အလ်-မာအိဒ · 111/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
وَإِذْ أَوْحَيْتُ إِلَى الْحَوَارِيِّينَ أَنْ آمِنُوا بِي وَبِرَسُولِي قَالُوا آمَنَّا وَاشْهَدْ بِأَنَّنَا مُسْلِمُونَ ۝١١١
Wa iz awhaitu ilal hawaariyyeena an aaminoo bee wa bi Rasoolee qaalooo aamannaa washhad bi annanaa muslimoon
📖 မြန်မာဘာသာ
၎င်းပြင် (အို- နဗီတမန်တော်အီစာ) အသင်သည် (ပြန်လည်အောက်မေ့ သတိရပါလေ) အကြင်အခါဝယ် ငါအရှင်မြတ်သည်‘ဟဝါရီ’ တို့ထံ အသင်တို့သည် ငါအရှင်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ်၏ တမန်တော် (အီစာ) အားလည်းကောင်း၊ သက်ဝင်ယုံကြည်လေကုန်ဟု အမိန့်တော် ထုတ်ပြန်ချမှတ်တော်မူခဲ့လေရာ ထို (ဟဝါရီ) တို့က “ကျွန်တော်မျိုးတို့သည် ယုံကြည်ကြပါပြီ။ ကျွန်တော်မျိုးတို့သည် အမိန့်ကို လိုက်နာကြသော ‘မွတ်စလင်မ်’ များဖြစ်ကြောင်း အရှင်မြတ်သည် သက်သေဖြစ်တော်မူပါ” ဟူ၍ လျှောက်ထားပန်ကြားခဲ့ကြသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • အလ်-ဟဝါရီယီန်း (الحواريون):တမန်တော် အီစာ (အလိုင်ဟိစ်စလာမ်) ၏ အထူးရွေးချယ်ထားသော တပည့်တော်များ၊ နောက်လိုက်များ ဖြစ်ကြသည်။
  • အူဟီယာ (أوحيت):ဤနေရာတွင် "ဟင်းဒါယသ်" (လမ်းညွှန်မှု) နှင့် "အီလ်ဟာမ်" (စိတ်ထဲသို့ ထည့်သွင်းပေးခြင်း) ကို ဆိုလိုသည်။ ဝဟီ (တမန်တော်များထံ ပေးသော ဗျာဒိတ်) မဟုတ်ပါ။
  • မွတ်စ်လင်မ်များ (مسلمون):အလ္လာဟ်အရှင်မြတ်ကို ကိုယ်စိတ်နှစ်ဖြာ လက်အောက်ခံသူများ၊ အမိန့်တော်များကို နာခံသူများ ဟု ဆိုလိုသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

(အို တမန်တော်မုဟမ္မဒ်) အသင်သည် တမန်တော် အီစာ၏ အထူးတပည့်တော်များ (ဟဝါရီယီန်းများ) ထံသို့ ငါအရှင်မြတ်က "ငါ့ကိုလည်းကောင်း၊ ငါ၏ တမန်တော် (အီစာ) ကိုလည်းကောင်း ယုံကြည်ကြလော့" ဟု စိတ်ထဲသို့ ထည့်သွင်း လမ်းညွှန်ပေးခဲ့သည့် အချိန်ကို ပြန်လည် သတိရပါလေ။ ထိုအခါ သူတို့က "ကျွန်ုပ်တို့ ယုံကြည်ပါပြီ" ဟု ဆိုကြပြီး "ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို လက်အောက်ခံသူများ (မွတ်စ်လင်မ်များ) ဖြစ်ကြောင်း သက်သေခံတော်မူပါ" ဟု လျှောက်ထားကြသည်။

ဤအာယသ်တော်သည် တမန်တော် အီစာ (အလိုင်ဟိစ်စလာမ်) အပေါ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို ဖော်ပြထားခြင်း ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သူ့အား ကူညီသူများ၊ နောက်လိုက်များ ဖြစ်သည့် ဟဝါရီယီန်းများကို ပေးသနားတော်မူခဲ့သည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မှုကို လက်ခံပြီး အီမာန် (ယုံကြည်မှု) ကို စိတ်နှလုံးအတွင်း၌ ခိုင်မာစွာ ထားရှိကြသည်။ သူတို့၏ ယုံကြည်မှုသည် စကားလုံးအားဖြင့်သာမက လက်တွေ့ လိုက်နာမှုအားဖြင့်ပါ ပြည့်စုံသည်။ သူတို့သည် အီမာန် (အတွင်းယုံကြည်မှု) နှင့် အစ္စလာမ် (အပြင်လက်အောက်ခံမှု) နှစ်ခုလုံးကို ပေါင်းစပ်ပြသခဲ့ကြသည်။ ဤသည်မှာ အီမာန်နှင့် အစ္စလာမ်၏ စံပြပုံရိပ် ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်များကို ကူညီသူများ၊ နောက်လိုက်များ ပေးသန


📜 အာယာသ် 109-113 — စူရာ အလ်-မာအိဒ

109۞ يَوْمَ يَجْمَعُ اللَّهُ الرُّسُلَ فَيَقُولُ مَاذَا أُجِبْتُمْ ۖ قَالُوا لَا عِلْمَ لَنَا ۖ إِنَّكَ أَنتَ عَلَّامُ الْغُيُوبِ
(အသင်တို့သည် အကြင်နေ့ကို သတိရကြလေကုန်။ ကြောက်ရွံ့ကြလေကုန်။) ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်များအား စုရုံးစေတော်မူပြီး (ထိုရစူလ်တမန်တော်များကို) “အသင် တို့သည် (မိမိတို့၏ နောက်လိုက်များထံမှ) မည်သို့ သောပြန်ကြားခြင်းကို ရရှိခဲ့ကြပါသနည်း” ဟု မေးမြန်းတော်မူအံ့။ (ထိုအခါ ထိုရစူလ်တမန်တော် များက) “ကျွန်တော်မျိုးတို့တွင် အလျင်းမသိကြပါ။ ဧကန်စင်စစ် အရှင်မြတ်သည်သာလျှင် အကွယ်၌ရှိသောအရာများကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပါသည်။” ဟု လျှောက်ထားခဲ့ကြကုန်အံ့။
110إِذْ قَالَ اللَّهُ يَا عِيسَى ابْنَ مَرْيَمَ اذْكُرْ نِعْمَتِي عَلَيْكَ وَعَلَىٰ وَالِدَتِكَ إِذْ أَيَّدتُّكَ بِرُوحِ الْقُدُسِ تُكَلِّمُ النَّاسَ فِي الْمَهْدِ وَكَهْلًا ۖ وَإِذْ عَلَّمْتُكَ الْكِتَابَ وَالْحِكْمَةَ وَالتَّوْرَاةَ وَالْإِنجِيلَ ۖ وَإِذْ تَخْلُقُ مِنَ الطِّينِ كَهَيْئَةِ الطَّيْرِ بِإِذْنِي فَتَنفُخُ فِيهَا فَتَكُونُ طَيْرًا بِإِذْنِي ۖ وَتُبْرِئُ الْأَكْمَهَ وَالْأَبْرَصَ بِإِذْنِي ۖ وَإِذْ تُخْرِجُ الْمَوْتَىٰ بِإِذْنِي ۖ وَإِذْ كَفَفْتُ بَنِي إِسْرَائِيلَ عَنكَ إِذْ جِئْتَهُم بِالْبَيِّنَاتِ فَقَالَ الَّذِينَ كَفَرُوا مِنْهُمْ إِنْ هَٰذَا إِلَّا سِحْرٌ مُّبِينٌ
(၎င်းနောက် ထိုနေ့မှာပင်) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ်သည် (တမန်တော်အီစာသခင်အား ဤသို့) မိန့်ကြားတော်မူအံ့။ အို- မရ်ယမ်၏သား အီစာ အသင်သည် မိမိအပေါ်၌လည်းကောင်း၊ မိမိ၏ မိခင်အပေါ်၌လည်းကောင်း၊ ငါအရှင်မြတ်ပြုတော်မူခဲ့သော ကျေးဇူးတော်များကို ပြန်လည်အောက်မေ့ သတိရပါ လေ။ အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား ‘ရူဟုလ်ကုဒွတ်စ်’ ဖြင့် ကူညီထောက်မတော်မူခဲ့၏။ (၎င်းပြင်) အသင်သည် ပုခက်တွင်း၌ (အမိရင်ခွင်၌) လည်းကောင်း၊ အသက်အရွယ် ကြီးပြင်းလာသည့်အခါ၌လည်းကောင်း၊ လူတို့နှင့် (တစ်မျိုးတစ်စားတည်း) စကားပြောဆိုခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား ကောင်းကင်ကျကျမ်းဂန်များကိုလည်းကောင်း၊ ‘ဟစ်က်မတ်’ အသိဉာဏ် အထူးအမြင်ကိုလည်းကောင်း၊ ‘တောင်ရာတ်’နှင့် ‘အိန်ဂျီလ်’ ကျမ်းဂန်များကိုလည်းကောင်း သင်ကြားပို့ချတော်မူခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် မြေဖြင့် အသင်သည် ငှက်၏သဏ္ဍာန်ကဲ့သို့ပြုလုပ်၍ ထိုအရာတွင်မှုတ်၏။ ထိုအခါ ထိုအရာသည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် (အသက်ရှင်သော ပြကတေ့) ငှက်သတ္တဝါ ဖြစ်သွားလေ၏။ ၎င်းပြင် အသင်သည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် (အမိဝမ်းတွင်းမှ) မျက်စိအလင်း မရရှိသောသူတို့ကိုလည်းကောင်း၊ ခရုသင်း စသောကုဌနူနာစ�ဲကပ်လျက်ရှိသော သူတို့ကိုလည်းကောင်း ပျောက်ကင်းစေ၏။ ၎င်းပြင် အကြင်အခါဝယ် အသင်သည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် သူသေများကို (ရှင်စေပြီး သင်းချိုင်းတွင်းမှ) ထွက်စေခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့ကို အသင့် (အား ဖမ်းဆီးကွပ်မျက်ခြင်း) မှ တားဆီးတော်မူခဲ့၏၊ အကြင်အခါဝယ် အသင်သည် ၎င်းတို့ထံသို့ ထင်ရှားလှစွာသော သက်သေလက္ခဏာ (တန်ခိုးပြာဋိဟာ) များကို ယူဆောင်သွားခဲ့၏။ ပြီးနောက် ၎င်းတို့အနက်မှ မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့သူတို့က “ဤကား ထင်ရှားသော စုန်းပရောဂအတတ်မျှဖြစ်သည်” ဟု ပြောဆိုခဲ့ကြ၏။
111وَإِذْ أَوْحَيْتُ إِلَى الْحَوَارِيِّينَ أَنْ آمِنُوا بِي وَبِرَسُولِي قَالُوا آمَنَّا وَاشْهَدْ بِأَنَّنَا مُسْلِمُونَ
၎င်းပြင် (အို- နဗီတမန်တော်အီစာ) အသင်သည် (ပြန်လည်အောက်မေ့ သတိရပါလေ) အကြင်အခါဝယ် ငါအရှင်မြတ်သည်‘ဟဝါရီ’ တို့ထံ အသင်တို့သည် ငါအရှင်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ်၏ တမန်တော် (အီစာ) အားလည်းကောင်း၊ သက်ဝင်ယုံကြည်လေကုန်ဟု အမိန့်တော် ထုတ်ပြန်ချမှတ်တော်မူခဲ့လေရာ ထို (ဟဝါရီ) တို့က “ကျွန်တော်မျိုးတို့သည် ယုံကြည်ကြပါပြီ။ ကျွန်တော်မျိုးတို့သည် အမိန့်ကို လိုက်နာကြသော ‘မွတ်စလင်မ်’ များဖြစ်ကြောင်း အရှင်မြတ်သည် သက်သေဖြစ်တော်မူပါ” ဟူ၍ လျှောက်ထားပန်ကြားခဲ့ကြသည်။
112إِذْ قَالَ الْحَوَارِيُّونَ يَا عِيسَى ابْنَ مَرْيَمَ هَلْ يَسْتَطِيعُ رَبُّكَ أَن يُنَزِّلَ عَلَيْنَا مَائِدَةً مِّنَ السَّمَاءِ ۖ قَالَ اتَّقُوا اللَّهَ إِن كُنتُم مُّؤْمِنِينَ
(အို- နဗီတမန်တော်မုဟမ္မဒ် အသင်သည် ပြန်လည်သတိရစေပါလေ။) အခါတစ်ပါး၌ ‘ဟဝါရီ’ တို့က “အို-‘မရ်ယမ်’ (သခင်မ) ၏သား (နဗီတမန်တော်) ဟဇရသ် ‘အီစာ’အသင့်အား ဖန်ဆင်းမွေးမြူသောမူသော အရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်ဝယ် ကောင်းကင်မှ စားဖွယ်သောက်ဖွယ်နှင့် (ပြည့်စုံသော စားပွဲတစ်ခု) ကို ချပေးသနားတော်မူနိုင်စွမ်း ရှိပါသလော” ဟု ပြောဆိုကြလေသည်။ ထိုအခါ နဗီတမန်တော် အီစာက “(ဟယ်- အချင်းတို့) အသင်တို့သည် အကယ်စင်စစ် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူများ ဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်” ဟု ပြောကြားတော်မူခဲ့ပေသည်။
113قَالُوا نُرِيدُ أَن نَّأْكُلَ مِنْهَا وَتَطْمَئِنَّ قُلُوبُنَا وَنَعْلَمَ أَن قَدْ صَدَقْتَنَا وَنَكُونَ عَلَيْهَا مِنَ الشَّاهِدِينَ
ထို (ဟဝါရီ) များက “ကျွန်တော်မျိုးတို့သည် ထို (စားပွဲတွင်ပါရှိလေသော) စားဖွယ်ကို (‘ဗရ်ကသ်’ မင်္ဂလာရှိစေခြင်းအားဖြင့်) စားသုံးခြင်းငှာလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ စိတ်နှလုံးများ နှစ်သိမ့်ကျေနပ်ခြင်းငှာလည်းကောင်း၊ အသင် (တမန်တော်အီစာ) သည် ကျွန်တော်မျိုးတို့အား (မိမိ နဗီတမန်တော်ဖြစ်ကြောင်း) မှန်ကန်စွာပြောဆိုခဲ့သည်ကို (ကိုယ်တွေ့မျက်မြင်) ကောင်းမွန်စွာ ယုံကြည်ခြင်း ငှာလည်းကောင်း၊ ထို (တန်ခိုးပြာဋိဟာ) နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးတို့သည် အသိသက်သေဖြစ်ခြင်းငှာလည်းကောင်း ရည်စူးကြပါသည်” ဟု ပြန်ကြားကြကုန်၏။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
111အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 111

စူရာ အလ်-မာအိဒ အာယာသ် 111 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (အို- နဗီတမန်တော်အီစာ) အသင်သည် (ပြန်လည်အောက်မေ့ သတိရပါလေ) အကြင်အခါဝယ် ငါအရှင်မြတ်သည်‘ဟဝါရီ’ တို့ထံ အသင်တို့သည်…

စူရာ အာယာသ် 111/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 109–113. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers