အာလ်-အိမရာန် · 93/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
۞ كُلُّ الطَّعَامِ كَانَ حِلًّا لِّبَنِي إِسْرَائِيلَ إِلَّا مَا حَرَّمَ إِسْرَائِيلُ عَلَىٰ نَفْسِهِ مِن قَبْلِ أَن تُنَزَّلَ التَّوْرَاةُ ۗ قُلْ فَأْتُوا بِالتَّوْرَاةِ فَاتْلُوهَا إِن كُنتُمْ صَادِقِينَ ۝٩٣
Kullut ta`aami kaana hillal li Baneee Israaa`eela illaa maa harrama Israaa`eelu `alaa nafsihee min qabli an tunzzalat Tawraah; qul faatoo bit Tawraati fatloohaaa in kuntum saadiqeen
📖 မြန်မာဘာသာ
တောင်ရာတ် ကျမ်းမြတ်မကျရောက်မီ [နဗီတမန်တော် အစ္စရာအီလ် (ဝါ) ယအ်ကူဗ် (အလိုင်ဟစ္စလာမ်)]သည်(တင်ကြောလျှောက်နာ ဖြစ်ခဲ့သဖြင့်] မိမိအဖို့ မြစ်တားခဲ့သော အရာ [(ဝါ)ကုလားအုတ်သား)]မှအပ(ယေဘုယျအားဖြင့် လူအများစားသုံးကြကုန်သောအခြား) စားဘွယ်သောက်ဖွယ် အားလုံးတို့သည် အစ္စရာအီလ်၏မျိုးနွယ်များအဖို့(စား) ခွင့်ပြုပြီး ဖြစ်ခဲ့လေသည်။ (သို့ဖြစ်ပေရာ အိုနဗီတမန်တော်ကုလားအုတ် သားကိုမစားရဟု နဗီတမန်တော်အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) လက်ထက်ကပင်ပညတ်ထားသည်ဟု ပြောဆိုကြကုန် သော ယဟူဒီများအား)အသင် (ဤသို့) ပြောကြားပါလေ။ (ဟယ်-ယဟူဒီအပေါင်းတို့) သို့ (အသင်တို့ ပြောဆိုကြသည့် အတိုင်း)ဖြစ်ခဲ့ပါလျှင် အသင်တို့သည် တောင်ရာတ်ကျမ်းမြတ်ကိုဆောင်ယူခဲ့ကြလေကုန်၊ ပြီးနောက် တဖန် အကယ်၍ သင်တို့သည် (မိမိတို့ပြောဆိုရာ၌) အမှန်ကို ပြောဆိုကြ သူများဖြစ်ကြပါမူ ယင်း (တောင်ရာတ်ကျမ်းမြတ်)ကို ရွတ်ဖတ်ကြလေကုန်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 91-95 — စူရာ အာလ်-အိမရာန်

91إِنَّ الَّذِينَ كَفَرُوا وَمَاتُوا وَهُمْ كُفَّارٌ فَلَن يُقْبَلَ مِنْ أَحَدِهِم مِّلْءُ الْأَرْضِ ذَهَبًا وَلَوِ افْتَدَىٰ بِهِ ۗ أُولَٰئِكَ لَهُمْ عَذَابٌ أَلِيمٌ وَمَا لَهُم مِّن نَّاصِرِينَ
ဧကန်မုချ အကြင်သူတို့သည် သွေဖည် ငြင်းပယ်ကြ၍၊ သွေဖည်ငြင်းပယ်သူများ အဖြစ်နှင့်ပင် သေဆုံးကြ၏။ထိုသို့သော သူတို့အနက် တစ်ဦးဦးသည် (အပြစ်များမှချမ်းသာရရန် အလို့ငှာ) ကမ္ဘာမြေနှင့်အပြည့် ရွှေကို (စုပုံ၍)လျော်ကြေး ပေးငြားသော်လည်း (အလ္လာဟ်အရှင်မြတ်သည်)အလျင်း သဘောတူ လက်ခံတော်မူမည်မဟုတ်ပေ။ (အမှန်စင်စစ်) ယင်းသူတို့အဖို့အလွန်ပြင်းပြ နာကျင်စေသောအပြစ်ဒဏ်သာရှိ၏၊ ထို့ပြင် ယင်းသူတို့အဘို့ ကူညီမိုင်းမမည့်သူ ဟူ၍လည်းတစ်ဦးတစ်ယောက်မျှရှိလိမ့်မည်မဟုတ်ပေ။
92لَن تَنَالُوا الْبِرَّ حَتَّىٰ تُنفِقُوا مِمَّا تُحِبُّونَ ۚ وَمَا تُنفِقُوا مِن شَيْءٍ فَإِنَّ اللَّهَ بِهِ عَلِيمٌ
(အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည်မိမိတို့ နှစ်သက်ကြကုန်သော ဥစ္စာပစ္စည်းများအနက်မှ၊လှူဒါန်းသုံးစွဲခြင်း မပြုသမျှ ကာလပတ်လုံး၊ မြင့်မြတ်သောအကျင့်တရားအစစ် အမှန်(၏ အကျိုးကျေးဇူး) ကိုမည်သည့်နည်းနှင့်မျှ ရယူနိုင်ကြမည် မဟုတ်ပေ။ ၎င်းပြင်မည်သည့်အရာမဆို အသင်တို့ လှူဒါန်း သုံးစွဲကြပါမူ၊အလ္လာဟ်အရှင်မြတ်သည် ထိုအရာကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။
93۞ كُلُّ الطَّعَامِ كَانَ حِلًّا لِّبَنِي إِسْرَائِيلَ إِلَّا مَا حَرَّمَ إِسْرَائِيلُ عَلَىٰ نَفْسِهِ مِن قَبْلِ أَن تُنَزَّلَ التَّوْرَاةُ ۗ قُلْ فَأْتُوا بِالتَّوْرَاةِ فَاتْلُوهَا إِن كُنتُمْ صَادِقِينَ
တောင်ရာတ် ကျမ်းမြတ်မကျရောက်မီ [နဗီတမန်တော် အစ္စရာအီလ် (ဝါ) ယအ်ကူဗ် (အလိုင်ဟစ္စလာမ်)]သည်(တင်ကြောလျှောက်နာ ဖြစ်ခဲ့သဖြင့်] မိမိအဖို့ မြစ်တားခဲ့သော အရာ [(ဝါ)ကုလားအုတ်သား)]မှအပ(ယေဘုယျအားဖြင့် လူအများစားသုံးကြကုန်သောအခြား) စားဘွယ်သောက်ဖွယ် အားလုံးတို့သည် အစ္စရာအီလ်၏မျိုးနွယ်များအဖို့(စား) ခွင့်ပြုပြီး ဖြစ်ခဲ့လေသည်။ (သို့ဖြစ်ပေရာ အိုနဗီတမန်တော်ကုလားအုတ် သားကိုမစားရဟု နဗီတမန်တော်အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) လက်ထက်ကပင်ပညတ်ထားသည်ဟု ပြောဆိုကြကုန် သော ယဟူဒီများအား)အသင် (ဤသို့) ပြောကြားပါလေ။ (ဟယ်-ယဟူဒီအပေါင်းတို့) သို့ (အသင်တို့ ပြောဆိုကြသည့် အတိုင်း)ဖြစ်ခဲ့ပါလျှင် အသင်တို့သည် တောင်ရာတ်ကျမ်းမြတ်ကိုဆောင်ယူခဲ့ကြလေကုန်၊ ပြီးနောက် တဖန် အကယ်၍ သင်တို့သည် (မိမိတို့ပြောဆိုရာ၌) အမှန်ကို ပြောဆိုကြ သူများဖြစ်ကြပါမူ ယင်း (တောင်ရာတ်ကျမ်းမြတ်)ကို ရွတ်ဖတ်ကြလေကုန်။
94فَمَنِ افْتَرَىٰ عَلَى اللَّهِ الْكَذِبَ مِن بَعْدِ ذَٰلِكَ فَأُولَٰئِكَ هُمُ الظَّالِمُونَ
သို့(ထိုသူတို့ မုသားပြောဆိုကြောင်းကို သာဓကနှင့်တကွ ထင်ရှားစေပြီး) ဖြစ်ပါလျက် အကြင်သူတို့သည် ထို(ကဲ့သို့ထင်ရှားစေပြီး) နောက် အလ္လာဟ်အရှင်မြတ်အပေါ်၌လုပ်ကြံ မုသားပြောဆိုပါမူ ဤကဲ့သို့သောသူများသည် ပြစ်မှုကျူးလွန်သော သူများပင်ဖြစ်သည်။
95قُلْ صَدَقَ اللَّهُ ۗ فَاتَّبِعُوا مِلَّةَ إِبْرَاهِيمَ حَنِيفًا وَمَا كَانَ مِنَ الْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်သည် (ယင်းယဟူဒီ တို့အား ဤသို့) ပြောကြားပါလေ။ (ဟယ်-ယဟူဒီအပေါင်းတို့) အလ္လာဟ်အရှင်မြတ်ကမူ ဟုတ်တိုင်းမှန်ရာမြွက်ဟမိန့်ကြားတော် မူခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည်ဖြောင့်မတ်တည်ကြည် သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)၏ (အစ္စလာမ်) သာသနာကိုပင်လိုက်နာကြလေကုန်။စင်စစ်သော် ကား ယင်းနဗီတမန်တော(အစ်ဗ်ရာဟီမ် အလိုင်ဟစ္စလာမ်)သည် အခြားတစုံတရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူ များအနက်မှလည်း အပါအဝင်မဟုတ်ပေ။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
93အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 93

စူရာ အာလ်-အိမရာန် အာယာသ် 93 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တောင်ရာတ် ကျမ်းမြတ်မကျရောက်မီ [နဗီတမန်တော် အစ္စရာအီလ် (ဝါ) ယအ်ကူဗ် (အလိုင်ဟစ္စလာမ်)]သည်(တင်ကြောလျှောက်နာ ဖြစ်ခဲ့သဖြင့်] မိမိအဖို့ မြစ်တားခဲ့သော…

စူရာ အာယာသ် 93/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 91–95. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers