وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ لَئِن جَاءَهُمْ نَذِيرٌ لَّيَكُونُنَّ أَهْدَىٰ مِنْ إِحْدَى الْأُمَمِ ۖ فَلَمَّا جَاءَهُمْ نَذِيرٌ مَّا زَادَهُمْ إِلَّا نُفُورًا ٤٢
🔤 Transliteration
Wa aqsamoo billaahi jahda aymaanihim la`in jaaa`ahum nazeerul layakoonunna ahdaa min ihdal umami falam maa jaaa`ahum nazeerum maa zaadahum illaa nufooraa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
စင်စစ်သော်ကား ၎င်းတို့က အမှန်ပင် အကယ်၍ သတိပေးနှိုးဆော်သူ တစ်ဦးတစ်ယောက်သည် မိမိတို့ထံလာခဲ့ပါလျှင် မုချဧကန် မိမိတို့မှာ သာသနာဝင်အုပ်စုတိုင်းထက် ပိုမို၍ပင် တရား လမ်းမှန်ကို လိုက်နာသူများ ဖြစ်ကြပေမည် ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန်ကျိန်ဆိုခဲ့ကြကုန်၏။ သို့တစေလည်း (ထို)သတိပေးနှိုးဆော်သူသည် ၎င်းတို့ထံသို့ ရောက်ရှိ၍လာသောအခါ ထို(သို့ရောက်ရှိ၍လာခြင်း)သည် ၎င်းတို့၌ စက်ဆုပ်မှုကိုသာလျှင် တိုးပွားစေခဲ့၏။
🌐 Additional reference in ภาษาไทย
ကမ္မသဒ္ဒါပဒ အနက်အဓိပ္ပာယ်များ وَأَقْسَمُوا: သူတို့သည် ကျမ်းကျိန်ဆိုခဲ့ကြသည်။ بِاللَّهِ: အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍။ جَهْدَ أَيْمَانِهِمْ: မိမိတို့၏ ကျမ်းကျိန်ဆိုမှုများကို အစွမ်းကုန် ခိုင်မာစွာ ပြုလုပ်ခြင်းဖြင့်။ لَئِن جَاءَهُمْ نَذِيرٌ: အကယ်၍ သူတို့ထံသို့ သတိပေးနှိုးဆော်သူတစ်ဦး ရောက်လာပါက။ لَيَكُونُنَّ أَهْدَىٰ: သူတို့သည် အကယ်ပင် လမ်းညွှန်မှုရရှိသူများထက် ပို၍ တရားလမ်းကို လိုက်နာသူများ ဖြစ်ကြမည်။ مِنْ إِحْدَى الْأُمَمِ: လူမျိုးတစ်မျိုးမျိုးထက် (ယဟူဒီနှင့် ခရစ်ယာန်တို့ထက်)။ فَلَمَّا جَاءَهُمْ نَذِيرٌ: ထိုအခါ သူတို့ထံသို့ သတိပေးနှိုးဆော်သူ ရောက်လာသောအခါ။ مَا زَادَهُمْ: သူတို့အား မည်သည့်အရာမျှ တိုးပွားစေခဲ့သည် မဟုတ်။ إِلَّا نُفُورًا: ဝေးကွာထွက်ပြေးမှုမှတစ်ပါး။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် မက္ကာမြို့သား ကာဖိရ်များ၏ ကျမ်းကျိန်ဆိုမှုနှင့် သူတို့၏ ကတိဖျက်မှုကို ဖော်ပြထားပါသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ အလွန်ခိုင်မာသော ကျမ်းကျိန်ဆိုမှုများကို ပြုလုပ်ခဲ့ကြသည်။ အကယ်၍ သူတို့ထံသို့ သတိပေးနှိုးဆော်သူတစ်ဦး ရောက်လာပါက ယဟူဒီများ၊ ခရစ်ယာန်များနှင့် အခြားလူမျိုးများထက် ပို၍ တရားလမ်းကို လိုက်နာသူများ ဖြစ်ကြမည်ဟု ကတိပြုခဲ့ကြသည်။
သို့သော် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) ကို သတိပေးနှိုးဆော်သူအဖြစ် သူတို့ထံသို့ စေလွှတ်တော်မူသောအခါ သူတို့၏ ကျမ်းကျိန်ဆိုမှုများကို ဖြည့်ဆည်းခဲ့ကြသည် မဟုတ်ပါ။ ထိုသတိပေးနှိုးဆော်သူ၏ ရောက်လာမှုသည် သူတို့အား တရားလမ်းသို့ ပိုမိုနီးကပ်စေခဲ့သည် မဟုတ်ဘဲ၊ အမှန်တရားမှ ပို၍ ဝေးကွာစေခြင်းနှင့် မှောက်မှားသော လမ်းစဉ်ကို ပို၍ တွယ်ကပ်စေခြင်းသာ ဖြစ်ခဲ့သည်။ သူတို့သည် မိမိတို့၏ ခိုင်မာသော ကျမ်းကျိန်ဆိုမှုများနှင့်အညီ ဖြည့်ဆည်းခဲ့ကြသည် မဟုတ်ပါ။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ ဤအာယသ်တော်သည် အစ္စလာမ်သာသနာနှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို ချစ်မြတ်နိုးစေသော အကျိုးကျေးဇူးများကို ဖော်ပြထားပါသည်။
ပထမအချက်မှာ လူသ
وَأَقۡسَمُواْ بِٱللَّهِ جَهۡدَ أَيۡمَٰنِهِمۡ لَئِن جَآءَهُمۡ نَذِيرٌ لَّيَكُونُنَّ أَهۡدَىٰ مِنۡ إِحۡدَى ٱلۡأُمَمِۖ فَلَمَّا جَآءَهُمۡ نَذِيرٌ مَّا زَادَهُمۡ إِلَّا نُفُورًا ٤٢
စင်စစ်သော်ကား ၎င်းတို့က အမှန်ပင် အကယ်၍ သတိပေးနှိုးဆော်သူ တစ်ဦးတစ်ယောက်သည် မိမိတို့ထံလာခဲ့ပါလျှင် မုချဧကန် မိမိတို့မှာ သာသနာဝင်အုပ်စုတိုင်းထက် ပိုမို၍ပင် တရား လမ်းမှန်ကို လိုက်နာသူများ ဖြစ်ကြပေမည် ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန်ကျိန်ဆိုခဲ့ကြကုန်၏။ သို့တစေလည်း (ထို)သတိပေးနှိုးဆော်သူသည် ၎င်းတို့ထံသို့ ရောက်ရှိ၍လာသောအခါ ထို(သို့ရောက်ရှိ၍လာခြင်း)သည် ၎င်းတို့၌ စက်ဆုပ်မှုကိုသာလျှင် တိုးပွားစေခဲ့၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 40-44 — စူရာ ဖာတီရ်
40 قُلْ أَرَأَيْتُمْ شُرَكَاءَكُمُ الَّذِينَ تَدْعُونَ مِن دُونِ اللَّهِ أَرُونِي مَاذَا خَلَقُوا مِنَ الْأَرْضِ أَمْ لَهُمْ شِرْكٌ فِي السَّمَاوَاتِ أَمْ آتَيْنَاهُمْ كِتَابًا فَهُمْ عَلَىٰ بَيِّنَتٍ مِّنْهُ ۚ بَلْ إِن يَعِدُ الظَّالِمُونَ بَعْضُهُم بَعْضًا إِلَّا غُرُورًا
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍ ဟစ်ခေါ်တသကြကုန်သော မိမိတို့၏ တွဲဖက်ကိုးကွယ်ရာတို့အား မမြင်ခဲ့ကြလေသလော။ အသင်တို့သည် ငါ့အားပြသကြလေကုန်။ ထို(အသင်တို့၏တွဲဖက် ကိုးကွယ်ရာ)တို့သည်ပထဝီမြေ၏ မည်သည့်အစိတ်အပိုင်းကို ဖန်ဆင်း ခဲ့ကြသနည်း။သို့တည်းမဟုတ် မိုးကောင်းကင်များ၌ ၎င်းတို့၏ ဖက်စပ်မှုတစ်စုံတစ်ရာရှိလေသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ၎င်းတို့အား ကျမ်းဂန်တစ်စောင်စောင်ကို ချီးမြှင့်ပေးသနားတော်မူခဲ့သဖြင့် ၎င်းတို့သည် ယင်းကျမ်းဂန်၏အထောက်အထား တစ်ရပ်ရပ်အပေါ်၌ ရပ်တည်၍ နေကြသလော။ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား မတရားသောသူတို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး လိမ်လည်လှည့်ဖြားခြင်းမှတစ်ပါး အခြားမည်သည်ကိုမျှပင် ကတိပေးကြသည်မဟုတ်ပြီ။
41 ۞ إِنَّ اللَّهَ يُمْسِكُ السَّمَاوَاتِ وَالْأَرْضَ أَن تَزُولَا ۚ وَلَئِن زَالَتَا إِنْ أَمْسَكَهُمَا مِنْ أَحَدٍ مِّن بَعْدِهِ ۚ إِنَّهُ كَانَ حَلِيمًا غَفُورًا
စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ရွေ့လျားတိမ်းပါးမသွားရန် ထိန်းထားတော်မူ၏။ သို့ရာတွင်ဧကန်စင်စစ် အကယ်၍သာ ယင်းမိုးကောင်းကင်များနှင့်ပထဝီမြေတို့သည် ရွေ့လျားတိမ်းပါး၍ သွားခဲ့ကြသော် ထိုအရှင်မြတ်မှတစ်ပါး မည်သူတစ်ဦးတစ်ယောက်မျှကပင် ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေတို့ကို ထိန်းနိုင်မည် မဟုတ်ပေ။ ဧ ကန်အမှန် ထိုအရှင်မြတ်သည် ခနီ္တတရားနှင့်အလွန်ပြည့်စုံတော်မူထသော၊ အလွန်တရာ ခွင့်လွှတ်တော်မူထသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
42 وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ لَئِن جَاءَهُمْ نَذِيرٌ لَّيَكُونُنَّ أَهْدَىٰ مِنْ إِحْدَى الْأُمَمِ ۖ فَلَمَّا جَاءَهُمْ نَذِيرٌ مَّا زَادَهُمْ إِلَّا نُفُورًا
စင်စစ်သော်ကား ၎င်းတို့က အမှန်ပင် အကယ်၍ သတိပေးနှိုးဆော်သူ တစ်ဦးတစ်ယောက်သည် မိမိတို့ထံလာခဲ့ပါလျှင် မုချဧကန် မိမိတို့မှာ သာသနာဝင်အုပ်စုတိုင်းထက် ပိုမို၍ပင် တရား လမ်းမှန်ကို လိုက်နာသူများ ဖြစ်ကြပေမည် ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန်ကျိန်ဆိုခဲ့ကြကုန်၏။ သို့တစေလည်း (ထို)သတိပေးနှိုးဆော်သူသည် ၎င်းတို့ထံသို့ ရောက်ရှိ၍လာသောအခါ ထို(သို့ရောက်ရှိ၍လာခြင်း)သည် ၎င်းတို့၌ စက်ဆုပ်မှုကိုသာလျှင် တိုးပွားစေခဲ့၏။
43 اسْتِكْبَارًا فِي الْأَرْضِ وَمَكْرَ السَّيِّئِ ۚ وَلَا يَحِيقُ الْمَكْرُ السَّيِّئُ إِلَّا بِأَهْلِهِ ۚ فَهَلْ يَنظُرُونَ إِلَّا سُنَّتَ الْأَوَّلِينَ ۚ فَلَن تَجِدَ لِسُنَّتِ اللَّهِ تَبْدِيلًا ۖ وَلَن تَجِدَ لِسُنَّتِ اللَّهِ تَحْوِيلًا
မိမိတို့ကိုယ်ကို ကမ္ဘာမြေ၌ အထင်ကြီးခဲ့ကြသောကြောင့် ထိုမှတစ်ပါး မကောင်းသော ကြံစည်မှုကို(လည်းတိုးပွားစေခဲ့၏)။ အမှန်စင်စစ်သော်ကား မကောင်းသောအကြံအစည်၏ အကျိုးသည် ယင်း မကောင်းသောအကြံအစည်ကိုကြံစည်သောသူတို့၏ အပေါ်၌သာလျှင် သက်ရောက်ပေသည်။သို့ဖြစ်ပေရာ ၎င်းတို့သည် ရှေးသူဟောင်းတို့၏ ကျင့်ရိုးကျင့်စဉ်ကို သာလျှင် စောင့်မျှော်၍နေကြကုန်၏။ စင်စစ်မှာကားအသင်သည် အလ္လာဟ်အရှင်မြတ်၏ ကျင့်ရိုးကျင့်စဉ်၌ မည်သည့်ပြောင်းလဲမှုကိုမျှပင် အလျဉ်း တွေ့ရှိမည်မဟုတ်ပေ။ ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင် မြတ်၏ ကျင့်ရိုးကျင်စဉ်၌မည်သည့်လဲလှယ်မှုကိုလည်း အလျှင်းတွေ့ရှိမည် မဟုတ်ပေတကား။
44 أَوَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِن قَبْلِهِمْ وَكَانُوا أَشَدَّ مِنْهُمْ قُوَّةً ۚ وَمَا كَانَ اللَّهُ لِيُعْجِزَهُ مِن شَيْءٍ فِي السَّمَاوَاتِ وَلَا فِي الْأَرْضِ ۚ إِنَّهُ كَانَ عَلِيمًا قَدِيرًا
၎င်းတို့သည် ကမ္ဘမြေဝယ် လှည့်လည်မသွားလာခဲ့ကြသလော။ သို့သွားလာခဲ့ကြလျှင် ၎င်းတို့သည် မိမိတို့အလျင်ရှိခဲ့ကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့ရှိခဲ့သည်ကို တွေ့မြင်ကြပေမည်။ စင်စစ်မှာကား ထို(ရှေး)သူ(ဟောင်း)တို့သည် ခွန်အားဗလအရာ၌ ၎င်းတို့ထက်ပိုမိုသန်စွမ်းပြင်းထန်သူများပင် ဖြစ်ခဲ့ကြကုန်၏။ သို့ရာတွင်မိုးကောင်းကင်များ၌ဖြစ်စေ၊ ပထဝီမြေ၌ဖြစ်စေ၊ မည်သည့်အရာမျှပင်၊ အလ္လာဟ်အရှင်မြတ်အား အရေးရှုံးနိမ့်အောင်ပြုစွမ်းနိုင်သည်မရှိပေ။ ဧကန်စင်စစ် ထိုအရှင်မြတ်သည်အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။
ဘာသာပြန် — ဖာတီရ် 42 စူရာ ဖာတီရ် အာယာသ် 42 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား ၎င်းတို့က အမှန်ပင် အကယ်၍ သတိပေးနှိုးဆော်သူ တစ်ဦးတစ်ယောက်သည် မိမိတို့ထံလာခဲ့ပါလျှင် မုချဧကန် မိမိတို့မှာ သာသနာဝင်အုပ်စုတိုင်းထက်…
စူရာ အာယာသ် 42/45 — စူရာ ဖာတီရ် فاطر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖာတီရ် နားထောင်, စူရာ ဖာတီရ် ဘာသာပြန်, စူရာ ဖာတီရ် mp3, စူရာ ဖာတီရ် pdf. အာယာသ် 40–44. မြန်မာဘာသာ: ภาษาไทย.