အလ်-မာအိဒ · 112/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
إِذْ قَالَ الْحَوَارِيُّونَ يَا عِيسَى ابْنَ مَرْيَمَ هَلْ يَسْتَطِيعُ رَبُّكَ أَن يُنَزِّلَ عَلَيْنَا مَائِدَةً مِّنَ السَّمَاءِ ۖ قَالَ اتَّقُوا اللَّهَ إِن كُنتُم مُّؤْمِنِينَ ۝١١٢
Iz qaalal hawaariyyoona yaa `Eesab na Maryama hal yastatee`u Rabbuka ai yunaz zila `alinaa maaa`idatam minas samaaa`i qaalat taqul laaha in kuntum mu`mineen
📖 မြန်မာဘာသာ
(အို- နဗီတမန်တော်မုဟမ္မဒ် အသင်သည် ပြန်လည်သတိရစေပါလေ။) အခါတစ်ပါး၌ ‘ဟဝါရီ’ တို့က “အို-‘မရ်ယမ်’ (သခင်မ) ၏သား (နဗီတမန်တော်) ဟဇရသ် ‘အီစာ’အသင့်အား ဖန်ဆင်းမွေးမြူသောမူသော အရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်ဝယ် ကောင်းကင်မှ စားဖွယ်သောက်ဖွယ်နှင့် (ပြည့်စုံသော စားပွဲတစ်ခု) ကို ချပေးသနားတော်မူနိုင်စွမ်း ရှိပါသလော” ဟု ပြောဆိုကြလေသည်။ ထိုအခါ နဗီတမန်တော် အီစာက “(ဟယ်- အချင်းတို့) အသင်တို့သည် အကယ်စင်စစ် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူများ ဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်” ဟု ပြောကြားတော်မူခဲ့ပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
  • ဟဝါရီယူန်း (الحواريون) — မူလအဓိပ္ပာယ်မှာ “ဖြူစင်သန့်ရှင်းသူများ” ဖြစ်သည်။ အစ္စလာမ်ဝေါဟာရတွင် တမန်တော်အီစာ (အလိုင်ဟိစ်စလာမ်) ၏ အထူးနောက်လိုက်တော်များ၊ သူ့ကို အထူးသစ္စာခံကူညီသူများကို ဆိုလိုသည်။
  • မာအိဒဟ် (مائدة) — စားပွဲပေါ်တွင် အစားအသောက်များ ပါရှိသော စားပွဲ၊ သို့မဟုတ် အစားအသောက်ခင်းကျင်းထားသော စားပွဲကို ဆိုလိုသည်။
  • ဟလ် ယစ်သတ်သွီအု (هل يستطيع) — “အလ္လာဟ်အရှင်မြတ်သည် တတ်စွမ်းနိုင်ပါသလား” ဟု မေးခြင်းဖြစ်သည်။ ဤနေရာတွင် သူတို့၏ ရည်ရွယ်ချက်မှာ အလ္လာဟ်အရှင်မြတ်၏ တတ်စွမ်းနိုင်မှုကို သံသယဝင်ခြင်းမဟုတ်ဘဲ “အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် ထိုသို့ ပြုလုပ်ပေးမည်လော” ဟု မေးမြန်းခြင်းဖြစ်သည်ဟု အနက်ဖွင့်ဆိုကြသည်။
  • ဣတ်တကူလ္လာဟ် (اتقوا الله) — အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ထိန်းသိမ်းခြင်း၊ အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာ၍ တားမြစ်တော်များကို ရှောင်ကြဉ်ခြင်းကို ဆိုလိုသည်။
  1. အာယသ်တော်၏ အနက်အဓိပ္ပာယ် ရှင်းလင်းချက်

တမန်တော်အီစာ (အလိုင်ဟိစ်စလာမ်) ၏ အထူးနောက်လိုက်တော်များက သူ့အား “အို မာရ်ယမ်၏သား အီစာ၊ သင်၏အရှင်သည် ကျွန်ုပ်တို့အပေါ် ကောင်းကင်မှ အစားအသောက်စားပွဲတစ်ခုကို ချပေးနိုင်ပါသလား” ဟု မေးမြန်းခဲ့ကြသည်။ ဤမေးခွန်းသည် အလ္လာဟ်အရှင်မြတ်၏ တတ်စွမ်းနိုင်တော်မူခြင်းကို ငြင်းပယ်ခြင်းမဟုတ်ဘဲ၊ ထိုသို့သော အံ့ဖွယ်နိမိတ်တစ်ခုကို မိမိတို့အတွက် ချပေးတော်မူမည်လော ဟု တောင်းဆိုမေးမြန်းခြင်းဖြစ်သည်။

ထိုအခါ တမန်တော်အီစာ (အလိုင်ဟိစ်စလာမ်) က သူတို့အား “သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ထိန်းသိမ်းကြလော့၊ အကယ်၍ သင်တို့သည် စစ်မှန်သော ယုံကြည်သူများဖြစ်ကြလျှင်” ဟု ဆုံးမခဲ့သည်။ ဆိုလိုသည်မှာ ဤကဲ့သို့သော တောင်းဆိုမှုများသည် ယုံကြည်ခြင်း၏ အဆင့်အတန်းနှင့် မကိုက်ညီနိုင်ကြောင်း၊ အလ္လာဟ်အရှင်မြတ်၏ တတ်စွမ်းနိုင်တော်မူခြင်းကို အပြည့်အဝယုံကြည်ပြီး ရိက္ခာအတွက် အရှင်မြတ်အပေါ်သာ ယုံပုံအပ်နှံသင့်ကြောင်း သွန်သင်ခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာ ထိုသို့သော တောင်းဆိုမှုတွင် စမ်းသပ်မှုတစ်ခု ပါဝင်နိုင်သ



📜 အာယာသ် 110-114 — စူရာ အလ်-မာအိဒ

110إِذْ قَالَ اللَّهُ يَا عِيسَى ابْنَ مَرْيَمَ اذْكُرْ نِعْمَتِي عَلَيْكَ وَعَلَىٰ وَالِدَتِكَ إِذْ أَيَّدتُّكَ بِرُوحِ الْقُدُسِ تُكَلِّمُ النَّاسَ فِي الْمَهْدِ وَكَهْلًا ۖ وَإِذْ عَلَّمْتُكَ الْكِتَابَ وَالْحِكْمَةَ وَالتَّوْرَاةَ وَالْإِنجِيلَ ۖ وَإِذْ تَخْلُقُ مِنَ الطِّينِ كَهَيْئَةِ الطَّيْرِ بِإِذْنِي فَتَنفُخُ فِيهَا فَتَكُونُ طَيْرًا بِإِذْنِي ۖ وَتُبْرِئُ الْأَكْمَهَ وَالْأَبْرَصَ بِإِذْنِي ۖ وَإِذْ تُخْرِجُ الْمَوْتَىٰ بِإِذْنِي ۖ وَإِذْ كَفَفْتُ بَنِي إِسْرَائِيلَ عَنكَ إِذْ جِئْتَهُم بِالْبَيِّنَاتِ فَقَالَ الَّذِينَ كَفَرُوا مِنْهُمْ إِنْ هَٰذَا إِلَّا سِحْرٌ مُّبِينٌ
(၎င်းနောက် ထိုနေ့မှာပင်) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ်သည် (တမန်တော်အီစာသခင်အား ဤသို့) မိန့်ကြားတော်မူအံ့။ အို- မရ်ယမ်၏သား အီစာ အသင်သည် မိမိအပေါ်၌လည်းကောင်း၊ မိမိ၏ မိခင်အပေါ်၌လည်းကောင်း၊ ငါအရှင်မြတ်ပြုတော်မူခဲ့သော ကျေးဇူးတော်များကို ပြန်လည်အောက်မေ့ သတိရပါ လေ။ အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား ‘ရူဟုလ်ကုဒွတ်စ်’ ဖြင့် ကူညီထောက်မတော်မူခဲ့၏။ (၎င်းပြင်) အသင်သည် ပုခက်တွင်း၌ (အမိရင်ခွင်၌) လည်းကောင်း၊ အသက်အရွယ် ကြီးပြင်းလာသည့်အခါ၌လည်းကောင်း၊ လူတို့နှင့် (တစ်မျိုးတစ်စားတည်း) စကားပြောဆိုခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား ကောင်းကင်ကျကျမ်းဂန်များကိုလည်းကောင်း၊ ‘ဟစ်က်မတ်’ အသိဉာဏ် အထူးအမြင်ကိုလည်းကောင်း၊ ‘တောင်ရာတ်’နှင့် ‘အိန်ဂျီလ်’ ကျမ်းဂန်များကိုလည်းကောင်း သင်ကြားပို့ချတော်မူခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် မြေဖြင့် အသင်သည် ငှက်၏သဏ္ဍာန်ကဲ့သို့ပြုလုပ်၍ ထိုအရာတွင်မှုတ်၏။ ထိုအခါ ထိုအရာသည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် (အသက်ရှင်သော ပြကတေ့) ငှက်သတ္တဝါ ဖြစ်သွားလေ၏။ ၎င်းပြင် အသင်သည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် (အမိဝမ်းတွင်းမှ) မျက်စိအလင်း မရရှိသောသူတို့ကိုလည်းကောင်း၊ ခရုသင်း စသောကုဌနူနာစ�ဲကပ်လျက်ရှိသော သူတို့ကိုလည်းကောင်း ပျောက်ကင်းစေ၏။ ၎င်းပြင် အကြင်အခါဝယ် အသင်သည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် သူသေများကို (ရှင်စေပြီး သင်းချိုင်းတွင်းမှ) ထွက်စေခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့ကို အသင့် (အား ဖမ်းဆီးကွပ်မျက်ခြင်း) မှ တားဆီးတော်မူခဲ့၏၊ အကြင်အခါဝယ် အသင်သည် ၎င်းတို့ထံသို့ ထင်ရှားလှစွာသော သက်သေလက္ခဏာ (တန်ခိုးပြာဋိဟာ) များကို ယူဆောင်သွားခဲ့၏။ ပြီးနောက် ၎င်းတို့အနက်မှ မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့သူတို့က “ဤကား ထင်ရှားသော စုန်းပရောဂအတတ်မျှဖြစ်သည်” ဟု ပြောဆိုခဲ့ကြ၏။
111وَإِذْ أَوْحَيْتُ إِلَى الْحَوَارِيِّينَ أَنْ آمِنُوا بِي وَبِرَسُولِي قَالُوا آمَنَّا وَاشْهَدْ بِأَنَّنَا مُسْلِمُونَ
၎င်းပြင် (အို- နဗီတမန်တော်အီစာ) အသင်သည် (ပြန်လည်အောက်မေ့ သတိရပါလေ) အကြင်အခါဝယ် ငါအရှင်မြတ်သည်‘ဟဝါရီ’ တို့ထံ အသင်တို့သည် ငါအရှင်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ်၏ တမန်တော် (အီစာ) အားလည်းကောင်း၊ သက်ဝင်ယုံကြည်လေကုန်ဟု အမိန့်တော် ထုတ်ပြန်ချမှတ်တော်မူခဲ့လေရာ ထို (ဟဝါရီ) တို့က “ကျွန်တော်မျိုးတို့သည် ယုံကြည်ကြပါပြီ။ ကျွန်တော်မျိုးတို့သည် အမိန့်ကို လိုက်နာကြသော ‘မွတ်စလင်မ်’ များဖြစ်ကြောင်း အရှင်မြတ်သည် သက်သေဖြစ်တော်မူပါ” ဟူ၍ လျှောက်ထားပန်ကြားခဲ့ကြသည်။
112إِذْ قَالَ الْحَوَارِيُّونَ يَا عِيسَى ابْنَ مَرْيَمَ هَلْ يَسْتَطِيعُ رَبُّكَ أَن يُنَزِّلَ عَلَيْنَا مَائِدَةً مِّنَ السَّمَاءِ ۖ قَالَ اتَّقُوا اللَّهَ إِن كُنتُم مُّؤْمِنِينَ
(အို- နဗီတမန်တော်မုဟမ္မဒ် အသင်သည် ပြန်လည်သတိရစေပါလေ။) အခါတစ်ပါး၌ ‘ဟဝါရီ’ တို့က “အို-‘မရ်ယမ်’ (သခင်မ) ၏သား (နဗီတမန်တော်) ဟဇရသ် ‘အီစာ’အသင့်အား ဖန်ဆင်းမွေးမြူသောမူသော အရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်ဝယ် ကောင်းကင်မှ စားဖွယ်သောက်ဖွယ်နှင့် (ပြည့်စုံသော စားပွဲတစ်ခု) ကို ချပေးသနားတော်မူနိုင်စွမ်း ရှိပါသလော” ဟု ပြောဆိုကြလေသည်။ ထိုအခါ နဗီတမန်တော် အီစာက “(ဟယ်- အချင်းတို့) အသင်တို့သည် အကယ်စင်စစ် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူများ ဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်” ဟု ပြောကြားတော်မူခဲ့ပေသည်။
113قَالُوا نُرِيدُ أَن نَّأْكُلَ مِنْهَا وَتَطْمَئِنَّ قُلُوبُنَا وَنَعْلَمَ أَن قَدْ صَدَقْتَنَا وَنَكُونَ عَلَيْهَا مِنَ الشَّاهِدِينَ
ထို (ဟဝါရီ) များက “ကျွန်တော်မျိုးတို့သည် ထို (စားပွဲတွင်ပါရှိလေသော) စားဖွယ်ကို (‘ဗရ်ကသ်’ မင်္ဂလာရှိစေခြင်းအားဖြင့်) စားသုံးခြင်းငှာလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ စိတ်နှလုံးများ နှစ်သိမ့်ကျေနပ်ခြင်းငှာလည်းကောင်း၊ အသင် (တမန်တော်အီစာ) သည် ကျွန်တော်မျိုးတို့အား (မိမိ နဗီတမန်တော်ဖြစ်ကြောင်း) မှန်ကန်စွာပြောဆိုခဲ့သည်ကို (ကိုယ်တွေ့မျက်မြင်) ကောင်းမွန်စွာ ယုံကြည်ခြင်း ငှာလည်းကောင်း၊ ထို (တန်ခိုးပြာဋိဟာ) နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးတို့သည် အသိသက်သေဖြစ်ခြင်းငှာလည်းကောင်း ရည်စူးကြပါသည်” ဟု ပြန်ကြားကြကုန်၏။
114قَالَ عِيسَى ابْنُ مَرْيَمَ اللَّهُمَّ رَبَّنَا أَنزِلْ عَلَيْنَا مَائِدَةً مِّنَ السَّمَاءِ تَكُونُ لَنَا عِيدًا لِّأَوَّلِنَا وَآخِرِنَا وَآيَةً مِّنكَ ۖ وَارْزُقْنَا وَأَنتَ خَيْرُ الرَّازِقِينَ
မရ်ယမ် (သခင်မ) ၏သား (တော်တမန်တော်) အီစာ (အလိုင်ဟစ္စလာမ်) က “အို- အလ္လာဟ်အရှင်မြတ်၊ အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်မြတ် အရှင်မြတ်သည် ကျွန်တော်မျိုး တို့အပေါ်သို့ မိုးကောင်းကင်မှ စားဖွယ်သောက်ဖွယ်ကို ချပေးသနားတော်မူပါ။ ထိုစားဖွယ်သောက်ဖွယ်သည် ကျွန်တော်မျိုးတို့အဖို့ (ဝါ) ကျွန်တော်မျိုးတို့တွင် ရှေးကျသူများအဖို့လည်းကောင်း၊ ကျွန်တော်မျိုးတို့နောက် လာလတ္တံ့သောသူများအဖို့လည်းကောင်း ပျော်ရွှင်ဖွယ်ရာဖြစ်ပါစေ။ ၎င်းပြင် အရှင်မြတ်ထံတော်မှ သက်သေလက္ခဏာတော်တစ်ပါးလည်း ဖြစ်ပါစေ။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည်သာလျှင် အကောင်းဆုံးသော ပေးသနားတော်မူသောအရှင် ဖြစ်တော်မူပါသည်” ဟုလျှောက်ထားပန်ကြားလေသည်။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
112အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 112

စူရာ အလ်-မာအိဒ အာယာသ် 112 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို- နဗီတမန်တော်မုဟမ္မဒ် အသင်သည် ပြန်လည်သတိရစေပါလေ။) အခါတစ်ပါး၌ ‘ဟဝါရီ’ တို့က “အို-‘မရ်ယမ်’ (သခင်မ) ၏သား…

စူရာ အာယာသ် 112/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 110–114. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers