စဗ · 15/54
ဘာသာပြန် အသံနိုင်ငံ — စူရာ စဗ
لَقَدْ كَانَ لِسَبَإٍ فِي مَسْكَنِهِمْ آيَةٌ ۖ جَنَّتَانِ عَن يَمِينٍ وَشِمَالٍ ۖ كُلُوا مِن رِّزْقِ رَبِّكُمْ وَاشْكُرُوا لَهُ ۚ بَلْدَةٌ طَيِّبَةٌ وَرَبٌّ غَفُورٌ ۝١٥
Laqad kaana li Saba-in fee maskanihim Aayatun jannataani `ai yameeninw wa shimaalin kuloo mir rizq Rabbikum washkuroolah; baldatun taiyibatunw wa Rabbun Ghafoor
📖 မြန်မာဘာသာ
ဧကန်မုချ စဗာမျိုးနွယ်ဝင်တို့အဖို့ ၎င်းတို့၏နေထိုင်ရာဒေသ၌ပင် သက်သေလက္ခဏာသည် ရှိခဲ့၏။ ထိုမျိုးနွယ်ဝင်တို့နေထိုင်ရာ မြို့ရွာများ၏လက်ယာဘက်၌ လည်းကောင်း၊ လက်ဝဲဘက်၌ လည်းကောင်း၊ ဥယျာဉ်နှစ်ခုရှိခဲ့၏။(၎င်းတို့မှာ မိမိတို့၏ နဗီတမန်တော်များမှ တစ်ဆင့် ဤသို့မိန့်ကြားခြင်းကို ခံခဲ့ကြကုန်၏။) အသင်တို့သည် မိမိတို့၏ အရှင်မြတ်က ချီးမြှင့် ပေးသနားတော်မူသော စားနပ်ရိက္ခာကို စားသုံးကြ လေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်အားကျေးဇူးတင်ရှိကြလေကုန်။ (အသင်တို့၏မြို့ရွာမှာ) ကောင်းမွန်သန့်ပြန့်သောမြို့ရွာဖြစ်၍ (အသင်တို့၏ အရှင်မြတ်မှာလည်း)လွန်စွာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • လကဒ် (لَقَدْ): အမှန်ပင်၊ ဧကန်အမှန်။
  • ကန (كَانَ): ရှိခဲ့သည်။
  • လိဆဗအ် (لِسَبَإٍ): ဆဗအ်လူမျိုးစုအတွက်။ ဤသည်မှာ ယီမင်နိုင်ငံရှိ မြို့တစ်မြို့ သို့မဟုတ် လူမျိုးစုတစ်ခု၏အမည်ဖြစ်သည်။
  • ဖီမက်စ်ကနိဟိမ် (فِي مَسْكَنِهِمْ): သူတို့နေထိုင်ရာဒေသတွင်။
  • အာယသွန် (آيَةٌ): သက်သေလက္ခဏာ၊ အံ့ဖွယ်သာဓက။
  • ဂျန္နသာနိ (جَنَّتَانِ): ဥယျာဉ်နှစ်ခု။
  • အန်ယမိနင် ဝရှိမာလ် (عَن يَمِينٍ وَشِمَالٍ): ညာဘက်နှင့် ဘယ်ဘက်တွင်။
  • ကုလူ (كُلُوا): စားကြလော့။
  • ရိဇ်ကြိရဗ္ဗိကုမ် (رِزْقِ رَبِّكُمْ): သင်တို့၏အရှင်မြတ်ပေးသော ရိဇ်က္ (အစားအသောက်၊ ဥစ္စာ)။
  • ဝရှ်ကုရူ (وَاشْكُرُوا): ကျေးဇူးတင်ကြလော့။
  • ဗလ်ဒသွန် သွိုက်ယိဗသွန် (بَلْدَةٌ طَيِّبَةٌ): သန့်ရှင်းကောင်းမွန်သောမြို့။
  • ဝရဗ္ဗွန် ဂဖူရ် (وَرَبٌّ غَفُورٌ): ခွင့်လွှတ်တော်မူသောအရှင်။
  1. အာယသ်၏အဓိပ္ပာယ်ဖွင့်ဆိုချက်

ဧကန်အမှန် ဆဗအ်လူမျိုးတို့၏နေအိမ်ရာဒေသတွင် အလ္လာဟ်အရှင်မြတ်၏တန်ခိုးတော်နှင့် ကျေးဇူးတော်ကို ထင်ရှားစွာဖော်ပြသည့် သက်သေလက္ခဏာတစ်ခု ရှိခဲ့သည်။ ထိုသက်သေလက္ခဏာမှာ သူတို့၏ဒေသ၏ ညာဘက်နှင့် ဘယ်ဘက်တွင် ဥယျာဉ်နှစ်ခု (ဥယျာဉ်အုပ်စုနှစ်စု) ရှိခြင်းပင်ဖြစ်သည်။ ထိုဥယျာဉ်များတွင် သစ်ပင်များစွာနှင့် အရသာရှိသော အသီးအနှံများ ပေါများစွာရှိသည်။ ထိုအခါ သူတို့အား ဤသို့ဆိုခဲ့သည်။ သင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပေးသနားတော်မူသည့် ရိဇ်က္များကို စားသုံးကြလော့။ ထိုအရှင်မြတ်အား ကျေးဇူးတင်ကြလော့။ သင်တို့၏ဤဒေသသည် သန့်ရှင်းကောင်းမွန်သော မြို့ဖြစ်သည်။ သင်တို့၏အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသောအရှင် ဖြစ်တော်မူသည်။ ဤစကားများသည် သူတို့ထံသို့ ရောက်ရှိခဲ့သော တမန်တော်များ၏ မိန့်ကြားချက်ဖြစ်သည်။

  1. ဤအာယသ်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန်များအား ရိဇ်က္ (အစားအသောက်၊ ဥစ္စာ) များကို ပေါများစွာပေးသနားတော်မူကြောင်း သိရှိစေသည်။
  • ရရှိသောကျေးဇူးများအတွက် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ရမည်ဖြစ်ကြောင်း သွန်သင်ပေးသည်။
  • အလ္လာဟ်အရှင်မြတ်သည် ခ


📜 အာယာသ် 13-17 — စူရာ စဗ

13يَعْمَلُونَ لَهُ مَا يَشَاءُ مِن مَّحَارِيبَ وَتَمَاثِيلَ وَجِفَانٍ كَالْجَوَابِ وَقُدُورٍ رَّاسِيَاتٍ ۚ اعْمَلُوا آلَ دَاوُودَ شُكْرًا ۚ وَقَلِيلٌ مِّنْ عِبَادِيَ الشَّكُورُ
ထိုဂျင်န်တို့သည် ထိုစုလိုင်မာန်၏ အကျိုးငှာ၎င်းအလိုရှိသော ကြီးကျယ်သောအဆောက်အအုံများကို လည်းကောင်း၊(ကျောက်၊ ကြေးနီ၊ ဖန် စသည်များဖြင့်ပြီးသော) ရုပ်တုများကိုလည်းကောင်း၊ ရေကန်ကြီးများတမျှရှိ ဇလုံ၊ အင်တုံများကိုလည်းကောင်း၊ မပြောင်း မရွှေ့နိုင်သော အိုးကြီးများကိုလည်းကောင်း၊ ပြုလုပ်ပေးကြကုန်၏။ (ထို့ပြင် ငါအရှင်မြတ်သည်ဤသို့ မိန့်ကြား တော်မူခဲ့၏) အို-ဒါဝူဒ် ၏သား၊မြေး၊ အိမ်သူအိမ်သားတို့၊ အသင်တို့သည် ကျေးဇူးသိတတ်သော အနေနှင့်ကောင်းမှုပြုကြလေကုန်။ စင်စစ်သော်ကား ငါအရှင်မြတ်၏ကျွန်တို့အနက် ကျေးဇူးသိတတ်ကြ သောသူတို့မှာ နည်းပါးလှပေသတည်း။
14فَلَمَّا قَضَيْنَا عَلَيْهِ الْمَوْتَ مَا دَلَّهُمْ عَلَىٰ مَوْتِهِ إِلَّا دَابَّةُ الْأَرْضِ تَأْكُلُ مِنسَأَتَهُ ۖ فَلَمَّا خَرَّ تَبَيَّنَتِ الْجِنُّ أَن لَّوْ كَانُوا يَعْلَمُونَ الْغَيْبَ مَا لَبِثُوا فِي الْعَذَابِ الْمُهِينِ
ထို့နောက် ငါအရှင်မြတ်သည် ထိုစုလိုင်မာန်၏အပေါ်၌ မရဏ သေခြင်းတရားကို ပြဋ္ဌာန်းတော် မူခဲ့လေသောအခါ ၎င်း၏လှင်ကန်တောင်ဝှေးကို စားလျက်ရှိသည့်မြေကြီး၌နေသောပိုးကောင်မှတစ်ပါး ၎င်း ကွယ်လွန်သေဆုံးပြီးဖြစ်ကြောင်းကို ထိုဂျင်န်များအား မည်သူကမျှ သိစေခဲ့သည်မဟုတ်ပေ။ ထို့နောက် ထိုစုလိုင်မာန်သည် လဲ၍ကျသွားခဲ့သောအခါ ဂျင်န် များသည် ဧကန်စင်စစ် အကယ်၍ မိမိတို့မှာအကွယ် ၌ရှိသည်များကိုသိရှိကြလျှင် ဤသည့်ဂုဏ်ရည် သေးသိမ်စေသောဒုက္ခ၌ ဆက်လက်၍ နေခဲ့ကြမည် မဟုတ်ကြောင်းသိသွားခဲ့ကြကုန်သတည်း။
15لَقَدْ كَانَ لِسَبَإٍ فِي مَسْكَنِهِمْ آيَةٌ ۖ جَنَّتَانِ عَن يَمِينٍ وَشِمَالٍ ۖ كُلُوا مِن رِّزْقِ رَبِّكُمْ وَاشْكُرُوا لَهُ ۚ بَلْدَةٌ طَيِّبَةٌ وَرَبٌّ غَفُورٌ
ဧကန်မုချ စဗာမျိုးနွယ်ဝင်တို့အဖို့ ၎င်းတို့၏နေထိုင်ရာဒေသ၌ပင် သက်သေလက္ခဏာသည် ရှိခဲ့၏။ ထိုမျိုးနွယ်ဝင်တို့နေထိုင်ရာ မြို့ရွာများ၏လက်ယာဘက်၌ လည်းကောင်း၊ လက်ဝဲဘက်၌ လည်းကောင်း၊ ဥယျာဉ်နှစ်ခုရှိခဲ့၏။(၎င်းတို့မှာ မိမိတို့၏ နဗီတမန်တော်များမှ တစ်ဆင့် ဤသို့မိန့်ကြားခြင်းကို ခံခဲ့ကြကုန်၏။) အသင်တို့သည် မိမိတို့၏ အရှင်မြတ်က ချီးမြှင့် ပေးသနားတော်မူသော စားနပ်ရိက္ခာကို စားသုံးကြ လေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်အားကျေးဇူးတင်ရှိကြလေကုန်။ (အသင်တို့၏မြို့ရွာမှာ) ကောင်းမွန်သန့်ပြန့်သောမြို့ရွာဖြစ်၍ (အသင်တို့၏ အရှင်မြတ်မှာလည်း)လွန်စွာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
16فَأَعْرَضُوا فَأَرْسَلْنَا عَلَيْهِمْ سَيْلَ الْعَرِمِ وَبَدَّلْنَاهُم بِجَنَّتَيْهِمْ جَنَّتَيْنِ ذَوَاتَيْ أُكُلٍ خَمْطٍ وَأَثْلٍ وَشَيْءٍ مِّن سِدْرٍ قَلِيلٍ
သို့ရာတွင် ၎င်းတို့သည် (အမိန့်တော်ကို လိုက်နာခြင်းမရှိကြဘဲ) မျက်နှာလွှဲခဲ့ကြပေရာ ငါအရှင်မြတ်သည်၎င်းတို့အပေါ်၌ အရင်မ် ရေကာတာမှ ပြင်းစွာ စီးဆင်းသောရေကို လွှတ်ပေးတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ဥယျာဉ်နှစ်ခု၏အစား အခြားဥယျာဉ်နှစ်ခုကိုလဲလှယ်၍ ပေးတော်မူခဲ့၏။ ထိုဥယျာဉ်နှစ်ခုမှာ ဖန်သော၊ခါးသော၊ အရသာမကောင်းသော၊ သစ်သီးဝလံများ၊ ထင်းရှုးပင်များနှင့် အနည်းငယ်မျှသောဆီးပင်များရှိသော ဥယျာဉ်နှစ်ခုပင် ဖြစ်ခဲ့ကြ၏။
17ذَٰلِكَ جَزَيْنَاهُم بِمَا كَفَرُوا ۖ وَهَلْ نُجَازِي إِلَّا الْكَفُورَ
ဤကား ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ ကျေးဇူးကန်းမှုကြောင့် ပေးတော်မူခဲ့သော အပြစ်ဒဏ်ပင်ဖြစ်၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် အလွန်ကျေးဇူးကန်းသော သူတို့အားသာလျှင်(ယင်းကဲ့သို့သော)အပြစ်ပေးလေ့ရှိတော်မူပေသတည်း။
စဗကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
15အာယာသ်

ဘာသာပြန် — စဗ 15

စူရာ စဗ အာယာသ် 15 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်မုချ စဗာမျိုးနွယ်ဝင်တို့အဖို့ ၎င်းတို့၏နေထိုင်ရာဒေသ၌ပင် သက်သေလက္ခဏာသည် ရှိခဲ့၏။ ထိုမျိုးနွယ်ဝင်တို့နေထိုင်ရာ မြို့ရွာများ၏လက်ယာဘက်၌ လည်းကောင်း၊ လက်ဝဲဘက်၌ လည်းကောင်း၊…

စူရာ အာယာသ် 15/54 — စူရာ စဗ سبأ (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ စဗ နားထောင်, စူရာ စဗ ဘာသာပြန်, စူရာ စဗ mp3, စူရာ စဗ pdf. အာယာသ် 13–17. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers