۞ لَتَجِدَنَّ أَشَدَّ النَّاسِ عَدَاوَةً لِّلَّذِينَ آمَنُوا الْيَهُودَ وَالَّذِينَ أَشْرَكُوا ۖ وَلَتَجِدَنَّ أَقْرَبَهُم مَّوَدَّةً لِّلَّذِينَ آمَنُوا الَّذِينَ قَالُوا إِنَّا نَصَارَىٰ ۚ ذَٰلِكَ بِأَنَّ مِنْهُمْ قِسِّيسِينَ وَرُهْبَانًا وَأَنَّهُمْ لَا يَسْتَكْبِرُونَ ٨٢
🔤 Transliteration
Latajidanna ashad dan naasi `adaawatal lillazeena aamanul Yahooda wallazeena ashrakoo wa latajidanna aqrabahum mawaddatal lil lazeena aamanul lazeena qaalooo innaa Nasaaraa; zaalika bi anna mminhum qiseeseena wa ruhbaananw wa annahum laa yastakbiroon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အို- နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သောသူတို့ကို ရန်ငြိုးထားရာ၌ လူသားများအနက် ယဟူဒီတို့နှင့် မုရှ်ရစ်က်တို့ကို အပြင်းအထန်ဆုံးသောသူများအဖြစ် တွေ့ရှိရလတ္တံ့။ ၎င်းပြင် အသင်သည် ‘မုအ်မင်န်’သင်ဝင်ယုံကြည်သောသူတို့ကို မိတ်ဖွဲ့ရာ၌ ထိုလူသားများအနက် အနီးစပ်ဆုံးသောသူများအဖြစ် (မိမိတို့ကိုယ်ကို) “ကျွန်ုပ်တို့သည် ‘နဆွာရာ’ များဖြစ်ကြသည်” ဟု ပြောဆိုကြကုန်သောသူတို့အား တွေ့ရှိရပေအံ့။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့တွင်ပညာရှင်များနှင့် ဘုန်းကြီးရဟန်းများ ရှိနေကြသောကြောင့်လည်းကောင်း၊ ထိုသူတို့သည် မာန်မာနထောင်လွှားခြင်းလည်း မရှိကြသောကြောင့်လည်ကောင်း ဖြစ်ချေသည်။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ: လَتَجِدَنَّ (လတဂျိဒန်န): အသင်သည် အမှန်ပင် တွေ့ရှိရမည်။ عَدَاوَةً (အဒါဝသ်): ရန်လိုမုန်းတီးမှု။ مَوَدَّةً (မဝဒ္ဒသ်): ချစ်ခင်ရင်းနှီးမှု၊ မေတ္တာ။ الَّذِينَ أَشْرَكُوا (အလ္လဇီန အာရှရကူ): အလ္လာဟ်အရှင်မြတ်နှင့် အခြားအရာများကို တွဲဖက်ကိုးကွယ်သူများ (မုရှ်ရိကူန်များ)။ قِسِّيسِينَ (ကိစ္စီစီန): ခရစ်ယာန်ဘာသာ၏ ပညာရှင်များ၊ ဘာသာရေးခေါင်းဆောင်များ။ رُهْبَانًا (ရုဟ်ဗာနန်): ဘာသာရေးကို စွန့်လွှတ်အားထုတ်သူများ၊ ဘုန်းတော်ကြီးများ။ لَا يَسْتَكْبِرُونَ (လာ ယစ်သက်ဗိရူန): သူတို့သည် မာန်မာနမထားကြပါ။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: အို တမန်တော်မြတ်၊ အသင်သည် အီမာန်ယုံကြည်သူများအပေါ် ရန်လိုမုန်းတီးမှု အပြင်းထန်ဆုံးသူများကို ရှာဖွေကြည့်လျှင် ဂျူးများနှင့် အလ္လာဟ်အရှင်မြတ်နှင့် အခြားအရာများကို တွဲဖက်ကိုးကွယ်သော မုရှ်ရိကူန်များကို တွေ့ရှိရမည်။ အကြောင်းမှာ သူတို့သည် အမှန်တရားကို ငြင်းပယ်ခြင်း၊ မနာလိုဝန်တိုခြင်းနှင့် မာန်မာနထောင်လွှားခြင်းတို့ဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။
ထို့အပြင် အသင်သည် အီမာန်ယုံကြည်သူများအပေါ် ချစ်ခင်ရင်းနှီးမှု အနီးစပ်ဆုံးသူများကို ရှာဖွေကြည့်လျှင် "ကျွန်ုပ်တို့သည် နတ်စွာရာ (ခရစ်ယာန်) များဖြစ်ကြသည်" ဟု ပြောဆိုသူများကို တွေ့ရှိရမည်။ အကြောင်းမှာ သူတို့ထဲတွင် ဘာသာရေးပညာရှင်များနှင့် ဘာသာရေးကို စွန့်လွှတ်အားထုတ်သူများ ရှိသောကြောင့်လည်းကောင်း၊ သူတို့သည် အမှန်တရားကို လက်ခံရာတွင် မာန်မာနမထားဘဲ နှိမ့်ချသောကြောင့်လည်းကောင်း ဖြစ်သည်။
ဤအာယသ်တော်တွင် ဖော်ပြထားသော ခရစ်ယာန်များသည် အားလုံးကို မဆိုလိုပါ။ နတ်ဂျာရှီဘုရင်နှင့် သူ၏အပေါင်းအပါများကဲ့သို့ အစ္စလာမ်ကို လက်ခံသူများကို ဆိုလိုခြင်းဖြစ်သည်။ သူတို့သည် လောကီစည်းစိမ်ကို မတပ်မက်ဘဲ နှိမ့်ချသောစိတ်ထားရှိကြသောကြောင့် အီမာန်ယုံကြည်သူများနှင့် နီးစပ်လာခြင်းဖြစ်သည်။
ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာကို ချစ်မြတ်နိုးလာစေမည့် သင်ခန်းစာများ:
۞ لَتَجِدَنَّ أَشَدَّ ٱلنَّاسِ عَدَٰوَةً لِّلَّذِينَ ءَامَنُواْ ٱلۡيَهُودَ وَٱلَّذِينَ أَشۡرَكُواْۖ وَلَتَجِدَنَّ أَقۡرَبَهُم مَّوَدَّةً لِّلَّذِينَ ءَامَنُواْ ٱلَّذِينَ قَالُوٓاْ إِنَّا نَصَٰرَىٰۚ ذَٰلِكَ بِأَنَّ مِنۡهُمۡ قِسِّيسِينَ وَرُهۡبَانًا وَأَنَّهُمۡ لَا يَسۡتَكۡبِرُونَ ٨٢
(အို- နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သောသူတို့ကို ရန်ငြိုးထားရာ၌ လူသားများအနက် ယဟူဒီတို့နှင့် မုရှ်ရစ်က်တို့ကို အပြင်းအထန်ဆုံးသောသူများအဖြစ် တွေ့ရှိရလတ္တံ့။ ၎င်းပြင် အသင်သည် ‘မုအ်မင်န်’သင်ဝင်ယုံကြည်သောသူတို့ကို မိတ်ဖွဲ့ရာ၌ ထိုလူသားများအနက် အနီးစပ်ဆုံးသောသူများအဖြစ် (မိမိတို့ကိုယ်ကို) “ကျွန်ုပ်တို့သည် ‘နဆွာရာ’ များဖြစ်ကြသည်” ဟု ပြောဆိုကြကုန်သောသူတို့အား တွေ့ရှိရပေအံ့။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့တွင်ပညာရှင်များနှင့် ဘုန်းကြီးရဟန်းများ ရှိနေကြသောကြောင့်လည်းကောင်း၊ ထိုသူတို့သည် မာန်မာနထောင်လွှားခြင်းလည်း မရှိကြသောကြောင့်လည်ကောင်း ဖြစ်ချေသည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 80-84 — စူရာ အလ်-မာအိဒ
80 تَرَىٰ كَثِيرًا مِّنْهُمْ يَتَوَلَّوْنَ الَّذِينَ كَفَرُوا ۚ لَبِئْسَ مَا قَدَّمَتْ لَهُمْ أَنفُسُهُمْ أَن سَخِطَ اللَّهُ عَلَيْهِمْ وَفِي الْعَذَابِ هُمْ خَالِدُونَ
(အို- နဗီတမန်တော်) ၎င်းတို့အနက် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား အဆွေခင်ပွန်းများပြုလုပ်ကြသူ အမြောက်အမြားကို သင်သည် တွေ့မြင်ရပေအံ့။ အမှန်စင်စစ် ၎င်းတို့က မိမိတို့ကိုယ်တိုင် မိမိတို့အဖို့ တင်ကြို၍ပို့ထားနှင့်ကြကုန်သော အပြုအမူတို့သည် ယုတ်ညံ့သိမ်ဖျင်းလှပေသည်။ (ထို့အတွက်ကြောင့်ပင်) အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် အမျက်တော် ထားတော်မူခဲ့လေသည်။ ထို့ပြင် ၎င်းတို့သည် ထာဝစဉ် အပြစ်ဒဏ်၌ နေထို�်ကြရမည်။
81 وَلَوْ كَانُوا يُؤْمِنُونَ بِاللَّهِ وَالنَّبِيِّ وَمَا أُنزِلَ إِلَيْهِ مَا اتَّخَذُوهُمْ أَوْلِيَاءَ وَلَٰكِنَّ كَثِيرًا مِّنْهُمْ فَاسِقُونَ
အကယ်၍ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နဗီတမန်တော်မြတ်ကိုလည်းကောင်း၊ ထိုနဗီတမန်တော်မြတ်ထံသို့ ကျရောက်လာသည့် (ကျမ်းတော်မြတ်ကုရ်အာန်) ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်ကြပါလျှင် ထို (ကာဖိရ် သွေဖည်ငြင်းပယ်သော) သူတို့အား အဆွေခင်ပွန်းများ ပြုလုပ်ကြမည်မဟုတ်ပေ။ သို့ရာတွင် ယင်းသူတို့အနက် များစွာသောသူတို့မှာကား (အမိန့်တော်ကို ဖီဆန်သောသူများပင် ဖြစ်ကြကုန်သတည်း။) (အီမာန်၏အပြင်ဘက်သို့ ရောက်ရှိနေသူများပင်ဖြစ်ကြ၏။)
82 ۞ لَتَجِدَنَّ أَشَدَّ النَّاسِ عَدَاوَةً لِّلَّذِينَ آمَنُوا الْيَهُودَ وَالَّذِينَ أَشْرَكُوا ۖ وَلَتَجِدَنَّ أَقْرَبَهُم مَّوَدَّةً لِّلَّذِينَ آمَنُوا الَّذِينَ قَالُوا إِنَّا نَصَارَىٰ ۚ ذَٰلِكَ بِأَنَّ مِنْهُمْ قِسِّيسِينَ وَرُهْبَانًا وَأَنَّهُمْ لَا يَسْتَكْبِرُونَ
(အို- နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သောသူတို့ကို ရန်ငြိုးထားရာ၌ လူသားများအနက် ယဟူဒီတို့နှင့် မုရှ်ရစ်က်တို့ကို အပြင်းအထန်ဆုံးသောသူများအဖြစ် တွေ့ရှိရလတ္တံ့။ ၎င်းပြင် အသင်သည် ‘မုအ်မင်န်’သင်ဝင်ယုံကြည်သောသူတို့ကို မိတ်ဖွဲ့ရာ၌ ထိုလူသားများအနက် အနီးစပ်ဆုံးသောသူများအဖြစ် (မိမိတို့ကိုယ်ကို) “ကျွန်ုပ်တို့သည် ‘နဆွာရာ’ များဖြစ်ကြသည်” ဟု ပြောဆိုကြကုန်သောသူတို့အား တွေ့ရှိရပေအံ့။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့တွင်ပညာရှင်များနှင့် ဘုန်းကြီးရဟန်းများ ရှိနေကြသောကြောင့်လည်းကောင်း၊ ထိုသူတို့သည် မာန်မာနထောင်လွှားခြင်းလည်း မရှိကြသောကြောင့်လည်ကောင်း ဖြစ်ချေသည်။
83 وَإِذَا سَمِعُوا مَا أُنزِلَ إِلَى الرَّسُولِ تَرَىٰ أَعْيُنَهُمْ تَفِيضُ مِنَ الدَّمْعِ مِمَّا عَرَفُوا مِنَ الْحَقِّ ۖ يَقُولُونَ رَبَّنَا آمَنَّا فَاكْتُبْنَا مَعَ الشَّاهِدِينَ
၎င်းပြင် ယင်းသူတို့သည် ရစူလ်တမန်တော် (မုဟမ္မဒ်) ၏ထံသို့ ကျရောက်လာသော မုက္ခပါဌ်တော်များကို ကြားနာကြရသောအခါ (ထိုမုက္ခပါဌ်တော်များအားဖြင့်) အမှန်ကို သိမြင်လာကြသောကြောင့်၊ ၎င်းတို့၏မျက်စိများမှ မျက်ရည်များယိုစီးလျက်ရှိသည်ကို အသင်တွေ့မြင်ရလတ္တံ့။ (၎င်းပြင်) ယင်းသူတို့က “အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင် ကျွန်တော်မျိုးတို့သည် ယုံကြည်ပါပြီ၊ သို့ဖြစ်ပေရာ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်း ယုံကြည်ထောက်ခံ သက်သေထွက်ဆိုသောသူတို့နှင့်အတူ အသိအမှတ်ပြုတော်မူပါ” ဟု လျှောက်ထားပန်ကြားကြကုန်သတည်း။
84 وَمَا لَنَا لَا نُؤْمِنُ بِاللَّهِ وَمَا جَاءَنَا مِنَ الْحَقِّ وَنَطْمَعُ أَن يُدْخِلَنَا رَبُّنَا مَعَ الْقَوْمِ الصَّالِحِينَ
ထို့ပြင်တဝ ယင်းသူတို့က ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်မြတ်က (ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သော) သူတော်စင်သူတော်ကောင်းတို့အတွင်း၌ ပါဝင်စေတော်မူမည်ဟု မျှော်လင့်ချက်ထားရှိကြသည်ဖြစ်ရာ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ (ယခု) ကျွန်ုပ်တို့ထံဝယ် ရောက်ရှိလာသော အမှန်တရားကိုလည်းကောင်း၊ မယုံကြည်ကြရန် မည်သည့်အကြောင်းမျှမရှိတော့ပြီ (ဟူ၍လည်း ပြောဆိုကြကုန်သတည်း။) (တစ်အားဖြင့်နည်း) ၎င်းပြင် (ထိုသူတို့က) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်ကောင်း၊ ကျွန်ုပ်တို့ထံရောက်ရှိလာသော အမှန်တရားကိုလည်းကောင်း မယုံကြည်ကြရန် အကြောင်းမရှိပါ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်က သူတော်စင်တို့တွင် အပါအဝင်ဖြစ်စေတော်မူမည်ကို မျှော်လင့်လျက်ရှိကြပါသည် (ဟုပြောဆိုကြ၏။)‘”
ဘာသာပြန် — အလ်-မာအိဒ 82 စူရာ အလ်-မာအိဒ အာယာသ် 82 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို- နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သောသူတို့ကို ရန်ငြိုးထားရာ၌ လူသားများအနက် ယဟူဒီတို့နှင့် မုရှ်ရစ်က်တို့ကို အပြင်းအထန်ဆုံးသောသူများအဖြစ် တွေ့ရှိရလတ္တံ့။…
စူရာ အာယာသ် 82/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 80–84. မြန်မာဘာသာ: ภาษาไทย.