အလ်-အန်အာမ် · 51/165
ဘာသာပြန် အသံနိုင်ငံ — အလ်-အန်အာမ်
وَأَنذِرْ بِهِ الَّذِينَ يَخَافُونَ أَن يُحْشَرُوا إِلَىٰ رَبِّهِمْ ۙ لَيْسَ لَهُم مِّن دُونِهِ وَلِيٌّ وَلَا شَفِيعٌ لَّعَلَّهُمْ يَتَّقُونَ ٥١
Transliteration
Wa anzir bihil lazeena yakhaafoona ai yuhsharooo ilaa Rabbihim laisa lahum min doonihee waliyyunw wa laa shafee`ul la`allahum yattaqoon
ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင် (အို-နဗီတမန်တော်) မိမိတို့၏အရှင်မြတ် အထံတော်သို့ ထိုအရှင်မြတ်မှတစ်ပါး ကိစ္စအဝဝကိုဆောင်ရွက်ပေးမည့်သူဟူ၍လည်းကောင်း၊ (အပြစ်မှချမ်းသာခွင့်ရရှိစေခြင်းငှာ)ကြားဝင်အသနားခံပေးမည့်သူဟူ၍ လည်းကောင်း၊ အခြားမည်သူတစ်ဦးတစ်ယောက်မျှမရှိသည့် အဖြစ်မျိုးနှင့် စုရုံးကြမည်ကို စိုးရိမ်ကြကုန်သော သူတို့အား အသင်သည်ယင်း(ကုရ်အာန်ကျမ်းမြတ်) ဖြင့် သတိပေးနှိုးဆော်ပါလေ။သို့မှသာလျှင် ထိုသူတို့သည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်အံ့။ ၎င်းပြင် အကြင်သူများသည် မိမိတို့၏အရှင် သခင်ထံတော်၌ စုရုံးကြရမည့်အခါတွင်၊ အလ္လာဟ်အသျှင်မြတ်မှတစ်ပါးမိမိတို့အား ကူညီ ယိုင်းပင်းပေးမည့်သူ ဟူ၍လည်းမရှိ၊ ၎င်းပြင်လွတ်ငြိမ်းချမ်းသာခွင့်ရရန် အသနားခံပေးမည့်သူ လည်းမရှိမည်ကို လန့်တွေးကြောက်ထိတ် သံဝေဂစိတ် ရှိသူတို့အား (အိုနဗီ)အသင်သည် ဤကုရ်အာန်ကျမ်းမြတ်ဖြင့် သတိပေးပါလေ။သို့မှသာလျှင် ထိုသူများသည်(မကောင်းမှုဒုစရိုက်များကို)ရှောင်ကြဉ်ကြပေမည်။
Additional reference in ภาษาไทย
🎧 နားထောင်
📜 အာယာသ် 49-53 — အလ်-အန်အာမ်
49وَالَّذِينَ كَذَّبُوا بِآيَاتِنَا يَمَسُّهُمُ الْعَذَابُ بِمَا كَانُوا يَفْسُقُونَ
သို့ရာတွင် ငါအရှင်မြတ်၏ မုက္ခပါဋ္ဌ်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သောသူတို့မူကား ထိုသူတို့သည်စည်းမျဉ်းကို ကျူးကျော်ဖောက်ဖျက် ကြသည့်အတွက် ၎င်းတို့အပေါ်၌ အပြစ်ဒဏ်သည် သက်ရောက်လိမ့်သတည်း။(တနည်း)၎င်းပြင် အကြင်သူများသည် ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြ၏။ ထိုသူများသည်(အီမာန်တည်းဟူသော စည်းဝိုင်းအတွင်းမှ) ထွက်ကြသည့်အတွက် ၎င်းတို့၌ ပြစ်ဒဏ်တော်သည် သက်ရောက်၏။(တနည်း)၎င်းပြင် အကြင်သူများသည် ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကို မဟုတ်မမှန် ငြင်းပယ်ကြ၏။ ထိုသူများသည် အမိန့်တော်ကို မနာခံခဲ့ကြသည့် အတွက်ကြောင့် ၎င်းတို့၌အပြစ်ဒဏ်သည် သက်ရောက်မည်ဖြစ်၏။
50قُل لَّا أَقُولُ لَكُمْ عِندِي خَزَائِنُ اللَّهِ وَلَا أَعْلَمُ الْغَيْبَ وَلَا أَقُولُ لَكُمْ إِنِّي مَلَكٌ ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰ إِلَيَّ ۚ قُلْ هَلْ يَسْتَوِي الْأَعْمَىٰ وَالْبَصِيرُ ۚ أَفَلَا تَتَفَكَّرُونَ
(အို-နဗီတမန်တော်) အသင်သည်(ထိုသူတို့ အားဤသို့)ပြောဆိုပါလေ။ (အို-အချင်းတို့) ကျွန်ုပ်ထံတွင် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာတော်များ ရှိသည်ဟူ၍လည်း ကျွန်ုပ်သည်အသင်တို့အား ပြောဆိုသည်မဟုတ်။ ကျွန်ုပ်သည် အကွယ်၌ရှိသည် တို့ကိုမြင်သည်(ဟူ၍လည်းပြောဆိုသည်)မဟုတ်။၎င်းပြင် ကျွန်ုပ်သည် အပါးတော်စေတမန် ဖြစ်သည် ‘ ဟူ၍လည်း အသင်တို့အား ပြောဆိုသည်မဟုတ်။ စင်စစ်သော်ကားကျွန်ုပ်သည် မိမိထံ ကျရောက်လာသော ဝဟ်ယ်အမိန့်တော်ကိုသာ �ိုက်နာလျက်ရှိ၏။ (အို-နဗီ)အသင်သည်ပြောကြားပါလေ။ (အို-အချင်းတို့) မျက်စိမမြင်သောသူနှင့်မျက်စိ မြင်သောသူသည် တူနိုင်ပါသလော။ သို့ပါလျက် အသင်တို့သည် မစဉ်းစား မဆင်ခြင်ကြလေသလော။(ရကူ)
51وَأَنذِرْ بِهِ الَّذِينَ يَخَافُونَ أَن يُحْشَرُوا إِلَىٰ رَبِّهِمْ ۙ لَيْسَ لَهُم مِّن دُونِهِ وَلِيٌّ وَلَا شَفِيعٌ لَّعَلَّهُمْ يَتَّقُونَ
၎င်းပြင် (အို-နဗီတမန်တော်) မိမိတို့၏အရှင်မြတ် အထံတော်သို့ ထိုအရှင်မြတ်မှတစ်ပါး ကိစ္စအဝဝကိုဆောင်ရွက်ပေးမည့်သူဟူ၍လည်းကောင်း၊ (အပြစ်မှချမ်းသာခွင့်ရရှိစေခြင်းငှာ)ကြားဝင်အသနားခံပေးမည့်သူဟူ၍ လည်းကောင်း၊ အခြားမည်သူတစ်ဦးတစ်ယောက်မျှမရှိသည့် အဖြစ်မျိုးနှင့် စုရုံးကြမည်ကို စိုးရိမ်ကြကုန်သော သူတို့အား အသင်သည်ယင်း(ကုရ်အာန်ကျမ်းမြတ်) ဖြင့် သတိပေးနှိုးဆော်ပါလေ။သို့မှသာလျှင် ထိုသူတို့သည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်အံ့။ ၎င်းပြင် အကြင်သူများသည် မိမိတို့၏အရှင် သခင်ထံတော်၌ စုရုံးကြရမည့်အခါတွင်၊ အလ္လာဟ်အသျှင်မြတ်မှတစ်ပါးမိမိတို့အား ကူညီ ယိုင်းပင်းပေးမည့်သူ ဟူ၍လည်းမရှိ၊ ၎င်းပြင်လွတ်ငြိမ်းချမ်းသာခွင့်ရရန် အသနားခံပေးမည့်သူ လည်းမရှိမည်ကို လန့်တွေးကြောက်ထိတ် သံဝေဂစိတ် ရှိသူတို့အား (အိုနဗီ)အသင်သည် ဤကုရ်အာန်ကျမ်းမြတ်ဖြင့် သတိပေးပါလေ။သို့မှသာလျှင် ထိုသူများသည်(မကောင်းမှုဒုစရိုက်များကို)ရှောင်ကြဉ်ကြပေမည်။
52وَلَا تَطْرُدِ الَّذِينَ يَدْعُونَ رَبَّهُم بِالْغَدَاةِ وَالْعَشِيِّ يُرِيدُونَ وَجْهَهُ ۖ مَا عَلَيْكَ مِنْ حِسَابِهِم مِّن شَيْءٍ وَمَا مِنْ حِسَابِكَ عَلَيْهِم مِّن شَيْءٍ فَتَطْرُدَهُمْ فَتَكُونَ مِنَ الظَّالِمِينَ
င်းပြင်အသင်သည် အကြင်သူများကို(မိမိထံမှ)နှင်မထုတ်ပါနှင့်။ ထိုသူများသည် မိမိတို့ကို မွေးမြူတော်မူသောအရှင်မြတ်အား နံနက်အချိန်တွင်လည်းကောင်း၊ ညနေအချိန်တွင်လည်းကောင်း၊ ခဝပ်ကိုးကွယ်ကြ၏။ ထိုအရှင်မြတ်၏နှစ်မြို့တော်မူခြင်းကိုသာလျှင် ရည်စူးကြ၏။ အသင်သည်ထိုသူတို့ကို နှင့်ထုတ်ရလေအောင် ထိုသူတို့အားစူးစမ်းခြင်းနှင့်ပတ်သက်၍ အသင့်အပေါ်၌ တစ်စုံတစ်ရာတာဝန်ရှိသည်မဟုတ်ချေ။ 4င်းအပြင် အသင့်အားစူးစမ်းခြင်းနှင့်ပတ်သက်၍ထိုသူတို့အပေါ်၌လည်း တစ်စုံတစ်ရာတာဝန်ရှိသည်မဟုတ်ချေ။ သို့ပါလျက် အကယ်၍ အသင်ဤသို့ပြုမိလျှင်၊အသင်သည် မတရားပြုသူများတွင် အပါအဝင်ဖြစ်သွားချေမည်။
53وَكَذَٰلِكَ فَتَنَّا بَعْضَهُم بِبَعْضٍ لِّيَقُولُوا أَهَٰؤُلَاءِ مَنَّ اللَّهُ عَلَيْهِم مِّن بَيْنِنَا ۗ أَلَيْسَ اللَّهُ بِأَعْلَمَ بِالشَّاكِرِينَ
၎င်းနောက် ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် ထိုသူတို့အနက် အချို့ကို (ကာဖိရ်များကို) အချို့ဖြင့်(မုစ်လင်မ် များဖြင့်) စမ်းသပ်တော်မူ၏။ သို့မှသာလျှင် ထိုသူများက(ကာဖိရ်များက) ငါတို့ အနက်မှ အလ္လာဟ်အရှင်မြတ် ကျေးဇူးတော်ကို ပြုတော်မူသောသူများကား ဤသူများလော ဟု ဆိုကြပေအံ့။ အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးတော်ကို သိတတ်သူများအား ကောင်းစွာသိတော်မူသောအရှင် မဟုတ်ပါသလော။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
51အာယာသ်
ဘာသာပြန် — အလ်-အန်အာမ် 51
စူရာ အလ်-အန်အာမ် အာယာသ် 51 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (အို-နဗီတမန်တော်) မိမိတို့၏အရှင်မြတ် အထံတော်သို့ ထိုအရှင်မြတ်မှတစ်ပါး ကိစ္စအဝဝကိုဆောင်ရွက်ပေးမည့်သူဟူ၍လည်းကောင်း၊ (အပြစ်မှချမ်းသာခွင့်ရရှိစေခြင်းငှာ)ကြားဝင်အသနားခံပေးမည့်သူဟူ၍ လည်းကောင်း၊ အခြားမည်သူတစ်ဦးတစ်ယောက်မျှမရှိသည့် အဖြစ်မျိုးနှင့်…စူရာ အာယာသ် 51/165 — အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အန်အာမ် နားထောင်, အလ်-အန်အာမ် ဘာသာပြန်, အလ်-အန်အာမ် mp3, အလ်-အန်အာမ် pdf. အာယာသ် 49–53. မြန်မာဘာသာ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers








