အန်-နီဆာ · 111/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَمَن يَكْسِبْ إِثْمًا فَإِنَّمَا يَكْسِبُهُ عَلَىٰ نَفْسِهِ ۚ وَكَانَ اللَّهُ عَلِيمًا حَكِيمًا ۝١١١
Wa mai yaksib isman fa innamaa yaksibuhoo `alaa nafsih; wa kaanal laahu `Aleeman hakeemaa
📖 မြန်မာဘာသာ
ထို့ပြင်တဝ မည်သူမဆို ပြစ်မှုဒုစရိုက်ကို ရှာဖွေဆည်းပူးပါမူ ထိုသူသည် ယင်းပြစ်မှုဒုစရိုက်ကို မိမိကိုယ်နှင့်ဆန့်ကျင်၍ (တစ်နည်း) မိမိကိုယ်ကို နစ်နာဆုံးရှုံးအောင် ရှာဖွေဆည်းပူးသည်သာဖြစ်အံ့။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောမူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူလေ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်—
  • ယက်စိဗ် (يَكْسِبْ) — ရှာဖွေဆည်းပူးသည်၊ ပြုလုပ်ကျင့်သုံးသည် ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် မိမိကိုယ်တိုင် ပြုလုပ်ကျင့်သုံးခြင်းကို ဆိုလိုသည်။
  • အိသမ် (إِثْمًا) — အပြစ်၊ ဒုစရိုက် ဟု အဓိပ္ပာယ်ရသည်။ သေးငယ်သော အပြစ်ဖြစ်စေ၊ ကြီးမားသော အပြစ်ဖြစ်စေ အားလုံးကို ခြုံငုံသည်။
  • အလာ နဖ်စိဟိ (عَلَىٰ نَفْسِهِ) — မိမိ၏ အပေါ်သို့၊ မိမိကိုယ်တိုင်၏ အပေါ်သို့ ဟု အဓိပ္ပာယ်ရသည်။ ဆိုလိုသည်မှာ အပြစ်၏ အကျိုးဆက်သည် မိမိကိုယ်တိုင်ထံသာ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။
  • အလီမန် (عَلِيمًا) — အကြွင်းမဲ့ သိတော်မူသောအရှင် ဟု အဓိပ္ပာယ်ရသည်။
  • ဟကီမန် (حَكِيمًا) — ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသောအရှင် ဟု အဓိပ္ပာယ်ရသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်—

မည်သူမဆို အပြစ်တစ်ခုခုကို ရှာဖွေဆည်းပူး ကျင့်သုံးခဲ့လျှင် ထိုအပြစ်၏ ဆိုးကျိုးသည် သူ့ကိုယ်တိုင်ထံသာ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။ အခြားသူတစ်ဦးထံသို့ ကူးစက်ရောက်ရှိမည် မဟုတ်ပေ။ အပြစ်ပြုသူသည် မိမိကိုယ်တိုင်ကိုသာ ထိခိုက်နစ်နာစေသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန်များ၏ ပြုလုပ်မှုအားလုံးကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူသည်။ မည်သည့်အပြစ်ကိုမျှ ကွယ်ဝှက်ထားနိုင်မည် မဟုတ်ပေ။ ထို့အပြင် အရှင်မြတ်သည် ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ အကောင်းအဆိုး ပြုလုပ်မှုများအတွက် အကျိုးအပြစ် ပေးတော်မူရာတွင်လည်းကောင်း၊ ပညတ်တော်များ ချမှတ်တော်မူရာတွင်လည်းကောင်း၊ စီမံခန့်ခွဲတော်မူရာတွင်လည်းကောင်း အလွန်တရာ ဉာဏ်ပညာကြီးမားတော်မူသည်။ မည်သည့်အရာမျှ အရှင်မြတ်၏ သိမြင်တော်မူခြင်းနှင့် ဉာဏ်ပညာတော်မှ လွတ်ကင်းသည် မဟုတ်ပေ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ—
  • အပြစ်ပြုခြင်း၏ ဆိုးကျိုးသည် မိမိကိုယ်တိုင်ထံသာ ပြန်လည်ရောက်ရှိသည်ကို သိရှိခြင်းဖြင့် လူတိုင်းသည် မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် တွန်းအားပေးသည်။ အခြားသူများကို အပြစ်ပုံချခြင်းထက် မိမိကိုယ်ကို ပြုပြင်ရန် အာရုံစိုက်စေသည်။
  • အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ သိတော်မူသောအရှင် ဖ


📜 အာယာသ် 109-113 — စူရာ အန်-နီဆာ

109هَا أَنتُمْ هَٰؤُلَاءِ جَادَلْتُمْ عَنْهُمْ فِي الْحَيَاةِ الدُّنْيَا فَمَن يُجَادِلُ اللَّهَ عَنْهُمْ يَوْمَ الْقِيَامَةِ أَم مَّن يَكُونُ عَلَيْهِمْ وَكِيلًا
ဟယ် (သစ္စာဖောက်တို့ကို ထောက်ခံသူအပေါင်းအပေါင်းတို့) အသင်တို့သည် ယင်းသစ္စာဖောက်တို့ဘက်မှ (ဤမျက်မှောက်) လောကီဘဝတွင် ချေဆိုလျှောက်လဲခဲ့ကြချေပြီ။ သို့ရာတွင် ရှင်ပြန်ထမည့်နေ့၌မူ ထိုသူတို့ဘက်မှ အလ္လာဟ်အရှင်မြတ်အား မည်သူသည် ချေပပြောဆိုအံ့နည်း။ သို့တည်းမဟုတ် ထိုသူတို့အတွက် ကာကွယ်ခုခံပြောဆိုမည့်သူ မည်သူရှိအံ့နည်း။
110وَمَن يَعْمَلْ سُوءًا أَوْ يَظْلِمْ نَفْسَهُ ثُمَّ يَسْتَغْفِرِ اللَّهَ يَجِدِ اللَّهَ غَفُورًا رَّحِيمًا
အမှန်စင်စစ်သော်ကား မည်သူမဆို မကောင်းမှုအကုသိုလ်တစ်စုံတစ်ရာကို ကျူးလွန်မိအံ့။ သို့တည်းမဟုတ် ထိုသူသည် မိမိကိုယ်ကို နှိပ်စက်ကလူပြုမိအံ့။ ထို့နောက် ယင်းသူသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထားပန်ကြားအံ့၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်ကို အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်အဖြစ် တွေ့ရှိရပေအံ့၊
111وَمَن يَكْسِبْ إِثْمًا فَإِنَّمَا يَكْسِبُهُ عَلَىٰ نَفْسِهِ ۚ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
ထို့ပြင်တဝ မည်သူမဆို ပြစ်မှုဒုစရိုက်ကို ရှာဖွေဆည်းပူးပါမူ ထိုသူသည် ယင်းပြစ်မှုဒုစရိုက်ကို မိမိကိုယ်နှင့်ဆန့်ကျင်၍ (တစ်နည်း) မိမိကိုယ်ကို နစ်နာဆုံးရှုံးအောင် ရှာဖွေဆည်းပူးသည်သာဖြစ်အံ့။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောမူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူလေ၏။
112وَمَن يَكْسِبْ خَطِيئَةً أَوْ إِثْمًا ثُمَّ يَرْمِ بِهِ بَرِيئًا فَقَدِ احْتَمَلَ بُهْتَانًا وَإِثْمًا مُّبِينًا
ထိုမှတစ်ပါးတုံ မည်သူမဆို မှားယွင်းပြုမိတတ်သော ပြစ်မှုအသေးအဖွဲကိုဖြစ်စေ၊ ကြီးလေးသော ပြစ်မှုဒုစရိုက်ကိုဖြစ်စေ ရှာဖွေဆည်းပူးပြီးနောက် ယင်းပြစ်မှုဒုစရိုက်နှင့်စပ်လျဉ်း၍ အပြစ်ကင်းမဲ့သောသူ တစ်ဦးတစ်ယောက်ကို ယိုးစွပ်ပါမူ ထိုသူသည် ဧကန်မလွဲ ကြီးမားသောစွပ်စွဲမှုကိုလည်းကောင်း၊ ထင်ရှားလှသော ပြစ်မှုဒုစရိုက်ကိုလည်းကောင်း သည်ပိုးရွက်ဆောင်ခဲ့ချေပြီ။
113وَلَوْلَا فَضْلُ اللَّهِ عَلَيْكَ وَرَحْمَتُهُ لَهَمَّت طَّائِفَةٌ مِّنْهُمْ أَن يُضِلُّوكَ وَمَا يُضِلُّونَ إِلَّا أَنفُسَهُمْ ۖ وَمَا يَضُرُّونَكَ مِن شَيْءٍ ۚ وَأَنزَلَ اللَّهُ عَلَيْكَ الْكِتَابَ وَالْحِكْمَةَ وَعَلَّمَكَ مَا لَمْ تَكُن تَعْلَمُ ۚ وَكَانَ فَضْلُ اللَّهِ عَلَيْكَ عَظِيمًا
အကယ်၍ အသင်၏အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့် ကရုဏာတော်သည်သာလျှင် မရှိခဲ့ပါမူ ထိုသူတို့အနက်မှ လူတစ်စုသည် အသင့်အား လမ်းလွဲစေကြရန် မုချ စိတ်ပြဋ္ဌာန်းပြီး ဖြစ်ခဲ့ကြ၏။ အမှန်သော်ကား ထိုသူတို့သည် မိမိတို့ကိုယ်ကိုသာလျှင် လမ်းလွဲစေကြ၏။ ၎င်းပြင် ယင်းသူတို့သည် အသင့်အား အလျင်း နစ်နာစေနိုင်ကြသည်လည်းမဟုတ်ချေ။ အကြောင်းကား အလ္လာဟ်အရှင်မြတ်သည် အသင်၏အပေါ်ဝယ် ကျမ်းမြတ်ကိုလည်းကောင်း၊ ဉာဏ်ပညာကိုလည်းကောင်း ချပေးသနားထားတော်မူခဲ့၏။ ၎င်းပြင် အသင်မသိနားမလည်ခဲ့သော အရာများကိုလည်း အသင့်အား သင်ကြားပြသတော်မူခဲ့၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်သည် အသင်၏အပေါ်ဝယ် ကြီးကျယ်လှပေသည်။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
111အာယာသ်

ဘာသာပြန် — အန်-နီဆာ 111

စူရာ အန်-နီဆာ အာယာသ် 111 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ မည်သူမဆို ပြစ်မှုဒုစရိုက်ကို ရှာဖွေဆည်းပူးပါမူ ထိုသူသည် ယင်းပြစ်မှုဒုစရိုက်ကို မိမိကိုယ်နှင့်ဆန့်ကျင်၍ (တစ်နည်း) မိမိကိုယ်ကို နစ်နာဆုံးရှုံးအောင်…

စူရာ အာယာသ် 111/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 109–113. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers