အလ်-အာအ်ရာဖ် · 153/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
وَالَّذِينَ عَمِلُوا السَّيِّئَاتِ ثُمَّ تَابُوا مِن بَعْدِهَا وَآمَنُوا إِنَّ رَبَّكَ مِن بَعْدِهَا لَغَفُورٌ رَّحِيمٌ ۝١٥٣
Wallazeena `amilus saiyiaati summa taaboo mim ba`dihaa wa aamanooo inna Rabbaka mim ba`dihaa la Ghafoorur Raheem
📖 မြန်မာဘာသာ
သို့ရာတွင် အကြင်သူတို့သည် မကောင်းမှုဒုစရိုက်များကို ပြုလုပ်မိခဲ့ကြကုန်၏။ ၎င်းနောက် ထိုသူတို့သည်ထိုသို့မကောင်းမှုများ (ပြုလုပ်ပြီး) နောက် ဝန်ချတောင်းပန်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အီမာန်ယုံကြည်ခြင်း သဒ္ဓါတရားလည်း ထားရှိကြကုန်၏။ (သို့ဖြစ်လျှင်) ဧကန်စင်စစ်အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထို(သို့ဝန်ချတောင်းပန်၍ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြပြီး)နောက် (၎င်းတို့အား) မုချ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည့်အရှင်၊ သနားကြင်နာ ညှာတာတော်မူသည့်အရှင်ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဇေယျဝေါဟာရများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
  • السَّيِّئَاتِ (ဆိုင်ယိအာသ်): မကောင်းမှုများ၊ အကုသိုလ်ကံများ၊ အပြစ်များ။ ဤနေရာတွင် ရှိရ်က် (အလ္လာဟ်နှင့်တွဲဖက်ကိုးကွယ်ခြင်း) နှင့် အခြားသော အပြစ်များကို ဆိုလိုသည်။
  • تَابُوا (တာဗူ): နောင်တရကြသည်၊ အပြစ်မှ လှည့်ပြန်ကြသည်။
  • مَن بَعْدِهَا (မန် ဗအ်ဒိဟာ): ထိုအပြစ်များ၏ နောက်တွင်း၊ ထိုအပြစ်များကို ကျူးလွန်ပြီးနောက်။
  • غَفُورٌ (ဂဖူရ်): အလွန်ခွင့်လွှတ်တော်မူသော၊ အပြစ်များကို ဖုံးအုပ်ခွင့်လွှတ်တော်မူသော။
  • رَحِيمٌ (ရဟီမ်): အလွန်ကရုဏာထားတော်မူသော၊ အလွန်သနားညှာတာတော်မူသော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အကြင်သူတို့သည် မကောင်းမှုများ—တစ်နည်းအားဖြင့် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်း (ရှိရ်က်) နှင့် အခြားအပြစ်ဒုစရိုက်များ—ကို ကျူးလွန်ခဲ့ကြပြီးနောက်၊ ထိုအပြစ်များကို ကျူးလွန်ပြီးနောက်တွင် အလ္လာဟ်အရှင်မြတ်ထံ နောင်တရ၍ ပြန်လှည့်လာကြပြီး၊ အီမာန် (ယုံကြည်ခြင်း) ကို လက်ခံယုံကြည်ကာ၊ မိမိတို့ ကျူးလွန်ခဲ့သော အပြစ်များကို ရပ်တန့်လိုက်ကြလျှင်၊ အို—တမန်တော်မုဟမ္မဒ်—သင်၏ အရှင်မြတ်သည် ထိုနောင်တရခြင်းနှင့် ရှိရ်က်မှ အီမာန်သို့ ပြန်လှည့်ခြင်း၊ အပြစ်မှ အီသွာသ် (နာခံမှု) သို့ ပြန်လှည့်ခြင်း၏ နောက်တွင်၊ ဧကန်အမှန်ပင် အလွန်ခွင့်လွှတ်တော်မူသော၊ အလွန်ကရုဏာထားတော်မူသော အရှင်ဖြစ်တော်မူသည်။ ထိုသူတို့၏ အပြစ်များကို ဖုံးအုပ်ခွင့်လွှတ်တော်မူပြီး၊ သူတို့အပေါ် ကရုဏာထားတော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသော၊ အလွန်ကရုဏာထားတော်မူသော အရှင်ဖြစ်တော်မူသည်။ မည်မျှပင် ကြီးမားသော အပြစ်များကို ကျူးလွန်ခဲ့သည်ဖြစ်စေ၊ စစ်မှန်သော နောင်တရခြင်းဖြင့် ပြန်လှည့်လာပါက အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူသည်။
  • အစ္စလာမ်သာသနာသည် မျှော်လင့်ချက်နှင့် ကရုဏာ၏ သာသနာဖြစ်သည်။ မည်သူမျှ အပြစ်များကြောင့် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ လုံးဝ ကင်းကွာသွားသည်မဟုတ်ပေ။
  • နောင်တရခြင်းသည် အပြစ်များကို ဖျက်ဆီးပေးသည်။


📜 အာယာသ် 151-155 — စူရာ အလ်-အာအ်ရာဖ်

151قَالَ رَبِّ اغْفِرْ لِي وَلِأَخِي وَأَدْخِلْنَا فِي رَحْمَتِكَ ۖ وَأَنتَ أَرْحَمُ الرَّاحِمِينَ
(ထိုအခါ) ထို(နဗီတမန်တော်) မူစာသည်(အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့) လျှောက်ထား ပန်ကြားလေသည်။ အို-ကျွန်တော်မျိုး ၏အရှင်၊ အရှင်မြတ်သည်ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏နောင်တော်(နဗီတမန်တော်ဟာရူန်)အားလည်းကောင်း၊ (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား မိမိ ကရုဏာတော်အတွင်း သွင်းတော်မူပါ။ အမှန်စင်စစ်သော်ကား အရှင်မြတ်သည် သနားကြင်နာသူအပေါင်းတို့တွင် အကြင်နာ�ုံးသောအရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။(ရကူ)
152إِنَّ الَّذِينَ اتَّخَذُوا الْعِجْلَ سَيَنَالُهُمْ غَضَبٌ مِّن رَّبِّهِمْ وَذِلَّةٌ فِي الْحَيَاةِ الدُّنْيَا ۚ وَكَذَٰلِكَ نَجْزِي الْمُفْتَرِينَ
ဧကန်စင်စစ် နွားငယ်(ဆင်းတု)ကို (မိမိတို့၏ကိုးကွယ်ရာ) ပြုလုပ်ကြသော သူတို့အပေါ်၌ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ မကြာမြင့်မီ ဤလောက၌ပင် အမျက်ဒေါသသည်လည်းကောင်း၊ ဂုဏ်သရေနိမ့်ကျခြင်းသည်လည်းကောင်း၊ သက်ရောက်မည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ကြံဖန်စွပ်စွဲသူတို့အား ဤနည်းအတိုင်းပင် အပြစ်ပေးတော်မူသည်။
153وَالَّذِينَ عَمِلُوا السَّيِّئَاتِ ثُمَّ تَابُوا مِن بَعْدِهَا وَآمَنُوا إِنَّ رَبَّكَ مِن بَعْدِهَا لَغَفُورٌ رَّحِيمٌ
သို့ရာတွင် အကြင်သူတို့သည် မကောင်းမှုဒုစရိုက်များကို ပြုလုပ်မိခဲ့ကြကုန်၏။ ၎င်းနောက် ထိုသူတို့သည်ထိုသို့မကောင်းမှုများ (ပြုလုပ်ပြီး) နောက် ဝန်ချတောင်းပန်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အီမာန်ယုံကြည်ခြင်း သဒ္ဓါတရားလည်း ထားရှိကြကုန်၏။ (သို့ဖြစ်လျှင်) ဧကန်စင်စစ်အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထို(သို့ဝန်ချတောင်းပန်၍ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြပြီး)နောက် (၎င်းတို့အား) မုချ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည့်အရှင်၊ သနားကြင်နာ ညှာတာတော်မူသည့်အရှင်ဖြစ်တော်မူပေသတည်း။
154وَلَمَّا سَكَتَ عَن مُّوسَى الْغَضَبُ أَخَذَ الْأَلْوَاحَ ۖ وَفِي نُسْخَتِهَا هُدًى وَرَحْمَةٌ لِّلَّذِينَ هُمْ لِرَبِّهِمْ يَرْهَبُونَ
ထု့ိနောက်(နဗီတမန်တော်)မူစာ၏ဒေါသပြေငြိမ်းသွားလေသောအခါ ထိုတမန်တော်(မူစာ)သည် သင်ပုန်းကြီးကို ကောက်ယူလေသည်။ အမှန်သော်ကား[ထိုရေးသား၍ထားသောသင်ပုန်းများတွင်] မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြကုန်သောသူတို့အဖို့တရားဓမ္မ ညွှန်ကြားချက်သည်လည်းကောင်း၊ ကရုဏာတရားသည်လည်းကောင်း၊ ပါရှိခဲ့လေသတည်း။
155وَاخْتَارَ مُوسَىٰ قَوْمَهُ سَبْعِينَ رَجُلًا لِّمِيقَاتِنَا ۖ فَلَمَّا أَخَذَتْهُمُ الرَّجْفَةُ قَالَ رَبِّ لَوْ شِئْتَ أَهْلَكْتَهُم مِّن قَبْلُ وَإِيَّايَ ۖ أَتُهْلِكُنَا بِمَا فَعَلَ السُّفَهَاءُ مِنَّا ۖ إِنْ هِيَ إِلَّا فِتْنَتُكَ تُضِلُّ بِهَا مَن تَشَاءُ وَتَهْدِي مَن تَشَاءُ ۖ أَنتَ وَلِيُّنَا فَاغْفِرْ لَنَا وَارْحَمْنَا ۖ وَأَنتَ خَيْرُ الْغَافِرِينَ
္မ ထို့နောက် (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အနက်မှ ယောက်ျားခုနစ်ဆယ်ကို ငါအရှင်မြတ်ချိန်းချက်သတ်မှတ်တော်မူသောအချိန်(တွင် မိမိနှင့်အတူ ခေါ်ဆောင်ခဲ့ရန်) အလို့ငှာ ရွေးချယ်ခဲ့လေသည်။ ထို့နောက် ၎င်းတို့သည် မြေငလျင်ဘေးသင့်၍ပျက်စီးသွားသောအခါ (ထိုနဗီတမန်တော်) မူစာက (ဤသို့) လျှောက်ထားခဲ့လေသည်။ အိုကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် (ဤအတိုင်းသာ)အလိုရှိတော်မူခဲ့ပါမူ ထိုသူတို့အားလည်းကောင်း၊ ကျွန်တော်မျိုးအားလည်းကောင်း၊ ယခင်မူလကပင် ပျက်စီးစေတော်မူပြီးဖြစ်အံ့။ အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့အနက်မှ အသိတရားကင်းမဲ့သောအချို့လူ့ဗာလတို့၏ ပြုမူချက်ကြောင့် သေကြေပျက်စီးစေတော်မူပါမည်လော။ ဤသည်ကား အရှင်မြတ်၏စမ်းသပ်မှုတစ်ရပ်သာလျှင် ဖြစ်ပါသည်။ ထိုစမ်းသပ်မှုဖြင့် အရှင်မြတ်သည် မိမိအလိုရှိသူအား လမ်းမှားစေတော်မူ၏။ ထိုနည်းတူစွာအရှင်မြတ်သည် (ထိုစမ်းသပ်မှုဖြင့်) မိမိအလိုရှိသူအား လမ်းမှန်သို့ ရောက်စေတော်မူ၏။ အရှင်မြတ်သည်ပင်လျှင် ကျွန်တော်မျိုးတို့၏ကိစ္စ(အဝဝတို့)ကို (ပြီးစီးအောင်) ဆောင်ရွက်ပေးတော်မူသောအရှင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားသနားညှာတာတော်မူပါ။ အမှန်စင်စစ်သော်ကားအရှင်မြတ်သည် အကောင်းဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်မြတ်ပင်တည်း။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
153အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 153

စူရာ အလ်-အာအ်ရာဖ် အာယာသ် 153 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် အကြင်သူတို့သည် မကောင်းမှုဒုစရိုက်များကို ပြုလုပ်မိခဲ့ကြကုန်၏။ ၎င်းနောက် ထိုသူတို့သည်ထိုသို့မကောင်းမှုများ (ပြုလုပ်ပြီး) နောက် ဝန်ချတောင်းပန်ကြကုန်၏။ ၎င်းပြင်…

စူရာ အာယာသ် 153/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 151–155. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers