စဗ · 14/54
ဘာသာပြန် အသံနိုင်ငံ — စူရာ စဗ
فَلَمَّا قَضَيْنَا عَلَيْهِ الْمَوْتَ مَا دَلَّهُمْ عَلَىٰ مَوْتِهِ إِلَّا دَابَّةُ الْأَرْضِ تَأْكُلُ مِنسَأَتَهُ ۖ فَلَمَّا خَرَّ تَبَيَّنَتِ الْجِنُّ أَن لَّوْ كَانُوا يَعْلَمُونَ الْغَيْبَ مَا لَبِثُوا فِي الْعَذَابِ الْمُهِينِ ۝١٤
Falammaa qadainaa `alaihil mawta ma dallahum `alaa mawtiheee illaa daaabbatul ardi taakulu minsa atahoo falammaa kharra tabaiyanatil jinnu al law kaanoo ya`lamoonal ghaiba maa labisoo fil `azaabil muheen
📖 မြန်မာဘာသာ
ထို့နောက် ငါအရှင်မြတ်သည် ထိုစုလိုင်မာန်၏အပေါ်၌ မရဏ သေခြင်းတရားကို ပြဋ္ဌာန်းတော် မူခဲ့လေသောအခါ ၎င်း၏လှင်ကန်တောင်ဝှေးကို စားလျက်ရှိသည့်မြေကြီး၌နေသောပိုးကောင်မှတစ်ပါး ၎င်း ကွယ်လွန်သေဆုံးပြီးဖြစ်ကြောင်းကို ထိုဂျင်န်များအား မည်သူကမျှ သိစေခဲ့သည်မဟုတ်ပေ။ ထို့နောက် ထိုစုလိုင်မာန်သည် လဲ၍ကျသွားခဲ့သောအခါ ဂျင်န် များသည် ဧကန်စင်စစ် အကယ်၍ မိမိတို့မှာအကွယ် ၌ရှိသည်များကိုသိရှိကြလျှင် ဤသည့်ဂုဏ်ရည် သေးသိမ်စေသောဒုက္ခ၌ ဆက်လက်၍ နေခဲ့ကြမည် မဟုတ်ကြောင်းသိသွားခဲ့ကြကုန်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ဖလမ္မာ ကဒိုင်နာ အလိုင်ဟိလ် မောသ် = ငါအရှင်မြတ်သည် သူ့အပေါ် သေခြင်းကို ဆုံးဖြတ်တော်မူသောအခါ
  • ဒါဗ္ဗသုလ် အိရ္ဒ် = မြေကြီးပေါ်ရှိ တီကောင်တစ်မျိုး (သစ်သားကို စားသော ပိုးကောင်)
  • မိန်စာအသာဟု = သူ၏ တောင်ဝှေး
  • ခရ္က = သူသည် မြေပေါ်သို့ လဲကျသောအခါ
  • တဗိုင်ယနသိလ် ဂျိန္နု = ဂျင်န်များ ထင်ရှားစွာ သိရှိသွားကြသောအခါ
  • အလ်အဇာဗိလ် မုဟီန် = ဂုဏ်အသရေကို ကျဆင်းစေသော ဆင်းရဲဒုက္ခ
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

တမန်တော် စုလိုင်မာန် (အလိုင်ဟိစ်စလာမ်) သည် သူ၏ နန်းတော်တွင် တောင်ဝှေးကို မှီပြီး ရပ်နေစဉ် ကွယ်လွန်သွားခဲ့သည်။ သူသည် သေဆုံးသွားကြောင်း ဂျင်န်များ မသိရှိခဲ့ကြပါ။ သူ၏ တောင်ဝှေးကို မြေကြီးပေါ်ရှိ သစ်သားစားတီကောင်တစ်မျိုးက စားသောက်လျက်ရှိခဲ့သည်။ ထိုတီကောင်သည် တောင်ဝှေးကို အဆက်မပြတ် စားသောက်ခဲ့ရာ နောက်ဆုံးတွင် တောင်ဝှေးသည် ကျိုးပဲ့သွားပြီး တမန်တော် စုလိုင်မာန်၏ ခန္ဓာကိုယ်သည် မြေပေါ်သို့ လဲကျသွားခဲ့သည်။ ထိုအချိန်တွင်မှ ဂျင်န်များသည် သူသည် အမှန်တကယ် ကွယ်လွန်သွားခဲ့ကြောင်း သိရှိသွားကြသည်။

ထိုအချိန်တွင် ဂျင်န်များသည် မိမိတို့သည် အနာဂတ်ကို သိရှိကြသည်ဟု ထင်မှတ်ခဲ့ကြသော်လည်း အမှန်တကယ်တွင် အနာဂတ်ကို မသိရှိကြကြောင်း ထင်ရှားစွာ သိရှိသွားကြသည်။ အကယ်၍ သူတို့သည် အနာဂတ်ကို သိရှိကြပါက တမန်တော် စုလိုင်မာန် ကွယ်လွန်သွားကြောင်း သိရှိကြမည်ဖြစ်ပြီး သူသည် အသက်ရှင်နေသေးသည်ဟု ထင်မှတ်ကာ ဂုဏ်အသရေကျဆင်းစေသော ဆင်းရဲဒုက္ခဖြစ်သော ခက်ခဲကြမ်းတမ်းသည့် အလုပ်များကို ဆက်လက်လုပ်ကိုင်နေကြမည် မဟုတ်ပေ။ သူတို့သည် တမန်တော် စုလိုင်မာန်ကို အသက်ရှင်နေသေးသည်ဟု ထင်မှတ်ကာ ထိုဆင်းရဲဒုက္ခများကို ခံစားနေခဲ့ကြရခြင်းဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • ဂျင်န်များ အပါအဝင် မည်သည့် ဖန်ဆင်းခံမျှ အနာဂတ်ကို မသိရှိကြကြောင်း ဤအာယသ်တော်က ရှင်းလင်းစွာ ဖော်ပြထားသည်။ အနာဂတ်ကို သိရှိခြင်းသည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာ ပိုင်ဆိုင်သော အခွင့်အရေးဖြစ်သည်။
  • မည်သူမျှ အနာဂတ်ကို သိရှ


📜 အာယာသ် 12-16 — စူရာ စဗ

12وَلِسُلَيْمَانَ الرِّيحَ غُدُوُّهَا شَهْرٌ وَرَوَاحُهَا شَهْرٌ ۖ وَأَسَلْنَا لَهُ عَيْنَ الْقِطْرِ ۖ وَمِنَ الْجِنِّ مَن يَعْمَلُ بَيْنَ يَدَيْهِ بِإِذْنِ رَبِّهِ ۖ وَمَن يَزِغْ مِنْهُمْ عَنْ أَمْرِنَا نُذِقْهُ مِنْ عَذَابِ السَّعِيرِ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်)လေကိုစုလိုင်မာန် ၏(အမိန့်ကို နာခံစေတော်မူခဲ့၏။) ယင်းလေ၏နံနက်လမ်းခရီးမှာ တစ်လခရီးလမ်းဖြစ်၍ ညနေလမ်းခရီးမှာလည်း တလခရီးလမ်းပင် ဖြစ်ခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည်ထိုစုလိုင်မာန် ၏အကျိုးငှာ ကြေးနီချောင်းများကို စီးဆင်းစေတော်မူခဲ့၏။ ထိုမှတစ်ပါး ဂျင်န်တို့အနက် အချို့မှာ ထိုစုလိုင်မာန်၏ရှေ့မှောက်ဝယ် ထိုစုလိုင်မာန်၏အရှင် မြတ်အမိန့်တော်နှင့် (၎င်းခိုင်းစေသမျှတို့ကို) လုပ်ကိုင် ဆောင်ရွက်ပေးလျက်သာရှိနေခဲ့ကြ၏။ စင်စစ်သော်ကား ထိုဂျင်န်များအနက် မည်သူမဆို ငါအရှင်မြတ်၏အမိန့်တော်မှ သွေဖည် တိမ်းယိမ်းသည်ရှိသော် ငါအရှင်မြတ်သည် ၎င်းအား အလျှံပြောင်ပြောင်တောက်လောင်လျက်ရှိသော မီးတောက်မီးလျှံ၏ အရသာကိုမြည်းစမ်းစေတော်မူမည်။
13يَعْمَلُونَ لَهُ مَا يَشَاءُ مِن مَّحَارِيبَ وَتَمَاثِيلَ وَجِفَانٍ كَالْجَوَابِ وَقُدُورٍ رَّاسِيَاتٍ ۚ اعْمَلُوا آلَ دَاوُودَ شُكْرًا ۚ وَقَلِيلٌ مِّنْ عِبَادِيَ الشَّكُورُ
ထိုဂျင်န်တို့သည် ထိုစုလိုင်မာန်၏ အကျိုးငှာ၎င်းအလိုရှိသော ကြီးကျယ်သောအဆောက်အအုံများကို လည်းကောင်း၊(ကျောက်၊ ကြေးနီ၊ ဖန် စသည်များဖြင့်ပြီးသော) ရုပ်တုများကိုလည်းကောင်း၊ ရေကန်ကြီးများတမျှရှိ ဇလုံ၊ အင်တုံများကိုလည်းကောင်း၊ မပြောင်း မရွှေ့နိုင်သော အိုးကြီးများကိုလည်းကောင်း၊ ပြုလုပ်ပေးကြကုန်၏။ (ထို့ပြင် ငါအရှင်မြတ်သည်ဤသို့ မိန့်ကြား တော်မူခဲ့၏) အို-ဒါဝူဒ် ၏သား၊မြေး၊ အိမ်သူအိမ်သားတို့၊ အသင်တို့သည် ကျေးဇူးသိတတ်သော အနေနှင့်ကောင်းမှုပြုကြလေကုန်။ စင်စစ်သော်ကား ငါအရှင်မြတ်၏ကျွန်တို့အနက် ကျေးဇူးသိတတ်ကြ သောသူတို့မှာ နည်းပါးလှပေသတည်း။
14فَلَمَّا قَضَيْنَا عَلَيْهِ الْمَوْتَ مَا دَلَّهُمْ عَلَىٰ مَوْتِهِ إِلَّا دَابَّةُ الْأَرْضِ تَأْكُلُ مِنسَأَتَهُ ۖ فَلَمَّا خَرَّ تَبَيَّنَتِ الْجِنُّ أَن لَّوْ كَانُوا يَعْلَمُونَ الْغَيْبَ مَا لَبِثُوا فِي الْعَذَابِ الْمُهِينِ
ထို့နောက် ငါအရှင်မြတ်သည် ထိုစုလိုင်မာန်၏အပေါ်၌ မရဏ သေခြင်းတရားကို ပြဋ္ဌာန်းတော် မူခဲ့လေသောအခါ ၎င်း၏လှင်ကန်တောင်ဝှေးကို စားလျက်ရှိသည့်မြေကြီး၌နေသောပိုးကောင်မှတစ်ပါး ၎င်း ကွယ်လွန်သေဆုံးပြီးဖြစ်ကြောင်းကို ထိုဂျင်န်များအား မည်သူကမျှ သိစေခဲ့သည်မဟုတ်ပေ။ ထို့နောက် ထိုစုလိုင်မာန်သည် လဲ၍ကျသွားခဲ့သောအခါ ဂျင်န် များသည် ဧကန်စင်စစ် အကယ်၍ မိမိတို့မှာအကွယ် ၌ရှိသည်များကိုသိရှိကြလျှင် ဤသည့်ဂုဏ်ရည် သေးသိမ်စေသောဒုက္ခ၌ ဆက်လက်၍ နေခဲ့ကြမည် မဟုတ်ကြောင်းသိသွားခဲ့ကြကုန်သတည်း။
15لَقَدْ كَانَ لِسَبَإٍ فِي مَسْكَنِهِمْ آيَةٌ ۖ جَنَّتَانِ عَن يَمِينٍ وَشِمَالٍ ۖ كُلُوا مِن رِّزْقِ رَبِّكُمْ وَاشْكُرُوا لَهُ ۚ بَلْدَةٌ طَيِّبَةٌ وَرَبٌّ غَفُورٌ
ဧကန်မုချ စဗာမျိုးနွယ်ဝင်တို့အဖို့ ၎င်းတို့၏နေထိုင်ရာဒေသ၌ပင် သက်သေလက္ခဏာသည် ရှိခဲ့၏။ ထိုမျိုးနွယ်ဝင်တို့နေထိုင်ရာ မြို့ရွာများ၏လက်ယာဘက်၌ လည်းကောင်း၊ လက်ဝဲဘက်၌ လည်းကောင်း၊ ဥယျာဉ်နှစ်ခုရှိခဲ့၏။(၎င်းတို့မှာ မိမိတို့၏ နဗီတမန်တော်များမှ တစ်ဆင့် ဤသို့မိန့်ကြားခြင်းကို ခံခဲ့ကြကုန်၏။) အသင်တို့သည် မိမိတို့၏ အရှင်မြတ်က ချီးမြှင့် ပေးသနားတော်မူသော စားနပ်ရိက္ခာကို စားသုံးကြ လေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်အားကျေးဇူးတင်ရှိကြလေကုန်။ (အသင်တို့၏မြို့ရွာမှာ) ကောင်းမွန်သန့်ပြန့်သောမြို့ရွာဖြစ်၍ (အသင်တို့၏ အရှင်မြတ်မှာလည်း)လွန်စွာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
16فَأَعْرَضُوا فَأَرْسَلْنَا عَلَيْهِمْ سَيْلَ الْعَرِمِ وَبَدَّلْنَاهُم بِجَنَّتَيْهِمْ جَنَّتَيْنِ ذَوَاتَيْ أُكُلٍ خَمْطٍ وَأَثْلٍ وَشَيْءٍ مِّن سِدْرٍ قَلِيلٍ
သို့ရာတွင် ၎င်းတို့သည် (အမိန့်တော်ကို လိုက်နာခြင်းမရှိကြဘဲ) မျက်နှာလွှဲခဲ့ကြပေရာ ငါအရှင်မြတ်သည်၎င်းတို့အပေါ်၌ အရင်မ် ရေကာတာမှ ပြင်းစွာ စီးဆင်းသောရေကို လွှတ်ပေးတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ဥယျာဉ်နှစ်ခု၏အစား အခြားဥယျာဉ်နှစ်ခုကိုလဲလှယ်၍ ပေးတော်မူခဲ့၏။ ထိုဥယျာဉ်နှစ်ခုမှာ ဖန်သော၊ခါးသော၊ အရသာမကောင်းသော၊ သစ်သီးဝလံများ၊ ထင်းရှုးပင်များနှင့် အနည်းငယ်မျှသောဆီးပင်များရှိသော ဥယျာဉ်နှစ်ခုပင် ဖြစ်ခဲ့ကြ၏။
စဗကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
14အာယာသ်

ဘာသာပြန် — စဗ 14

စူရာ စဗ အာယာသ် 14 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ငါအရှင်မြတ်သည် ထိုစုလိုင်မာန်၏အပေါ်၌ မရဏ သေခြင်းတရားကို ပြဋ္ဌာန်းတော် မူခဲ့လေသောအခါ ၎င်း၏လှင်ကန်တောင်ဝှေးကို စားလျက်ရှိသည့်မြေကြီး၌နေသောပိုးကောင်မှတစ်ပါး ၎င်း…

စူရာ အာယာသ် 14/54 — စူရာ စဗ سبأ (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ စဗ နားထောင်, စူရာ စဗ ဘာသာပြန်, စူရာ စဗ mp3, စူရာ စဗ pdf. အာယာသ် 12–16. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers