အလ်-အန်အာမ် · 148/165
ဘာသာပြန် အသံနိုင်ငံ — အလ်-အန်အာမ်
سَيَقُولُ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا أَشْرَكْنَا وَلَا آبَاؤُنَا وَلَا حَرَّمْنَا مِن شَيْءٍ ۚ كَذَٰلِكَ كَذَّبَ الَّذِينَ مِن قَبْلِهِمْ حَتَّىٰ ذَاقُوا بَأْسَنَا ۗ قُلْ هَلْ عِندَكُم مِّنْ عِلْمٍ فَتُخْرِجُوهُ لَنَا ۖ إِن تَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ أَنتُمْ إِلَّا تَخْرُصُونَ ١٤٨
Transliteration
Sayaqoolul lazeena ashrakoo law shaaa`al laahu maaa ashraknaa wa laaa aabaa`unaa wa laa harramnaa min shai`; kazaalika kazzabal lazeena min qablihim hattaa zaaqoo baasanaa; qul hal `indakum min `ilmin fatukh rijoohu lanaa in tattabi`oona illaz zanna wa in antum illaa takhhrusoon
ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အခြားအရာများကို အလ္လာဟ်အရှင်မြတ် နှ�့်တွဲဖက်ကိုးကွယ်သော သူတို့သည် မကြာမြင့်မီ ပြောဆိုကြမည်မှာအကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ဘင်တို့ သည်လည်းကောင်း၊ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်နိုင်ကြမည်လည်း မဟုတ်ပါ။ တစ်စုံတစ်ရာကို ဟရာမ်ဟူ၍ တားမြစ်နိုင်ကြမည်လည်း မဟုတ်ပါဟုပြောဆိုကြကုန်အံ့။ (ယင်းကဲ့သို့ ငြင်းပယ်ခြင်းသည် အထူးအဆန်းမဟုတ်ပေ။ (အကြောင်းမူကား) ၎င်းတို့အလျင် ရှိခဲ့ဘူးကြသော သူတို့သည်လည်း (အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်များအား ဤနည်းအတိုင်းပင်၊ မဟုတ်မမှန်ပြောဆိုသူများဟူ၍ စွပ်စွဲခဲ့ကြကုန်၏။ နောက်ဆုံးတွင် ယင်းသူတို့သည် ငါအရှင် မြတ်၏ပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရလေသည်။ (အိုနဗီတမန်တော်)အသင်သည် (ထိုသူတို့အား အချင်းတို့)အသင်တို့ထံ တစ်စုံတစ်ရာ သက်သေသာဓက ရှိပါသလော။ရှိခဲ့ပါလျှင် ငါတို့၏ရှေ့၌ ထုတ်ဖေါ်တင်ပြကြလေကုန်။ အသင်တို့သည် (သက်သေသာဓက အလျင်းမရှိဘဲ မိမိတို့၏) ထင်မြင်ယူဆချက်ကိုသာ လိုက်နာကျင့်သုံးကြပေသည်။ ထို့ပြင် အသင်တို့သည် ရမ်းဆပြောဆိုသူများသာ ဖြစ်ကြပေသည်ဟုပြောကြားပါလေ။
Additional reference in ภาษาไทย
🎧 နားထောင်
📜 အာယာသ် 146-150 — အလ်-အန်အာမ်
146وَعَلَى الَّذِينَ هَادُوا حَرَّمْنَا كُلَّ ذِي ظُفُرٍ ۖ وَمِنَ الْبَقَرِ وَالْغَنَمِ حَرَّمْنَا عَلَيْهِمْ شُحُومَهُمَا إِلَّا مَا حَمَلَتْ ظُهُورُهُمَا أَوِ الْحَوَايَا أَوْ مَا اخْتَلَطَ بِعَظْمٍ ۚ ذَٰلِكَ جَزَيْنَاهُم بِبَغْيِهِمْ ۖ وَإِنَّا لَصَادِقُونَ
စင်စစ်တမူကား ငါအရှင်မြတ်သည် ယဟူဒီဖြစ်ကုန်သောသူတို့အပေါ်၌ ခြေသည်းလက်သည်း ရှိသောတိရစ္ဆာန် အသီးသီးကိုလည်းကောင်း၊ နွား၊ ဆိတ်တို့အထဲမှထိုနွားနှင့်ဆိတ်တို့၏ ကျောက်ကုန်းနှင့် ကပ်နေသောအဆီ၊ သို့မဟုတ် အူများနှင့်ကပ်နေသောအဆီ၊ သို့မဟုတ် အရိုးနှင့်ကပ်နေသောအဆီများမှတပါး ထိုနွားနှင့်ဆိတ်တို့၏ အထဲမှအခြားအဆီများကိုလည်းကောင်း၊ ဟရာမ် ဟူ၍ တားမြစ်တော်မူခဲ့လေသည်။ ဤ(သို့တားမြစ်ခြင်း)ကား၊ ၎င်းတို့အားအရှင်မြတ်သည်၊ ၎င်းတို့၏ပုန်ကန်မှုကြောင့် ပြစ်ဒဏ်ပေးတော်မူခြင်းပင် ဖြစ်ချေသည်။ အမှန် စင်စစ်သော်ကားငါအရှင်မြတ်သည် မုချဧကန် မှန်ကန်စွာ မိန့်ကြားတော်မူသောအရှင်သာလျှင် ဖြစ်တော်မူသည်။
147فَإِن كَذَّبُوكَ فَقُل رَّبُّكُمْ ذُو رَحْمَةٍ وَاسِعَةٍ وَلَا يُرَدُّ بَأْسُهُ عَنِ الْقَوْمِ الْمُجْرِمِينَ
ထို့နောက်သော်မှပင် (အို-နဗီတမန်တော်)အကယ်၍ ၎င်းတို့သည် အသင့်အား မုသားပြောဆိုသည်ဟူ၍စွပ်စွဲကြပါလျှင်၊ အသင်သည်(၎င်းတို့ကိုဤသို့) ဖြေကြားပါလေ။အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်အလွန်ကြီးကျယ်သော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသည်။ သို့ရာတွင် ထိုအရှင်မြတ်၏ပြစ်ဒဏ်သည်လည်း အပြစ်ရှိသောသူတို့အပေါ်မှ ဆုတ်ခွာ၍ (ရွေ့လျော) သွားလိမ့်မည်မဟုတ်ပေ။
148سَيَقُولُ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا أَشْرَكْنَا وَلَا آبَاؤُنَا وَلَا حَرَّمْنَا مِن شَيْءٍ ۚ كَذَٰلِكَ كَذَّبَ الَّذِينَ مِن قَبْلِهِمْ حَتَّىٰ ذَاقُوا بَأْسَنَا ۗ قُلْ هَلْ عِندَكُم مِّنْ عِلْمٍ فَتُخْرِجُوهُ لَنَا ۖ إِن تَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ أَنتُمْ إِلَّا تَخْرُصُونَ
အခြားအရာများကို အလ္လာဟ်အရှင်မြတ် နှ�့်တွဲဖက်ကိုးကွယ်သော သူတို့သည် မကြာမြင့်မီ ပြောဆိုကြမည်မှာအကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ဘင်တို့ သည်လည်းကောင်း၊ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်နိုင်ကြမည်လည်း မဟုတ်ပါ။ တစ်စုံတစ်ရာကို ဟရာမ်ဟူ၍ တားမြစ်နိုင်ကြမည်လည်း မဟုတ်ပါဟုပြောဆိုကြကုန်အံ့။ (ယင်းကဲ့သို့ ငြင်းပယ်ခြင်းသည် အထူးအဆန်းမဟုတ်ပေ။ (အကြောင်းမူကား) ၎င်းတို့အလျင် ရှိခဲ့ဘူးကြသော သူတို့သည်လည်း (အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်များအား ဤနည်းအတိုင်းပင်၊ မဟုတ်မမှန်ပြောဆိုသူများဟူ၍ စွပ်စွဲခဲ့ကြကုန်၏။ နောက်ဆုံးတွင် ယင်းသူတို့သည် ငါအရှင် မြတ်၏ပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရလေသည်။ (အိုနဗီတမန်တော်)အသင်သည် (ထိုသူတို့အား အချင်းတို့)အသင်တို့ထံ တစ်စုံတစ်ရာ သက်သေသာဓက ရှိပါသလော။ရှိခဲ့ပါလျှင် ငါတို့၏ရှေ့၌ ထုတ်ဖေါ်တင်ပြကြလေကုန်။ အသင်တို့သည် (သက်သေသာဓက အလျင်းမရှိဘဲ မိမိတို့၏) ထင်မြင်ယူဆချက်ကိုသာ လိုက်နာကျင့်သုံးကြပေသည်။ ထို့ပြင် အသင်တို့သည် ရမ်းဆပြောဆိုသူများသာ ဖြစ်ကြပေသည်ဟုပြောကြားပါလေ။
149قُلْ فَلِلَّهِ الْحُجَّةُ الْبَالِغَةُ ۖ فَلَوْ شَاءَ لَهَدَاكُمْ أَجْمَعِينَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (ဟယ်-အချင်းတို့) အလ္လာဟ်အရှင်မြတ်၏ သက်သေသာဓကသည်သာလျှင် (တိကျ)ပြည့်စုံလုံလောက်သောသာဓကပင်ဖြစ်၏။ သိုြ့ဖစ်ပေရာ အကယ်၍သာထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့ အားလုံးကိုလမ်းမှန်သို့ ဧကန်မုချ ပို့ဆောင်တော် မူခဲ့ပြီးဖြစ်အံ့။
150قُلْ هَلُمَّ شُهَدَاءَكُمُ الَّذِينَ يَشْهَدُونَ أَنَّ اللَّهَ حَرَّمَ هَٰذَا ۖ فَإِن شَهِدُوا فَلَا تَشْهَدْ مَعَهُمْ ۚ وَلَا تَتَّبِعْ أَهْوَاءَ الَّذِينَ كَذَّبُوا بِآيَاتِنَا وَالَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ وَهُم بِرَبِّهِمْ يَعْدِلُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်က ဤအရာ(များ)ကို ‘ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသည်ဟု သက်သေခံကြမည့် အသင်တို့၏သက်သေများကို ခေါ်ယူခဲ့ကြလေကုန်ဟုပြောဆိုပါလေ။ အကယ်၍ ၎င်း(သက်သေ)တို့သည် (မုသား)သက်သေခံကြသည့်တိုင်အောင် အသင်သည် ၎င်းတို့နှင့်အတူသက်သေမခံပါလေနှင့်။ ၎င်းပြင် အသင်သည် အကြင်သူများ၏အလိုဆန္ဒများကို မလိုက်ပါလေနှင့်။ ထိုသူများသည် ငါအရှင်မြတ်၏အမိန့်တော်များကို မဟုတ်မမှန် ဟုပြောဆိုကြသည်။၎င်းပြင် နောင်တမလွန်ဘဝကိုပင် မယုံကြည်ကြသည့်ပြင် မိမိတို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင်နှင့်တန်းတူထား၍(အခြားအရာများကိုလည်း) ကိုးကွယ်ကြသူတို့၏ အလိုဆန္ဒများကိုလည်း မလိုက်ပါလေနှင့်။(ရကူ)
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
148အာယာသ်
ဘာသာပြန် — အလ်-အန်အာမ် 148
စူရာ အလ်-အန်အာမ် အာယာသ် 148 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အခြားအရာများကို အလ္လာဟ်အရှင်မြတ် နှ�့်တွဲဖက်ကိုးကွယ်သော သူတို့သည် မကြာမြင့်မီ ပြောဆိုကြမည်မှာအကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့၏ဘိုး၊…စူရာ အာယာသ် 148/165 — အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အန်အာမ် နားထောင်, အလ်-အန်အာမ် ဘာသာပြန်, အလ်-အန်အာမ် mp3, အလ်-အန်အာမ် pdf. အာယာသ် 146–150. မြန်မာဘာသာ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers








