အလ်-အာ့ကာဖ် · 33/35
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ကာဖ်
أَوَلَمْ يَرَوْا أَنَّ اللَّهَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَلَمْ يَعْيَ بِخَلْقِهِنَّ بِقَادِرٍ عَلَىٰ أَن يُحْيِيَ الْمَوْتَىٰ ۚ بَلَىٰ إِنَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ۝٣٣
Awalam yaraw annal laahal lazee khalaqas samaawaati wal larda wa lam ya`ya bikhal qihinna biqaadirin `alaaa anyyuhiyal mawtaa; balaaa innahoo `alaa kulli shai`in Qadeer
📖 မြန်မာဘာသာ
မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့သည်သာမက ယင်းမိုးကောင်းကင်များနှင့်ပထဝီမြေတို့ကို ဖန်ဆင်းတော်မူသောကြောင့် ညောင်းညာမောပန်းတော်မူခြင်း မရှိခဲ့သော အလ္လာဟ်အရှင်မြတ်သည် သူသေတို့အား ရှင်စေခြင်းကို စွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူကြောင်း၊ ၎င်းတို့သည် မစဉ်းစား မဆင်ခြင် မတွေ့မမြင်ခဲ့ကြလေသလော။ အဘယ်ကြောင့် မဟုတ်ပါသနည်း။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁) ခက်ခဲသောဝေါဟာရများ၏ အဓိပ္ပာယ်

  • أَوَلَمْ يَرَوْا — သူတို့မတွေ့မမြင်ကြသလော၊ မစဉ်းစားမဆင်ခြင်ကြသလော။
  • يَعْيَ — ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း၊ စွမ်းဆောင်နိုင်ခြင်းမရှိခြင်း။
  • بِقَادِرٍ — တတ်စွမ်းနိုင်သူ၊ စွမ်းဆောင်နိုင်သူ။
  • بَلَىٰ — ဟုတ်ပေသည်၊ ဧကန်အမှန်ဖြစ်သည် (ငြင်းဆိုချက်ကို အတည်ပြုသည့် စကားလုံး)။
  • قَدِيرٌ — အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသော၊ တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော။

၂) အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ရှင်ပြန်ထမြောက်ခြင်းကို ငြင်းပယ်သော မုရှ်ရိက်များအား သတိပေးနှိုးဆော်ထားခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေကြီးကို ဖန်ဆင်းတော်မူခဲ့သည်။ ထိုကြီးမားကျယ်ပြန့်လှသော ဖန်ဆင်းခြင်းလုပ်ငန်းစဉ်တွင် အရှင်မြတ်သည် ပင်ပန်းနွမ်းနယ်ခြင်းမရှိခဲ့ပါ၊ အားနည်းခြင်းလည်းမရှိခဲ့ပါ။ ထိုသို့ဖြစ်လျှင် သေဆုံးသွားသူများကို ပြန်လည်ရှင်သန်စေတော်မူခြင်းသည် အရှင်မြတ်အတွက် မည်မျှပင်လွယ်ကူလှသနည်း။ မိုးကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းနိုင်သော အရှင်မြတ်သည် လူသေများကို ပြန်လည်ရှင်သန်စေရန် ဧကန်အမှန်စွမ်းဆောင်နိုင်တော်မူသည်။ ဟုတ်ပေသည်၊ အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော တန်ခိုးတော်ရှင်ဖြစ်တော်မူသည်။ မည်သည့်အရာမျှ အရှင်မြတ်၏ တန်ခိုးတော်ကို ကျော်လွန်၍ မရနိုင်ပါ။

၃) ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းနိုင်တော်မူသော တန်ခိုးတော်ရှင်ဖြစ်သည်ကို သိရှိခြင်းဖြင့် ရှင်ပြန်ထမြောက်ခြင်းသည် ဧကန်အမှန်ဖြစ်လာမည်ကို ယုံကြည်စိတ်ချနိုင်သည်။
  • အရှင်မြတ်သည် မည်သည့်အရာကိုမျှ ဖန်ဆင်းရာတွင် ပင်ပန်းနွမ်းနယ်ခြင်းမရှိပါ။ ထို့ကြောင့် လူသေများကို ပြန်လည်ရှင်သန်စေခြင်းသည် အရှင်မြတ်အတွက် အလွန်လွယ်ကူသော ကိစ္စဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသော တန်ခိုးတော်ရှင်ဖြစ်ကြောင်း အသိအမှတ်ပြုခြင်းသည် အီမာန် (ယုံကြည်ခြင်း)ကို ခိုင်မာစေသည်။
  • ဤအာယသ်တော်သည် ရှင်ပြန်ထမြောက်ခြင်းကို သံသယဝင်သူများအတွက် ထင်ရှားသော သက်သေအထောက်အထားဖြစ်သည်။ မိုးကောင်းကင်နှင့်


📜 အာယာသ် 31-35 — စူရာ အလ်-အာ့ကာဖ်

31يَا قَوْمَنَا أَجِيبُوا دَاعِيَ اللَّهِ وَآمِنُوا بِهِ يَغْفِرْ لَكُم مِّن ذُنُوبِكُمْ وَيُجِرْكُم مِّنْ عَذَابٍ أَلِيمٍ
အို-ကျွန်ုပ်တို့၏ အမျိုးသားတို့၊ အသင်တို့ သည် အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်သူ၏ ဖိတ်ခေါ်ချက်ကို နာယူလက်ခံကြလေကုန်။ ထို့ပြင် အသင်တို့သည် ထိုဖိတ်ခေါ်သူအား သက်ဝင်ယုံကြည်ကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြစ်မှုတို့ကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်မှလည်း ကာကွယ် စောင့်ရှောက်တော်မူပေမည်။
32وَمَن لَّا يُجِبْ دَاعِيَ اللَّهِ فَلَيْسَ بِمُعْجِزٍ فِي الْأَرْضِ وَلَيْسَ لَهُ مِن دُونِهِ أَوْلِيَاءُ ۚ أُولَٰئِكَ فِي ضَلَالٍ مُّبِينٍ
သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်သူ၏ ဖိတ်ခေါ်ချက်ကို နာယူလက်ခံခြင်းမပြုခဲ့မူ ထိုသူသည် (အလ္လာဟ်အရှင်မြတ်အား) ကမ္ဘာမြေဝယ် မစွမ်းဆောင်နိုင်အောင် ပြုစွမ်းနိုင်သူမဟုတ်ပြီ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အပြင် ထိုသူ၌ ကာကွယ်စောင့်ရှောက်အံ့သော သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပြီ။ ထိုသူတို့ကား ထင်ရှားစွာသော လမ်းမှားမှု၌ ပင်ရှိနေကြကုန်သတည်း။
33أَوَلَمْ يَرَوْا أَنَّ اللَّهَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَلَمْ يَعْيَ بِخَلْقِهِنَّ بِقَادِرٍ عَلَىٰ أَن يُحْيِيَ الْمَوْتَىٰ ۚ بَلَىٰ إِنَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့သည်သာမက ယင်းမိုးကောင်းကင်များနှင့်ပထဝီမြေတို့ကို ဖန်ဆင်းတော်မူသောကြောင့် ညောင်းညာမောပန်းတော်မူခြင်း မရှိခဲ့သော အလ္လာဟ်အရှင်မြတ်သည် သူသေတို့အား ရှင်စေခြင်းကို စွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူကြောင်း၊ ၎င်းတို့သည် မစဉ်းစား မဆင်ခြင် မတွေ့မမြင်ခဲ့ကြလေသလော။ အဘယ်ကြောင့် မဟုတ်ပါသနည်း။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
34وَيَوْمَ يُعْرَضُ الَّذِينَ كَفَرُوا عَلَى النَّارِ أَلَيْسَ هَٰذَا بِالْحَقِّ ۖ قَالُوا بَلَىٰ وَرَبِّنَا ۚ قَالَ فَذُوقُوا الْعَذَابَ بِمَا كُنتُمْ تَكْفُرُونَ
၎င်းပြင် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်ကြကုန်သောသူတို့သည် ငရဲမီး၏ရှေ့သို့ ယူဆောင်လာခြင်းကို ခံကြရသောအခါ ဤသည် အဟုတ်အမှန်ပင် မဟုတ်ပါလော (ဟုမေးမြန်းခြင်းကို ခံကြရပေမည်။) ထိုအခါ ၎င်းတို့က ‘ကျွန်တော်မျိုးတို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်ကဆမ် ဟုတ်ပါ သည်’ ဟု လျှောက်ထားကြပေမည်။ ထိုအရှင်မြတ်က’သို့ဖြစ်လျှင် အသင်တို့သည် မိမိတို့ သွေဖည်ငြင်း ပယ်ခဲ့ကြသောကြောင့် ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန်’ ဟုမိန့်ကြားတော်မူပေမည်။
35فَاصْبِرْ كَمَا صَبَرَ أُولُو الْعَزْمِ مِنَ الرُّسُلِ وَلَا تَسْتَعْجِل لَّهُمْ ۚ كَأَنَّهُمْ يَوْمَ يَرَوْنَ مَا يُوعَدُونَ لَمْ يَلْبَثُوا إِلَّا سَاعَةً مِّن نَّهَارٍ ۚ بَلَاغٌ ۚ فَهَلْ يُهْلَكُ إِلَّا الْقَوْمُ الْفَاسِقُونَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် စိတ်ဓာတ်ခိုင်မာသော (ဇွဲသတ္တိရှိကြသော) ရစူလ်တမန်တော်များနည်းတူ ခန္တီတရားထားရှိပါလေ။ ထို့ပြင် အသင်သည် ၎င်းတို့နှင့်ပတ်သက်၍ အလျင်စလို မပြုပါလေနှင့်။ ၎င်းတို့သည် မိမိတို့ ချိန်းချက်ခြင်း ခံကြရလေသော ပြစ်ဒဏ်ကို တွေ့မြင်ကြသောနေ့တွင် မိမိတို့မှာ (လောကီဘဝ၌) နေ့အချိန်၏ တစ်နာရီခန့်မျှ အချိန်ထက်ပိုမို၍ နေထိုင်ခဲ့ကြသည် မဟုတ်ဘိသကဲ့သို့ပင် (ထင်မှတ်ကြပေမည်။) (ဤသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ အသင်တို့ထံ အမိန့်တော်များ) ပို့ဆောင်ခြင်းပင်။သို့ဖြစ်ပေရာ သွေဖည်သောသူတို့သည်သာလျှင် ဖျက်ဆီးခြင်းကို ခံကြရကုန်အံ့သတည်း။
အလ်-အာ့ကာဖ်ကုရ်အာန် ညွှန်းကိန်း
35အာယာသ်
MeccanRevelation
33အာယာသ်

ဘာသာပြန် — အလ်-အာ့ကာဖ် 33

စူရာ အလ်-အာ့ကာဖ် အာယာသ် 33 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့သည်သာမက ယင်းမိုးကောင်းကင်များနှင့်ပထဝီမြေတို့ကို ဖန်ဆင်းတော်မူသောကြောင့် ညောင်းညာမောပန်းတော်မူခြင်း မရှိခဲ့သော အလ္လာဟ်အရှင်မြတ်သည် သူသေတို့အား ရှင်စေခြင်းကို…

စူရာ အာယာသ် 33/35 — စူရာ အလ်-အာ့ကာဖ် الأحقاف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ကာဖ် နားထောင်, စူရာ အလ်-အာ့ကာဖ် ဘာသာပြန်, စူရာ အလ်-အာ့ကာဖ် mp3, စူရာ အလ်-အာ့ကာဖ် pdf. အာယာသ် 31–35. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 24, 2026

Don't forget us in your sincere prayers