အဇ်-ဇုမား · 65/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အဇ်-ဇုမား
وَلَقَدْ أُوحِيَ إِلَيْكَ وَإِلَى الَّذِينَ مِن قَبْلِكَ لَئِنْ أَشْرَكْتَ لَيَحْبَطَنَّ عَمَلُكَ وَلَتَكُونَنَّ مِنَ الْخَاسِرِينَ ۝٦٥
Wa laqad oohiya ilaika wa ilal lazeena min qablika la in ashrakta la yahbatanna `amalu ka wa latakoonanna minal khaasireen
📖 မြန်မာဘာသာ
အမှန်စင်စစ်သော်ကား အသင့်ထံသို့လည်းကောင်း၊ အသင့်အလျင်(ပွင့်ခဲ့ကြလေသော နဗီတမန်တော်များ)ထံသို့လည်းကောင်း၊ မုချမလွဲ(ဤသို့)"ဝဟ်ယ်"အမိန့်တော်ထုတ်ပြန်ခြင်း ခံခဲ့ရလေ၏။ "အမှန်ပင် အကယ်၍ အသင်သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်)နှိုင်းယှဉ် တွဲဖက်ကိုးကွယ်မှုကို ကျူးလွန်မိခဲ့ပါလျှင် မုချစင်စစ် အသင်၏ ပြုမူကျင့်ဆောင်ချက်တို့သည် အချည်းနှီးဖြစ်သွားမည့်ပြင် ဧကန်မလွဲ အသင်သည် ဆုံးရှုံးကြကုန်သော သူတို့တွင်လည်း အပါအဝင် ဖြစ်ချေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 63-67 — စူရာ အဇ်-ဇုမား

63لَّهُ مَقَالِيدُ السَّمَاوَاتِ وَالْأَرْضِ ۗ وَالَّذِينَ كَفَرُوا بِآيَاتِ اللَّهِ أُولَٰئِكَ هُمُ الْخَاسِرُونَ
မိုးကောင်းကင်များ၏သော့များသည်လည်းကောင်း၊ ကမ္ဘာမြေ၏ သော့များသည်လည်းကောင်း၊ ထိုအရှင်မြတ်(၏လက်တော်တွင်း)၌သာ ရှိကြကုန်၏။ သို့ပါလျက် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ "အာယတ်" အမိန့်တော်များကို ငြင်းပယ်ခဲ့ကြသည်ရှိသော် ထိုသူတို့သည်သာလျှင် ဆုံးရှုံးသောသူများ ဖြစ်ကြပေမည်။
64قُلْ أَفَغَيْرَ اللَّهِ تَأْمُرُونِّي أَعْبُدُ أَيُّهَا الْجَاهِلُونَ
(အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောဆို (မေးမြန်း)ပါလေ။ အို-အသိပညာ ကင်းမဲ့သူတို့၊ သို့ပါလျက် ငါသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကို ဆည်းကပ်ကိုးကွယ်ရန် အသင်တို့သည် ငါ့အား တိုက်တွန်းကြလေသလော။
65وَلَقَدْ أُوحِيَ إِلَيْكَ وَإِلَى الَّذِينَ مِن قَبْلِكَ لَئِنْ أَشْرَكْتَ لَيَحْبَطَنَّ عَمَلُكَ وَلَتَكُونَنَّ مِنَ الْخَاسِرِينَ
အမှန်စင်စစ်သော်ကား အသင့်ထံသို့လည်းကောင်း၊ အသင့်အလျင်(ပွင့်ခဲ့ကြလေသော နဗီတမန်တော်များ)ထံသို့လည်းကောင်း၊ မုချမလွဲ(ဤသို့)"ဝဟ်ယ်"အမိန့်တော်ထုတ်ပြန်ခြင်း ခံခဲ့ရလေ၏။ "အမှန်ပင် အကယ်၍ အသင်သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်)နှိုင်းယှဉ် တွဲဖက်ကိုးကွယ်မှုကို ကျူးလွန်မိခဲ့ပါလျှင် မုချစင်စစ် အသင်၏ ပြုမူကျင့်ဆောင်ချက်တို့သည် အချည်းနှီးဖြစ်သွားမည့်ပြင် ဧကန်မလွဲ အသင်သည် ဆုံးရှုံးကြကုန်သော သူတို့တွင်လည်း အပါအဝင် ဖြစ်ချေမည်။
66بَلِ اللَّهَ فَاعْبُدْ وَكُن مِّنَ الشَّاكِرِينَ
သို့ဖြစ်ပေရာ အသင်သည် ထိုသို့ အလျင်းမပြုဘဲ အလ္လာဟ်အရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်ပါလေ။ထိုမှတစ်ပါး အသင်သည် ကျေးဇူးတော်ကို သိတတ်သောသူတို့တွင် အပါအဝင် ဖြစ်ပါလေ။
67وَمَا قَدَرُوا اللَّهَ حَقَّ قَدْرِهِ وَالْأَرْضُ جَمِيعًا قَبْضَتُهُ يَوْمَ الْقِيَامَةِ وَالسَّمَاوَاتُ مَطْوِيَّاتٌ بِيَمِينِهِ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ
စင်စစ်သော်ကား ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား ကြည်ညိုလေးစားအပ်သည့် နည်းအတိုင်း ကြည်ညိုလေးစားခြင်း မပြုခဲ့ကြပေ။ စင်စစ်မှာကား "ကိယာမတ်"ရှင်ပြန်ထမည့်နေ့တွင် ကမ္ဘာမြေတစ်ခုလုံးမှာ ထိုအရှင်မြတ်၏ လက်တစ်ဆုပ်စာပင် ရှိမည်သာမက၊ မိုးကောင်းကင်များမှာလည်း ထိုအရှင်မြတ်၏ လက်ယာလက်တော်တွင်းဝယ် လိပ်ထားလျက်ပင် ရှိကြပေမည်။ ထိုအရှင်မြတ်မှာမူကား ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့မှ(လုံးဝ) စင်ကြယ်သန့်ရှင်းတော်မူသည့်ပြင် ထိုအရှင်မြတ်သည်(ထိုအရာတို့ထက် အတိုင်းမရှိ) မြင့်မြတ်လှတော် မူပေသတည်း။
အဇ်-ဇုမားကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MeccanRevelation
65အာယာသ်

ဘာသာပြန် — အဇ်-ဇုမား 65

စူရာ အဇ်-ဇုမား အာယာသ် 65 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်စင်စစ်သော်ကား အသင့်ထံသို့လည်းကောင်း၊ အသင့်အလျင်(ပွင့်ခဲ့ကြလေသော နဗီတမန်တော်များ)ထံသို့လည်းကောင်း၊ မုချမလွဲ(ဤသို့)"ဝဟ်ယ်"အမိန့်တော်ထုတ်ပြန်ခြင်း ခံခဲ့ရလေ၏။ "အမှန်ပင် အကယ်၍ အသင်သည် (တစ်စုံတစ်ရာကို…

စူရာ အာယာသ် 65/75 — စူရာ အဇ်-ဇုမား الزمر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အဇ်-ဇုမား နားထောင်, စူရာ အဇ်-ဇုမား ဘာသာပြန်, စူရာ အဇ်-ဇုမား mp3, စူရာ အဇ်-ဇုမား pdf. အာယာသ် 63–67. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers