အလ်-အာအ်ရာဖ် · 199/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
خُذِ الْعَفْوَ وَأْمُرْ بِالْعُرْفِ وَأَعْرِضْ عَنِ الْجَاهِلِينَ ۝١٩٩
khuzil `afwa waamur bil`urfi waa`rid `anil jaahileen
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် ခွင့်လွှတ်ခြင်းတရားကို အမြဲလက်ကိုင်ထားကာ (၎င်းတို့အား) ကောင်းမြတ်သောအမှုတို့ကိုပြုလုပ်ကြရန် အမိန့်ပေးလျက်ရှိပါလေ။ ၎င်းပြင်အသင်သည် အသိပညာကင်းမဲ့သောသူတို့ကို လျစ်လျူရှု၍နေပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 197-201 — စူရာ အလ်-အာအ်ရာဖ်

197وَالَّذِينَ تَدْعُونَ مِن دُونِهِ لَا يَسْتَطِيعُونَ نَصْرَكُمْ وَلَا أَنفُسَهُمْ يَنصُرُونَ
သို့ရာတွင် ထိုအရှင်မြတ်မှတစ်ပါး အသင်တို့ဟစ်ခေါ် (ကိုးကွယ်ဆည်းကပ်တမ်းတ)ကြကုန်သော သူတို့မှာမူကား အသင်တို့အားလည်း ကူညီနိုင်ကြသည် မဟုတ်ပေ။မိမိတို့ ကိုယ်များကိုလည်း (မိမိတို့)ကူညီနိုင်ကြသည် မဟုတ်ချေ။
198وَإِن تَدْعُوهُمْ إِلَى الْهُدَىٰ لَا يَسْمَعُوا ۖ وَتَرَاهُمْ يَنظُرُونَ إِلَيْكَ وَهُمْ لَا يُبْصِرُونَ
ထိုမှတစ်ပါး အသင်တို့သည် အကယ်၍ ၎င်းတို့အား တရားလမ်းမှန်သို့ ဖိတ်ခေါ်ကြလျှင်လည်း ၎င်းတို ့သည်(အသင်တို့ဖိတ်ခေါ်သည်ကိုပင်) ကြားနိုင်ကြမည် မဟုတ်ချေ။ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ယင်းမမှန်သော(ကိုးကွယ်ရာ)များအား မိမိဘက်သို့ကြည့်နေဘိသကဲ့သို့ တွေ့မြင်နေရသော်လည်း စင်စစ်မူကား ၎င်းတို့သည် (အလျင်း)ကြည့်မြင်နိုင်ကြသည် မဟုတ်ပေ။
199خُذِ الْعَفْوَ وَأْمُرْ بِالْعُرْفِ وَأَعْرِضْ عَنِ الْجَاهِلِينَ
(အို-နဗီတမန်တော်) အသင်သည် ခွင့်လွှတ်ခြင်းတရားကို အမြဲလက်ကိုင်ထားကာ (၎င်းတို့အား) ကောင်းမြတ်သောအမှုတို့ကိုပြုလုပ်ကြရန် အမိန့်ပေးလျက်ရှိပါလေ။ ၎င်းပြင်အသင်သည် အသိပညာကင်းမဲ့သောသူတို့ကို လျစ်လျူရှု၍နေပါလေ။
200وَإِمَّا يَنزَغَنَّكَ مِنَ الشَّيْطَانِ نَزْغٌ فَاسْتَعِذْ بِاللَّهِ ۚ إِنَّهُ سَمِيعٌ عَلِيمٌ
ထို့ပြင် အကယ်၍ ရှိုင်တွာန်၏ထံမှ တစ်စုံတစ်ရာ အကြံပေးချက်သည် အသင်(၏စိတ်နှလုံး)၌ သက် ရောက်ခဲ့ါမူ အသင်သည်(ချက်ချင်းပင်)အလ္လာဟ် ရှင်မြတ်၏ကာကွယ်စောင့်ရှောက်မှုကို ဆည်းပူးရှာဖွေ (ရယူ)ပါလေ။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် (အလုံးစုံကို) အကြွင်းမဲ့ ကြားတော်မူ သောအရှင်၊ (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိရှိတော်မူသောအရှင်မြတ်ပင်တည်း။
201إِنَّ الَّذِينَ اتَّقَوْا إِذَا مَسَّهُمْ طَائِفٌ مِّنَ الشَّيْطَانِ تَذَكَّرُوا فَإِذَا هُم مُّبْصِرُونَ
မလွဲဧကန် (အလ္လာဟ်အရှင်မြတ်အား)ကြောက်ရွံ့ရိုသေခန့်ညားသောသူတို့မူကား ရှိုင်တွာန် မိစ္ဆာကောင်၏ထံမှ တစ်စုံတစ်ရာ စိုးရိမ်ဖွယ်ရာသည် ထိုသူတို့၌ သက်ရောက်ခဲ့သောအခါ (အလ္လာဟ်အရှင်မြတ်အား ချက်ချင်း) အောက်မေ့တသကြကုန်၏။ သို့ဖြစ်လျှင် ၎င်းတို့သည် ရုတ်တရက်ပင်(အမှန် ကို) မြင်လာကြကုန်သတည်း။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
199အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 199

စူရာ အလ်-အာအ်ရာဖ် အာယာသ် 199 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် ခွင့်လွှတ်ခြင်းတရားကို အမြဲလက်ကိုင်ထားကာ (၎င်းတို့အား) ကောင်းမြတ်သောအမှုတို့ကိုပြုလုပ်ကြရန် အမိန့်ပေးလျက်ရှိပါလေ။ ၎င်းပြင်အသင်သည် အသိပညာကင်းမဲ့သောသူတို့ကို လျစ်လျူရှု၍နေပါလေ။

စူရာ အာယာသ် 199/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 197–201. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers