အလ်-အာအ်ရာဖ် · 166/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
فَلَمَّا عَتَوْا عَن مَّا نُهُوا عَنْهُ قُلْنَا لَهُمْ كُونُوا قِرَدَةً خَاسِئِينَ ۝١٦٦
Falammaa `ataw `ammmaa nuhoo `anhu qulna lahum kkoonoo qiradatan khaasi`een
📖 မြန်မာဘာသာ
သို့ဖြစ်ပေရာ ထိုသူတို့သည် မိမိတို့ မြစ်တားခြင်းခံခဲ့ကြရသော အမှုကိစ္စနှင့်စပ်လျဉ်း၍ စည်းကမ်းကို ကျူးလွန်ခဲ့ကြသောအခါ ငါအရှင်မြတ်သည် ၎င်းတို့အား အသင်တို့သည် ယုတ်ညံ့သိမ်ဖျင်းသောမျောက်တိရစ္ဆာန်များဖြစ်ကြလော့ဟူ၍ မိန့်ကြား တော်မူခဲ့လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 164-168 — စူရာ အလ်-အာအ်ရာဖ်

164وَإِذْ قَالَتْ أُمَّةٌ مِّنْهُمْ لِمَ تَعِظُونَ قَوْمًا ۙ اللَّهُ مُهْلِكُهُمْ أَوْ مُعَذِّبُهُمْ عَذَابًا شَدِيدًا ۖ قَالُوا مَعْذِرَةً إِلَىٰ رَبِّكُمْ وَلَعَلَّهُمْ يَتَّقُونَ
တဖန် အကြင်အခါဝယ် ၎င်းတို့အနက်မှ လူတစ်စုသည် (၎င်းတို့အား ဆုံးမဩဝါဒပေးသူတို့ကို) အသင်တို့သည် အကြင်အမျိုးသားတို့အား အဘယ်ကြောင့် ဆုံးမဩဝါဒပေးလျက် ရှိကြပါသနည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုအမျိုးသားတို့အား ပျက်စီးစေတော်မူမည်ဖြစ်သည်။ သို့မဟုတ် (ထိုအရှင်မြတ်သည်) ၎င်းတို့အား (အခြားတစ်စုံတစ်ရာ) ပြင်းထန်သောပြစ်ဒဏ်ကို ပေးတော်မူမည်ဖြစ်ချေ သည်ဟု ပြောကြားခဲ့လေသည်။ (ထိုအခါ) ထို (ဆုံးမဩဝါဒစကား ပြောကြားနေသူတို့က (ကျွန်ုပ်တို့သည်) အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် အပြစ် လွတ်ရာလွတ်ကြောင်း ဖြစ်စေခြင်းငှာလည်းကောင်း၊ ထို(ဆုံးမဩဝါဒစကားပြောခြင်းခံကြရသော)သူတို့သည် အပြစ်မှ ကြဉ်ရှောင်ကြမည်ကို မျှော်လင့်၍လည်းကောင်း၊ (ဆုံးမဩဝါဒ ပေးခြင်းပင်ဖြစ်သည်) ဟူ၍ ဖြေကြားကြလေသတည်း။
165فَلَمَّا نَسُوا مَا ذُكِّرُوا بِهِ أَنجَيْنَا الَّذِينَ يَنْهَوْنَ عَنِ السُّوءِ وَأَخَذْنَا الَّذِينَ ظَلَمُوا بِعَذَابٍ بَئِيسٍ بِمَا كَانُوا يَفْسُقُونَ
တဖန် ထိုသူတို့သည် မိမိတို့သတိပေးခြင်း ခံကြရသောအမှုကိစ္စကို မေ့လျက်ပင်ရှိကြလေသောအခါ ငါအရှင်မြတ်သည် မကောင်းမှုတို့မှ မြစ်တားလျက်ရှိကြသူတို့အား ကယ်ဆယ်တော်မူ၍ မတရားကျူးလွန်သောသူတို့ကိုမူ ၎င်းတို့သည်သွေဖည်လျက် ရှိခဲ့ကြသောကြောင့် ပြင်းထန်သော ပြစ်ဒဏ်ဖြင့်ဖမ်းဆီးတော်မူခဲ့လေသတည်း။
166فَلَمَّا عَتَوْا عَن مَّا نُهُوا عَنْهُ قُلْنَا لَهُمْ كُونُوا قِرَدَةً خَاسِئِينَ
သို့ဖြစ်ပေရာ ထိုသူတို့သည် မိမိတို့ မြစ်တားခြင်းခံခဲ့ကြရသော အမှုကိစ္စနှင့်စပ်လျဉ်း၍ စည်းကမ်းကို ကျူးလွန်ခဲ့ကြသောအခါ ငါအရှင်မြတ်သည် ၎င်းတို့အား အသင်တို့သည် ယုတ်ညံ့သိမ်ဖျင်းသောမျောက်တိရစ္ဆာန်များဖြစ်ကြလော့ဟူ၍ မိန့်ကြား တော်မူခဲ့လေသတည်း။
167وَإِذْ تَأَذَّنَ رَبُّكَ لَيَبْعَثَنَّ عَلَيْهِمْ إِلَىٰ يَوْمِ الْقِيَامَةِ مَن يَسُومُهُمْ سُوءَ الْعَذَابِ ۗ إِنَّ رَبَّكَ لَسَرِيعُ الْعِقَابِ ۖ وَإِنَّهُ لَغَفُورٌ رَّحِيمٌ
၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည် ပြန်လည်သတိရပါလေ)။ အခါတစ်ပါး၌ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်(ဤသို့)ကြေငြာတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်၌ အကြင်ကဲ့သို့သောသူများကို ကိယာမတ် နေ့တိုင်အောင် မလွဲဧကန် လွှမ်းမိုးစေတော်မူအံ့။ ထိုသူများသည် ပြင်းထန်လှသောပြစ်ဒဏ်ကို၎င်းတို့၌ သက်ရောက်ကြစေအံ့။ ဧကန်မလွဲ အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အလွန် လျင်မြန်စွာအပြစ်ပေးတော်မူသောအသျှင်ဖြစ်တော် မူပေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် မုချစင်စစ် အလွန်ချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်သနားကြင်နာညှာတာတော်မူသောအရှင်မြတ် ဖြစ်တော်မူသတည်း။
168وَقَطَّعْنَاهُمْ فِي الْأَرْضِ أُمَمًا ۖ مِّنْهُمُ الصَّالِحُونَ وَمِنْهُمْ دُونَ ذَٰلِكَ ۖ وَبَلَوْنَاهُم بِالْحَسَنَاتِ وَالسَّيِّئَاتِ لَعَلَّهُمْ يَرْجِعُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အားကမ္ဘာမြေဝယ် အုပ်စု(အမျိုးမျိုး) ကွဲပြားစေတော်မူခဲ့ လေသည်။၎င်းတို့အနက်အချို့သည် သူတော်ကောင်းများ ဖြစ်ကြသည်။ထို့ပြင် ၎င်းတို့တွင် ထို(သူတော်စင်များ)မှ တစ်ပါးသောသူများလည်းရှိခဲ့ကြ၏။ ၎င်းပြင် ငါအရှင်မြတ်သည် သုခချမ်းသာများ(ကိုချီးမြှင့်ပေးသ နားတော်မူခြင်းအား) ဖြင့်လည်းကောင်း၊ဆင်းရဲဒုက္ခများ (သက်ရောက်စေခြင်းအား)ဖြင့်လည်းကောင်း၊စမ်းသပ်တော်မူခဲ့လေသည်။ သို့မှသာလျှင် ၎င်းတို့သည် (မိမိတို့၏သွေဖည်မှုများမှ) ပြန်လှည့်လာကြတန်ရာသည်။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
166အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 166

စူရာ အလ်-အာအ်ရာဖ် အာယာသ် 166 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ပေရာ ထိုသူတို့သည် မိမိတို့ မြစ်တားခြင်းခံခဲ့ကြရသော အမှုကိစ္စနှင့်စပ်လျဉ်း၍ စည်းကမ်းကို ကျူးလွန်ခဲ့ကြသောအခါ ငါအရှင်မြတ်သည် ၎င်းတို့အား အသင်တို့သည်…

စူရာ အာယာသ် 166/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 164–168. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers