အန်-နီဆာ · 154/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَرَفَعْنَا فَوْقَهُمُ الطُّورَ بِمِيثَاقِهِمْ وَقُلْنَا لَهُمُ ادْخُلُوا الْبَابَ سُجَّدًا وَقُلْنَا لَهُمْ لَا تَعْدُوا فِي السَّبْتِ وَأَخَذْنَا مِنْهُم مِّيثَاقًا غَلِيظًا ۝١٥٤
Wa rafa`naa fawqahumut Toora bimeesaaqihim wa qulnaa lahumud khulul baaba sujjadanw wa qulnaa lahum laa ta`doo fis Sabti wa akhaznaa minhum meesaaqan ghaleezaa
📖 မြန်မာဘာသာ
၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့ထံမှ ပဋိညာဉ် ယူခြင်းငှာ ထိုသူထက်ဝယ် ‘တူရ်’ မည်သောတောင်ကို ပင့်မြှောက်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသူတို့ကို အသင်တို့သည် (မြို့၏) တံခါးပေါက်သို့ ဝပ်တွား၍ဝင်ကြလေကုန် ဟူ၍လည်း မိန့်ကြားတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့အား အသင်တို့သည် ‘စဗ်တ်’ (စနေနေ့) ဥပုသ်နေ့နှင့်စပ်လျဉ်း၍ မကျူးလွန်ကြလေနှင့် ဟူ၍လည်း မိန့်ကြားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့ထံမှ အလွန်ခိုင်မာသောပဋိညာဉ်ကိုလည်း ယူခဲ့တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 152-156 — စူရာ အန်-နီဆာ

152وَالَّذِينَ آمَنُوا بِاللَّهِ وَرُسُلِهِ وَلَمْ يُفَرِّقُوا بَيْنَ أَحَدٍ مِّنْهُمْ أُولَٰئِكَ سَوْفَ يُؤْتِيهِمْ أُجُورَهُمْ ۗ وَكَانَ اللَّهُ غَفُورًا رَّحِيمًا
သို့ရာတွင် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်တို့ကို ယုံကြည်ခဲ့ကြ၏။ (‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိရာ၌) ၎င်း၊ (‘ရစူလ်’တမန်တော်) တို့အနက် မည်သည့် (ရစူလ်တမန်တော်) တစ်ပါးကိုမျှ ခွဲခြားခြင်းကိုလည်း မပြုခဲ့ကြချေ။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ယင်းသူတို့အား ၎င်းတို့၏ကုသိုလ်အကျိုးများကို မုချ ချီးမြှင့်ပေးသနားတော်မူအံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (ရကူ)
153يَسْأَلُكَ أَهْلُ الْكِتَابِ أَن تُنَزِّلَ عَلَيْهِمْ كِتَابًا مِّنَ السَّمَاءِ ۚ فَقَدْ سَأَلُوا مُوسَىٰ أَكْبَرَ مِن ذَٰلِكَ فَقَالُوا أَرِنَا اللَّهَ جَهْرَةً فَأَخَذَتْهُمُ الصَّاعِقَةُ بِظُلْمِهِمْ ۚ ثُمَّ اتَّخَذُوا الْعِجْلَ مِن بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ فَعَفَوْنَا عَن ذَٰلِكَ ۚ وَآتَيْنَا مُوسَىٰ سُلْطَانًا مُّبِينًا
(အို- နဗီတမန်တော်) ရှေးအထက်ကျမ်းဂန်ရရှိသူ (ယဟူဒီ) တို့သည် ရေးသားပြီးဖြစ်သော ကျမ်းဂန်တစ်စောင်လုံးကို (လောလောဆယ်ပင်) မိမိတို့ထံ ကောင်းကင်မှချပေးစေရန် အသင့်ထံ တောင်းဆိုကြပါလျှင်၊ မလွဲဧကန် ၎င်းတို့သည် (နဗီတမန်တော်) မူစာ၏ထံ ယင်းထက်ကြီးကျယ်သောအချက်ကိုပင် တောင်းဆိုခဲ့ဖူးကြ၏။ ၎င်းတို့သည် (နဗီတမန်တော်မူစာကို) “အသင်သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်ကို အထင်အရှားပြပါလေ” ဟု ပြောဆိုခဲ့ကြကုန်၏။ သို့ဖြစ်၍ ၎င်းတို့၏ဆိုးသွမ်းမှုကြောင့် မိုးကြိုးလောင်မီးသည် ၎င်းတို့အား ဖမ်းဆီး (ကွပ်မျက်) ခဲ့လေသည်။ တစ်ဖန် ထိုသူများသည် မိမိတို့ထံ ထင်ရှားစွာသော သက်သေလက္ခဏာများ ရောက်လာပြီးသည့်နောက်၌ပင် နွားငယ်ကလေး (၏ရုပ်တု) ကို (ကိုးကွယ်ရာဘုရားအဖြစ်) ပြုလုပ် (ကိုးကွယ်) ခဲ့ကြပြန်သည်။ သို့ပါလျက် ငါအရှင်မြတ်သည် ယင်းပြစ်မှုကို ခွင့်လွှတ်တော်မူခဲ့လေသည်။ ထို့ပြင်တဝ ငါအရှင် မြတ်သည် (နဗီတမန်တော်) မူစာအား ပေါ်လွင်ထင်ရှားသော ဩဇာတိက္ကမ အခွင့်အာဏာကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။
154وَرَفَعْنَا فَوْقَهُمُ الطُّورَ بِمِيثَاقِهِمْ وَقُلْنَا لَهُمُ ادْخُلُوا الْبَابَ سُجَّدًا وَقُلْنَا لَهُمْ لَا تَعْدُوا فِي السَّبْتِ وَأَخَذْنَا مِنْهُم مِّيثَاقًا غَلِيظًا
၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့ထံမှ ပဋိညာဉ် ယူခြင်းငှာ ထိုသူထက်ဝယ် ‘တူရ်’ မည်သောတောင်ကို ပင့်မြှောက်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသူတို့ကို အသင်တို့သည် (မြို့၏) တံခါးပေါက်သို့ ဝပ်တွား၍ဝင်ကြလေကုန် ဟူ၍လည်း မိန့်ကြားတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့အား အသင်တို့သည် ‘စဗ်တ်’ (စနေနေ့) ဥပုသ်နေ့နှင့်စပ်လျဉ်း၍ မကျူးလွန်ကြလေနှင့် ဟူ၍လည်း မိန့်ကြားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့ထံမှ အလွန်ခိုင်မာသောပဋိညာဉ်ကိုလည်း ယူခဲ့တော်မူ၏။
155فَبِمَا نَقْضِهِم مِّيثَاقَهُمْ وَكُفْرِهِم بِآيَاتِ اللَّهِ وَقَتْلِهِمُ الْأَنبِيَاءَ بِغَيْرِ حَقٍّ وَقَوْلِهِمْ قُلُوبُنَا غُلْفٌ ۚ بَلْ طَبَعَ اللَّهُ عَلَيْهَا بِكُفْرِهِمْ فَلَا يُؤْمِنُونَ إِلَّا قَلِيلًا
ထို့နောက် ၎င်းတို့သည် မိမိတို့ထားရှိကြကုန်သော ပဋိညာဉ်ဝန်ခံချက်ကို ဖောက်ဖျက်ခြင်းကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များကို သွေဖည်ငြင်းပယ်ခြင်း ကြောင့်လည်းကောင်း၊ နဗီတမန်တော်များကို မတရားသဖြင့် သတ်ဖြတ်ခြင်းကြောင့်လည်းကောင်း၊ ယင်းသူတို့က (နဗီတမန်တော်မုဟမ္မဒ်အား) “ကျွန်ုပ်တို့၏စိတ်နှလုံးများသည် ဖုံးအုပ် (လုံခြုံ) ပြီး ဖြစ်လေသည်” ဟု ပြောဆိုခြင်းကြောင့်လည်းကောင်း၊ (ပြစ်ဒဏ်အမျိုးမျိုးတို့ကို ခံစားခဲ့ကြရလေသည်) ။ စင်စစ်သော်ကား (၎င်းတို့၏စိတ်နှလုံးသည်) ထိုသို့ အလျင်း ဖုံးအုပ်နေသည် မဟုတ်ပေ။ အမှန်မှာ ထိုသူတို့၏ ငြင်းပယ်သွေဖည်မှုကြောင့် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်နှလုံးများပေါ်ဝယ် တံဆိပ်ခတ်နှိပ်တော်မူခဲ့လေသည်။ သို့အတွက်ကြောင့် ၎င်းတို့သည် အနည်းငယ်မျှသာ ယုံကြည်ကြ ကုန်သတည်း။
156وَبِكُفْرِهِمْ وَقَوْلِهِمْ عَلَىٰ مَرْيَمَ بُهْتَانًا عَظِيمًا
၎င်းပြင် ထိုသူတို့၏ သွေဖည် ငြင်းပယ်မှုကြောင့်လည်းကောင်း၊ မရ်ယမ်၏အပေါ်ဝယ် အကြီးအကျယ် ယိုးစွပ်ခြင်းကြောင့်လည်းကောင်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
154အာယာသ်

ဘာသာပြန် — အန်-နီဆာ 154

စူရာ အန်-နီဆာ အာယာသ် 154 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့ထံမှ ပဋိညာဉ် ယူခြင်းငှာ ထိုသူထက်ဝယ် ‘တူရ်’ မည်သောတောင်ကို ပင့်မြှောက်တော်မူခဲ့၏။ ထို့ပြင်…

စူရာ အာယာသ် 154/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 152–156. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers