အာလ်-အိမရာန် · 184/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
فَإِن كَذَّبُوكَ فَقَدْ كُذِّبَ رُسُلٌ مِّن قَبْلِكَ جَاءُوا بِالْبَيِّنَاتِ وَالزُّبُرِ وَالْكِتَابِ الْمُنِيرِ ۝١٨٤
Fa in kaz zabooka faqad kuz ziba Rusulum min qablika jaaa`oo bilbaiyinaati waz Zuburi wal Kitaabil Muneer
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အကယ်၍ ထိုသူတို့သည်အသင့်အား မုသားပြောဆိုသူဟူ၍ စွပ်စွဲပြောဆိုကြပါမူ (သို့စွပ်စွဲပြောဆိုခြင်းကား မထူးဆန်းလှပေ။ အကြောင်းဟူမူ) အသင်၏အလျင် ထင်ရှားစွာသော တန်ခိုးပြာဋိဟာ သက်သေသာဓကများကိုလည်းကောင်း၊ ကျမ်းငယ် (အစောင်စောင်)များကိုလည်းကောင်း၊ ထွန်းလင်းတောက်ပသော ကျမ်းကြီးများကိုလည်းကောင်း၊ ယူဆောင်လာခဲ့ကြကုန်သော ရစူလ်တမန်တော်များသည်ပင်လျှင် မုသားပြောဆို သူများဟူ၍ စွပ်စွဲပြောဆိုခြင်းကိုခံခဲ့ကြရလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • الْبَيِّنَاتِ (အလ်-ဗိုင်ယိနာသ်): ထင်ရှားလှသော အထောက်အထားများ၊ တန်ခိုးအံ့ဖွယ်များ။
  • الزُّبُرِ (အဇ်-ဇုဗုရ်): ဇဗူရ်ကျမ်းများ၊ ဆုံးမဩဝါဒများ ပါဝင်သော ကျမ်းစာများ။ (ဇဗူရ် ဟူသော စကားလုံး၏ ဗဟုဝုစ်ပုံစံ)
  • الْكِتَابِ الْمُنِيرِ (အလ်-ကိသာဗိလ် မုနီရ်): ထွန်းလင်းတောက်ပ၍ လမ်းညွှန်ပေးသော ကျမ်းတော်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို-တမန်တော်မုဟမ္မဒ် (ဆွ)၊ အကယ်၍ ဤလူမျိုးတို့သည် သင့်အား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြပါက စိတ်မပျက်ပါနှင့်။ အကြောင်းမှာ သင့်အလျင် ရှိခဲ့သော တမန်တော်များစွာကိုလည်း သူတို့၏ လူမျိုးများက ထို့အတူ ငြင်းပယ်ခဲ့ကြပြီး ဖြစ်သည်။ ထိုတမန်တော်များသည် မိမိတို့၏ လူမျိုးများထံသို့ ထင်ရှားလှသော အထောက်အထားများ၊ တန်ခိုးအံ့ဖွယ်များနှင့်အတူ လာရောက်ခဲ့ကြသည်။ ထို့အပြင် ဆုံးမဩဝါဒများနှင့် နှလုံးသားကို နူးညံ့စေသော အဆုံးအမများ ပါဝင်သည့် ကျမ်းစာများ၊ လမ်းမှန်ကို ထွန်းလင်းပြသ၍ အမိန့်တော်များနှင့် ရှရီအသ်ဥပဒေများ ပါဝင်သော ကျမ်းတော်များကိုလည်း ယူဆောင်လာခဲ့ကြသည်။ သို့ပါလျက် သူတို့သည် ငြင်းပယ်ခြင်းကို ခံခဲ့ကြရသည်။ ထို့ကြောင့် သင့်အား ငြင်းပယ်ခြင်းသည် အသစ်အဆန်း မဟုတ်ပေ။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးလာစေမည့် သင်ခန်းစာများ:
  • တမန်တော်များနှင့် ဒါဝါဟ်လုပ်သူများသည် ငြင်းပယ်ခြင်းနှင့် နှောင့်ယှက်ခြင်းများကို ရင်ဆိုင်ရမည်ဖြစ်သော်လည်း စိတ်ဓာတ်မကျဘဲ ဇွဲလုံ့လဖြင့် ရှေ့ဆက်သွားရမည်ဖြစ်သည်။
  • ရှေးတမန်တော်များ၏ အတွေ့အကြုံများသည် နောက်လာမည့်သူများအတွက် နှစ်သိမ့်မှုနှင့် ခွန်အားဖြစ်စေသည်။
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏တမန်တော်များကို ထင်ရှားသော အထောက်အထားများ၊ ကျမ်းစာများဖြင့် အားဖြည့်ပေးခဲ့သည်ကို သိရှိရခြင်းသည် ကုရ်အာန်၏ မြင့်မြတ်မှုကို ပိုမိုနားလည်စေသည်။
  • ကုရ်အာန်သည် ထွန်းလင်းတောက်ပသော ကျမ်းတော်ဖြစ်ပြီး လူသားတို့အား အမှောင်ထုမှ အလင်းသို့ ပို့ဆောင်ပေးသော လမ်းညွှ


📜 အာယာသ် 182-186 — စူရာ အာလ်-အိမရာန်

182ذَٰلِكَ بِمَا قَدَّمَتْ أَيْدِيكُمْ وَأَنَّ اللَّهَ لَيْسَ بِظَلَّامٍ لِّلْعَبِيدِ
ဤ(ကဲ့သို့ ပြစ်ဒဏ်ခံကြရမည်မှာ)ကား အသင်တို့ (ကိုယ်တိုင်) မိမိတို့လက်များဖြင့် ကြိုတင် ပို့နှင့်ပြီးဖြစ်သောအကုသိုလ် ဒုစရိုက်များကြောင့်ပင်တည်း။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် (မိမိ) ကျွန်များအပေါ် မတရားဖိစီးညှဉ်းပန်း နှိပ်စက်တော်မူသော အရှင်မဟုတ်ပေ။
183الَّذِينَ قَالُوا إِنَّ اللَّهَ عَهِدَ إِلَيْنَا أَلَّا نُؤْمِنَ لِرَسُولٍ حَتَّىٰ يَأْتِيَنَا بِقُرْبَانٍ تَأْكُلُهُ النَّارُ ۗ قُلْ قَدْ جَاءَكُمْ رُسُلٌ مِّن قَبْلِي بِالْبَيِّنَاتِ وَبِالَّذِي قُلْتُمْ فَلِمَ قَتَلْتُمُوهُمْ إِن كُنتُمْ صَادِقِينَ
(ထိုယဟူဒီများသည် အကြင်သူများပင် ဖြစ်ကြကုန်၏။) ထိုသူတို့က အကျွန်ုပ်တို့သည် မည်သည့်တမန်တော်တပါးကိုမျှ (ကောင်းကင်မှ) မီးစားသော အလှူဝတ္ထုတစ်စုံတစ်ရာကို ထို တမန်တော်သည် အကျွန်ုပ်ထံ မယူဆောင်လာသမျှ ကာလပတ်လုံး မယ�ံကြည်ကြရန် အလ္လာဟ်အရှင်မြတ်က အကျွန်ုပ်တို့အား မုချအမိန့်တော် ချမှတ်ထားတော်မူခဲ့လေသည် ဟု (မဟုတ်မမှန်လုပ်ကြံ) ပြောဆိုကြကုန်သည်။(သို့ဖြစ်၍ အို- နဗီတမန်တော် အသင်သည် ထိုသူတို့အားဟယ်-အချင်းတို့) အသင်တို့သည် အကယ်၍သာ သစ္စာဝါဒီမှန်ကန်စွာ ပြောဆို သူများဖြစ်ကြပါမူ အကျွန်ုပ်၏အလျင်မြောက်မြားစွာသော ရစူလ်တမန်တော်များသည် (အမျိုးမျိုးသော) တန်ခိုးပြာဋိဟာများနှင့်တကွ အသင်တို့ပြောဆိုသောအချက်ကိုပါ ယူဆောင်ကြွရောက်လာခဲ့ချေပြီ။ သို့ဖြစ်ပါလျက်အသင်တို့သည် အဘယ်ကြောင့် ိုရစူလ်တမန်တော်များကိုသတ်ဖြတ်ခဲ့ကြပါသနည်း ဟု ပြောဆိုမေးမြန်းပါလေ။
184فَإِن كَذَّبُوكَ فَقَدْ كُذِّبَ رُسُلٌ مِّن قَبْلِكَ جَاءُوا بِالْبَيِّنَاتِ وَالزُّبُرِ وَالْكِتَابِ الْمُنِيرِ
(အို-နဗီတမန်တော်) အကယ်၍ ထိုသူတို့သည်အသင့်အား မုသားပြောဆိုသူဟူ၍ စွပ်စွဲပြောဆိုကြပါမူ (သို့စွပ်စွဲပြောဆိုခြင်းကား မထူးဆန်းလှပေ။ အကြောင်းဟူမူ) အသင်၏အလျင် ထင်ရှားစွာသော တန်ခိုးပြာဋိဟာ သက်သေသာဓကများကိုလည်းကောင်း၊ ကျမ်းငယ် (အစောင်စောင်)များကိုလည်းကောင်း၊ ထွန်းလင်းတောက်ပသော ကျမ်းကြီးများကိုလည်းကောင်း၊ ယူဆောင်လာခဲ့ကြကုန်သော ရစူလ်တမန်တော်များသည်ပင်လျှင် မုသားပြောဆို သူများဟူ၍ စွပ်စွဲပြောဆိုခြင်းကိုခံခဲ့ကြရလေသတည်း။
185كُلُّ نَفْسٍ ذَائِقَةُ الْمَوْتِ ۗ وَإِنَّمَا تُوَفَّوْنَ أُجُورَكُمْ يَوْمَ الْقِيَامَةِ ۖ فَمَن زُحْزِحَ عَنِ النَّارِ وَأُدْخِلَ الْجَنَّةَ فَقَدْ فَازَ ۗ وَمَا الْحَيَاةُ الدُّنْيَا إِلَّا مَتَاعُ الْغُرُورِ
သက်ရှိသတ္တဝါတိုင်းသည် မရဏ သေခြင်းတရား၏ရသာကို မြည်စမ်းကြရမည်။ တဖန် အသင်တို့သည်ကိယာမတ်ခေါ် (သေပြီးနောက်) ရှင်ပြန်ထရမည့်နေ့၌သာလျှင် မိမိတို့၏(ကောင်းမှုမကောင်းမှုတို့၏)အကျိုးများကိုအပြည့်အစုံပေးခြင်းခံကြရပေမည်။ သို့ဖြစ်ပေရာ အကြင်သူသည် ငရဲမီးဘေးမှ ဖယ်ရှားခြင်းခံရ၍ ဂျန္နတ် အမတသုခဘုံသို့ ဝင်ရောက်စေခြင်းကိုခံရအံ့။ သို့ဖြစ်လျှင် ထိုသူသာလျှင်စင်စစ်ဧကန် အောင်မြင်သောသူ ဖြစ်ပေသည်။အမှန်သော်ကား (နောင်တမလွန်ဘဝသည် သာလျှင် အမြဲခံစားရမည့်ဘဝဖြစ်၍ ဤပစ္စက္ခ မျက်မှောက်) လောကီဘဝသည်ကားထင်ယောင် ထင်မှားဖြစ်စေသောပစ္စည်းမျှသာ ဖြစ်ချေသည်။
186۞ لَتُبْلَوُنَّ فِي أَمْوَالِكُمْ وَأَنفُسِكُمْ وَلَتَسْمَعُنَّ مِنَ الَّذِينَ أُوتُوا الْكِتَابَ مِن قَبْلِكُمْ وَمِنَ الَّذِينَ أَشْرَكُوا أَذًى كَثِيرًا ۚ وَإِن تَصْبِرُوا وَتَتَّقُوا فَإِنَّ ذَٰلِكَ مِنْ عَزْمِ الْأُمُورِ
စင်စစ် အသင်တို့သည် မိမိတို့၏ဥစ္စာပစ္စည်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ စမ်းသပ်ခြင်းကို အမှန်ပင် ခံကြကုန်အံ့။ ထိုမှတစ်ပါးတုံ ဧကန်မလွဲ အသင်တို့ သည် မိမိတို့အလျင်(အလ္လာဟ်အရှင်မြတ်အထံ တော်မှ) ဒေသနာတော် ကျမ်းဂန်ကိုချီးမြှင့် ပေးသနားတော်မူခြင်း ခံခဲ့ကြရသော သူတို့ထံမှလည်းကောင်း၊ (အခြားအရာကိုအလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်ခဲ့ကြကုန်သော သူတို့ထံမှလည်းကောင်း စိတ်နှလုံးထိခိုက် နာကြည်းဖွယ်ရာများစွာကိုလည်း အမှန်စင်စစ်ကြားကြရပေမည်။ သို့ရာတွင်မူကား အသင်တို့သည် (ဘေးဒုက္ခများနှင့် ရင်ဆိုင်ရာ၌)အကယ်၍သာ ခနီ္တတရားထားရှိကာ(အဓမ္မတည်းဟူသော မတရားမှု ခပ်သိမ်းတို့မှ) ကြဉ်ရှောင်ကြပါလျှင် ယင်း(ကဲ့သို့ သည်းခံခြင်းနှင့်မတရားမှုတို့မှ ကြဉ်ရှောင်ခြင်းတို့)သည် စိတ်ဓာတ်ကြံ့ခိုင်စွာ ပြုမူရသောအရေးကိစ္စများ အနက်ပင်ဖြစ်သည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
184အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 184

စူရာ အာလ်-အိမရာန် အာယာသ် 184 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အကယ်၍ ထိုသူတို့သည်အသင့်အား မုသားပြောဆိုသူဟူ၍ စွပ်စွဲပြောဆိုကြပါမူ (သို့စွပ်စွဲပြောဆိုခြင်းကား မထူးဆန်းလှပေ။ အကြောင်းဟူမူ) အသင်၏အလျင် ထင်ရှားစွာသော…

စူရာ အာယာသ် 184/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 182–186. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers