အလ်-အန်အာမ် · 147/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
فَإِن كَذَّبُوكَ فَقُل رَّبُّكُمْ ذُو رَحْمَةٍ وَاسِعَةٍ وَلَا يُرَدُّ بَأْسُهُ عَنِ الْقَوْمِ الْمُجْرِمِينَ ۝١٤٧
Fa in kazzabooka faqur Rabbukum zoo rahmatinw waasi`atinw waasi`atinw wa laa yuraddu baasuhoo `anil qawmil mujrimeen
📖 မြန်မာဘာသာ
ထို့နောက်သော်မှပင် (အို-နဗီတမန်တော်)အကယ်၍ ၎င်းတို့သည် အသင့်အား မုသားပြောဆိုသည်ဟူ၍စွပ်စွဲကြပါလျှင်၊ အသင်သည်(၎င်းတို့ကိုဤသို့) ဖြေကြားပါလေ။အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်အလွန်ကြီးကျယ်သော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသည်။ သို့ရာတွင် ထိုအရှင်မြတ်၏ပြစ်ဒဏ်သည်လည်း အပြစ်ရှိသောသူတို့အပေါ်မှ ဆုတ်ခွာ၍ (ရွေ့လျော) သွားလိမ့်မည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • كَذَّبُوكَ — သင့်ကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည်။
  • ذُو رَحْمَةٍ وَاسِعَةٍ — ကျယ်ပြန့်လှသော ကရုဏာတော်ကို ပိုင်ဆိုင်တော်မူသောအရှင်။
  • بَأْسُهُ — အရှင်မြတ်၏ ပြင်းထန်သော အပြစ်ဒဏ်တော်။
  • الْمُجْرِمِينَ — ပြစ်မှုကျူးလွန်သူများ၊ အပြစ်ရှိသူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို—တမန်တော်မုဟမ္မဒ်(ဆွ)၊ အကယ်၍ သင်ယူဆောင်လာခဲ့သော သတင်းစကားကို မုရှ်ရိက်များ၊ ယဟူဒီများနှင့် အခြားသူများက မဟုတ်မမှန်ဟု ငြင်းပယ်ကြပါက သူတို့အား ဤသို့ဖြေကြားလိုက်ပါ — သင်တို့၏ အရှင်မြတ်သည် အလွန်ကျယ်ပြန့်လှသော ကရုဏာတော်ကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်တော်မူ၏။ ထိုကရုဏာတော်၏ ကျယ်ပြန့်မှုကြောင့်ပင် သင်တို့အား အပြစ်ဒဏ်ကို ချက်ချင်းမပေးဘဲ အချိန်ပေး၍ ခွင့်လွှတ်တော်မူနေခြင်းဖြစ်၏။ သို့သော် သတိပေးရမည်မှာ အရှင်မြတ်၏ အပြစ်ဒဏ်တော်သည် ပြစ်မှုကျူးလွန်သူများထံမှ မည်သည့်အခါမျှ ဖယ်ရှားခြင်းခံရမည်မဟုတ်ပေ။ ထိုအပြစ်ဒဏ်သည် သူတို့ထံ ဆိုက်ရောက်လာသောအခါ မည်သူတစ်ဦးတစ်ယောက်မျှ ဖယ်ရှားတားဆီးနိုင်မည်မဟုတ်ပေ။

ဤသည်မှာ တမန်တော်မြတ်(ဆွ)ကို ငြင်းပယ်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးကို သတိပေးခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း အရှင်မြတ်၏ ကရုဏာတော်သည် မည်မျှကျယ်ပြန့်သည်ကို ဖော်ပြခြင်းဖြင့် သူတို့အား နောင်တရ၍ လမ်းမှန်သို့ ပြန်လာရန် ဖိတ်ခေါ်ခြင်းလည်းဖြစ်သည်။ အကယ်၍ သူတို့သည် အပြစ်မှ ရပ်တန့်၍ အရှင်မြတ်ထံ ဝန်ချတောင်းပန်ကြပါက အရှင်မြတ်၏ ကရုဏာတော်သည် သူတို့ကို လွှမ်းခြုံမည်ဖြစ်၏။ သို့သော် ဆက်လက်၍ ပြစ်မှုကျူးလွန်နေမည်ဆိုပါက အပြစ်ဒဏ်တော်သည် မလွဲမသွေ ဆိုက်ရောက်လာမည်ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်သည် အလွန်ကျယ်ပြန့်လှသည်။ ကျွန်ုပ်တို့ ပြစ်မှုကျူးလွန်မိသောအခါ အရှင်မြတ်သည် ချက်ချင်း အပြစ်ဒဏ်မပေးဘဲ အချိန်ပေး၍ နောင်တရရန် အခွင့်အလမ်းပေးတော်မူသည်။ ဤသည်မှာ အရှင်မြတ်၏ ကရုဏာတော်၏ ကျယ်ပြန့်မှုကို ဖော်ပြသည်။
  • အရှင်မြတ်၏ ကရုဏာတော်သည် ကျယ်ပြန့်သော်လ


📜 အာယာသ် 145-149 — စူရာ အလ်-အန်အာမ်

145قُل لَّا أَجِدُ فِي مَا أُوحِيَ إِلَيَّ مُحَرَّمًا عَلَىٰ طَاعِمٍ يَطْعَمُهُ إِلَّا أَن يَكُونَ مَيْتَةً أَوْ دَمًا مَّسْفُوحًا أَوْ لَحْمَ خِنزِيرٍ فَإِنَّهُ رِجْسٌ أَوْ فِسْقًا أُهِلَّ لِغَيْرِ اللَّهِ بِهِ ۚ فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَإِنَّ رَبَّكَ غَفُورٌ رَّحِيمٌ
(အို-နဗီတမန်တော်) အသင်သည် (ယင်းသူတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါသည် မိမိထံသို့ (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ကျရောက်လာသောဝဟ်ယ် အမိန့်တော်တွင် (ယခုအငြင်းပွားလျက်ရှိသောတိရစ္ဆာန်များအနက်)တစ်စုံတစ်ခုကို မည်သည့်စားသုံးသူအပေါ်၌မျှ ၎င်းကို စားသုံးခြင်းသည် ဟရာမ် ဟူ၍ တားမြစ်ထားသည်ကို မတွေ့ရှိရချေ။ သို့ရာတွင် အသေသား၊ သို့မဟုတ်စီးထွက်သောသွေး၊ သို့မဟုတ် ဝက်တိရစ္ဆာန်၏ အသားဖြစ်ခဲ့လျှင် ထိုအရာများသည် အလွန်ညစ်ထေး၍ မသန့်စင်သောကြောင့်၊ သို့မဟုတ် ဥပဒေကို ကျူးလွန်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုရည်စူး၍ သတ်မှတ်ခဲ့လျှင်(ဟရာမ် ဟူ၍ တားမြစ်ထားတော်မူလေသည်။) သို့ပါလျက်အကြင်သူသည် (ထိုထိုသောအရာများကိုပင်) အရသာခံစားလိုခြင်း၊ စည်းကမ်းကျူးလွန် ဖောက်ဖျက်ခြင်းမရှိဘဲ မလွှဲမရှောင်သာဖြစ်၍ (အသက်မသေရုံမျှသာ စားသုံး)ခဲ့ပါမူ၊ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဧကန်အမှန်အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားညှာတာတော်မူသောအရှင်မြတ်ပင်ဖြစ်တော် မူပေသတည်း။
146وَعَلَى الَّذِينَ هَادُوا حَرَّمْنَا كُلَّ ذِي ظُفُرٍ ۖ وَمِنَ الْبَقَرِ وَالْغَنَمِ حَرَّمْنَا عَلَيْهِمْ شُحُومَهُمَا إِلَّا مَا حَمَلَتْ ظُهُورُهُمَا أَوِ الْحَوَايَا أَوْ مَا اخْتَلَطَ بِعَظْمٍ ۚ ذَٰلِكَ جَزَيْنَاهُم بِبَغْيِهِمْ ۖ وَإِنَّا لَصَادِقُونَ
စင်စစ်တမူကား ငါအရှင်မြတ်သည် ယဟူဒီဖြစ်ကုန်သောသူတို့အပေါ်၌ ခြေသည်းလက်သည်း ရှိသောတိရစ္ဆာန် အသီးသီးကိုလည်းကောင်း၊ နွား၊ ဆိတ်တို့အထဲမှထိုနွားနှင့်ဆိတ်တို့၏ ကျောက်ကုန်းနှင့် ကပ်နေသောအဆီ၊ သို့မဟုတ် အူများနှင့်ကပ်နေသောအဆီ၊ သို့မဟုတ် အရိုးနှင့်ကပ်နေသောအဆီများမှတပါး ထိုနွားနှင့်ဆိတ်တို့၏ အထဲမှအခြားအဆီများကိုလည်းကောင်း၊ ဟရာမ် ဟူ၍ တားမြစ်တော်မူခဲ့လေသည်။ ဤ(သို့တားမြစ်ခြင်း)ကား၊ ၎င်းတို့အားအရှင်မြတ်သည်၊ ၎င်းတို့၏ပုန်ကန်မှုကြောင့် ပြစ်ဒဏ်ပေးတော်မူခြင်းပင် ဖြစ်ချေသည်။ အမှန် စင်စစ်သော်ကားငါအရှင်မြတ်သည် မုချဧကန် မှန်ကန်စွာ မိန့်ကြားတော်မူသောအရှင်သာလျှင် ဖြစ်တော်မူသည်။
147فَإِن كَذَّبُوكَ فَقُل رَّبُّكُمْ ذُو رَحْمَةٍ وَاسِعَةٍ وَلَا يُرَدُّ بَأْسُهُ عَنِ الْقَوْمِ الْمُجْرِمِينَ
ထို့နောက်သော်မှပင် (အို-နဗီတမန်တော်)အကယ်၍ ၎င်းတို့သည် အသင့်အား မုသားပြောဆိုသည်ဟူ၍စွပ်စွဲကြပါလျှင်၊ အသင်သည်(၎င်းတို့ကိုဤသို့) ဖြေကြားပါလေ။အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်အလွန်ကြီးကျယ်သော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသည်။ သို့ရာတွင် ထိုအရှင်မြတ်၏ပြစ်ဒဏ်သည်လည်း အပြစ်ရှိသောသူတို့အပေါ်မှ ဆုတ်ခွာ၍ (ရွေ့လျော) သွားလိမ့်မည်မဟုတ်ပေ။
148سَيَقُولُ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا أَشْرَكْنَا وَلَا آبَاؤُنَا وَلَا حَرَّمْنَا مِن شَيْءٍ ۚ كَذَٰلِكَ كَذَّبَ الَّذِينَ مِن قَبْلِهِمْ حَتَّىٰ ذَاقُوا بَأْسَنَا ۗ قُلْ هَلْ عِندَكُم مِّنْ عِلْمٍ فَتُخْرِجُوهُ لَنَا ۖ إِن تَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ أَنتُمْ إِلَّا تَخْرُصُونَ
အခြားအရာများကို အလ္လာဟ်အရှင်မြတ် နှ�့်တွဲဖက်ကိုးကွယ်သော သူတို့သည် မကြာမြင့်မီ ပြောဆိုကြမည်မှာအကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ဘင်တို့ သည်လည်းကောင်း၊ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်နိုင်ကြမည်လည်း မဟုတ်ပါ။ တစ်စုံတစ်ရာကို ဟရာမ်ဟူ၍ တားမြစ်နိုင်ကြမည်လည်း မဟုတ်ပါဟုပြောဆိုကြကုန်အံ့။ (ယင်းကဲ့သို့ ငြင်းပယ်ခြင်းသည် အထူးအဆန်းမဟုတ်ပေ။ (အကြောင်းမူကား) ၎င်းတို့အလျင် ရှိခဲ့ဘူးကြသော သူတို့သည်လည်း (အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်များအား ဤနည်းအတိုင်းပင်၊ မဟုတ်မမှန်ပြောဆိုသူများဟူ၍ စွပ်စွဲခဲ့ကြကုန်၏။ နောက်ဆုံးတွင် ယင်းသူတို့သည် ငါအရှင် မြတ်၏ပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရလေသည်။ (အိုနဗီတမန်တော်)အသင်သည် (ထိုသူတို့အား အချင်းတို့)အသင်တို့ထံ တစ်စုံတစ်ရာ သက်သေသာဓက ရှိပါသလော။ရှိခဲ့ပါလျှင် ငါတို့၏ရှေ့၌ ထုတ်ဖေါ်တင်ပြကြလေကုန်။ အသင်တို့သည် (သက်သေသာဓက အလျင်းမရှိဘဲ မိမိတို့၏) ထင်မြင်ယူဆချက်ကိုသာ လိုက်နာကျင့်သုံးကြပေသည်။ ထို့ပြင် အသင်တို့သည် ရမ်းဆပြောဆိုသူများသာ ဖြစ်ကြပေသည်ဟုပြောကြားပါလေ။
149قُلْ فَلِلَّهِ الْحُجَّةُ الْبَالِغَةُ ۖ فَلَوْ شَاءَ لَهَدَاكُمْ أَجْمَعِينَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (ဟယ်-အချင်းတို့) အလ္လာဟ်အရှင်မြတ်၏ သက်သေသာဓကသည်သာလျှင် (တိကျ)ပြည့်စုံလုံလောက်သောသာဓကပင်ဖြစ်၏။ သိုြ့ဖစ်ပေရာ အကယ်၍သာထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့ အားလုံးကိုလမ်းမှန်သို့ ဧကန်မုချ ပို့ဆောင်တော် မူခဲ့ပြီးဖြစ်အံ့။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
147အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 147

စူရာ အလ်-အန်အာမ် အာယာသ် 147 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက်သော်မှပင် (အို-နဗီတမန်တော်)အကယ်၍ ၎င်းတို့သည် အသင့်အား မုသားပြောဆိုသည်ဟူ၍စွပ်စွဲကြပါလျှင်၊ အသင်သည်(၎င်းတို့ကိုဤသို့) ဖြေကြားပါလေ။အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်အလွန်ကြီးကျယ်သော…

စူရာ အာယာသ် 147/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 145–149. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers