အလ်-အာ့ကာဖ် · 10/35
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ကာဖ်
قُلْ أَرَأَيْتُمْ إِن كَانَ مِنْ عِندِ اللَّهِ وَكَفَرْتُم بِهِ وَشَهِدَ شَاهِدٌ مِّن بَنِي إِسْرَائِيلَ عَلَىٰ مِثْلِهِ فَآمَنَ وَاسْتَكْبَرْتُمْ ۖ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ ۝١٠
Qul ara`aytum in kaana min `indil laahi wa kafartum bihee wa shahida shaahidum mim Banee Israaa`eela `alaa mislihee fa aamana wastak bartum innal laaha laa yahdil qawmaz zaalimeen
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ငါ့အား ပြောပြကြလေကုန်။ အကယ်၍ ဤကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ် အထံတော်မှ (ထုတ်ပြန်သော) ကျမ်းဂန်ဖြစ်အံ့။သို့ရာတွင် အသင်တို့သည် ယင်း ကုရ်အာန်ကျမ်းတော်မြတ်ကို ငြင်းပယ်လျက်ရှိအံ့။ (သို့ဖြစ်လျှင် အသင်တို့၏ အခြေအနေသည် မည်သို့ဖြစ်အံ့နည်း။) အမှန်စင်စစ်သော်ကား ယင်း ကုရ်အာန်ကျမ်းတော် ကဲ့သို့သောကျမ်းဂန်(တောင်ရာတ်)ကို အီစ်ရာအီလီအမျိုးသားတို့အနက် သက်သေတစ်ဦးသည် သက်သေခံခဲ့ပြီးနောက် သက်ဝင်ယုံကြည် ခဲ့ပြီးဖြစ်၏။ သို့ပါလျက် အသင်တို့မှာမူကား (သက်ဝင်ယုံကြည်ကြသည်မရှိ)မောက်မာ၍သာ နေခဲ့ကြကုန်၏။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူသည် မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 8-12 — စူရာ အလ်-အာ့ကာဖ်

8أَمْ يَقُولُونَ افْتَرَاهُ ۖ قُلْ إِنِ افْتَرَيْتُهُ فَلَا تَمْلِكُونَ لِي مِنَ اللَّهِ شَيْئًا ۖ هُوَ أَعْلَمُ بِمَا تُفِيضُونَ فِيهِ ۖ كَفَىٰ بِهِ شَهِيدًا بَيْنِي وَبَيْنَكُمْ ۖ وَهُوَ الْغَفُورُ الرَّحِيمُ
၎င်းတို့က ဤသူ(မုဟမ္မဒ်)သည် ထိုကုရ်အာန်ကျမ်းတော်မြတ်ကို ကြံစည်ဖန်တီးထားသည်ဟု ပြောဆိုကြလေသလော။ (သို့ဖြစ်လျှင် အို-နဗီတမန်တော်၊)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အကယ်၍ ငါသည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ကြံစည်ဖန်တီးထားပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ငါ့အား လုံးဝကယ်နိုင်ကြသည် မရှိချေ။ ယင်းကုရ်အာန်ကျမ်းတော်မြတ် နှင့်စပ်လျဉ်း၍ အသင်တို့ပြောဆိုလျက် ရှိကြသည်တို့ကို ထိုအရှင်မြတ်သည် အသိဆုံးပင် ဖြစ်တော်မူ၏။ထိုအရှင်မြတ်သည်ပင် အသင်တို့နှင့် ငါ၏အကြားဝယ် လုံလောက်သောသက်သေဖြစ်တော်မူ၏။ သက်သေအဖြစ် လုံလောက်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် အလွန်�ရာ ခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
9قُلْ مَا كُنتُ بِدْعًا مِّنَ الرُّسُلِ وَمَا أَدْرِي مَا يُفْعَلُ بِي وَلَا بِكُمْ ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰ إِلَيَّ وَمَا أَنَا إِلَّا نَذِيرٌ مُّبِينٌ
(အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ငါသည် ရစူလ်တမန်တော်တို့အနက် အသစ်အဆန်းမဟုတ်ပြီ။ ထို့ပြင် ငါသည် မိမိနှင့်ပတ်သက်၍ လည်းကောင်း၊ အသင်တို့နှင့်ပတ်သက်၍လည်းကောင်း၊ မည်သို့ ပြုလုပ်ခြင်းခံရမည်ကို သိရှိသည်မဟုတ်ပြီ။ ငါသည် မိမိထံ ထုတ်ပြန်ခြင်းခံရလေသော ‘ဝဟ်ယ်’ အမိန့်တော်ကိုသာလျှင် လိုက်နာ၏။ ထိုမှတစ်ပါး ငါသည် ရှင်းလင်းထင်ရှားစွာ သတိပေးနှိုးဆော်သူတစ်ဦး မှအပ အခြားမဟုတ်ပြီ။
10قُلْ أَرَأَيْتُمْ إِن كَانَ مِنْ عِندِ اللَّهِ وَكَفَرْتُم بِهِ وَشَهِدَ شَاهِدٌ مِّن بَنِي إِسْرَائِيلَ عَلَىٰ مِثْلِهِ فَآمَنَ وَاسْتَكْبَرْتُمْ ۖ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
(အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ငါ့အား ပြောပြကြလေကုန်။ အကယ်၍ ဤကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ် အထံတော်မှ (ထုတ်ပြန်သော) ကျမ်းဂန်ဖြစ်အံ့။သို့ရာတွင် အသင်တို့သည် ယင်း ကုရ်အာန်ကျမ်းတော်မြတ်ကို ငြင်းပယ်လျက်ရှိအံ့။ (သို့ဖြစ်လျှင် အသင်တို့၏ အခြေအနေသည် မည်သို့ဖြစ်အံ့နည်း။) အမှန်စင်စစ်သော်ကား ယင်း ကုရ်အာန်ကျမ်းတော် ကဲ့သို့သောကျမ်းဂန်(တောင်ရာတ်)ကို အီစ်ရာအီလီအမျိုးသားတို့အနက် သက်သေတစ်ဦးသည် သက်သေခံခဲ့ပြီးနောက် သက်ဝင်ယုံကြည် ခဲ့ပြီးဖြစ်၏။ သို့ပါလျက် အသင်တို့မှာမူကား (သက်ဝင်ယုံကြည်ကြသည်မရှိ)မောက်မာ၍သာ နေခဲ့ကြကုန်၏။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူသည် မဟုတ်ပေ။
11وَقَالَ الَّذِينَ كَفَرُوا لِلَّذِينَ آمَنُوا لَوْ كَانَ خَيْرًا مَّا سَبَقُونَا إِلَيْهِ ۚ وَإِذْ لَمْ يَهْتَدُوا بِهِ فَسَيَقُولُونَ هَٰذَا إِفْكٌ قَدِيمٌ
စင်စစ်သော်ကား သွေဖည်ငြင်းပယ်သောသူတို့သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သောသူတို့နှင့် ပတ်သက်၍(ဤသို့)ပြောဆိုကြကုန်၏။ အကယ်၍ ထိုကုရ်အာန်သည်ကောင်းမြတ်သော အရာတစ်စုံတစ်ခုဖြစ်ခဲ့မူ ထို ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့မှာ ငါတို့ထက်ဦးစွာ ယင်းကုရ်အာန်ကို သက်ဝင်ယုံကြည် နိုင်ကြမည်မဟုတ်ပေ။ တစ်ဖန် ၎င်းတို့သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ဖြင့် တရားလမ်းမှန်ကို မရခဲ့ကြသောအခါ ၎င်းတို့က ဤသည် ရှေးဟောင်းမုသားပင် ဖြစ်သည်ဟူ၍ ပြောဆိုကြကုန်၏။
12وَمِن قَبْلِهِ كِتَابُ مُوسَىٰ إِمَامًا وَرَحْمَةً ۚ وَهَٰذَا كِتَابٌ مُّصَدِّقٌ لِّسَانًا عَرَبِيًّا لِّيُنذِرَ الَّذِينَ ظَلَمُوا وَبُشْرَىٰ لِلْمُحْسِنِينَ
အမှန်စင်စစ်မှာမူကား ဤကုရ်အာန်ကျမ်းတော်မြတ်အလျင် မူစာ၏ကျမ်းဂန် (တောင်ရာတ်)သည် ရှေ့ဆောင်လမ်းပြအဖြစ်လည်းကောင်း၊ ကရုဏာအဖြစ် လည်းကောင်း၊ရှိခဲ့၏။ ထို့ပြင် ဤကျမ်းဂန်မှာ(ယင်းတောင်ရာတ်ကျမ်းကို)ထောက်ခံသော ကျမ်းဂန်ဖြစ်၏။ မတရားကျူးလွန်သော (မက္ကာမြို့သား)တို့အား သတိပေးနှိုးဆော်ရန် အရဗီဘာသာစကားဖြင့် ထုတ်ပြန်ထား၏။ ၎င်းပြင် ကောင်းမှုပြုသူတို့အဖို့ သတင်းကောင်းလည်းဖြစ်၏။
အလ်-အာ့ကာဖ်ကုရ်အာန် ညွှန်းကိန်း
35အာယာသ်
MeccanRevelation
10အာယာသ်

ဘာသာပြန် — အလ်-အာ့ကာဖ် 10

စူရာ အလ်-အာ့ကာဖ် အာယာသ် 10 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ငါ့အား ပြောပြကြလေကုန်။ အကယ်၍ ဤကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်…

စူရာ အာယာသ် 10/35 — စူရာ အလ်-အာ့ကာဖ် الأحقاف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ကာဖ် နားထောင်, စူရာ အလ်-အာ့ကာဖ် ဘာသာပြန်, စူရာ အလ်-အာ့ကာဖ် mp3, စူရာ အလ်-အာ့ကာဖ် pdf. အာယာသ် 8–12. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers