အလ်-အာအ်ရာဖ် · 151/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
قَالَ رَبِّ اغْفِرْ لِي وَلِأَخِي وَأَدْخِلْنَا فِي رَحْمَتِكَ ۖ وَأَنتَ أَرْحَمُ الرَّاحِمِينَ ۝١٥١
Qaala Rabbigh fir lee wa li akhee wa adkhilnaa fee rahmatika wa Anta arhamur raahimeen
📖 မြန်မာဘာသာ
(ထိုအခါ) ထို(နဗီတမန်တော်) မူစာသည်(အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့) လျှောက်ထား ပန်ကြားလေသည်။ အို-ကျွန်တော်မျိုး ၏အရှင်၊ အရှင်မြတ်သည်ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏နောင်တော်(နဗီတမန်တော်ဟာရူန်)အားလည်းကောင်း၊ (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား မိမိ ကရုဏာတော်အတွင်း သွင်းတော်မူပါ။ အမှန်စင်စစ်သော်ကား အရှင်မြတ်သည် သနားကြင်နာသူအပေါင်းတို့တွင် အကြင်နာ�ုံးသောအရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။(ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းဖြစ်သော စကားလုံးများ၏ အဓိပ္ပာယ်များ
  • رَبِّ (ရဗ္ဗိ) — အို ကျွန်ုပ်၏ အရှင်သခင်
  • اغْفِرْ (အဂ်ဖိရ်) — ခွင့်လွှတ်တော်မူပါ
  • لِأَخِي (လိအခိ) — ကျွန်ုပ်၏ ညီအတွက်လည်း
  • أَدْخِلْنَا (အက်ဒ်ခိလ်နာ) — ကျွန်ုပ်တို့ကို သွတ်သွင်းတော်မူပါ
  • رَحْمَتِكَ (ရဟ်မသိက) — ကိုယ်တော်၏ ကရုဏာတော်
  • أَرْحَمُ الرَّاحِمِينَ (အာရ်ဟမုရ်-ရာဟိမီန) — ကရုဏာရှင်တို့ထက် အကြီးမားဆုံး ကရုဏာရှင်
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော် မူစာ (အလိုင်ဟိစ်စလာမ်) သည် သူ၏ညီ ဟာရူန် (အလိုင်ဟိစ်စလာမ်) ၏ အကြောင်းပြချက် ရှင်းလင်းလာပြီး၊ ညီဖြစ်သူသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်တွင် ပေါ့ဆမှု မပြုခဲ့ကြောင်း သိရှိသောအခါ၊ သူသည် အလ္လာဟ်အရှင်မြတ်ထံ ဒုအာ (ဆုတောင်း) ပြုလေသည်။ သူက “အို ကျွန်ုပ်၏ အရှင်သခင်၊ ကျွန်ုပ်၏ ဒေါသကြောင့် ဖြစ်ပေါ်ခဲ့သော အမှားအတွက် ကျွန်ုပ်ကို ခွင့်လွှတ်တော်မူပါ။ ကျွန်ုပ်၏ညီ ဟာရူန်နှင့် ဗနီအစ္စရာအီလ်လူမျိုးများအကြား ဖြစ်ပေါ်ခဲ့သော အမှုကိစ္စများအတွက်လည်း ခွင့်လွှတ်တော်မူပါ။ ကျွန်ုပ်တို့နှစ်ဦးကို ကိုယ်တော်၏ ကျယ်ဝန်းလှသော ကရုဏာတော်ထဲသို့ သွတ်သွင်းတော်မူပါ။ အကြောင်းမှာ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကရုဏာပြုရာတွင် ကရုဏာရှင်အားလုံးထက် ပို၍ ကရုဏာရှင်ဖြစ်တော်မူပါသည်” ဟု ဆုတောင်းလေသည်။

ဤအာယသ်တော်တွင် တမန်တော် မူစာ (အလိုင်ဟိစ်စလာမ်) သည် မိမိ၏ညီအတွက် ခွင့်လွှတ်မှု တောင်းခံခြင်းဖြင့် ညီရင်းအစ်ကိုမောင်နှမများအကြား ချစ်ခင်စာနာမှုနှင့် ခွင့်လွှတ်ခြင်း၏ စံပြပုံရိပ်ကို ပြသထားသည်။ ထို့အပြင် အလ္လာဟ်အရှင်မြတ်သည် ကရုဏာရှင်အားလုံးထက် အကြီးမားဆုံး ကရုဏာရှင်ဖြစ်ကြောင်း အသိအမှတ်ပြုခြင်းဖြင့် အရှင်မြတ်၏ ဂုဏ်တော်များကို ချီးမွမ်းထားသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အစ္စလာမ်သာသနာသည် ညီရင်းအစ်ကိုမောင်နှမများအကြား ချစ်ခင်စာနာမှု၊ ခွင့်လွှတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးအားမြှောက်ပြုသည်။
  • မိမိ၏ အမှားများအတွက် အလ္လာဟ်အရှင်မြတ်ထံ ခွင့်လွှတ်မှု တောင်းခံခြင်းသည် အီမာန် (ယုံကြည်ခြင်း) ၏ အရ


📜 အာယာသ် 149-153 — စူရာ အလ်-အာအ်ရာဖ်

149وَلَمَّا سُقِطَ فِي أَيْدِيهِمْ وَرَأَوْا أَنَّهُمْ قَدْ ضَلُّوا قَالُوا لَئِن لَّمْ يَرْحَمْنَا رَبُّنَا وَيَغْفِرْ لَنَا لَنَكُونَنَّ مِنَ الْخَاسِرِينَ
ထို့ပြင် ၎င်းတို့သည် ဝမ်းနည်းပက်လက်ဖြစ် ၍မိမိတို့သည် လမ်းမှားနေကြပြီဖြစ်ကြောင်း သိမြင်ကြသောအခါ(ဤသို့ညည်းညူမြီတမ်းပြောဆိုကြကုန်၏။) အကယ်၍ ငါတို့၏အရှင်မြတ်သည် ငါတို့အား သနားကြင်နာတော်မမူခဲ့ပါလျှင်(အပြစ်)မှလွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မမူခဲ့ပါလျှင် ဧကန်မလွဲ ငါတို့သည် ဆုံးရှုံးနစ်နာသူတို့တွင် အပါအဝင် ဖြစ်ကြရတော့မည်။
150وَلَمَّا رَجَعَ مُوسَىٰ إِلَىٰ قَوْمِهِ غَضْبَانَ أَسِفًا قَالَ بِئْسَمَا خَلَفْتُمُونِي مِن بَعْدِي ۖ أَعَجِلْتُمْ أَمْرَ رَبِّكُمْ ۖ وَأَلْقَى الْأَلْوَاحَ وَأَخَذَ بِرَأْسِ أَخِيهِ يَجُرُّهُ إِلَيْهِ ۚ قَالَ ابْنَ أُمَّ إِنَّ الْقَوْمَ اسْتَضْعَفُونِي وَكَادُوا يَقْتُلُونَنِي فَلَا تُشْمِتْ بِيَ الْأَعْدَاءَ وَلَا تَجْعَلْنِي مَعَ الْقَوْمِ الظَّالِمِينَ
ထို့နောက် (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့ထံသို့ အမျက်ထွက်လျက် (ဝမ်းနည်း ပူဆွေးစွာ)ပြန်လာခဲ့သောအခါ အသင်တို့သည် ငါမရှိသည့်နောက် ငါ၏ကွယ်ရာ၌ ပြုမူခဲ့ကြသည်မှာ အလွန်ဆိုးယုတ်လှပေတကား။အသင်တို့သည် မိမိတို့အား မွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်(မရောက်မီ)အလျင်တဆော ပြုခဲ့ကြလေသလောဟုပြောကြားလေသည်။ ၎င်းပြင် ထို(နဗီတမန်တော်) မူစာသည်သင်ပုန်းများကို (တစ်ဖက်တွင်)ချထားခဲ့လေသည်။ ထို့နောက်မိမိနောင်တော်(နဗီတမန်တော်ဟာရူန်၏)ဦးခေါင်းကို ဆွဲကိုင်၍ယင်းနောင်တော်ကို မိမိဘက်သို့ ဆွဲယူလေသည်။ (ထိုအခါ)ထိုနောင်တော် (နဗီတမန်တော်ဟာရူန်)က အို-ငါ၏မိခင်၏သား၊ (ညီတော်မောင်)ဧကန်စင်စစ် အမျိုးသားတို့သည် ငါ့အားအားနည်း သောသူဟူ၍ ယူဆခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည် ငါ့အားသတ်အံ့ဆဲဆဲပင် ဖြစ်ခဲ့ကြသည်။ သို့ဖြစ်ပေရာအသင်သည် ငါ့အပေါ်၌ ရန်သူများ ဝမ်းသာ အားရဖြစ်အောင်မပြုပါလေနှင့်။ ၎င်းပြင် အသင်သည် ငါ့အား မတရားကျူးလွန်သောသူတို့၏ဘောင်အတွင်းသို့ မသွင်းပါလေနှင့် ဟု ပြောကြားလေသတည်း။
151قَالَ رَبِّ اغْفِرْ لِي وَلِأَخِي وَأَدْخِلْنَا فِي رَحْمَتِكَ ۖ وَأَنتَ أَرْحَمُ الرَّاحِمِينَ
(ထိုအခါ) ထို(နဗီတမန်တော်) မူစာသည်(အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့) လျှောက်ထား ပန်ကြားလေသည်။ အို-ကျွန်တော်မျိုး ၏အရှင်၊ အရှင်မြတ်သည်ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏နောင်တော်(နဗီတမန်တော်ဟာရူန်)အားလည်းကောင်း၊ (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား မိမိ ကရုဏာတော်အတွင်း သွင်းတော်မူပါ။ အမှန်စင်စစ်သော်ကား အရှင်မြတ်သည် သနားကြင်နာသူအပေါင်းတို့တွင် အကြင်နာ�ုံးသောအရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။(ရကူ)
152إِنَّ الَّذِينَ اتَّخَذُوا الْعِجْلَ سَيَنَالُهُمْ غَضَبٌ مِّن رَّبِّهِمْ وَذِلَّةٌ فِي الْحَيَاةِ الدُّنْيَا ۚ وَكَذَٰلِكَ نَجْزِي الْمُفْتَرِينَ
ဧကန်စင်စစ် နွားငယ်(ဆင်းတု)ကို (မိမိတို့၏ကိုးကွယ်ရာ) ပြုလုပ်ကြသော သူတို့အပေါ်၌ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ မကြာမြင့်မီ ဤလောက၌ပင် အမျက်ဒေါသသည်လည်းကောင်း၊ ဂုဏ်သရေနိမ့်ကျခြင်းသည်လည်းကောင်း၊ သက်ရောက်မည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ကြံဖန်စွပ်စွဲသူတို့အား ဤနည်းအတိုင်းပင် အပြစ်ပေးတော်မူသည်။
153وَالَّذِينَ عَمِلُوا السَّيِّئَاتِ ثُمَّ تَابُوا مِن بَعْدِهَا وَآمَنُوا إِنَّ رَبَّكَ مِن بَعْدِهَا لَغَفُورٌ رَّحِيمٌ
သို့ရာတွင် အကြင်သူတို့သည် မကောင်းမှုဒုစရိုက်များကို ပြုလုပ်မိခဲ့ကြကုန်၏။ ၎င်းနောက် ထိုသူတို့သည်ထိုသို့မကောင်းမှုများ (ပြုလုပ်ပြီး) နောက် ဝန်ချတောင်းပန်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အီမာန်ယုံကြည်ခြင်း သဒ္ဓါတရားလည်း ထားရှိကြကုန်၏။ (သို့ဖြစ်လျှင်) ဧကန်စင်စစ်အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထို(သို့ဝန်ချတောင်းပန်၍ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြပြီး)နောက် (၎င်းတို့အား) မုချ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည့်အရှင်၊ သနားကြင်နာ ညှာတာတော်မူသည့်အရှင်ဖြစ်တော်မူပေသတည်း။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
151အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 151

စူရာ အလ်-အာအ်ရာဖ် အာယာသ် 151 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ) ထို(နဗီတမန်တော်) မူစာသည်(အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့) လျှောက်ထား ပန်ကြားလေသည်။ အို-ကျွန်တော်မျိုး ၏အရှင်၊ အရှင်မြတ်သည်ကျွန်တော်မျိုးအားလည်းကောင်း၊…

စူရာ အာယာသ် 151/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 149–153. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers