အလ်-အန်အာမ် · 71/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
قُلْ أَنَدْعُو مِن دُونِ اللَّهِ مَا لَا يَنفَعُنَا وَلَا يَضُرُّنَا وَنُرَدُّ عَلَىٰ أَعْقَابِنَا بَعْدَ إِذْ هَدَانَا اللَّهُ كَالَّذِي اسْتَهْوَتْهُ الشَّيَاطِينُ فِي الْأَرْضِ حَيْرَانَ لَهُ أَصْحَابٌ يَدْعُونَهُ إِلَى الْهُدَى ائْتِنَا ۗ قُلْ إِنَّ هُدَى اللَّهِ هُوَ الْهُدَىٰ ۖ وَأُمِرْنَا لِنُسْلِمَ لِرَبِّ الْعَالَمِينَ ۝٧١
Qul anad`oo min doonil laahi maa laa yanfa`unaa wa laa yadurrunaa wa nuraddu `alaaa a`qaabina ba`da iz hadaanal laahu kallazis tahwat hush Shayaateenu fil ardi hairaana lahooo ashaabuny yad`oo nahooo ilal huda` tinaa; qul inna hudal laahi huwal hudaa wa umirnaa linuslima li Rabbil `aalameen
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (ထိုမိစ္ဆာဒိဋ္ဌိတို့အား ဤသို့)ပြောကြားပါလေ။ ငါတို့သည် အလ္လာဟ်အရှင်မြတ်အပြင် (အသင်တို့အလိုရှိသကဲ့သို့) ငါတို့အား အကျိုးဖြစ်ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုလည်းကောင်း၊ မပြုစွမ်းနိုင်သောအရာများကို ကိုးကွယ်ကြရမည်လော။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ငါတို့အား တရားလမ်းမှန်သို့ ပို့ဆောင်ပြီးနောက်တွင် ငါတို့သည် အကြင်သူကဲ့သို့ပင် မိမိတို့၏ခြေဖနောင့်ဖက်သို့ ပြန်လှည့်သွားကြ ရမည်လော။ထိုသူအား ရှိုင်တွာန်သည် တောတွင်း၌ သွေးဆောင်ဖြားယောင်း၍ လမ်းမှားစေခဲ့ရာ ထိုသူသည် တွေဝေ အကြံအိုက်လျက်ရှိနေလေ၏။ ထိုသူ၌ မိတ်ဆွေ အပေါင်းအဖော်များလည်းရှိ၏။ ထိုမိတ်ဆွေ အပေါင်းအဖော်များတို့သည် ထိုသူအား တရားလမ်းမှန်ရှိရာ ငါတို့ထံလာပါလေဟု ဖိတ်ခေါ်လျက်ရှိကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား)အလ္လာဟ်အရှင်မြတ် ညွှန်ကြားပြသတော် မူသောတရားလမ်းသည်သာလျှင် ဧကန်စင်စစ် (ဖြောင့်မတ်မှန်ကန်သော)တရားလမ်းဖြစ်သည်။ ၎င်းပြင် ငါတို့သည် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမိန့်တော်များကို(တသဝေမတိမ်း)လိုက်နာရန် အမိန့်ပေးတော်မူခြင်းကိုလည်း ခံကြရလေပြီဟု ပြောကြားပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • أَنَدْعُو (အနဒ်အူ) — ကျွန်ုပ်တို့သည် ဟစ်ခေါ်ကိုးကွယ်မည်လော။
  • مِن دُونِ اللَّهِ (မိန်ဒူနိလ္လာဟ်) — အလ္လာဟ်အရှင်မြတ်အား စွန့်၍ အခြားသော။
  • لَا يَنفَعُنَا وَلَا يَضُرُّنَا (လာ ယန်ဖအူနာ ဝလာ ယဒွရ္ရုနာ) — ကျွန်ုပ်တို့အား အကျိုးမပေးနိုင်၊ အန္တရာယ်လည်း မပြုနိုင်သော။
  • نُرَدُّ عَلَىٰ أَعْقَابِنَا (နုရဒ်ဒု အလာ အအ်ကာဗိနာ) — ကျွန်ုပ်တို့သည် နောက်ပြန်လှည့်ခြင်းခံရမည်။ ဆိုလိုသည်မှာ ယုံကြည်ခြင်းမှ တစ်ဖန်တုံ့ပြန်၍ ရှိရင်းစွဲ အယူမှားမှုသို့ ပြန်သွားခြင်းကို ဆိုလိုသည်။
  • اسْتَهْوَتْهُ الشَّيَاطِينُ (ဣစ္တဟ်ဝသ်ဟု ရှရှယာသွీန်) — ရှိုင်သွာန်များက သူ့အား လမ်းလွဲစေပြီး စိတ်အလိုသို့ လိုက်စေခြင်း။
  • حَيْرَانَ (ဟိုင်ရာန်) — လမ်းပျောက်ပြီး တွေဝေနေသော၊ မည်သည့်ဘက်သို့ သွားရမည်ကို မသိသော။
  • هُدَى اللَّهِ (ဟုဒါလ္လာဟ်) — အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မှု။
  • لِنُسْلِمَ (လိနုစ်လိမ) — ကျွန်ုပ်တို့သည် အရှင်မြတ်အား မိမိကိုယ်ကို အပ်နှံရန်၊ ဆိုလိုသည်မှာ အစ္စလာမ်သာသနာကို လက်ခံကျင့်သုံးရန်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ ဤအယူမှားသမားများအား မေးလိုက်ပါ — အလ္လာဟ်အရှင်မြတ်အား စွန့်၍ ကျွန်ုပ်တို့အား အကျိုးလည်းမပေးနိုင်၊ အန္တရာယ်လည်း မပြုနိုင်သော ရုပ်တုများကို ကျွန်ုပ်တို့ ဟစ်ခေါ်ကိုးကွယ်ကြမည်လော။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား အစ္စလာမ်သာသနာသို့ လမ်းညွှန်တော်မူပြီးနောက် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းမှ နောက်ပြန်လှည့်၍ အယူမှားမှုသို့ ပြန်သွားကြမည်လော။ ထိုသို့ပြန်သွားလျှင် ကျွန်ုပ်တို့သည် ရှိုင်သွာန်များ၏ လှည့်ဖြားမှုကို ခံရပြီး ကမ္ဘာမြေပေါ်တွင် လမ်းပျောက်ကာ တွေဝေနေသော သူတစ်ဦးနှင့် တူလာမည်။ ထိုသူတွေဝေသူအား သူ၏ အပေါင်းအသင်းများက မှန်ကန်သောလမ်းစဉ်သို့ လာပါ၊ ကျွန်ုပ်တို့နှင့်အတူ လိုက်ပါဟု ဖိတ်ခေါ်နေကြသော်လည်း သူက နားမထောင်ဘဲ ငြင်းပယ်နေသည်။ အို တမန်တော်၊ ထိုအယူမှားသမားများအား ပြောလိုက်ပါ — အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မှုသာလျှင် စစ်မှန်သော လမ



📜 အာယာသ် 69-73 — စူရာ အလ်-အန်အာမ်

69وَمَا عَلَى الَّذِينَ يَتَّقُونَ مِنْ حِسَابِهِم مِّن شَيْءٍ وَلَٰكِن ذِكْرَىٰ لَعَلَّهُمْ يَتَّقُونَ
၎င်းပြင် (ရှရီအတ်၏တားမြစ်ချက်များမှ) ကြဉ်ရှောင်ကြကုန်သောသူတို့အပေါ်၌ မွတ်ရှ်ရစ်က် တို့နှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းသည် လုံးဝမရှိချေ။ သို့ရာတွင်ထိုသူတို့အပေါ်၌ ဆုံးမဩဝါဒ စကားပြောရန် တာဝန်ကားရှိပေသည်။ သို့မှသာလျှင် ထိုသူများသည် ရှောင်ကြဉ်ကြပေမည်။
70وَذَرِ الَّذِينَ اتَّخَذُوا دِينَهُمْ لَعِبًا وَلَهْوًا وَغَرَّتْهُمُ الْحَيَاةُ الدُّنْيَا ۚ وَذَكِّرْ بِهِ أَن تُبْسَلَ نَفْسٌ بِمَا كَسَبَتْ لَيْسَ لَهَا مِن دُونِ اللَّهِ وَلِيٌّ وَلَا شَفِيعٌ وَإِن تَعْدِلْ كُلَّ عَدْلٍ لَّا يُؤْخَذْ مِنْهَا ۗ أُولَٰئِكَ الَّذِينَ أُبْسِلُوا بِمَا كَسَبُوا ۖ لَهُمْ شَرَابٌ مِّنْ حَمِيمٍ وَعَذَابٌ أَلِيمٌ بِمَا كَانُوا يَكْفُرُونَ
၎င်းပြင် အသင်သည် အကြင်သူများကို စွန့်လွှတ်ထားပါလေ။ ထိုသူများသည် မိမိတို့၏ ‘ဒီန်’သာသနာကိုကစားခုန်စားစရာ၊ ပျော်ရွှင်မြူးထူးစရာ ပြုလုပ်ထားကြ၏။၎င်းပြင် ထိုသူတို့ကို ဤပစ္စုပ္ပန် လောကီဘဝသည် လှည့်ဖြားထား၏။ သို့ရာတွင် တဦးတယောက်သောသူသည် မိမိအပြုအမူတို့ကြောင့် ဖမ်းဆီးခြင်းကို မခံရလေအောင် အသင်သည်(၎င်းတို့အား) ဤ(ကုရ်အာန် ကျမ်းတော်မြတ်)ဖြင့် ဆုံးမလျက်လည်းရှိပါလေ။ (ယင်းသို့ဖြစ်လျှင်) ထိုသူတို့၏အဖို့မှာ အလ္လာဟ်အရှင်မြတ်အပြင် ကိစ္စအဝဝကို ဆောင်ရွက်ပေးမည့် သူဟူ၍လည်းကောင်း၊ (အပြစ်မှချမ်းသာမှုရရှိစေရန်) ကြားဝင်အသနား ခံပေးမည့်သူ ဟူ၍လည်းကောင်း၊ (မည်သူတစ်ဦးတစ်ယောက်မျှ) ရှိလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး အကယ်၍ထိုသူသည် အားလုံးသောအစားထိုးခြင်းကို အစားထိုးငြားသော်လည်း အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ထံမှ လက်ခံခြင်းရှိလိမ့်မည် မဟုတ်ချေ။ (မိမိတို့ဘာသာ သာသနာကို ကစားဖွယ်ဖွယ်ရ ပျော်ရွင်မြူးထူးဖွယရာ ပြုလုပ်ထားသော) ဤသူများပင်လျှင် အကြင်သူများတည်း။ ထိုသူတို့သည် မိမိတို့၏အပြုအမူတို့ကြောင့် ဖမ်းဆီးခြင်းကို ခံကြရလေပြီ။ ၎င်းတို့အဖို့၎င်းတို့သွေဖည်ငြင်းပယ်ခဲ့ကြသည့် အတွက်ကြောင့် သောက်ရန် အလွန်ပူလောင�သောရေနှင့် အလွန် ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် အဆင်သင့်ရှိပေသည်။(ရကူ)
71قُلْ أَنَدْعُو مِن دُونِ اللَّهِ مَا لَا يَنفَعُنَا وَلَا يَضُرُّنَا وَنُرَدُّ عَلَىٰ أَعْقَابِنَا بَعْدَ إِذْ هَدَانَا اللَّهُ كَالَّذِي اسْتَهْوَتْهُ الشَّيَاطِينُ فِي الْأَرْضِ حَيْرَانَ لَهُ أَصْحَابٌ يَدْعُونَهُ إِلَى الْهُدَى ائْتِنَا ۗ قُلْ إِنَّ هُدَى اللَّهِ هُوَ الْهُدَىٰ ۖ وَأُمِرْنَا لِنُسْلِمَ لِرَبِّ الْعَالَمِينَ
(အို-နဗီတမန်တော်) အသင်သည် (ထိုမိစ္ဆာဒိဋ္ဌိတို့အား ဤသို့)ပြောကြားပါလေ။ ငါတို့သည် အလ္လာဟ်အရှင်မြတ်အပြင် (အသင်တို့အလိုရှိသကဲ့သို့) ငါတို့အား အကျိုးဖြစ်ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုလည်းကောင်း၊ မပြုစွမ်းနိုင်သောအရာများကို ကိုးကွယ်ကြရမည်လော။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ငါတို့အား တရားလမ်းမှန်သို့ ပို့ဆောင်ပြီးနောက်တွင် ငါတို့သည် အကြင်သူကဲ့သို့ပင် မိမိတို့၏ခြေဖနောင့်ဖက်သို့ ပြန်လှည့်သွားကြ ရမည်လော။ထိုသူအား ရှိုင်တွာန်သည် တောတွင်း၌ သွေးဆောင်ဖြားယောင်း၍ လမ်းမှားစေခဲ့ရာ ထိုသူသည် တွေဝေ အကြံအိုက်လျက်ရှိနေလေ၏။ ထိုသူ၌ မိတ်ဆွေ အပေါင်းအဖော်များလည်းရှိ၏။ ထိုမိတ်ဆွေ အပေါင်းအဖော်များတို့သည် ထိုသူအား တရားလမ်းမှန်ရှိရာ ငါတို့ထံလာပါလေဟု ဖိတ်ခေါ်လျက်ရှိကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား)အလ္လာဟ်အရှင်မြတ် ညွှန်ကြားပြသတော် မူသောတရားလမ်းသည်သာလျှင် ဧကန်စင်စစ် (ဖြောင့်မတ်မှန်ကန်သော)တရားလမ်းဖြစ်သည်။ ၎င်းပြင် ငါတို့သည် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမိန့်တော်များကို(တသဝေမတိမ်း)လိုက်နာရန် အမိန့်ပေးတော်မူခြင်းကိုလည်း ခံကြရလေပြီဟု ပြောကြားပါလေ။
72وَأَنْ أَقِيمُوا الصَّلَاةَ وَاتَّقُوهُ ۚ وَهُوَ الَّذِي إِلَيْهِ تُحْشَرُونَ
ထိုမှတစ်ပါး (ငါတို့သည် အမိန့်ပေးတော်မူခြင်းကို ခံကြရသည်မှာ) အသင်တို့သည် စွဲမြဲစွာဆွလာတ် ဝတ်ပြုကြလေကုန်။ ၎င်းပြင် အသင်တို့ သည် ထိုအရှင်မြတ်အားကြောက်ရွံ့ကြလေကုန်။ စင်စစ်သော်ကား အသင်တို့သည်ထိုအရှင်မြတ် ထံတော်သို့သာလျှင် စုရုံးကြရမည်။
73وَهُوَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۖ وَيَوْمَ يَقُولُ كُن فَيَكُونُ ۚ قَوْلُهُ الْحَقُّ ۚ وَلَهُ الْمُلْكُ يَوْمَ يُنفَخُ فِي الصُّورِ ۚ عَالِمُ الْغَيْبِ وَالشَّهَادَةِ ۚ وَهُوَ الْحَكِيمُ الْخَبِيرُ
၎င်းပြင် ထိုအရှင်မြတ်သည် အကြင် အရှင်မြတ်ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိုးများကိုလည်းကောင်း၊ပထဝီမြေကိုလည်ေးကာင်း၊ မှန်ကန်တိကျစွာဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်က ဖြစ်စေ ဟူ၍ မိန့်ကြားတော်မူသောနေ့တွင် ဖြစ်သွားလတ္တံ့။ ထိုအရှင်မြတ်၏စကားတော်သည် လေးနက်ထိရောက်သော စကားတော်ပင်ဖြစ်၏။ ၎င်းပြင် တံပိုးခရာမှုတ်မည့်နေ့တွင် စိုးမိုးအုပ်ချုပ်ခြင်း(အာဏာ)သည် ထိုအရှင်မြတ်၌သာရှိအံ့။ (ထိုအရှင်မြတ်သည်)အကွယ်၌ရှိသည် တို့ကိုလည်းကောင်း၊ ရှေ့မှောက်တွင် ရှိသည်တို့ကိုလည်းကောင်း၊ (အကြွင်းမဲ့)သိရှိတော်မူသောအရှင်မြတ်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် (ဟစ်က်မသ်)အမြော်အမြင်နှင့် ပြည့်စုံတော်မူသော အရှင် (အကြောင်းစုံတို့ကိုအကြွင်းမဲ့) ကြားသိတော်မူသော အရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
71အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 71

စူရာ အလ်-အန်အာမ် အာယာသ် 71 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (ထိုမိစ္ဆာဒိဋ္ဌိတို့အား ဤသို့)ပြောကြားပါလေ။ ငါတို့သည် အလ္လာဟ်အရှင်မြတ်အပြင် (အသင်တို့အလိုရှိသကဲ့သို့) ငါတို့အား အကျိုးဖြစ်ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုလည်းကောင်း၊…

စူရာ အာယာသ် 71/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 69–73. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers