အလ်-ဂျာစီယာ · 22/37
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဂျာစီယာ
وَخَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ وَلِتُجْزَىٰ كُلُّ نَفْسٍ بِمَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ ۝٢٢
Wa khalaqal laahus samaawaati wal arda bilhaqqi wa litujzaa kullu nafsim bimaa kasabat wa hum laa yuzlamoon
📖 မြန်မာဘာသာ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့်လျော်ညီစွာ ဖန်ဆင်းတော်မူခဲ့၏။ ၎င်းပြင် လူတိုင်းလူတိုင်း မိမိတို့ ရှာဖွေဆည်းပူးခဲ့သော (ကောင်းမှု၊မကောင်းမှု)နှင့်စပ်လျဉ်း၍ အစားပေးခြင်းခံရအံ့သောငှာ(ဖန်ဆင်းတော်မူခဲ့၏၊) သို့ရာတွင် ၎င်းတို့သည် မတရားမှုပြုလုပ်ခြင်းကို ခံကြရမည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 20-24 — စူရာ အလ်-ဂျာစီယာ

20هَٰذَا بَصَائِرُ لِلنَّاسِ وَهُدًى وَرَحْمَةٌ لِّقَوْمٍ يُوقِنُونَ
ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် လူတို့အဖို့ထင်ရှားစွာသော သက်သေသာဓကများလည်း ဖြစ်သည်။ ယုံကြည်သောသူတို့အဖို့ တရားလမ်းညွှန်လည်း ဖြစ်သည်၊ ကရုဏာတော်လည်း မည်သည်။
21أَمْ حَسِبَ الَّذِينَ اجْتَرَحُوا السَّيِّئَاتِ أَن نَّجْعَلَهُمْ كَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَوَاءً مَّحْيَاهُمْ وَمَمَاتُهُمْ ۚ سَاءَ مَا يَحْكُمُونَ
မကောင်းမှုများကို ကျူးလွန်ကြသောသူတို့က ငါအရှင်မြတ်သည် ထိုသူတို့အား "အီမာန်" သက်ဝင် ယုံကြည်၍ ကောင်းမှုများကို ကျင့်မူခဲ့ကြကုန်သောသူတို့ကဲ့သို့ ထိုသူတို့၏ အသက်ရှင်ခြင်းကိုလည်းကောင်း၊ ထိုသူတို့၏ အသက်သေဆုံးခြင်းကို ပြုလုပ်တော်မူမည်ဟု ထင်မှတ်ကြလေသလော။ ၎င်းတို့၏ စီရင်ဆုံးဖြတ်ချက်မှာ လွန်စွာဆိုးရွားလှပေ၏။
22وَخَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ وَلِتُجْزَىٰ كُلُّ نَفْسٍ بِمَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့်လျော်ညီစွာ ဖန်ဆင်းတော်မူခဲ့၏။ ၎င်းပြင် လူတိုင်းလူတိုင်း မိမိတို့ ရှာဖွေဆည်းပူးခဲ့သော (ကောင်းမှု၊မကောင်းမှု)နှင့်စပ်လျဉ်း၍ အစားပေးခြင်းခံရအံ့သောငှာ(ဖန်ဆင်းတော်မူခဲ့၏၊) သို့ရာတွင် ၎င်းတို့သည် မတရားမှုပြုလုပ်ခြင်းကို ခံကြရမည်မဟုတ်ပေ။
23أَفَرَأَيْتَ مَنِ اتَّخَذَ إِلَٰهَهُ هَوَاهُ وَأَضَلَّهُ اللَّهُ عَلَىٰ عِلْمٍ وَخَتَمَ عَلَىٰ سَمْعِهِ وَقَلْبِهِ وَجَعَلَ عَلَىٰ بَصَرِهِ غِشَاوَةً فَمَن يَهْدِيهِ مِن بَعْدِ اللَّهِ ۚ أَفَلَا تَذَكَّرُونَ
(အို-နဗီတမန်တော်) မိမိစိတ်အလ�ုဆန္ဒကို မိမိဆည်းကပ်ကိုးကွယ်ရာ ပြုလုပ်ထားသောသူအား အသင်မမြင်လေသလော။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သိတော်မူပါလျက်နှင့်ပင် ၎င်းအား လမ်းမှား၌ ရှိစေတော်မူခဲ့၏။၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူ၏ နားပေါ်၌လည်းကောင်း၊ထိုသူ၏ စိတ်နှလုံးပေါ်၌လည်းကောင်း၊ တံဆိပ်ခတ်နှိပ်တော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်း၏မျက်စိပေါ်ဝယ် အကာအဖုံးကို ပြုလုပ်ထားတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုသူအား အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ တရားလမ်းမှန်ကို ညွှန်ပြအံ့နည်း။ သို့ပါလျက် အသင်တို့သည် တရားရယူကြသည် မရှိလေသလော။
24وَقَالُوا مَا هِيَ إِلَّا حَيَاتُنَا الدُّنْيَا نَمُوتُ وَنَحْيَا وَمَا يُهْلِكُنَا إِلَّا الدَّهْرُ ۚ وَمَا لَهُم بِذَٰلِكَ مِنْ عِلْمٍ ۖ إِنْ هُمْ إِلَّا يَظُنُّونَ
ထို့ပြင် ၎င်းတို့က အသက်ရှင်ခြင်းဟူသည် (ဤ)လောကီဘဝ၌ ကျွန်ုပ်တို့၏အသက်ရှင်ခြင်းမှ တစ်ပါးအခြားမရှိပြီ။ ကျွန်ုပ်တို့သည် (တစ်ကြိမ်တစ်ခါသာလျှင်) အသက်သေဆုံးကြ၍ (တစ်ကြိမ်တစ်ခါသာလျှင်) အသက်ရှင်ကြကုန်၏။စင်စစ် ကျွန်ုပ်တို့အား ခေတ်ကာလသည်သာလျှင် ပျက်စီးစေ၏။ အမှန်စင်စစ်မှာမူကား ဤသည်နှင့်စပ်လျဉ်း၍ ၎င်းတို့၌ မည်သည့်အသိပညာမျှပင် မရှိချေ။ ၎င်းတို့သည် ရမ်းဆ(ပြောဆို) နေကြသည်သာ ဖြစ်သည်။
အလ်-ဂျာစီယာကုရ်အာန် ညွှန်းကိန်း
37အာယာသ်
MeccanRevelation
22အာယာသ်

ဘာသာပြန် — အလ်-ဂျာစီယာ 22

စူရာ အလ်-ဂျာစီယာ အာယာသ် 22 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့်လျော်ညီစွာ ဖန်ဆင်းတော်မူခဲ့၏။ ၎င်းပြင် လူတိုင်းလူတိုင်း မိမိတို့…

စူရာ အာယာသ် 22/37 — စူရာ အလ်-ဂျာစီယာ الجاثية (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဂျာစီယာ နားထောင်, စူရာ အလ်-ဂျာစီယာ ဘာသာပြန်, စူရာ အလ်-ဂျာစီယာ mp3, စူရာ အလ်-ဂျာစီယာ pdf. အာယာသ် 20–24. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers