အလ်-ဂျာစီယာ · 23/37
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဂျာစီယာ
أَفَرَأَيْتَ مَنِ اتَّخَذَ إِلَٰهَهُ هَوَاهُ وَأَضَلَّهُ اللَّهُ عَلَىٰ عِلْمٍ وَخَتَمَ عَلَىٰ سَمْعِهِ وَقَلْبِهِ وَجَعَلَ عَلَىٰ بَصَرِهِ غِشَاوَةً فَمَن يَهْدِيهِ مِن بَعْدِ اللَّهِ ۚ أَفَلَا تَذَكَّرُونَ ۝٢٣
Afara`ayta manit takhaza ilaahahoo hawaahu wa adal lahul laahu `alaa `ilminw wa khatama `alaa sam`ihee wa qalbihee wa ja`ala `alaa basarihee ghishaawatan famany yahdeehi mim ba`dil laah; afalaa tazakkaroon
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) မိမိစိတ်အလ�ုဆန္ဒကို မိမိဆည်းကပ်ကိုးကွယ်ရာ ပြုလုပ်ထားသောသူအား အသင်မမြင်လေသလော။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သိတော်မူပါလျက်နှင့်ပင် ၎င်းအား လမ်းမှား၌ ရှိစေတော်မူခဲ့၏။၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူ၏ နားပေါ်၌လည်းကောင်း၊ထိုသူ၏ စိတ်နှလုံးပေါ်၌လည်းကောင်း၊ တံဆိပ်ခတ်နှိပ်တော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်း၏မျက်စိပေါ်ဝယ် အကာအဖုံးကို ပြုလုပ်ထားတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုသူအား အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ တရားလမ်းမှန်ကို ညွှန်ပြအံ့နည်း။ သို့ပါလျက် အသင်တို့သည် တရားရယူကြသည် မရှိလေသလော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်များ
  • أَفَرَأَيْتَ (အာဖရာအိုက်သ) — “သင်သည် မြင်လေသလော” သို့မဟုတ် “သင်သည် ဆင်ခြင်စဉ်းစားလေသလော” ဟု အဓိပ္ပာယ်ရသည်။
  • اتَّخَذَ إِلَٰهَهُ هَوَاهُ (အိတ္တခေဇ အိလာဟဟု ဟဝါဟု) — “မိမိ၏ စိတ်အလိုဆန္ဒကို မိမိ၏ ကိုးကွယ်ရာအဖြစ် သတ်မှတ်ခဲ့သည်” ဟု အဓိပ္ပာယ်ရသည်။
  • وَأَضَلَّهُ اللَّهُ (ဝအဒ်လ်လဟု လ္လာဟု) — “အလ္လာဟ်အရှင်မြတ်သည် သူ့ကို လမ်းမှားစေတော်မူခဲ့သည်” ဟု အဓိပ္ပာယ်ရသည်။
  • عَلَىٰ عِلْمٍ (အလာ အိလ်မ်) — “အသိပညာရှိလျက်” ဟု အဓိပ္ပာယ်ရသည်။
  • وَخَتَمَ (ဝခသာမ) — “တံဆိပ်ခတ်နှိပ်ခဲ့သည်” သို့မဟုတ် “ပိတ်ဆို့ခဲ့သည်” ဟု အဓိပ္ပာယ်ရသည်။
  • غِشَاوَةً (ဂိရှာဝသ) — “ဖုံးလွှမ်းမှု” သို့မဟုတ် “အမှောင်လွှမ်းခြုံမှု” ဟု အဓိပ္ပာယ်ရသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ်၊ သင်သည် မိမိ၏ စိတ်အလိုဆန္ဒကို မိမိ၏ ကိုးကွယ်ရာအဖြစ် သတ်မှတ်ထားသူကို ဆင်ခြင်စဉ်းစားလေသလော။ ထိုသူသည် မိမိစိတ်အလိုရှိသည့်အတိုင်း လုပ်ဆောင်သည်၊ မိမိစိတ်အလိုဆန္ဒက ခိုင်းသည့်အတိုင်း လိုက်နာသည်။ သူသည် အမှန်တရားကို သိရှိပြီးဖြစ်သော်လည်း ခေါင်းမာစွာ ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် သူ့ကို လမ်းမှားစေတော်မူခဲ့သည်။ အရှင်မြတ်သည် သူ၏ နားကိုလည်းကောင်း၊ စိတ်နှလုံးကိုလည်းကောင်း တံဆိပ်ခတ်နှိပ်ထားတော်မူခဲ့သည်။ ထို့ကြောင့် သူသည် အမှန်တရားကို ကြားသော်လည်း အကျိုးရရှိစွာ မကြားနိုင်တော့ပါ။ သူ၏ စိတ်နှလုံးဖြင့်လည်း နားလည်နိုင်စွမ်း မရှိတော့ပါ။ ထို့အပြင် အရှင်မြတ်သည် သူ၏ မျက်စိအပေါ်၌ ဖုံးလွှမ်းမှုတစ်ခုကို ပြုလုပ်ထားတော်မူခဲ့သည်။ ထို့ကြောင့် သူသည် အမှန်တရားကို မမြင်နိုင်တော့ပါ။ အလ္လာဟ်အရှင်မြတ်သည် ထိုသူကို လမ်းမှားစေတော်မူပြီးနောက် မည်သူက သူ့ကို လမ်းမှန်သို့ ပို့ဆောင်ပေးနိုင်မည်နည်း။ အို လူသားတို့၊ သင်တို့သည် ဤအချက်ကို မဆင်ခြင်သုံးသပ်ကြသလော။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

ပထမအချက် — စိတ်အလိုဆန္ဒကို ကိုးကွယ်ရာအဖြစ် သတ်မှတ်ခြင်းသည် အလွန်အန္တရာယ်ကြီးသော လုပ်ရပ်ဖြစ်သည်။ မွတ်စ်လင်မ်တစ်ဦးသည် မိမိ



📜 အာယာသ် 21-25 — စူရာ အလ်-ဂျာစီယာ

21أَمْ حَسِبَ الَّذِينَ اجْتَرَحُوا السَّيِّئَاتِ أَن نَّجْعَلَهُمْ كَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَوَاءً مَّحْيَاهُمْ وَمَمَاتُهُمْ ۚ سَاءَ مَا يَحْكُمُونَ
မကောင်းမှုများကို ကျူးလွန်ကြသောသူတို့က ငါအရှင်မြတ်သည် ထိုသူတို့အား "အီမာန်" သက်ဝင် ယုံကြည်၍ ကောင်းမှုများကို ကျင့်မူခဲ့ကြကုန်သောသူတို့ကဲ့သို့ ထိုသူတို့၏ အသက်ရှင်ခြင်းကိုလည်းကောင်း၊ ထိုသူတို့၏ အသက်သေဆုံးခြင်းကို ပြုလုပ်တော်မူမည်ဟု ထင်မှတ်ကြလေသလော။ ၎င်းတို့၏ စီရင်ဆုံးဖြတ်ချက်မှာ လွန်စွာဆိုးရွားလှပေ၏။
22وَخَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ وَلِتُجْزَىٰ كُلُّ نَفْسٍ بِمَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့်လျော်ညီစွာ ဖန်ဆင်းတော်မူခဲ့၏။ ၎င်းပြင် လူတိုင်းလူတိုင်း မိမိတို့ ရှာဖွေဆည်းပူးခဲ့သော (ကောင်းမှု၊မကောင်းမှု)နှင့်စပ်လျဉ်း၍ အစားပေးခြင်းခံရအံ့သောငှာ(ဖန်ဆင်းတော်မူခဲ့၏၊) သို့ရာတွင် ၎င်းတို့သည် မတရားမှုပြုလုပ်ခြင်းကို ခံကြရမည်မဟုတ်ပေ။
23أَفَرَأَيْتَ مَنِ اتَّخَذَ إِلَٰهَهُ هَوَاهُ وَأَضَلَّهُ اللَّهُ عَلَىٰ عِلْمٍ وَخَتَمَ عَلَىٰ سَمْعِهِ وَقَلْبِهِ وَجَعَلَ عَلَىٰ بَصَرِهِ غِشَاوَةً فَمَن يَهْدِيهِ مِن بَعْدِ اللَّهِ ۚ أَفَلَا تَذَكَّرُونَ
(အို-နဗီတမန်တော်) မိမိစိတ်အလ�ုဆန္ဒကို မိမိဆည်းကပ်ကိုးကွယ်ရာ ပြုလုပ်ထားသောသူအား အသင်မမြင်လေသလော။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သိတော်မူပါလျက်နှင့်ပင် ၎င်းအား လမ်းမှား၌ ရှိစေတော်မူခဲ့၏။၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူ၏ နားပေါ်၌လည်းကောင်း၊ထိုသူ၏ စိတ်နှလုံးပေါ်၌လည်းကောင်း၊ တံဆိပ်ခတ်နှိပ်တော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်း၏မျက်စိပေါ်ဝယ် အကာအဖုံးကို ပြုလုပ်ထားတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုသူအား အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ တရားလမ်းမှန်ကို ညွှန်ပြအံ့နည်း။ သို့ပါလျက် အသင်တို့သည် တရားရယူကြသည် မရှိလေသလော။
24وَقَالُوا مَا هِيَ إِلَّا حَيَاتُنَا الدُّنْيَا نَمُوتُ وَنَحْيَا وَمَا يُهْلِكُنَا إِلَّا الدَّهْرُ ۚ وَمَا لَهُم بِذَٰلِكَ مِنْ عِلْمٍ ۖ إِنْ هُمْ إِلَّا يَظُنُّونَ
ထို့ပြင် ၎င်းတို့က အသက်ရှင်ခြင်းဟူသည် (ဤ)လောကီဘဝ၌ ကျွန်ုပ်တို့၏အသက်ရှင်ခြင်းမှ တစ်ပါးအခြားမရှိပြီ။ ကျွန်ုပ်တို့သည် (တစ်ကြိမ်တစ်ခါသာလျှင်) အသက်သေဆုံးကြ၍ (တစ်ကြိမ်တစ်ခါသာလျှင်) အသက်ရှင်ကြကုန်၏။စင်စစ် ကျွန်ုပ်တို့အား ခေတ်ကာလသည်သာလျှင် ပျက်စီးစေ၏။ အမှန်စင်စစ်မှာမူကား ဤသည်နှင့်စပ်လျဉ်း၍ ၎င်းတို့၌ မည်သည့်အသိပညာမျှပင် မရှိချေ။ ၎င်းတို့သည် ရမ်းဆ(ပြောဆို) နေကြသည်သာ ဖြစ်သည်။
25وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ مَّا كَانَ حُجَّتَهُمْ إِلَّا أَن قَالُوا ائْتُوا بِآبَائِنَا إِن كُنتُمْ صَادِقِينَ
ထိုမှတစ်ပါး ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ထင်ရှားစွာသော အာယတ်တော်များ ဖတ်ကြားခြင်း ခံရလေသောအခါ ၎င်းတို့က "အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် ကျွန်ုပ်တို့၏(သေဆုံးလေပြီးသော) အဘ၊ ဘိုး၊ ဘေးတို့အား(တစ်ဖန်ရှင်ပြန်ထစေပြီး) ခေါ်ယူခဲ့ကြလေကုန်" ဟု ပြောဆိုခြင်းမှတစ်ပါး မည်သို့မျှ ဆင်ခြေတက်နိုင်ကြသည် မရှိပေ။
အလ်-ဂျာစီယာကုရ်အာန် ညွှန်းကိန်း
37အာယာသ်
MeccanRevelation
23အာယာသ်

ဘာသာပြန် — အလ်-ဂျာစီယာ 23

စူရာ အလ်-ဂျာစီယာ အာယာသ် 23 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) မိမိစိတ်အလ�ုဆန္ဒကို မိမိဆည်းကပ်ကိုးကွယ်ရာ ပြုလုပ်ထားသောသူအား အသင်မမြင်လေသလော။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သိတော်မူပါလျက်နှင့်ပင် ၎င်းအား လမ်းမှား၌…

စူရာ အာယာသ် 23/37 — စူရာ အလ်-ဂျာစီယာ الجاثية (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဂျာစီယာ နားထောင်, စူရာ အလ်-ဂျာစီယာ ဘာသာပြန်, စူရာ အလ်-ဂျာစီယာ mp3, စူရာ အလ်-ဂျာစီယာ pdf. အာယာသ် 21–25. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers