အန်-နီဆာ · 112/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَمَن يَكْسِبْ خَطِيئَةً أَوْ إِثْمًا ثُمَّ يَرْمِ بِهِ بَرِيئًا فَقَدِ احْتَمَلَ بُهْتَانًا وَإِثْمًا مُّبِينًا ۝١١٢
Wa mai yaksib khateee`atan aw isman summa yarmi bihee bareee`an faqadih tamala buhtaananw wa ismam mubeenaa
📖 မြန်မာဘာသာ
ထိုမှတစ်ပါးတုံ မည်သူမဆို မှားယွင်းပြုမိတတ်သော ပြစ်မှုအသေးအဖွဲကိုဖြစ်စေ၊ ကြီးလေးသော ပြစ်မှုဒုစရိုက်ကိုဖြစ်စေ ရှာဖွေဆည်းပူးပြီးနောက် ယင်းပြစ်မှုဒုစရိုက်နှင့်စပ်လျဉ်း၍ အပြစ်ကင်းမဲ့သောသူ တစ်ဦးတစ်ယောက်ကို ယိုးစွပ်ပါမူ ထိုသူသည် ဧကန်မလွဲ ကြီးမားသောစွပ်စွဲမှုကိုလည်းကောင်း၊ ထင်ရှားလှသော ပြစ်မှုဒုစရိုက်ကိုလည်းကောင်း သည်ပိုးရွက်ဆောင်ခဲ့ချေပြီ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 110-114 — စူရာ အန်-နီဆာ

110وَمَن يَعْمَلْ سُوءًا أَوْ يَظْلِمْ نَفْسَهُ ثُمَّ يَسْتَغْفِرِ اللَّهَ يَجِدِ اللَّهَ غَفُورًا رَّحِيمًا
အမှန်စင်စစ်သော်ကား မည်သူမဆို မကောင်းမှုအကုသိုလ်တစ်စုံတစ်ရာကို ကျူးလွန်မိအံ့။ သို့တည်းမဟုတ် ထိုသူသည် မိမိကိုယ်ကို နှိပ်စက်ကလူပြုမိအံ့။ ထို့နောက် ယင်းသူသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထားပန်ကြားအံ့၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်ကို အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်အဖြစ် တွေ့ရှိရပေအံ့၊
111وَمَن يَكْسِبْ إِثْمًا فَإِنَّمَا يَكْسِبُهُ عَلَىٰ نَفْسِهِ ۚ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
ထို့ပြင်တဝ မည်သူမဆို ပြစ်မှုဒုစရိုက်ကို ရှာဖွေဆည်းပူးပါမူ ထိုသူသည် ယင်းပြစ်မှုဒုစရိုက်ကို မိမိကိုယ်နှင့်ဆန့်ကျင်၍ (တစ်နည်း) မိမိကိုယ်ကို နစ်နာဆုံးရှုံးအောင် ရှာဖွေဆည်းပူးသည်သာဖြစ်အံ့။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောမူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူလေ၏။
112وَمَن يَكْسِبْ خَطِيئَةً أَوْ إِثْمًا ثُمَّ يَرْمِ بِهِ بَرِيئًا فَقَدِ احْتَمَلَ بُهْتَانًا وَإِثْمًا مُّبِينًا
ထိုမှတစ်ပါးတုံ မည်သူမဆို မှားယွင်းပြုမိတတ်သော ပြစ်မှုအသေးအဖွဲကိုဖြစ်စေ၊ ကြီးလေးသော ပြစ်မှုဒုစရိုက်ကိုဖြစ်စေ ရှာဖွေဆည်းပူးပြီးနောက် ယင်းပြစ်မှုဒုစရိုက်နှင့်စပ်လျဉ်း၍ အပြစ်ကင်းမဲ့သောသူ တစ်ဦးတစ်ယောက်ကို ယိုးစွပ်ပါမူ ထိုသူသည် ဧကန်မလွဲ ကြီးမားသောစွပ်စွဲမှုကိုလည်းကောင်း၊ ထင်ရှားလှသော ပြစ်မှုဒုစရိုက်ကိုလည်းကောင်း သည်ပိုးရွက်ဆောင်ခဲ့ချေပြီ။
113وَلَوْلَا فَضْلُ اللَّهِ عَلَيْكَ وَرَحْمَتُهُ لَهَمَّت طَّائِفَةٌ مِّنْهُمْ أَن يُضِلُّوكَ وَمَا يُضِلُّونَ إِلَّا أَنفُسَهُمْ ۖ وَمَا يَضُرُّونَكَ مِن شَيْءٍ ۚ وَأَنزَلَ اللَّهُ عَلَيْكَ الْكِتَابَ وَالْحِكْمَةَ وَعَلَّمَكَ مَا لَمْ تَكُن تَعْلَمُ ۚ وَكَانَ فَضْلُ اللَّهِ عَلَيْكَ عَظِيمًا
အကယ်၍ အသင်၏အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့် ကရုဏာတော်သည်သာလျှင် မရှိခဲ့ပါမူ ထိုသူတို့အနက်မှ လူတစ်စုသည် အသင့်အား လမ်းလွဲစေကြရန် မုချ စိတ်ပြဋ္ဌာန်းပြီး ဖြစ်ခဲ့ကြ၏။ အမှန်သော်ကား ထိုသူတို့သည် မိမိတို့ကိုယ်ကိုသာလျှင် လမ်းလွဲစေကြ၏။ ၎င်းပြင် ယင်းသူတို့သည် အသင့်အား အလျင်း နစ်နာစေနိုင်ကြသည်လည်းမဟုတ်ချေ။ အကြောင်းကား အလ္လာဟ်အရှင်မြတ်သည် အသင်၏အပေါ်ဝယ် ကျမ်းမြတ်ကိုလည်းကောင်း၊ ဉာဏ်ပညာကိုလည်းကောင်း ချပေးသနားထားတော်မူခဲ့၏။ ၎င်းပြင် အသင်မသိနားမလည်ခဲ့သော အရာများကိုလည်း အသင့်အား သင်ကြားပြသတော်မူခဲ့၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်သည် အသင်၏အပေါ်ဝယ် ကြီးကျယ်လှပေသည်။
114۞ لَّا خَيْرَ فِي كَثِيرٍ مِّن نَّجْوَاهُمْ إِلَّا مَنْ أَمَرَ بِصَدَقَةٍ أَوْ مَعْرُوفٍ أَوْ إِصْلَاحٍ بَيْنَ النَّاسِ ۚ وَمَن يَفْعَلْ ذَٰلِكَ ابْتِغَاءَ مَرْضَاتِ اللَّهِ فَسَوْفَ نُؤْتِيهِ أَجْرًا عَظِيمًا
ယေဘုယျအားဖြင့် ၎င်းတို့၏ လျှို့ဝှက် တိုင်ပင်နှီးနှောခြင်းများ၌ ကောင်းမြတ်ခြင်းသည် အလျင်းမရှိချေ။ သို့ရာတွင် အကြင်သူသည် လှူဒါန်းပေးကမ်းရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ကောင်းမှုပြုရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ လူတို့၏စပ်ကြားတွင် သင့်မြတ်စေရန်နှင့် စပ်လျဉ်း၍လည်းကောင်း ညွှန်ကြား၏။ (ထိုသို့သောကိစ္စများနှင့်စပ်လျဉ်း၍ လျှို့ဝှက်စွာ တိုင်ပင်နှီးနှောခြင်းများတွင်မူ ကောင်းမြတ်ခြင်းရှိပေသည်။) အမှန်စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏နှစ်သက်မှုကို ရယူခြင်းငှာ ထိုကဲ့သို့ (ပေးကမ်းစွန့်ကြဲမှုကိုလည်းကောင်း၊ ကောင်းမှုကိုလည်းကောင်း၊ လူခပင်းတို့ စပ်ကြားဝယ် စေ့စပ်ခြင်းကိုလည်းကောင်း) ပြုမူအံ့။ သို့ဖြစ်လျှင် မကြာမြင့်မီ ငါအရှင်မြတ်သည် ထိုသူအား ကြီးကျယ်လှစွာသောအကျိုးကို ချီးမြှင့်ပေးသနားတော်မူအံ့။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
112အာယာသ်

ဘာသာပြန် — အန်-နီဆာ 112

စူရာ အန်-နီဆာ အာယာသ် 112 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါးတုံ မည်သူမဆို မှားယွင်းပြုမိတတ်သော ပြစ်မှုအသေးအဖွဲကိုဖြစ်စေ၊ ကြီးလေးသော ပြစ်မှုဒုစရိုက်ကိုဖြစ်စေ ရှာဖွေဆည်းပူးပြီးနောက် ယင်းပြစ်မှုဒုစရိုက်နှင့်စပ်လျဉ်း၍ အပြစ်ကင်းမဲ့သောသူ တစ်ဦးတစ်ယောက်ကို…

စူရာ အာယာသ် 112/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 110–114. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers