အန်-နီဆာ · 161/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَأَخْذِهِمُ الرِّبَا وَقَدْ نُهُوا عَنْهُ وَأَكْلِهِمْ أَمْوَالَ النَّاسِ بِالْبَاطِلِ ۚ وَأَعْتَدْنَا لِلْكَافِرِينَ مِنْهُمْ عَذَابًا أَلِيمًا ۝١٦١
Wa akhzihimur ribaa wa qad nuhoo `anhu wa aklihim amwaalan naasi bilbaatil; wa a`tadnaa lilkaafireena minhum `azaaban aleema
📖 မြန်မာဘာသာ
ထို့ပြင်တဝ ထိုသူတို့၏ အတိုးအညွန့်ကို ယူငင် (စားသုံး) မှုကြောင့်လည်းကောင်း၊ အမှန်မှာ ထိုသူတို့သည် ထို (သို့ အတိုးအညွန့်စားသုံးခြင်း) မှ မြစ်တားခြင်းခံခဲ့ကြရပေပြီ။ သူတစ်ပါးတို့၏ ဥစ္စာပစ္စည်းများကို မတရားသောနည်းဖြင့် စားသုံးမှုကြောင့်လည်းကောင်း၊ (ငါအရှင်မြတ်သည် ထိုသူတို့အဖို့ ကောင်းမွန်သောအရာများကို မြစ်တားတော်မူခဲ့လေသည်။) ထိုမှတစ်ပါးတုံ ငါအရှင်မြတ်သည် ထိုသူတို့အနက်မှ သွေဖည်ငြင်းပယ်သောသူတို့အဖို့ အလွန်ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကိုလည်း အဆင်သင့် ပြုလုပ်ထားရှိတော်မူပြီး ဖြစ်ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 159-163 — စူရာ အန်-နီဆာ

159وَإِن مِّنْ أَهْلِ الْكِتَابِ إِلَّا لَيُؤْمِنَنَّ بِهِ قَبْلَ مَوْتِهِ ۖ وَيَوْمَ الْقِيَامَةِ يَكُونُ عَلَيْهِمْ شَهِيدًا
၎င်းပြင် ရှေးအထက်ကျမ်းဂန်ကို ရရှိသူ (ယဟူဒီ) တို့အနက် တစ်ယောက်မကျန် နဗီတမန်တော် မစီဟ်အီစာမကွယ်လွန်မီ ထိုနဗီတမန်တော် မစီဟ်အီစာအား ယုံကြည်ကြကုန်အံ့။ ထို့ပြင်တဝ ယင်းနဗီတမန်တော်အီစာသည် ‘ကိယာမတ်’ ခေါ် ရှင်ပြန်ထမည့်နေ့တွင် ယင်း (ယဟူဒီ) တို့နှင့်ပတ်သက်၍ သက်သေခံလိမ့်မည် ဖြစ်ချေသတည်း။
160فَبِظُلْمٍ مِّنَ الَّذِينَ هَادُوا حَرَّمْنَا عَلَيْهِمْ طَيِّبَاتٍ أُحِلَّتْ لَهُمْ وَبِصَدِّهِمْ عَن سَبِيلِ اللَّهِ كَثِيرًا
တစ်ဖန် ယဟူဒီတို့၏ (ယင်းကဲ့သို့သော) ကျူးကျော်မှုကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ (လူတို့အား) များစွာ ပိတ်ပင်တားဆီးမှုကြောင့်လည်းကောင်း၊ ငါအရှင်မြတ်သည် ၎င်းတို့အဖို့ (ယခင်မူလက) ခွင့်ပြုထားသော သန့်စင်ကောင်းမွန်သောအရာများကို ၎င်းတို့အပေါ်၌ ‘ဟရာမ်’ ဟူ၍ တားမြစ်တော်မူခဲ့လေသည်။
161وَأَخْذِهِمُ الرِّبَا وَقَدْ نُهُوا عَنْهُ وَأَكْلِهِمْ أَمْوَالَ النَّاسِ بِالْبَاطِلِ ۚ وَأَعْتَدْنَا لِلْكَافِرِينَ مِنْهُمْ عَذَابًا أَلِيمًا
ထို့ပြင်တဝ ထိုသူတို့၏ အတိုးအညွန့်ကို ယူငင် (စားသုံး) မှုကြောင့်လည်းကောင်း၊ အမှန်မှာ ထိုသူတို့သည် ထို (သို့ အတိုးအညွန့်စားသုံးခြင်း) မှ မြစ်တားခြင်းခံခဲ့ကြရပေပြီ။ သူတစ်ပါးတို့၏ ဥစ္စာပစ္စည်းများကို မတရားသောနည်းဖြင့် စားသုံးမှုကြောင့်လည်းကောင်း၊ (ငါအရှင်မြတ်သည် ထိုသူတို့အဖို့ ကောင်းမွန်သောအရာများကို မြစ်တားတော်မူခဲ့လေသည်။) ထိုမှတစ်ပါးတုံ ငါအရှင်မြတ်သည် ထိုသူတို့အနက်မှ သွေဖည်ငြင်းပယ်သောသူတို့အဖို့ အလွန်ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကိုလည်း အဆင်သင့် ပြုလုပ်ထားရှိတော်မူပြီး ဖြစ်ပေသတည်း။
162لَّٰكِنِ الرَّاسِخُونَ فِي الْعِلْمِ مِنْهُمْ وَالْمُؤْمِنُونَ يُؤْمِنُونَ بِمَا أُنزِلَ إِلَيْكَ وَمَا أُنزِلَ مِن قَبْلِكَ ۚ وَالْمُقِيمِينَ الصَّلَاةَ ۚ وَالْمُؤْتُونَ الزَّكَاةَ وَالْمُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ أُولَٰئِكَ سَنُؤْتِيهِمْ أَجْرًا عَظِيمًا
သို့ရာတွင် ၎င်း (ယဟူဒီ) တို့အနက်မှ ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ခြေမြစ်ခိုင်မာရင့်သန်ကြ၍ ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြကုန်သောသူတို့သည် အသင့်ထံ ထုတ်ပြန် ချမှတ်ပြီးဖြစ်သော ကျမ်းဂန်ကိုလည်းကောင်း၊ အသင်၏အလျင် (အခြားအခြားသောနဗီတမန်တော်များထံ ထုတ်ပြန်ချမှတ်ပြီးဖြစ်သော ကျမ်းဂန်တို့ကိုလည်ကောင်း၊ ယုံကြည်ကြကုန်၏။ ထို့ပြင်တဝ ၎င်းတို့သည် ‘ဆွလာသ်’ဝတ်ပြုမှုကို အမြဲထာဝစဉ် ဆောက်တည်သူများလည်း ဖြစ်ကြကုန်၏။ ထိုမှတစ်ပါးတုံ ‘ဇကာသ်’ တရားဝင်ဒါနကြေးကို ပေးဆောင်သူများလည်းဖြစ်ကြကုန်၏။ ထို့ပြင် ယင်းသူတို့သည် အလ္လာဟ်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်ကြသူများလည်း ဖြစ်ကြ၏။ ဤကဲ့သို့သောသူများပင်တည်း။ ငါအရှင်မြတ်သည် မုချ ယင်းသူတို့အား ကြီးကျယ် လှစွာသော အကျိုးဆုလဒ်ကို ချီးမြှင့်ပေးသနားတော်မူအံ့။ (ရကူ)
163۞ إِنَّا أَوْحَيْنَا إِلَيْكَ كَمَا أَوْحَيْنَا إِلَىٰ نُوحٍ وَالنَّبِيِّينَ مِن بَعْدِهِ ۚ وَأَوْحَيْنَا إِلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطِ وَعِيسَىٰ وَأَيُّوبَ وَيُونُسَ وَهَارُونَ وَسُلَيْمَانَ ۚ وَآتَيْنَا دَاوُودَ زَبُورًا
ဧကန်စင်စစ် ငါအရှင်မြတ်သည် (နဗီတမန်တော်) နူဟ်နှင့် ယင်း (နဗီတမန်တော် နူဟ်) ၏နောက်၌ ပ�င့်ခဲ့ကြလေသော နဗီတမန်တော်တို့ထံသို့ (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များ ပို့တော်မူဘိသကဲ့သို့လည်းကောင်း၊ (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၊ (နဗီတမန်တော်) အစ္စမာအီလ်၊ (နဗီတမန်တော်) အစ္စဟာက် (နဗီတမန်တော်) ယအ်ကူဗ်၊ (ထို နဗီတမန်တော်ယအ်ကူဗ်၏) သား-မြေး-မြစ် (တို့တွင် ပွင့်လေသော နဗီတမန်တော်များ) ၊ (နဗီတမန်တော်) အီစာ၊ (နဗီတမန်တော်) အိုက်ယူဗ်၊ (နဗီတမန်တော်) ယူနွတ်စ်၊ (နဗီတမန်တော်) ဟာရူန်နှင့် (နဗီတမန်တော်) ဆူလိုင်မာန်တို့ထံသို့ (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များ ပို့တော်မူဘိသကဲ့သို့လည်းကောင်း၊ (နဗီတမန်တော်) ဒါဝူဒ်အား ဇဗူရ်ကျမ်းတော်ကို ချီးမြှင့်ပေးသနားတော်မူဘိသကဲ့သို့လည်းကောင်း၊ အသင့်ထံသို့လည်း (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသတည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
161အာယာသ်

ဘာသာပြန် — အန်-နီဆာ 161

စူရာ အန်-နီဆာ အာယာသ် 161 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ ထိုသူတို့၏ အတိုးအညွန့်ကို ယူငင် (စားသုံး) မှုကြောင့်လည်းကောင်း၊ အမှန်မှာ ထိုသူတို့သည် ထို (သို့…

စူရာ အာယာသ် 161/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 159–163. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers