အလ်-အာအ်ရာဖ် · 152/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
إِنَّ الَّذِينَ اتَّخَذُوا الْعِجْلَ سَيَنَالُهُمْ غَضَبٌ مِّن رَّبِّهِمْ وَذِلَّةٌ فِي الْحَيَاةِ الدُّنْيَا ۚ وَكَذَٰلِكَ نَجْزِي الْمُفْتَرِينَ ۝١٥٢
Innal lazeenat takhazul `ijla-sa yanaaluhum ghadabum mir Rabbihim wa zillatun fil hayaatid dunyaa; wa kazaalika najzil muftareen
📖 မြန်မာဘာသာ
ဧကန်စင်စစ် နွားငယ်(ဆင်းတု)ကို (မိမိတို့၏ကိုးကွယ်ရာ) ပြုလုပ်ကြသော သူတို့အပေါ်၌ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ မကြာမြင့်မီ ဤလောက၌ပင် အမျက်ဒေါသသည်လည်းကောင်း၊ ဂုဏ်သရေနိမ့်ကျခြင်းသည်လည်းကောင်း၊ သက်ရောက်မည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ကြံဖန်စွပ်စွဲသူတို့အား ဤနည်းအတိုင်းပင် အပြစ်ပေးတော်မူသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 150-154 — စူရာ အလ်-အာအ်ရာဖ်

150وَلَمَّا رَجَعَ مُوسَىٰ إِلَىٰ قَوْمِهِ غَضْبَانَ أَسِفًا قَالَ بِئْسَمَا خَلَفْتُمُونِي مِن بَعْدِي ۖ أَعَجِلْتُمْ أَمْرَ رَبِّكُمْ ۖ وَأَلْقَى الْأَلْوَاحَ وَأَخَذَ بِرَأْسِ أَخِيهِ يَجُرُّهُ إِلَيْهِ ۚ قَالَ ابْنَ أُمَّ إِنَّ الْقَوْمَ اسْتَضْعَفُونِي وَكَادُوا يَقْتُلُونَنِي فَلَا تُشْمِتْ بِيَ الْأَعْدَاءَ وَلَا تَجْعَلْنِي مَعَ الْقَوْمِ الظَّالِمِينَ
ထို့နောက် (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့ထံသို့ အမျက်ထွက်လျက် (ဝမ်းနည်း ပူဆွေးစွာ)ပြန်လာခဲ့သောအခါ အသင်တို့သည် ငါမရှိသည့်နောက် ငါ၏ကွယ်ရာ၌ ပြုမူခဲ့ကြသည်မှာ အလွန်ဆိုးယုတ်လှပေတကား။အသင်တို့သည် မိမိတို့အား မွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်(မရောက်မီ)အလျင်တဆော ပြုခဲ့ကြလေသလောဟုပြောကြားလေသည်။ ၎င်းပြင် ထို(နဗီတမန်တော်) မူစာသည်သင်ပုန်းများကို (တစ်ဖက်တွင်)ချထားခဲ့လေသည်။ ထို့နောက်မိမိနောင်တော်(နဗီတမန်တော်ဟာရူန်၏)ဦးခေါင်းကို ဆွဲကိုင်၍ယင်းနောင်တော်ကို မိမိဘက်သို့ ဆွဲယူလေသည်။ (ထိုအခါ)ထိုနောင်တော် (နဗီတမန်တော်ဟာရူန်)က အို-ငါ၏မိခင်၏သား၊ (ညီတော်မောင်)ဧကန်စင်စစ် အမျိုးသားတို့သည် ငါ့အားအားနည်း သောသူဟူ၍ ယူဆခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည် ငါ့အားသတ်အံ့ဆဲဆဲပင် ဖြစ်ခဲ့ကြသည်။ သို့ဖြစ်ပေရာအသင်သည် ငါ့အပေါ်၌ ရန်သူများ ဝမ်းသာ အားရဖြစ်အောင်မပြုပါလေနှင့်။ ၎င်းပြင် အသင်သည် ငါ့အား မတရားကျူးလွန်သောသူတို့၏ဘောင်အတွင်းသို့ မသွင်းပါလေနှင့် ဟု ပြောကြားလေသတည်း။
151قَالَ رَبِّ اغْفِرْ لِي وَلِأَخِي وَأَدْخِلْنَا فِي رَحْمَتِكَ ۖ وَأَنتَ أَرْحَمُ الرَّاحِمِينَ
(ထိုအခါ) ထို(နဗီတမန်တော်) မူစာသည်(အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့) လျှောက်ထား ပန်ကြားလေသည်။ အို-ကျွန်တော်မျိုး ၏အရှင်၊ အရှင်မြတ်သည်ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏နောင်တော်(နဗီတမန်တော်ဟာရူန်)အားလည်းကောင်း၊ (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား မိမိ ကရုဏာတော်အတွင်း သွင်းတော်မူပါ။ အမှန်စင်စစ်သော်ကား အရှင်မြတ်သည် သနားကြင်နာသူအပေါင်းတို့တွင် အကြင်နာ�ုံးသောအရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။(ရကူ)
152إِنَّ الَّذِينَ اتَّخَذُوا الْعِجْلَ سَيَنَالُهُمْ غَضَبٌ مِّن رَّبِّهِمْ وَذِلَّةٌ فِي الْحَيَاةِ الدُّنْيَا ۚ وَكَذَٰلِكَ نَجْزِي الْمُفْتَرِينَ
ဧကန်စင်စစ် နွားငယ်(ဆင်းတု)ကို (မိမိတို့၏ကိုးကွယ်ရာ) ပြုလုပ်ကြသော သူတို့အပေါ်၌ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ မကြာမြင့်မီ ဤလောက၌ပင် အမျက်ဒေါသသည်လည်းကောင်း၊ ဂုဏ်သရေနိမ့်ကျခြင်းသည်လည်းကောင်း၊ သက်ရောက်မည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ကြံဖန်စွပ်စွဲသူတို့အား ဤနည်းအတိုင်းပင် အပြစ်ပေးတော်မူသည်။
153وَالَّذِينَ عَمِلُوا السَّيِّئَاتِ ثُمَّ تَابُوا مِن بَعْدِهَا وَآمَنُوا إِنَّ رَبَّكَ مِن بَعْدِهَا لَغَفُورٌ رَّحِيمٌ
သို့ရာတွင် အကြင်သူတို့သည် မကောင်းမှုဒုစရိုက်များကို ပြုလုပ်မိခဲ့ကြကုန်၏။ ၎င်းနောက် ထိုသူတို့သည်ထိုသို့မကောင်းမှုများ (ပြုလုပ်ပြီး) နောက် ဝန်ချတောင်းပန်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အီမာန်ယုံကြည်ခြင်း သဒ္ဓါတရားလည်း ထားရှိကြကုန်၏။ (သို့ဖြစ်လျှင်) ဧကန်စင်စစ်အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထို(သို့ဝန်ချတောင်းပန်၍ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြပြီး)နောက် (၎င်းတို့အား) မုချ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည့်အရှင်၊ သနားကြင်နာ ညှာတာတော်မူသည့်အရှင်ဖြစ်တော်မူပေသတည်း။
154وَلَمَّا سَكَتَ عَن مُّوسَى الْغَضَبُ أَخَذَ الْأَلْوَاحَ ۖ وَفِي نُسْخَتِهَا هُدًى وَرَحْمَةٌ لِّلَّذِينَ هُمْ لِرَبِّهِمْ يَرْهَبُونَ
ထု့ိနောက်(နဗီတမန်တော်)မူစာ၏ဒေါသပြေငြိမ်းသွားလေသောအခါ ထိုတမန်တော်(မူစာ)သည် သင်ပုန်းကြီးကို ကောက်ယူလေသည်။ အမှန်သော်ကား[ထိုရေးသား၍ထားသောသင်ပုန်းများတွင်] မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြကုန်သောသူတို့အဖို့တရားဓမ္မ ညွှန်ကြားချက်သည်လည်းကောင်း၊ ကရုဏာတရားသည်လည်းကောင်း၊ ပါရှိခဲ့လေသတည်း။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
152အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 152

စူရာ အလ်-အာအ်ရာဖ် အာယာသ် 152 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်စင်စစ် နွားငယ်(ဆင်းတု)ကို (မိမိတို့၏ကိုးကွယ်ရာ) ပြုလုပ်ကြသော သူတို့အပေါ်၌ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ မကြာမြင့်မီ ဤလောက၌ပင်…

စူရာ အာယာသ် 152/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 150–154. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers