏ လည်ပင်းများ၌ စွပ်ခံရမည်ဖြစ်၏။ ထိုမီးကွင်းသည် သူတို့ကို ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်းမည်။ မိုးကောင်းကင်များနှင့် မြေကြီးတွင် ရှိရှိသမျှသော အရာအားလုံးတို့၏ အမွေအနှစ်သည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်၏။ အရှင်မြတ်သည် ဖန်ဆင်းခံအားလုံး ပျက်စီးကုန်ပြီးနောက် ထာဝရကျန်ရစ်တော်မူသောအရှင်ဖြစ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုလုပ်သမျှသော ကောင်းမှုမကောင်းမှုတို့ကို အသေးစိတ် သိတော်မူသောအရှင်ဖြစ်တော်မူ၏။ ထို့ကြောင့် သူတို့အား ပြုလုပ်ခဲ့သည့် လုပ်ရပ်များအတိုင်း အစားပေးတော်မူမည်ဖြစ်၏။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။
  • အလ္လာဟ်အရှင်မြတ်သည် ပေးသနားတော်မူသော ဥစ္စာဓနများသည် လူသားတို့အတွက် စမ်းသပ်မှုတစ်ခုဖြစ်သည်။ ထိုဥစ္စာဓနများကို ပေးကမ်းခြင်း၊ ဇကာသ်ပေးခြင်းဖြင့် စိတ်နှလုံးကို သန့်ရှင်းစေပြီး ကောင်းချီးမင်္ဂလာများ တိုးပွားစေသည်။
  • စေးနှဲခြင်းသည် လောကီဘဝတွင်သာမက နောင်တမလွန်ဘဝတွင်ပါ


📜 အာယာသ် 178-182 — စူရာ အာလ်-အိမရာန်

178وَلَا يَحْسَبَنَّ الَّذِينَ كَفَرُوا أَنَّمَا نُمْلِي لَهُمْ خَيْرٌ لِّأَنفُسِهِمْ ۚ إِنَّمَا نُمْلِي لَهُمْ لِيَزْدَادُوا إِثْمًا ۚ وَلَهُمْ عَذَابٌ مُّهِينٌ
ထိုမှတစ်ပါးတုံ သွေဖည် ငြင်းပယ်ကြကုန် သောသူတို့သည် မိမိတို့အား ငါအရှင်မြတ်က (အပြစ်ဒဏ်ပေးတော်မူခြင်းမှ) ဆိုင်ငံ့ထားတော် မူသည်ကို မိမိတို့အဖို့ ကောင်းမြတ်လှပေသည်ဟု အလျင်းမထင်မှတ်ကြချေ။ငါအရှင်မြတ်သည် ယင်းသူတို့အား (အပြစ်ဒဏ်ပေးတော်မူခြင်းမှ) ဆိုင်းငံ့ထားတော်မူသည်မှာ စင်စစ် ယင်းသူတို့သည် အပြစ်ဒုစရိုက်မှုများ၌ ပိုမိုတိုးပွားစိမ့်သောငှာသာလျှင် ဖြစ်ချေသည်။ တဖန်(နောင်တမလွန်ဘဝတွင်လည်း)ထိုသူတို့အဖို့ ဂုဏ်အသရေပျက်စေသော အပြစ်ဒဏ်သည်(အသင့်ပြင်ဆင်ပြီး)ရှိပေ သတည်း။
179مَّا كَانَ اللَّهُ لِيَذَرَ الْمُؤْمِنِينَ عَلَىٰ مَا أَنتُمْ عَلَيْهِ حَتَّىٰ يَمِيزَ الْخَبِيثَ مِنَ الطَّيِّبِ ۗ وَمَا كَانَ اللَّهُ لِيُطْلِعَكُمْ عَلَى الْغَيْبِ وَلَٰكِنَّ اللَّهَ يَجْتَبِي مِن رُّسُلِهِ مَن يَشَاءُ ۖ فَآمِنُوا بِاللَّهِ وَرُسُلِهِ ۚ وَإِن تُؤْمِنُوا وَتَتَّقُوا فَلَكُمْ أَجْرٌ عَظِيمٌ
အလ္လာဟ်အရှင်မြတ်သည် မသန့်စင်သောသူ(မုနာဖစ်က်)ကို သန့်စင်သောသူ (မုစ်လင်မ်အစစ်အမှန်)နှင့်ခွဲခြားတော်မမူဘဲ မုအ်မင်န်သက်ဝင် ယုံကြည်သောသူအပေါင်းတို့အား (ယနေ့)အသင်တို့ (မုစ်လင်မ်အစစ်နှင့် မုနာဖစ်က်အယောင်ဆောင် မုစ်လင်မ် တို့သည် ရောနှောလျက်ရှိသော)အခြေအနေမျိုးတွင် လွှတ်ထားတော် မူမည်မဟုတ်ပေ။ ထိုနည်းတူစွာ အလ္လာဟ်အရှင်မြတ်သည်(အယောင်ဆောင် မုစ်လင်မ်တို့၏ အမည်နာမ တို့ကို ထုတ်ဖော်ပြသတော်မူခြင်းအားဖြင့်)အသင်တို့အား မျက်ကွယ်၌ရှိသော အကြောင်းအရာများနှင့်စပ်လျဉ်း၍ အသိပေးတော်မူမည်လည်းမဟုတ်ပေ။ သို့ရာတွင်မူကား အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့သို့သော အကြောင်းကိစ္စများအတွက်) မိမိ၏ ရစူလ်တမန်တော်များအနက်မှအလိုရှိတော်မူသော ရစူလ်တမန်တော်အား ရွေးချယ်(တော်မူ၍ထုတ်ဖော်ပြသရန် လိုအပ်သော အကြောင်းအရာများကိုသာထုတ်ဖော် မိန့်ကြား)တော်မူလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်(အပေါင်း) တို့ကို ယုံကြည်ကြလေကုန်။ တဖန် အကယ်၍သာ အသင်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍(ပြစ်မှုဒုစရိုက် တို့မှ) ကြဉ်ရှောင်ကြပါမူ (နောင်တမလွန်ဘဝတွင်) အသင်တို့အဖို့ ကြီးကျယ်လှစွာသော အကျိုး ဆုလာဘ်သည် (အသင့်) ရှိလတ္တံ့။
180وَلَا يَحْسَبَنَّ الَّذِينَ يَبْخَلُونَ بِمَا آتَاهُمُ اللَّهُ مِن فَضْلِهِ هُوَ خَيْرًا لَّهُم ۖ بَلْ هُوَ شَرٌّ لَّهُمْ ۖ سَيُطَوَّقُونَ مَا بَخِلُوا بِهِ يَوْمَ الْقِيَامَةِ ۗ وَلِلَّهِ مِيرَاثُ السَّمَاوَاتِ وَالْأَرْضِ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိကျေးဇူးတော်ဖြင့် ရက်ရောစွာ ပေးသနားတော်မူသော ဥစ္စာပစ္စည်းနှင့်စပ်လျဉ်း၍ စစ်စီစေးနဲကြကုန်သောသူတို့သည် (ယင်းကဲ့သို့)စစ်စီစေးနဲခြင်းသည် မိမိတို့အဖို့ ကောင်းမြတ်သည်ဟူ၍ မထင်မှတ်ကြရာချေ။ စင်စစ်မူကား (ယင်းကဲ့သို့)စစ်စီစေးနဲခြင်းသည် ထိုသူတို့အဘို့ ဆိုးရွားလှပေသည်။ (အဘယ်ကြောင့်ဟူမူ)ထိုသူတို့သည် မုချ ရှင်ပြန်ထမည့်နေ့တွင် မိမိတို့ စစ်စီစေးနဲ(သိုမှီးစုဆောင်း) ခဲ့ကြကုန်သော ဥစ္စာပစ္စည်းများဖြင့် လည်ပင်း၌ ကွင်းစွပ်ခြင်းကို ခံကြရမည် (ဖြစ်သောကြောင့်တည်း)။အမှန်သော်ကား ကောင်းကင်ဘုံ များ၌လည်းကောင်း၊ ပထဝီမြေပြင်၌လည်းကောင်း၊ ရှိရှိသမျှသော အမွေပစ္စည်းအစုစုတို့သည် အလ္လာဟ်အရှင်မြတ် အဖို့သာဖြစ်သည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ကြားသိ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
181لَّقَدْ سَمِعَ اللَّهُ قَوْلَ الَّذِينَ قَالُوا إِنَّ اللَّهَ فَقِيرٌ وَنَحْنُ أَغْنِيَاءُ ۘ سَنَكْتُبُ مَا قَالُوا وَقَتْلَهُمُ الْأَنبِيَاءَ بِغَيْرِ حَقٍّ وَنَقُولُ ذُوقُوا عَذَابَ الْحَرِيقِ
အလ္လာဟ်အရှင်မြတ်သည် အကြင်သူတို့၏ပြောဆိုသောစကားကို ဧကန်စင်စစ် ကြားတော်မူခဲ့လေပြီ။ ထိုသူတို့က အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ ဆင်းရဲတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ သို့ရာတွင် အကျွန်ုပ်တို့မူကား ပစ္စည်းဥစ္စာကုံလုံကြွယ်ဝပေါများသူများပင် ဖြစ်ကုန်၏ ဟု ပြောဆိုခဲ့ကြလေသည်။ (သို့ပြောဆိုကြသည်ကို ကြားတော်မူသည့်အတိုင်း) ငါအရှင်မြတ်သည် ထိုသူတို့၏ ပြောဆိုချက်နှင့်တကွနဗီတမန်တော်များအား မည်သည့်အခွင့်အလမ်းမျှ မရှိဘဲလျက်(သက်သက်မတရားသဖြင့်) ထိုသူတို့၏ သတ်ဖြတ်ခြင်းကိုပါမုချအမှန် ရေးမှတ်တော်မူအံ့။ တဖန် ငါအရှင်မြတ်သည်(ထိုသူတို့အား ကိယာမတ် ခေါ်ရှင်ပြန်ထမည့်နေ့တွင်) အသင်တို့သည် ဟုန်းဟုန်းတောက်သော ငရဲမီး (တည်းဟူသော)အပြစ်ဒဏ်၏ အရသာကို မြည်းစမ်း ကြလေကုန် ဟု မိန့်ကြားတော်မူလတ္တံ့။
182ذَٰلِكَ بِمَا قَدَّمَتْ أَيْدِيكُمْ وَأَنَّ اللَّهَ لَيْسَ بِظَلَّامٍ لِّلْعَبِيدِ
ဤ(ကဲ့သို့ ပြစ်ဒဏ်ခံကြရမည်မှာ)ကား အသင်တို့ (ကိုယ်တိုင်) မိမိတို့လက်များဖြင့် ကြိုတင် ပို့နှင့်ပြီးဖြစ်သောအကုသိုလ် ဒုစရိုက်များကြောင့်ပင်တည်း။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် (မိမိ) ကျွန်များအပေါ် မတရားဖိစီးညှဉ်းပန်း နှိပ်စက်တော်မူသော အရှင်မဟုတ်ပေ။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
180အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 180

စူရာ အာလ်-အိမရာန် အာယာသ် 180 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိကျေးဇူးတော်ဖြင့် ရက်ရောစွာ ပေးသနားတော်မူသော ဥစ္စာပစ္စည်းနှင့်စပ်လျဉ်း၍ စစ်စီစေးနဲကြကုန်သောသူတို့သည် (ယင်းကဲ့သို့)စစ်စီစေးနဲခြင်းသည် မိမိတို့အဖို့ ကောင်းမြတ်သည်ဟူ၍…

စူရာ အာယာသ် 180/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 178–182. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers