အလ်-အာအ်ရာဖ် · 141/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
وَإِذْ أَنجَيْنَاكُم مِّنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ ۖ يُقَتِّلُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُم بَلَاءٌ مِّن رَّبِّكُمْ عَظِيمٌ ۝١٤١
Wa iz anjainaakum min Aali Fir`awna yasoomoo nakum sooo`al `azaab, yuqattiloona abnaaa`akum wa yastahyoona nisaaa`akum; wa fee zaalikum balaaa`um mir Rabbikum `azeem
📖 မြန်မာဘာသာ
ထိုမှတစ်ပါး(အသင် တို့သည် ပြန်လည်၍ သတိရကြလေကုန်)၊ အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင်တို့အား ဖစ်ရ်အောင်န်၏အမျိုးသားတို့ (၏ ဘေးအန္တရာယ်များ)မှလွတ်မြောက်စေတော် မူခဲ့လေသည်။ ၎င်းတို့သည် အသင်တို့အပေါ်၌ အလွန်ဆိုးရွားလှသော ဘေးဒုက္ခများကို သက်ရောက်စေကြလေသည်။ ၎င်းတို့သည် အသင်တို့၏သား ယောက်ျားကလေးများကို(ရက်စက်ကြမ်းကြုတ်စွာ) သတ်ဖြတ်ကြလေသည်။ သို့ရာတွင် အသင်တို့၏အမျိုးသမီးများကို မူကား (၎င်းတို့၏ကျွန်မများအဖြစ် ခိုင်းစေနိုင်ရန် သတ်ဖြတ်ခြင်းမပြုပဲ)အသက်ချမ်းသာ ပေးကြလေသည်။ စင်စစ်သော်ကား ဤသည်အသင်တို့အဖို့အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ ကြီးကျယ်လှစွာသောစမ်းသပ်မှု တစ်ရပ်ပင် ရှိချေသတည်း။(ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 139-143 — စူရာ အလ်-အာအ်ရာဖ်

139إِنَّ هَٰؤُلَاءِ مُتَبَّرٌ مَّا هُمْ فِيهِ وَبَاطِلٌ مَّا كَانُوا يَعْمَلُونَ
ဧကန်မလွဲ ၎င်းတို့ လုံးပန်းလျက်ရှိကြသောအမှုကိစ္စများသည် ဖျက်ဆီးခြင်းခံရပေမည်။ ထို့ပြင် ၎င်းတို့ပြုလျက်ရှိကြသော အမှုကိစ္စများသည်(လုံးဝ) အချည်းနှီး (အခြေအမြစ်မရှိသော) ကိစ္စများသာ ဖြစ်ကုန်၏။
140قَالَ أَغَيْرَ اللَّهِ أَبْغِيكُمْ إِلَٰهًا وَهُوَ فَضَّلَكُمْ عَلَى الْعَالَمِينَ
(နဗီတမန်တော်)မူစာက (ဆက်လက်၍)ပြောကြားခဲ့သည်မှာ အချင်းတို့ ငါသည် အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာတစ်ပါးကို ရှာဖွေ၍ပေးရပါမည်လော၊ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်)အရှင်မြတ်သည် (အချို့ သောကျေးဇူးတော်များတွင်) အသင်တို့အားစကြဝဠာ ခပ်သိမ်းတို့ထက် ထွတ်မြတ်စေတော်မူခဲ့ပြီး ဖြစ်ချေသည် ဟု ပြောကြားခဲ့လေသည်။
141وَإِذْ أَنجَيْنَاكُم مِّنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ ۖ يُقَتِّلُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُم بَلَاءٌ مِّن رَّبِّكُمْ عَظِيمٌ
ထိုမှတစ်ပါး(အသင် တို့သည် ပြန်လည်၍ သတိရကြလေကုန်)၊ အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင်တို့အား ဖစ်ရ်အောင်န်၏အမျိုးသားတို့ (၏ ဘေးအန္တရာယ်များ)မှလွတ်မြောက်စေတော် မူခဲ့လေသည်။ ၎င်းတို့သည် အသင်တို့အပေါ်၌ အလွန်ဆိုးရွားလှသော ဘေးဒုက္ခများကို သက်ရောက်စေကြလေသည်။ ၎င်းတို့သည် အသင်တို့၏သား ယောက်ျားကလေးများကို(ရက်စက်ကြမ်းကြုတ်စွာ) သတ်ဖြတ်ကြလေသည်။ သို့ရာတွင် အသင်တို့၏အမျိုးသမီးများကို မူကား (၎င်းတို့၏ကျွန်မများအဖြစ် ခိုင်းစေနိုင်ရန် သတ်ဖြတ်ခြင်းမပြုပဲ)အသက်ချမ်းသာ ပေးကြလေသည်။ စင်စစ်သော်ကား ဤသည်အသင်တို့အဖို့အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ ကြီးကျယ်လှစွာသောစမ်းသပ်မှု တစ်ရပ်ပင် ရှိချေသတည်း။(ရကူ)
142۞ وَوَاعَدْنَا مُوسَىٰ ثَلَاثِينَ لَيْلَةً وَأَتْمَمْنَاهَا بِعَشْرٍ فَتَمَّ مِيقَاتُ رَبِّهِ أَرْبَعِينَ لَيْلَةً ۚ وَقَالَ مُوسَىٰ لِأَخِيهِ هَارُونَ اخْلُفْنِي فِي قَوْمِي وَأَصْلِحْ وَلَا تَتَّبِعْ سَبِيلَ الْمُفْسِدِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအား ညဉ့်ပေါင်းသုံးဆယ် ချိန်းချက်တော်မူခဲ့လေသည်။ထို့နောက် ငါအရှင်မြတ်သည် ယင်းညဉ့်ပေါင်းသုံးဆယ်ကိုဆယ်ညဉ့်ဖြင့် (ထပ်လောင်း၍) ဖြည့်စွက်တော်မူခဲ့လေသည်။သို့ဖြစ်ပေ ရာ ထို(နဗီတမန်တော်)မူစာ၏အရှင် သတ်မှတ်တော်မူသောအချိန်သည် ညဉ့်ပေါင်းလေးဆယ် ပြည့် သွားခဲ့လေ၏။ ၎င်းပြင် (နဗီတမန်တော်)မူစာသည် မိမိနောင်တော်(နဗီတမန်တော်)ဟာရူန်အား (ဤသို့)ပြောဆို မှာကြားခဲ့လေသည်။ (အို-နောင်တော်) အသင်သည် ကျွန်ုပ်၏အမျိုးသားတို့တွင် ကျွန်ုပ်အားကိုယ်စားပြု၍ နေရစ်ခဲ့ပါ။ ထို့ပြင် အသင်သည်(၎င်းတို့အား) ပြုပြင်၍ပေးပါ။ သို့ရာတွင် အသင်သည် အကျိုးပျက်စီးအောင် ပြုလုပ်သူတို့၏ လမ်းစဉ်ကို မလိုက်ပါလေနှင့်။
143وَلَمَّا جَاءَ مُوسَىٰ لِمِيقَاتِنَا وَكَلَّمَهُ رَبُّهُ قَالَ رَبِّ أَرِنِي أَنظُرْ إِلَيْكَ ۚ قَالَ لَن تَرَانِي وَلَٰكِنِ انظُرْ إِلَى الْجَبَلِ فَإِنِ اسْتَقَرَّ مَكَانَهُ فَسَوْفَ تَرَانِي ۚ فَلَمَّا تَجَلَّىٰ رَبُّهُ لِلْجَبَلِ جَعَلَهُ دَكًّا وَخَرَّ مُوسَىٰ صَعِقًا ۚ فَلَمَّا أَفَاقَ قَالَ سُبْحَانَكَ تُبْتُ إِلَيْكَ وَأَنَا أَوَّلُ الْمُؤْمِنِينَ
၎င်းပြင် (နဗီတမန်တော်)မူစာသည် ငါအရှင်မြတ်သတ်မှတ်တော်မူသောအချိန်၌ ရောက်ရှိလာခဲ့၍ ထို(နဗီတမန်တော်)မူစာ၏အရှင်မြတ်သည် ထို (နဗီတမန်တော်)မူစာနှင့် စကားပြောဆိုတော်မူသောအခါ ထို(နဗီတမန်တော်)မူစာက အို ကျွန်တော်မျိုး၏အရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား(မိမိကို)ပြသတော်မူပါ။ ကျွန်တော်မျိုးသည် အရှင်မြတ်အားဖူးမျှော်ပါရစေဟု လျှောက်ထားပန်ကြားလေသည်။ ထိုအခါ အရှင်မြတ်က (အို-မူစာ) အသင်သည် (ဤလောကတွင်) ငါအရှင်မြတ်အား အလျင်း ဖူးမြင်နိုင် မည်မဟုတ်ပေ။သို့ရာတွင် အသင်သည် (ဤ)တောင်ကို ကြည့် နေပါလေ။အကယ်၍ ထိုတောင်သည် မိမိနေရာတွင် တည်ငြိမ်စွာရှိနေခဲ့ပါမူ အသင်သည်လည်း ငါအရှင်မြတ်အား အမှန်ပင်မူးမျှော်နိုင်ပေမည်ဟု မိန့်ကြားတော်မူလေသည်။ ထို့နောက် ထို(နဗီတမန်တော်) မူစာ၏အရှင်သည် တောင်ပေါ်သို့(မိမိ) ဘုန်းတော်ကို ထင်ရှားစေတော်မူလိုက်သည့်အခါ ထိုဘုန်းတော်သည်ယင်းတောင်ကို အစိတ်စိတ်ဖြစ်ခဲ့လေသည်။ ၎င်းပြင် (နဗီတမန်တော်)မူစာသည်လည်း သတိလစ်၍ လဲကျသွားလေသည်။တဖန် ထို(နဗီတမန်တော်)မူစာသည် သတိပြန်လည်၍ ရရှိလာသောအခါ (ဤသို့) လျှောက်ထား လေသည်။ (အို-အရှင်မြတ်)အရှင်မြတ်သည်(ဤလူ့လောကတွင် မံသစက္ခုဖြင့်ဖူးမြင်ရတော်မူခြင်းမှ) သန့်ရှင်း စင်ကြယ်တော်မူပါ၏။ ကျွန် တော်မျိုးသည်အရှင်မြတ်အထံတော်၌ (ယခုကဲ့သို့လျှောက် ထားမိသောကြောင့်) ဝန်ချတောင်းပန်ပါ၏။ ၎င်းပြင် ကျွန် တော်မျိုးသည်(အရှင်မြတ်အား ဤလောကတွင် မည်သူမျှ မမြင်နိုင်ကြောင်း)ပထမဦးဆုံး ယုံကြည်သူဖြစ်ပါသည်။ [(တစ်နည်း) ၎င်းပြင်ကျွန်တော်မျိုးသည် အသင်သည် ငါအရှင်မြတ်အား (ဤပစ္စုပ္ပုန်ဘဝတွင်)အလျင်း ဖူးမျှော်နိုင်မည်မဟုတ်ဟူသော မုက္ခပါဌ်တော် ကို ပထမဦးဆုံး ယုံကြည်သူ ဖြစ်ပါသည်။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
141အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 141

စူရာ အလ်-အာအ်ရာဖ် အာယာသ် 141 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး(အသင် တို့သည် ပြန်လည်၍ သတိရကြလေကုန်)၊ အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင်တို့အား ဖစ်ရ်အောင်န်၏အမျိုးသားတို့ (၏ ဘေးအန္တရာယ်များ)မှလွတ်မြောက်စေတော်…

စူရာ အာယာသ် 141/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 139–143. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers