အရ်-ရူမ် · 28/60
ဘာသာပြန် အသံနိုင်ငံ — စူရာ အရ်-ရူမ်
ضَرَبَ لَكُم مَّثَلًا مِّنْ أَنفُسِكُمْ ۖ هَل لَّكُم مِّن مَّا مَلَكَتْ أَيْمَانُكُم مِّن شُرَكَاءَ فِي مَا رَزَقْنَاكُمْ فَأَنتُمْ فِيهِ سَوَاءٌ تَخَافُونَهُمْ كَخِيفَتِكُمْ أَنفُسَكُمْ ۚ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْقِلُونَ ۝٢٨
Daraba lakum masalam min anfusikum hal lakum mimmaa malakat aymaanukum min shurakaaa`a fee maa razaqnaakum fa antum feehi sawaaa`un takhaafoonahum kakheefa tikum anfusakum; kazaalika nufassilul Aayaati liqawminy ya`qiloon
📖 မြန်မာဘာသာ
ထိုအရှင်မြတ်သည် အသင်တို့၏ ဖြစ်ရပ်များမှပင် အသင်တို့အဖို့ ဥပမာပုံဆောင်ချက်တစ်ခုကို ခိုင်းနှိုင်းတော်မူ၏။ အသင်တို့၌ မိမိတို့ကျွန်များအနက်မှ အသင်တို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သော (စားနပ်ရိက္ခာ)ဥစ္စာပစ္စည်းများတွင် ဖက်စပ်ပါဝင်သူများရှိကြပြီး အသင်တို့သည် ယင်း ဥစ္စာပစ္စည်းတွင် ညီတူညီမျှဖြစ်ကြသည် ရှိသလော။(၎င်းပြင်) အသင်တို့သည် မိမိတို့အချင်းချင်းနှင့် ပတ်သက်၍ စိုးရိမ်ကြဘိသကဲ့သို့ပင်၊ ၎င်းတို့နှင့် ပတ်သက်၍လည်း စိုးရိမ်ကြသည်(ဟူ၍ရှိပါသလော၊) ငါအရှင်မြတ်သည် အသိဉာဏ်ရှိသူတို့အဖို့ သက်သေသာဓက အထောက်အထားများကို ဤနည်းအတိုင်းပင် ရှင်းလင်းထင်ရှားစွာ ထုတ်ဖော်မိန့်ကြားတော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းဖြစ်သော စကားလုံးများ၏ အဓိပ္ပာယ်များ
  • ضَرَبَ مَثَلًا: ဥပမာတစ်ခုကို ဖော်ပြခဲ့သည်။
  • مَا مَلَكَتْ أَيْمَانُكُمْ: သင်တို့၏ လက်ယာလက်များ ပိုင်ဆိုင်ထားသော ကျွန်များ၊ ကျွန်မများ။
  • شُرَكَاءَ: ဖက်စပ်သူများ။
  • رَزَقْنَاكُمْ: ငါအရှင်မြတ် ချီးမြှင့်ပေးအပ်ထားသော ဥစ္စာပစ္စည်းများ။
  • سَوَاءٌ: တူညီသော၊ ညီမျှသော။
  • كَخِيفَتِكُمْ أَنفُسَكُمْ: သင်တို့ကိုယ်တိုင် (လွတ်လပ်သောဖက်စပ်သူများ) ကို ကြောက်ရွံ့သကဲ့သို့။
  • نُفَصِّلُ الْآيَاتِ: သက်သေလက္ခဏာများကို အသေးစိတ် ရှင်းလင်းဖော်ပြသည်။
  • لِقَوْمٍ يَعْقِلُونَ: ဆင်ခြင်တုံတရားဖြင့် နားလည်သော လူမျိုးအတွက်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် ရုပ်တုကိုးကွယ်သူများအား သူတို့ကိုယ်တိုင်၏ အခြေအနေမှ ဥပမာတစ်ခုကို ဖော်ပြထားသည်။ အရှင်မြတ်က မေးမြန်းတော်မူသည်မှာ - သင်တို့ပိုင်ဆိုင်သော ကျွန်များ၊ ကျွန်မများထဲမှ သင်တို့အား ငါချီးမြှင့်ပေးထားသော ဥစ္စာပစ္စည်းများတွင် ဖက်စပ်သူအဖြစ် ပါဝင်ခွင့်ပြုထားသူများ ရှိပါသလား။ သင်တို့နှင့် ထိုကျွန်များသည် ထိုဥစ္စာပစ္စည်းများတွင် တူညီညီမျှမျှ ဖြစ်နေပြီး၊ လွတ်လပ်သော ဖက်စပ်သူများကို ကြောက်ရွံ့သကဲ့သို့ ထိုကျွန်များကိုလည်း ကြောက်ရွံ့နေရပါသလား။ သင်တို့သည် ဤသို့ဖြစ်ခြင်းကို လုံးဝ နှစ်သက်ကြမည် မဟုတ်ပါ။ သို့ဖြစ်လျှင် မိမိတို့ဖန်ဆင်းခံ ကျွန်များကို ဖက်စပ်သူအဖြစ် လက်မခံနိုင်ဘဲ၊ အလ္လာဟ်အရှင်မြတ်အား ဖန်ဆင်းခံများထဲမှ တစ်စုံတစ်ဦးကို ဖက်စပ်သူအဖြစ် မည်သို့ လက်ခံနိုင်မည်နည်း။ အရှင်မြတ်သည် ဖက်စပ်သူများထက် များစွာ သန့်ရှင်းမြင့်မြတ်တော်မူသည်။ ဤကဲ့သို့ ဥပမာများနှင့် သက်သေလက္ခဏာများကို အသေးစိတ် ရှင်းလင်းဖော်ပြခြင်းသည် ဆင်ခြင်တုံတရားဖြင့် နားလည်သော လူမျိုးအတွက်သာ ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူပြီး၊ မည်သည့် ဖက်စပ်သူမျှ မရှိကြောင်း ဆင်ခြင်တုံတရားဖြင့် နားလည်နိုင်သည်။
  • အရှင်မြတ်သည် လူသားတို့၏ အခြေအနေများမှ ဥပမာများဖြင့် အမှန်တရားကို ရှင်းလင်းစွာ ဖော်ပြပေးတော်မူသည်။

-



📜 အာယာသ် 26-30 — စူရာ အရ်-ရူမ်

26وَلَهُ مَن فِي السَّمَاوَاتِ وَالْأَرْضِ ۖ كُلٌّ لَّهُ قَانِتُونَ
ထိုမှတစ်ပါး မိုးကောင်းကင်များ၌ ရှိကြသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိကြသူတို့သည် လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော သူများချည်းသာ ဖြစ်ကြကုန်၏။ (၎င်းတို့)အသီးသီးတို့မှာ ထိုအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြကုန်၏။
27وَهُوَ الَّذِي يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ وَهُوَ أَهْوَنُ عَلَيْهِ ۚ وَلَهُ الْمَثَلُ الْأَعْلَىٰ فِي السَّمَاوَاتِ وَالْأَرْضِ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ
အမှန်သော်ကား ထိုအရှင်မြတ်သည်ပင် အဖန်ဆင်းခံတို့အား စတင်ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ယင်းအဖန်ဆင်းခံတို့ကို ထပ်မံ၍ ဖန်ဆင်းတော်မူမည်။ စင်စစ်သော်ကား ဤသည် ထိုအရှင်မြတ်အဖို့သာ၍ပင် လွယ်ကူလှပေသည်။ ထိုမှတစ်ပါး မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ထိုအရှင်မြတ်၌သာလျှင် ထူးကဲမြင့်မြတ်လှစွာသော ဝိသေသဂုဏ်ထူးသည်ရှိပေသည်။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
28ضَرَبَ لَكُم مَّثَلًا مِّنْ أَنفُسِكُمْ ۖ هَل لَّكُم مِّن مَّا مَلَكَتْ أَيْمَانُكُم مِّن شُرَكَاءَ فِي مَا رَزَقْنَاكُمْ فَأَنتُمْ فِيهِ سَوَاءٌ تَخَافُونَهُمْ كَخِيفَتِكُمْ أَنفُسَكُمْ ۚ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْقِلُونَ
ထိုအရှင်မြတ်သည် အသင်တို့၏ ဖြစ်ရပ်များမှပင် အသင်တို့အဖို့ ဥပမာပုံဆောင်ချက်တစ်ခုကို ခိုင်းနှိုင်းတော်မူ၏။ အသင်တို့၌ မိမိတို့ကျွန်များအနက်မှ အသင်တို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သော (စားနပ်ရိက္ခာ)ဥစ္စာပစ္စည်းများတွင် ဖက်စပ်ပါဝင်သူများရှိကြပြီး အသင်တို့သည် ယင်း ဥစ္စာပစ္စည်းတွင် ညီတူညီမျှဖြစ်ကြသည် ရှိသလော။(၎င်းပြင်) အသင်တို့သည် မိမိတို့အချင်းချင်းနှင့် ပတ်သက်၍ စိုးရိမ်ကြဘိသကဲ့သို့ပင်၊ ၎င်းတို့နှင့် ပတ်သက်၍လည်း စိုးရိမ်ကြသည်(ဟူ၍ရှိပါသလော၊) ငါအရှင်မြတ်သည် အသိဉာဏ်ရှိသူတို့အဖို့ သက်သေသာဓက အထောက်အထားများကို ဤနည်းအတိုင်းပင် ရှင်းလင်းထင်ရှားစွာ ထုတ်ဖော်မိန့်ကြားတော်မူ၏။
29بَلِ اتَّبَعَ الَّذِينَ ظَلَمُوا أَهْوَاءَهُم بِغَيْرِ عِلْمٍ ۖ فَمَن يَهْدِي مَنْ أَضَلَّ اللَّهُ ۖ وَمَا لَهُم مِّن نَّاصِرِينَ
သို့ပါလျက် မတရားပြုလုပ်ကြသော သူတို့မှာမူကား၊ သက်သေအထောက်အထား မရှိဘဲလျက် မိမိတို့၏စိတ်အလိုဆန္ဒများကိုသာ လိုက်နာလိုက်စား ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်က လမ်းမှားစေတော်မူခဲ့သောသူအား တရားလမ်းမှန်ကို မည်သူညွှန်ကြားပြသနိုင်မည်နည်း။ ထိုမှတစ်ပါး ၎င်းတို့၌ ယိုင်းပင်းကူညီသူများဟူ၍လည်း ရှိကြမည်မဟုတ်ပေတကား။
30فَأَقِمْ وَجْهَكَ لِلدِّينِ حَنِيفًا ۚ فِطْرَتَ اللَّهِ الَّتِي فَطَرَ النَّاسَ عَلَيْهَا ۚ لَا تَبْدِيلَ لِخَلْقِ اللَّهِ ۚ ذَٰلِكَ الدِّينُ الْقَيِّمُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
သို့ဖြစ်ပေရာ အသင်(လူသား)သည် လူသားတို့အား အလ္လာဟ်အရှင်မြတ် ဖန်ဆင်းတော်မူခဲ့သော သဘာဝဓမ္မနှင့်အညီ မိမိ၏မျက်နှာကို (မှန်ကန်သော) ဒီန်သာသနာအပေါ်၌ အာရုံစူးစိုက်လျက် ခိုင်ခံ့တည်တံ့စွာထားရှိလေ။ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုတွင် မည်သည့်ပြောင်းလွဲမှုမျှ အလျှင်းမရှိပြီ။ ဤသည်ပင်လျှင် ဖြောင့်မတ်မှန်ကန်သော "ဒီန်" သာသနာဖြစ်၏။ သို့တစေလည်း အများဆုံးသော သူတို့မှာမူကား မသိနားမလည်ကြပေ။
အရ်-ရူမ်ကုရ်အာန် ညွှန်းကိန်း
60အာယာသ်
MeccanRevelation
28အာယာသ်

ဘာသာပြန် — အရ်-ရူမ် 28

စူရာ အရ်-ရူမ် အာယာသ် 28 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအရှင်မြတ်သည် အသင်တို့၏ ဖြစ်ရပ်များမှပင် အသင်တို့အဖို့ ဥပမာပုံဆောင်ချက်တစ်ခုကို ခိုင်းနှိုင်းတော်မူ၏။ အသင်တို့၌ မိမိတို့ကျွန်များအနက်မှ အသင်တို့အား ငါအရှင်မြတ်…

စူရာ အာယာသ် 28/60 — စူရာ အရ်-ရူမ် الروم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရူမ် နားထောင်, စူရာ အရ်-ရူမ် ဘာသာပြန်, စူရာ အရ်-ရူမ် mp3, စူရာ အရ်-ရူမ် pdf. အာယာသ် 26–30. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers