အလ်-မမ်တဟီနာ · 9/13
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မမ်တဟီနာ
إِنَّمَا يَنْهَاكُمُ اللَّهُ عَنِ الَّذِينَ قَاتَلُوكُمْ فِي الدِّينِ وَأَخْرَجُوكُم مِّن دِيَارِكُمْ وَظَاهَرُوا عَلَىٰ إِخْرَاجِكُمْ أَن تَوَلَّوْهُمْ ۚ وَمَن يَتَوَلَّهُمْ فَأُولَٰئِكَ هُمُ الظَّالِمُونَ ۝٩
Innamaa yanhaakumul laahu `anil lazeena qaatalookum fid deeni wa akhrajookum min diyaarikum wa zaaharoo `alaa ikhraajikum an tawallawhum; wa many yatawallahum faulaaa`ika humuz zaalimoon
📖 မြန်မာဘာသာ
(စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သူတို့ကို အဆွေခင်ပွန်းပြုလုပ်ခြင်းမှသာ တားမြစ်တော်မူ၏။ ထိုသူတို့သည် "ဒီန်" သာသနာနှင့်စပ်လျဉ်း၍ အသင်တို့ကို တိုက်ခိုက်ခဲ့ကြသည့်ပြင် အသင်တို့အား အသင်တို့၏နေအိမ်များမှလည်း နှင်ထုတ်ခဲ့ကြ၏။ အသင်တို့ကို နှင်ထုတ်ရေးနှင့်စပ်လျဉ်း၍ (သူတစ်ပါးတို့အား) ယိုင်းပင်းကူညီခဲ့ကြ၏။ စင်စစ်သော်ကား မည်သူမဆို ၎င်းတို့အား အဆွေခင်ပွန်း ပြုလုပ်သည်ရှိသော် ထိုကဲ့သို့သော သူတို့သည်သာလျှင် မတရားသောသူများ ဖြစ်ကြကုန်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 7-11 — စူရာ အလ်-မမ်တဟီနာ

7۞ عَسَى اللَّهُ أَن يَجْعَلَ بَيْنَكُمْ وَبَيْنَ الَّذِينَ عَادَيْتُم مِّنْهُم مَّوَدَّةً ۚ وَاللَّهُ قَدِيرٌ ۚ وَاللَّهُ غَفُورٌ رَّحِيمٌ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှင့် အသင်တို့၏ရန်ဘက်များဖြစ်ကြသော သူတို့၏အကြားဝယ် ချစ်ခင်မှုကို စီမံဖန်တီးပေးတော်မူမည် ဖြစ်တန်ရာ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာရာကို အကြွင်းမဲ့ စွမ်းနိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။
8لَّا يَنْهَاكُمُ اللَّهُ عَنِ الَّذِينَ لَمْ يُقَاتِلُوكُمْ فِي الدِّينِ وَلَمْ يُخْرِجُوكُم مِّن دِيَارِكُمْ أَن تَبَرُّوهُمْ وَتُقْسِطُوا إِلَيْهِمْ ۚ إِنَّ اللَّهَ يُحِبُّ الْمُقْسِطِينَ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သူတို့ကို ကျေးဇူးပြုခြင်းမှလည်းကောင်း၊ တရားမျှတစွာ ဆက်ဆံခြင်းမှလည်းကောင်း၊ တားမြစ်တော်မူသည် မဟုတ်ပေ။ထိုသူတို့သည် အသင်တို့အား "ဒီန်" သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည်လည်း မဟုတ်ပေ။ အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြသည်လည်း မဟုတ်ပေ။ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူတို့အား နှစ်သက်ချစ်တော်မူ၏။
9إِنَّمَا يَنْهَاكُمُ اللَّهُ عَنِ الَّذِينَ قَاتَلُوكُمْ فِي الدِّينِ وَأَخْرَجُوكُم مِّن دِيَارِكُمْ وَظَاهَرُوا عَلَىٰ إِخْرَاجِكُمْ أَن تَوَلَّوْهُمْ ۚ وَمَن يَتَوَلَّهُمْ فَأُولَٰئِكَ هُمُ الظَّالِمُونَ
(စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သူတို့ကို အဆွေခင်ပွန်းပြုလုပ်ခြင်းမှသာ တားမြစ်တော်မူ၏။ ထိုသူတို့သည် "ဒီန်" သာသနာနှင့်စပ်လျဉ်း၍ အသင်တို့ကို တိုက်ခိုက်ခဲ့ကြသည့်ပြင် အသင်တို့အား အသင်တို့၏နေအိမ်များမှလည်း နှင်ထုတ်ခဲ့ကြ၏။ အသင်တို့ကို နှင်ထုတ်ရေးနှင့်စပ်လျဉ်း၍ (သူတစ်ပါးတို့အား) ယိုင်းပင်းကူညီခဲ့ကြ၏။ စင်စစ်သော်ကား မည်သူမဆို ၎င်းတို့အား အဆွေခင်ပွန်း ပြုလုပ်သည်ရှိသော် ထိုကဲ့သို့သော သူတို့သည်သာလျှင် မတရားသောသူများ ဖြစ်ကြကုန်သတည်း။
10يَا أَيُّهَا الَّذِينَ آمَنُوا إِذَا جَاءَكُمُ الْمُؤْمِنَاتُ مُهَاجِرَاتٍ فَامْتَحِنُوهُنَّ ۖ اللَّهُ أَعْلَمُ بِإِيمَانِهِنَّ ۖ فَإِنْ عَلِمْتُمُوهُنَّ مُؤْمِنَاتٍ فَلَا تَرْجِعُوهُنَّ إِلَى الْكُفَّارِ ۖ لَا هُنَّ حِلٌّ لَّهُمْ وَلَا هُمْ يَحِلُّونَ لَهُنَّ ۖ وَآتُوهُم مَّا أَنفَقُوا ۚ وَلَا جُنَاحَ عَلَيْكُمْ أَن تَنكِحُوهُنَّ إِذَا آتَيْتُمُوهُنَّ أُجُورَهُنَّ ۚ وَلَا تُمْسِكُوا بِعِصَمِ الْكَوَافِرِ وَاسْأَلُوا مَا أَنفَقْتُمْ وَلْيَسْأَلُوا مَا أَنفَقُوا ۚ ذَٰلِكُمْ حُكْمُ اللَّهِ ۖ يَحْكُمُ بَيْنَكُمْ ۚ وَاللَّهُ عَلِيمٌ حَكِيمٌ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့ထံ ‘မုအ်မင်န်’သက်ဝင်ယုံကြည်သော မိန်းမများသည် ရွှေ့ပြောင်း၍ လာခဲ့ကြသောအခါ အသင်တို့သည် ၎င်းတို့အား စမ်းသပ်စစ်ဆေးကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ "အီမာန်" သက်ဝင်ယုံကြည်မှုကို ကောင်းမွန်စွာ သိရှိတော်မူ၏။ သို့ဖြစ်ရကား အကယ်၍ အသင်တို့သည် ၎င်းတို့ "မုအ်မင်န်" သက်ဝင်ယုံကြည်သော မိန်းမများဖြစ်ကြောင်းကို ကောင်းမွန်စွာ သိရှိခဲ့ကြရသောအခါ အသင်တို့သည် ၎င်းတို့အား "ကာဖိရ်" များထံသို့ ပြန်၍ မပို့ကြကုန်လင့်။၎င်းတို့မှာလည်း ထို"ကာဖိရ်" တို့အဖို့ (ဟလာလ်) တရားဝင်ကြသည် မဟုတ်ပေ။ ထို ကာဖိရ်များမှာလည်း ၎င်းတို့အဖို့(ဟလာလ်)တရားဝင်ကြသည် မဟုတ်ပြီ။ သို့ရာတွင် အသင်တို့သည် ထို’ကာဖိရ်’များအား ၎င်းတို့ အကုန်အကျခံခဲ့ကြသည်များကို ပေးဆပ်ကြလေကုန်။ ထို့ပြင် အကယ်၍ အသင်တို့သည် ၎င်းတို့အား ၎င်းတို့၏ "မဟ်ရ်" ထိမ်းမြားကြေးများကို ပေးဆပ်ကြလျှင် ၎င်းတို့နှင့် နိကာဟ်ထိမ်းမြားခြင်းမှာ အသင်တို့၌ အပြစ်မဟုတ်ပေ။ ထို့ပြင် အသင်တို့သည် ‘ကာဖိရ်’မိန်းမများ၏ ဂုဏ်အသရေကို သိမ်းပိုက်၍ မထားကြကုန်လင့်။ ၎င်းပြင် အသင်တို့သည်လည်း မိမိတို့ အကုန်အကျခံခဲ့ကြသည်များကို (‘ကာဖိရ်’များထံမှ) တောင်း၍ ယူကြလေကုန်။ ၎င်းတို့သည်လည်း မိမိတို့ ကုန်ကျခဲ့သည်များကို (အသင်တို့ထံမှ)တောင်း၍ ယူကြရပေမည်။ ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ စီရင် ပြဋ္ဌာန်းချက်ပင်။ ထိုအရှင်မြတ်သည် အသင်တို့၏အကြားဝယ် စီရင်ပြဋ္ဌာန်းတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ နူးညံ့သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
11وَإِن فَاتَكُمْ شَيْءٌ مِّنْ أَزْوَاجِكُمْ إِلَى الْكُفَّارِ فَعَاقَبْتُمْ فَآتُوا الَّذِينَ ذَهَبَتْ أَزْوَاجُهُم مِّثْلَ مَا أَنفَقُوا ۚ وَاتَّقُوا اللَّهَ الَّذِي أَنتُم بِهِ مُؤْمِنُونَ
သို့ရာတွင် အကယ်၍ အသင်တို့၏ ဇနီးမိန်းမတို့အနက် တစ်စုံတစ်ယောက်သည် ‘ကာဖိရ်’ များထံသို့ ထွက်သွားခဲ့ပြီးနောက် အသင်တို့အလှည့် ရောက်ခဲ့ပါလျှင် (အသင်တို့သည် လက်ရပစ္စည်းရရှိခဲ့ကြလျှင်) ဇနီးမိန်းမများ ထွက်သွားခဲ့ကြသောသူတို့အား ၎င်းတို့ အကုန်အကျခံခဲ့ကြသည့် (‘မဟ်ရ်’ထိမ်းမြားကြေး)နှင့် အညီအမျှ အသင်တို့ ပေးဆပ်ကြလေကုန်။ထိုမှတစ်ပါး အသင်တို့ သက်ဝင် ယုံကြည်ကြကုန်သော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။
အလ်-မမ်တဟီနာကုရ်အာန် ညွှန်းကိန်း
13အာယာသ်
MedinanRevelation
9အာယာသ်

ဘာသာပြန် — အလ်-မမ်တဟီနာ 9

စူရာ အလ်-မမ်တဟီနာ အာယာသ် 9 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သူတို့ကို အဆွေခင်ပွန်းပြုလုပ်ခြင်းမှသာ တားမြစ်တော်မူ၏။ ထိုသူတို့သည် "ဒီန်" သာသနာနှင့်စပ်လျဉ်း၍ အသင်တို့ကို…

စူရာ အာယာသ် 9/13 — စူရာ အလ်-မမ်တဟီနာ الممتحنة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မမ်တဟီနာ နားထောင်, စူရာ အလ်-မမ်တဟီနာ ဘာသာပြန်, စူရာ အလ်-မမ်တဟီနာ mp3, စူရာ အလ်-မမ်တဟီနာ pdf. အာယာသ် 7–11. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers