ဖာတီရ် · 45/45
ဘာသာပြန် အသံနိုင်ငံ — စူရာ ဖာတီရ်
وَلَوْ يُؤَاخِذُ اللَّهُ النَّاسَ بِمَا كَسَبُوا مَا تَرَكَ عَلَىٰ ظَهْرِهَا مِن دَابَّةٍ وَلَٰكِن يُؤَخِّرُهُمْ إِلَىٰ أَجَلٍ مُّسَمًّى ۖ فَإِذَا جَاءَ أَجَلُهُمْ فَإِنَّ اللَّهَ كَانَ بِعِبَادِهِ بَصِيرًا ۝٤٥
Wa law yu`aakhizul laahun naasa bima kasaboo maa taraka `alaa zahrihaa min daaabbatinw wa laakiny yu`akhkhiruhum ilaaa ajalim musamman fa izaa jaaa`a ajaluhum fa innal laaha kaana bi`ibaadihee Baseeraa
📖 မြန်မာဘာသာ
အမှန်စင်စစ်သော်ကား အကယ်၍သာအလ္လာဟ်အရှင်မြတ်သည် လူတို့အား၊ ၎င်းတို့ရှာဖွေဆည်းပူး ခဲ့ကြလေသော ပြစ်မှုများကြောင့် ဖမ်းဆီးအရေးယူ တော်မူသည်ရှိသော်ကမ္ဘာမြေ၏ ကျောက်ကုန်းထက်ဝယ် လှုပ်ရှားသွားလာသောမည်သည့်သတ္တဝါကိုမျှပင် ချန်ထားတော်မူမည် မဟုတ်ပေ။သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ဆိုင်းငံ့၍ထားတော်မူ၏။ထို့နောက် ၎င်းတို့၏ အချိန်ကာလ ဆိုက်ရောက် လာသောအခါ(၎င်းတို့၏ အကျင့်အမူတို့နှင့်စပ်လျဉ်း၍ အကျိုးအပြစ်ပေးတော်မူပေမည်)။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်တို့အား ကောင်းစွာသိမြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • يُؤَاخِذُ (ယုအာခိဇု): အပြစ်ပေးခြင်း၊ ဖမ်းဆီးအရေးယူခြင်း။
  • كَسَبُوا (ကဆဗူ): သူတို့ ရှာဖွေဆည်းပူးခဲ့ကြသည်၊ ပြုလုပ်ခဲ့ကြသည် (ကောင်းမှုနှင့် မကောင်းမှု နှစ်မျိုးလုံးကို ဆိုလိုသည်)။
  • ظَهْرِهَا (ဇဟ်ရိဟာ): သူမ၏ ကျောက်ကုန်း၊ ဤနေရာတွင် မြေကမ္ဘာ၏ မျက်နှာပြင်ကို ဆိုလိုသည်။
  • دَابَّةٍ (ဒါဗ်ဗသွန်): မြေပြင်ပေါ်တွင် လှုပ်ရှားသွားလာသော သက်ရှိအားလုံး။
  • أَجَلٍ مُّسَمًّى (အဂျလင်မုစမ္မန်): သတ်မှတ်ထားသော အချိန်ကာလ၊ ဆိုလိုသည်မှာ ကိယာမသ်နေ့။
  • بَصِيرًا (ဗဆီရန်): အလွန်မြင်တော်မူသော၊ ဘာမှ ကွယ်ဝှက်မထားနိုင်သော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် လူသားတို့ ပြုလုပ်ခဲ့ကြသော အပြစ်များနှင့် မကောင်းမှုများအတွက် ချက်ချင်း အပြစ်ပေးတော်မူမည်ဆိုပါက မြေကမ္ဘာပေါ်တွင် လှုပ်ရှားသွားလာနေသော သက်ရှိတစ်ကောင်မျှ ကျန်ရစ်မည် မဟုတ်ပေ။ လူသားများသာမက သူတို့ပိုင်ဆိုင်သော တိရစ္ဆာန်များ၊ ဥစ္စာပစ္စည်းများပါ ပျက်စီးကုန်မည်ဖြစ်သည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် သူ၏ ကရုဏာတော်ဖြင့် သူတို့အား ရွှေ့ဆိုင်းခွင့်ပြုတော်မူပြီး သူ့အထံတော်တွင် သတ်မှတ်ထားသော အချိန်ကာလတစ်ခု၊ ဆိုလိုသည်မှာ ကိယာမသ်နေ့တိုင်အောင် ဆိုင်းငံ့ပေးထားတော်မူသည်။ ထိုသတ်မှတ်ထားသော အချိန်ရောက်လာသောအခါ အလ္လာဟ်အရှင်မြတ်သည် သူ၏ ကျွန်များအား အလွန်မြင်တော်မူသောအရှင်ဖြစ်တော်မူသည်။ သူတို့၏ လုပ်ရပ်များထဲမှ မည်သည့်အရာမျှ အရှင်မြတ်ထံမှ ကွယ်ဝှက်နေမည် မဟုတ်ပေ။ ကောင်းမှုဖြစ်စေ၊ မကောင်းမှုဖြစ်စေ အားလုံးကို အပြည့်အဝ မြင်တော်မူပြီး ထိုအတိုင်း အစားပေးတော်မူမည်ဖြစ်သည်။ ကောင်းမှုအတွက် ကောင်းကျိုး၊ မကောင်းမှုအတွက် မကောင်းကျိုးကို ခံစားရမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် အလွန်သည်းခံတော်မူသောအရှင်၊ ကရုဏာတော်ကြီးမားသောအရှင်ဖြစ်တော်မူသည်။ လူသားတို့၏ အပြစ်များကို ချက်ချင်းအပြစ်မပေးဘဲ အခွင့်အလမ်းပေးတော်မူသည်။ ဤအချက်သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို ထင်ဟပ်စေပြီး လူသားတို့အား အပြစ်မှ


📜 အာယာသ် 43-45 — စူရာ ဖာတီရ်

43اسْتِكْبَارًا فِي الْأَرْضِ وَمَكْرَ السَّيِّئِ ۚ وَلَا يَحِيقُ الْمَكْرُ السَّيِّئُ إِلَّا بِأَهْلِهِ ۚ فَهَلْ يَنظُرُونَ إِلَّا سُنَّتَ الْأَوَّلِينَ ۚ فَلَن تَجِدَ لِسُنَّتِ اللَّهِ تَبْدِيلًا ۖ وَلَن تَجِدَ لِسُنَّتِ اللَّهِ تَحْوِيلًا
မိမိတို့ကိုယ်ကို ကမ္ဘာမြေ၌ အထင်ကြီးခဲ့ကြသောကြောင့် ထိုမှတစ်ပါး မကောင်းသော ကြံစည်မှုကို(လည်းတိုးပွားစေခဲ့၏)။ အမှန်စင်စစ်သော်ကား မကောင်းသောအကြံအစည်၏ အကျိုးသည် ယင်း မကောင်းသောအကြံအစည်ကိုကြံစည်သောသူတို့၏ အပေါ်၌သာလျှင် သက်ရောက်ပေသည်။သို့ဖြစ်ပေရာ ၎င်းတို့သည် ရှေးသူဟောင်းတို့၏ ကျင့်ရိုးကျင့်စဉ်ကို သာလျှင် စောင့်မျှော်၍နေကြကုန်၏။ စင်စစ်မှာကားအသင်သည် အလ္လာဟ်အရှင်မြတ်၏ ကျင့်ရိုးကျင့်စဉ်၌ မည်သည့်ပြောင်းလဲမှုကိုမျှပင် အလျဉ်း တွေ့ရှိမည်မဟုတ်ပေ။ ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင် မြတ်၏ ကျင့်ရိုးကျင်စဉ်၌မည်သည့်လဲလှယ်မှုကိုလည်း အလျှင်းတွေ့ရှိမည် မဟုတ်ပေတကား။
44أَوَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِن قَبْلِهِمْ وَكَانُوا أَشَدَّ مِنْهُمْ قُوَّةً ۚ وَمَا كَانَ اللَّهُ لِيُعْجِزَهُ مِن شَيْءٍ فِي السَّمَاوَاتِ وَلَا فِي الْأَرْضِ ۚ إِنَّهُ كَانَ عَلِيمًا قَدِيرًا
၎င်းတို့သည် ကမ္ဘမြေဝယ် လှည့်လည်မသွားလာခဲ့ကြသလော။ သို့သွားလာခဲ့ကြလျှင် ၎င်းတို့သည် မိမိတို့အလျင်ရှိခဲ့ကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့ရှိခဲ့သည်ကို တွေ့မြင်ကြပေမည်။ စင်စစ်မှာကား ထို(ရှေး)သူ(ဟောင်း)တို့သည် ခွန်အားဗလအရာ၌ ၎င်းတို့ထက်ပိုမိုသန်စွမ်းပြင်းထန်သူများပင် ဖြစ်ခဲ့ကြကုန်၏။ သို့ရာတွင်မိုးကောင်းကင်များ၌ဖြစ်စေ၊ ပထဝီမြေ၌ဖြစ်စေ၊ မည်သည့်အရာမျှပင်၊ အလ္လာဟ်အရှင်မြတ်အား အရေးရှုံးနိမ့်အောင်ပြုစွမ်းနိုင်သည်မရှိပေ။ ဧကန်စင်စစ် ထိုအရှင်မြတ်သည်အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။
45وَلَوْ يُؤَاخِذُ اللَّهُ النَّاسَ بِمَا كَسَبُوا مَا تَرَكَ عَلَىٰ ظَهْرِهَا مِن دَابَّةٍ وَلَٰكِن يُؤَخِّرُهُمْ إِلَىٰ أَجَلٍ مُّسَمًّى ۖ فَإِذَا جَاءَ أَجَلُهُمْ فَإِنَّ اللَّهَ كَانَ بِعِبَادِهِ بَصِيرًا
အမှန်စင်စစ်သော်ကား အကယ်၍သာအလ္လာဟ်အရှင်မြတ်သည် လူတို့အား၊ ၎င်းတို့ရှာဖွေဆည်းပူး ခဲ့ကြလေသော ပြစ်မှုများကြောင့် ဖမ်းဆီးအရေးယူ တော်မူသည်ရှိသော်ကမ္ဘာမြေ၏ ကျောက်ကုန်းထက်ဝယ် လှုပ်ရှားသွားလာသောမည်သည့်သတ္တဝါကိုမျှပင် ချန်ထားတော်မူမည် မဟုတ်ပေ။သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ဆိုင်းငံ့၍ထားတော်မူ၏။ထို့နောက် ၎င်းတို့၏ အချိန်ကာလ ဆိုက်ရောက် လာသောအခါ(၎င်းတို့၏ အကျင့်အမူတို့နှင့်စပ်လျဉ်း၍ အကျိုးအပြစ်ပေးတော်မူပေမည်)။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်တို့အား ကောင်းစွာသိမြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
ဖာတီရ်ကုရ်အာန် ညွှန်းကိန်း
45အာယာသ်
MeccanRevelation
45အာယာသ်

ဘာသာပြန် — ဖာတီရ် 45

စူရာ ဖာတီရ် အာယာသ် 45 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်စင်စစ်သော်ကား အကယ်၍သာအလ္လာဟ်အရှင်မြတ်သည် လူတို့အား၊ ၎င်းတို့ရှာဖွေဆည်းပူး ခဲ့ကြလေသော ပြစ်မှုများကြောင့် ဖမ်းဆီးအရေးယူ တော်မူသည်ရှိသော်ကမ္ဘာမြေ၏ ကျောက်ကုန်းထက်ဝယ် လှုပ်ရှားသွားလာသောမည်သည့်သတ္တဝါကိုမျှပင်…

စူရာ အာယာသ် 45/45 — စူရာ ဖာတီရ် فاطر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖာတီရ် နားထောင်, စူရာ ဖာတီရ် ဘာသာပြန်, စူရာ ဖာတီရ် mp3, စူရာ ဖာတီရ် pdf. အာယာသ် 43–45. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers