ဖုစ်စီလာ့ · 32/54
ဘာသာပြန် အသံနိုင်ငံ — စူရာ ဖုစ်စီလာ့
نُزُلًا مِّنْ غَفُورٍ رَّحِيمٍ ۝٣٢
Nuzulam min Ghafoorir Raheem
📖 မြန်မာဘာသာ
(ဤသည်) အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော။ လွန်စွာသနားကြင်နာ ညှာတာတော်မူသောအရှင်မြတ်အထံတော်မှ ဧည့်ခံတော်မူခြင်းပင် ဖြစ်ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 30-34 — စူရာ ဖုစ်စီလာ့

30إِنَّ الَّذِينَ قَالُوا رَبُّنَا اللَّهُ ثُمَّ اسْتَقَامُوا تَتَنَزَّلُ عَلَيْهِمُ الْمَلَائِكَةُ أَلَّا تَخَافُوا وَلَا تَحْزَنُوا وَأَبْشِرُوا بِالْجَنَّةِ الَّتِي كُنتُمْ تُوعَدُونَ
ဧကန်အမှန် အကြင်သူတို့သည် ကျွန်တော် မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည် ဟု ပြောခဲ့ ဆိုခဲ့ကြပြီးနောက်(ယင်းယုံကြည်ချက်ပေါ်၌ပင်) ဖြောင့်မတ်ကြံ့ခိုင်စွာ တည်ရှိနေခဲ့ကြကုန်၏။ မလာအိကဟ် ကောင်းကင်တမန်များသည်ထိုသူတို့ထံ ဆင်းသက်လာ၍ ဤသို့ပြောဆို နှစ်သိမ့်စေကြပေမည်။ အသင်တို့သည် စိုးရိမ်ခြင်းလည်း မရှိကြကုန်လင့်။ ပူဆွေးခြင်းလည်း မရှိကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည်မိမိတို့ကတိပေးခြင်းခံခဲ့ကြသောဂျန္နတ်သုခဘုံရရှိသည့်အတွက်ဝမ်းမြောက် ကြလေကုန်။
31نَحْنُ أَوْلِيَاؤُكُمْ فِي الْحَيَاةِ الدُّنْيَا وَفِي الْآخِرَةِ ۖ وَلَكُمْ فِيهَا مَا تَشْتَهِي أَنفُسُكُمْ وَلَكُمْ فِيهَا مَا تَدَّعُونَ
ကျွန်ုပ်တို့သည် လောကီဘဝ၌တွင်လည်း အသင်တို့၏အဆွေခင်ပွန်းများပင် ဖြစ်ခဲ့ကြကုန်၏။ ထိုနည်းတူစွာအာခိရတ် တမလွန်ဘဝ၌လည်း အဆွေခင်ပွန်းများဖြစ်ကြမည်။ ထို့ပြင် အသင်တို့အဖို့ ယင်းဂျန္နတ် သုခဘုံ၌ အသင်တို့အလိုဆန္ဒရှိသော အရာဟူသမျှ ရှိကြမည့်ပြင် အသင်တို့အဖို့ယင်းဂျန္နတ်သုခဘုံ၌ အသင်တို့တောင်းဆိုသော အရာဟူသမျှတို့သည်လည်း ရှိကြ ပေမည်။
32نُزُلًا مِّنْ غَفُورٍ رَّحِيمٍ
(ဤသည်) အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော။ လွန်စွာသနားကြင်နာ ညှာတာတော်မူသောအရှင်မြတ်အထံတော်မှ ဧည့်ခံတော်မူခြင်းပင် ဖြစ်ပေသတည်း။
33وَمَنْ أَحْسَنُ قَوْلًا مِّمَّن دَعَا إِلَى اللَّهِ وَعَمِلَ صَالِحًا وَقَالَ إِنَّنِي مِنَ الْمُسْلِمِينَ
စင်စစ်သော်ကား အကြင်သူထက် စကားအရာ၌ ကောင်းမြတ်သူကား အဘယ်သူနည်း။ ထိုသူသည်(သူတစ်ပါးတို့အား) အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ဖိတ်ခေါ်သည့်ပြင် (မိမိကိုယ်တိုင်လည်း) ကောင်းမြတ်သော အကျင့်သီလကိုကျင့်မူဆောက်တည်၏။ ထိုမှတစ်ပါး ဧကန်မလွဲ ကျွန်ုပ်သည်(မုစ်လင်မ်)အမိန့်တော်ကို နာခံသောသူတစ်ဦးဖြစ်သည်ဟုပြော၏။
34وَلَا تَسْتَوِي الْحَسَنَةُ وَلَا السَّيِّئَةُ ۚ ادْفَعْ بِالَّتِي هِيَ أَحْسَنُ فَإِذَا الَّذِي بَيْنَكَ وَبَيْنَهُ عَدَاوَةٌ كَأَنَّهُ وَلِيٌّ حَمِيمٌ
အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်းမှုတို့မှာ တူကြသည်မဟုတ်ပေ။ (သို့ဖြစ်ပေရာ) အသင်သည်(မကောင်းမှုကို) ကောင်းမှုဖြင့် ခုခံတွန်းလှန်ပါလေ။ သို့ဖြစ်လျှင် အကြင်သူနှင့်အသင်၏အကြား ၌ ရန်ငြိုးရှိ၏။ ထိုသူသည်မိတ်ဆွေအရင်းကဲ့သို့ ဖြစ်လာပေမည်။
ဖုစ်စီလာ့ကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
32အာယာသ်

ဘာသာပြန် — ဖုစ်စီလာ့ 32

စူရာ ဖုစ်စီလာ့ အာယာသ် 32 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ဤသည်) အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော။ လွန်စွာသနားကြင်နာ ညှာတာတော်မူသောအရှင်မြတ်အထံတော်မှ ဧည့်ခံတော်မူခြင်းပင် ဖြစ်ပေသတည်း။

စူရာ အာယာသ် 32/54 — စူရာ ဖုစ်စီလာ့ فصلت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖုစ်စီလာ့ နားထောင်, စူရာ ဖုစ်စီလာ့ ဘာသာပြန်, စူရာ ဖုစ်စီလာ့ mp3, စူရာ ဖုစ်စီလာ့ pdf. အာယာသ် 30–34. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers