အဇ်-ဇုခ်ရုဖ် · 43/89
ဘာသာပြန် အသံနိုင်ငံ — အဇ်-ဇုခ်ရုဖ်
فَاسْتَمْسِكْ بِالَّذِي أُوحِيَ إِلَيْكَ ۖ إِنَّكَ عَلَىٰ صِرَاطٍ مُّسْتَقِيمٍ ۝٤٣
Fastamsik billazeee oohi ya ilaika innaka `alaa Siraatim Mustaqeem
📖 မြန်မာဘာသာ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိမိထံ "ဝဟ်ယ်" ထုတ်ပြန်ခြင်းခံရလေသော ကုရ်အာန်ကျမ်းတော်မြတ်ကိုပင် အထောက်အထားပြုလျက် ရှိပါလေ။ဧကန်မလွဲ အသင်သည် ဖြောင့်မတ်သော လမ်းပေါ်၌ ရှိ၏။

🎧 နားထောင်


📜 အာယာသ် 41-45 — အဇ်-ဇုခ်ရုဖ်

41فَإِمَّا نَذْهَبَنَّ بِكَ فَإِنَّا مِنْهُم مُّنتَقِمُونَ
တစ်ဖန် အကယ်၍ ငါအရှင်မြတ်သည် အသင့်အား(ဤလောကမှ)ဆောင်ယူသွားတော်မူပါလျှင်လည်း ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့အား လက်စား ချေတော်မူအံ့သော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
42أَوْ نُرِيَنَّكَ الَّذِي وَعَدْنَاهُمْ فَإِنَّا عَلَيْهِم مُّقْتَدِرُونَ
သို့တည်းမဟုတ် ငါအရှင်မြတ်သည် ၎င်းတို့အား ချိန်းချက်တော်မူခဲ့သော ပြစ်ဒဏ်ကို အသင်အား (အသင်သည် ဤလောကီဘဝ၌ရှိနေစဉ်) ပြသတော်မူအံ့လည်း မလွဲဧကန် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ (ပြစ်ဒဏ်သက်ရောက်စေခြင်းကို ပြုစွမ်းနိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူ၏။)
43فَاسْتَمْسِكْ بِالَّذِي أُوحِيَ إِلَيْكَ ۖ إِنَّكَ عَلَىٰ صِرَاطٍ مُّسْتَقِيمٍ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိမိထံ "ဝဟ်ယ်" ထုတ်ပြန်ခြင်းခံရလေသော ကုရ်အာန်ကျမ်းတော်မြတ်ကိုပင် အထောက်အထားပြုလျက် ရှိပါလေ။ဧကန်မလွဲ အသင်သည် ဖြောင့်မတ်သော လမ်းပေါ်၌ ရှိ၏။
44وَإِنَّهُ لَذِكْرٌ لَّكَ وَلِقَوْمِكَ ۖ وَسَوْفَ تُسْأَلُونَ
ထိုမှတစ်ပါး မုချဧကန် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် အသင်အဖို့ လည်းကောင်း၊ အသင်၏အမျိုးသားအဖို့ လည်းကောင်း၊ (ထူးကဲမြင့်မြတ်လှစွာသော) ဂုဏ်ကျက်သရေပင် ဖြစ်၏။ ထိုမှတစ်ပါး အသင်တို့အားလုံးသည် မကြာမြင့်မီပင် စစ်ဆေးမေးမြန်းခြင်းကို ခံကြရပေမည်။
45وَاسْأَلْ مَنْ أَرْسَلْنَا مِن قَبْلِكَ مِن رُّسُلِنَا أَجَعَلْنَا مِن دُونِ الرَّحْمَٰنِ آلِهَةً يُعْبَدُونَ
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် မိမိအလျင် ငါအရှင်မြတ် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော်တို့အား "ငါအရှင်မြတ်သည် အနန္တကရုဏာတော်ရှင်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ခြင်းခံကြရန် အခြားကိုးကွယ်ရာများကို ပြဋ္ဌာန်း၍ပေးတော်မူခဲ့ပါသလော" ဟု မေးမြန်းစုံစမ်း၍ ကြည့်ပါလေ။
အဇ်-ဇုခ်ရုဖ်ကုရ်အာန် ညွှန်းကိန်း
89အာယာသ်
MeccanRevelation
43အာယာသ်

ဘာသာပြန် — အဇ်-ဇုခ်ရုဖ် 43

စူရာ အဇ်-ဇုခ်ရုဖ် အာယာသ် 43 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိမိထံ "ဝဟ်ယ်" ထုတ်ပြန်ခြင်းခံရလေသော ကုရ်အာန်ကျမ်းတော်မြတ်ကိုပင် အထောက်အထားပြုလျက် ရှိပါလေ။ဧကန်မလွဲ အသင်သည်…

စူရာ အာယာသ် 43/89 — အဇ်-ဇုခ်ရုဖ် الزخرف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အဇ်-ဇုခ်ရုဖ် နားထောင်, အဇ်-ဇုခ်ရုဖ် ဘာသာပြန်, အဇ်-ဇုခ်ရုဖ် mp3, အဇ်-ဇုခ်ရုဖ် pdf. အာယာသ် 41–45. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers