ဖုစ်စီလာ့ · 46/54
ဘာသာပြန် အသံနိုင်ငံ — စူရာ ဖုစ်စီလာ့
مَّنْ عَمِلَ صَالِحًا فَلِنَفْسِهِ ۖ وَمَنْ أَسَاءَ فَعَلَيْهَا ۗ وَمَا رَبُّكَ بِظَلَّامٍ لِّلْعَبِيدِ ۝٤٦
Man `amila salihan falinafshihee wa man asaaa`a fa`alaihaa; wamaa rabbuka bizallaamil lil `abeed
📖 မြန်မာဘာသာ
မည်သူမဆို ကောင်းမြတ်သောအကျင့်သီလကိုကျင့်မူဆောက်တည်ပါလျှင် မိမိအကျိုးငှာကျင့်မူ ဆောက်တည်ခြင်းပင် ဖြစ်ပေသည်။ ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုကိုပြုလုပ်သည်ရှိသော်(ယင်းမကောင်းမှု၏ဆိုးကျိုးမှာ) ၎င်း၏အပေါ်၌သာကျ ရောက်မည်ဖြစ်၏။ အမှန်စင်စစ်သော်ကားအသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်ကျွန်တို့အပေါ်ဝယ် နှိပ်စက်ကလူ ပြုတော်မူသောအရှင် မဟုတ်ပေတကား။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်

  • صَالِحًا (ဆွာလိဟန်) — ကောင်းမြတ်သော၊ သန့်ရှင်းသော၊ အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူသော လုပ်ရပ်။
  • أَسَاءَ (အဆာအာ) — မကောင်းမှုပြုခဲ့သည်၊ အကုသိုလ်ကျူးလွန်ခဲ့သည်။
  • بِظَلَّامٍ (ဗိဇလ္လာမ်) — အလွန်အမင်း မတရားသော၊ မညှာမတာသော။ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်သည် မည်သည့်အခါမျှ မတရားမှုကို ပြုတော်မူသည် မဟုတ်ကြောင်း ဖော်ပြရန် သုံးနှုန်းထားသည်။
  • لِّلْعَبِيدِ (လိလ်အဗီးဒ်) — အရှင်မြတ်၏ ကျေးကျွန်များအတွက်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

မည်သူမဆို ကောင်းမြတ်သော လုပ်ရပ်ကို ပြုလုပ်ပါက ထိုကောင်းမှု၏ အကျိုးကျေးဇူးသည် သူ့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မည်သူ့၏ ကောင်းမှုကြောင့်မျှ အကျိုးအမြတ် ရရှိတော်မူသည် မဟုတ်ဘဲ၊ လုပ်သူ၏ အကျိုးအတွက်သာ ဖြစ်သည်။ ထို့အတူ မည်သူမဆို မကောင်းမှုကို ကျူးလွန်ပါက ထို မကောင်းမှု၏ ဆိုးကျိုးသည် သူ့ကိုယ်တိုင်ထံသို့သာ ပြန်လည်ရောက်ရှိမည်။ အလ္လာဟ်အရှင်မြတ်သည် မည်သူ့၏ အကုသိုလ်ကြောင့်မျှ ထိခိုက်နစ်နာတော်မူသည် မဟုတ်ဘဲ၊ လုပ်သူ၏ ကိုယ်ပေါ်တွင်သာ တာဝန်ရှိသည်။ ထို့နောက် အရှင်မြတ်သည် လူတိုင်းကို သူတို့၏ လုပ်ရပ်နှင့်အညီ အပြည့်အဝ ဆပ်ပေးတော်မူမည်။ အို တမန်တော်မုဟမ္မဒ်၊ သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များအပေါ် မည်သည့်အခါမျှ မတရားမှုကို ပြုတော်မူသည် မဟုတ်ပေ။ သူတို့၏ ကောင်းမှုတစ်ခုကိုမျှ လျှော့ချတော်မူမည် မဟုတ်သလို၊ မကောင်းမှုတစ်ခုကိုမျှ ပိုမိုတိုးပွားစေတော်မူမည် မဟုတ်ပေ။ အရှင်မြတ်သည် တရားမျှတမှုနှင့် ပြည့်စုံတော်မူပြီး၊ ကျေးဇူးပြုတော်မူသော အရှင်လည်း ဖြစ်တော်မူသည်။ ကျေးကျွန်တိုင်းကို သူတို့၏ လုပ်ရပ်နှင့်အညီ အစားပေးတော်မူမည်။ မည်သည့် ပြစ်ဒဏ်ကိုမျှ မှားယွင်းသော နေရာတွင် ချမှတ်တော်မူမည် မဟုတ်ဘဲ၊ အမှန်တရားနှင့်အညီသာ စီရင်တော်မူမည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာကို နှစ်သက်စေသော သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် တရားမျှတမှုနှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်သည်။ မည်သူ့ကိုမျှ မတရားမှု ပြုတော်မူမည် မဟုတ်ပေ။ ဤအချက်သည် လ


📜 အာယာသ် 44-48 — စူရာ ဖုစ်စီလာ့

44وَلَوْ جَعَلْنَاهُ قُرْآنًا أَعْجَمِيًّا لَّقَالُوا لَوْلَا فُصِّلَتْ آيَاتُهُ ۖ أَأَعْجَمِيٌّ وَعَرَبِيٌّ ۗ قُلْ هُوَ لِلَّذِينَ آمَنُوا هُدًى وَشِفَاءٌ ۖ وَالَّذِينَ لَا يُؤْمِنُونَ فِي آذَانِهِمْ وَقْرٌ وَهُوَ عَلَيْهِمْ عَمًى ۚ أُولَٰئِكَ يُنَادَوْنَ مِن مَّكَانٍ بَعِيدٍ
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် ယင်းကျမ်းမြတ်ကို အရဗီဘာသာစကား မဟုတ်သောလူမျိုးခြားဘာသာစကားဖြင့် (ကျရောက်သော)ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် ထုတ်ပြန်တော်မူခဲ့ပါလျှင် အမှန်ပင် ၎င်းတို့ကယင်းကုရ်အာန်ကျမ်းတော်မြတ်၏ အာယတ်တော်များသည်မည်သည့်အတွက်ကြောင့် ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပါသနည်း။ ရစူလ်တမန်တော်သည် ‘အရဗ်’အမျိုးသား ဖြစ်ပြီး(ကုရ်အာန်ကျမ်းတာ်မြတ်သည်) လူမျိုးခြား ဘာသာစကားဖြင့်ကျရောက်လာသည်လောဟူ၍ ပြောဆိုခဲ့ကြမည်သာ။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် မုအ်မင်န်သက်ဝင်ယုံကြည် သူတို့အဖို့ တရားလမ်းညွှန်နှင့် ရောဂါဝေဒနာပျောက် ကင်းစေသောဆေးပင် ဖြစ်ပေသည်။ သို့ရာတွင် သက်ဝင်ယုံကြည်ခြင်းမရှိကြသောသူတို့၏နားများ၌မူကား နားပင်းမှုဝေဒနာသည်ရှိနေပေရာ ယင်းကုရ်အာန်ကျမ်းတော်မြတ်မှာလည်း ၎င်းတို့နှင့်ပတ်သက်၍ မျက်မမြင်(မမြင်ဖွယ်ရာမထင်မရှား) ဖြစ်နေချေသည်။ ၎င်းတို့မှာ ရပ်ဝေးမှ ဟစ်ခေါ်ခြင်းခံကြရသူများပင်ဖြစ်ကြကုန်၏။
45وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ فَاخْتُلِفَ فِيهِ ۗ وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ لَقُضِيَ بَيْنَهُمْ ۚ وَإِنَّهُمْ لَفِي شَكٍّ مِّنْهُ مُرِيبٍ
ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် (နဗီတမန်တော်) မူစာအားလည်း ကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ သို့တစေလည်း ယင်းကျမ်းဂန်နှင့်စပ်လျဉ်း၍လည်း သဘောကွဲလွဲမှု ဖြစ်ခဲ့ရလေသည်။ အမှန်စင်စစ်သော်ကား အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံ တော်မှ အမိန့်တော်တစ်ရပ်သည်ရှိနှင့်ပြီး မဖြစ်ခဲ့ပါလျှင် အမှန်ပင် ၎င်းတို့၏အကြား၌ စီရင်ဆုံးဖြတ်ပြီး ဖြစ်ခဲ့မည်သာ။ ထို့ပြင် ဧကန်အမှန် 4င်းတို့သည် ယင်းအဆုံးအဖြတ် (ဝါ)ချိန်းချက်ထားသောပြစ်ဒဏ် နှင့်စပ်လျဉ်း၍ဝိစိကိစ္ဆာ ဖြစ်စေသော ဒွိဟသံသယ၌ပင် ရှိနေကြကုန်သတည်း။
46مَّنْ عَمِلَ صَالِحًا فَلِنَفْسِهِ ۖ وَمَنْ أَسَاءَ فَعَلَيْهَا ۗ وَمَا رَبُّكَ بِظَلَّامٍ لِّلْعَبِيدِ
မည်သူမဆို ကောင်းမြတ်သောအကျင့်သီလကိုကျင့်မူဆောက်တည်ပါလျှင် မိမိအကျိုးငှာကျင့်မူ ဆောက်တည်ခြင်းပင် ဖြစ်ပေသည်။ ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုကိုပြုလုပ်သည်ရှိသော်(ယင်းမကောင်းမှု၏ဆိုးကျိုးမှာ) ၎င်း၏အပေါ်၌သာကျ ရောက်မည်ဖြစ်၏။ အမှန်စင်စစ်သော်ကားအသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်ကျွန်တို့အပေါ်ဝယ် နှိပ်စက်ကလူ ပြုတော်မူသောအရှင် မဟုတ်ပေတကား။
47۞ إِلَيْهِ يُرَدُّ عِلْمُ السَّاعَةِ ۚ وَمَا تَخْرُجُ مِن ثَمَرَاتٍ مِّنْ أَكْمَامِهَا وَمَا تَحْمِلُ مِنْ أُنثَىٰ وَلَا تَضَعُ إِلَّا بِعِلْمِهِ ۚ وَيَوْمَ يُنَادِيهِمْ أَيْنَ شُرَكَائِي قَالُوا آذَنَّاكَ مَا مِنَّا مِن شَهِيدٍ
ကိယာမတ် ရှင်ပြန်ထမည့် အချိန်ကာလနှင့်စပ်လျဉ်းသောအသိသည် ထိုအရှင်မြတ်အထံတော် သို့ပင် လွှဲအပ်ရပေသည်။ ၎င်းပြင် မည်သည့် သစ်သီးဝလံများမဆိုမိမိတို့၏(အဖူးဖုံးများမှ) (ထိုအရှင်မြတ်သိတော်မမူဘဲ) ထွက်ပေါ်လာသည်မဟုတ်ပေ။ ထိုမှတစ်ပါး မည်သည့် မိန်းမတစ်ဦးမျှပင် ထိုအရှင်မြတ်သိတော်မမူဘဲ ကိုယ်ဝန်ဆောင်ခြင်းလည်းမရှိပေ။ သားဖွားခြင်းလည်း မရှိချေ။ ထို့ပြင် အကြင်နေ့တွင်ထိုအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ်၏တွဲဖက်များသည် အဘယ်မှာနည်းဟု ဟစ်ခေါ် မေးမြန်းတော်မူသောအခါ၎င်းတို့က (ယနေ့) ကျွန်တော်မျိုးအနက်(ဤသည်နှင့် စပ်လျဉ်း၍) သက်သေခံအံ့သောသူဟူ၍ တစ်ဦးတစ် ယောက်မျှမရှိတော့သည်ကို ကျွန်တော်မျိုးသည် အရှင်မြတ်အထံတော်၌ဖြောင့်ချက်ဝန်ခံ လျှောက်ထားကြ ပါသည်၊ ဟု ပြောဆိုကြ�ေမည်။
48وَضَلَّ عَنْهُم مَّا كَانُوا يَدْعُونَ مِن قَبْلُ ۖ وَظَنُّوا مَا لَهُم مِّن مَّحِيصٍ
စင်စစ်သော်ကား (ထိုနေ့တွင်)၎င်းတို့ ယခင်ကဟစ်ခေါ်တသ (ရှိခိုးပူဇော်)ခဲ့ကြသည်တို့မှာ ၎င်းတို့ထံမှ ပျောက်ကွယ်၍သွားကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့၌ထွက်ပြေး(လွတ်မြောက်)ရာဟူ၍လည်း မရှိတော့ကြောင်းယုံကြည်သွားကြပေမည်။
ဖုစ်စီလာ့ကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
46အာယာသ်

ဘာသာပြန် — ဖုစ်စီလာ့ 46

စူရာ ဖုစ်စီလာ့ အာယာသ် 46 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မည်သူမဆို ကောင်းမြတ်သောအကျင့်သီလကိုကျင့်မူဆောက်တည်ပါလျှင် မိမိအကျိုးငှာကျင့်မူ ဆောက်တည်ခြင်းပင် ဖြစ်ပေသည်။ ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုကိုပြုလုပ်သည်ရှိသော်(ယင်းမကောင်းမှု၏ဆိုးကျိုးမှာ) ၎င်း၏အပေါ်၌သာကျ ရောက်မည်ဖြစ်၏။…

စူရာ အာယာသ် 46/54 — စူရာ ဖုစ်စီလာ့ فصلت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖုစ်စီလာ့ နားထောင်, စူရာ ဖုစ်စီလာ့ ဘာသာပြန်, စူရာ ဖုစ်စီလာ့ mp3, စူရာ ဖုစ်စီလာ့ pdf. အာယာသ် 44–48. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers