وَمَا جَعَلَهُ اللَّهُ إِلَّا بُشْرَىٰ وَلِتَطْمَئِنَّ بِهِ قُلُوبُكُمْ ۚ وَمَا النَّصْرُ إِلَّا مِنْ عِندِ اللَّهِ ۚ إِنَّ اللَّهَ عَزِيزٌ حَكِيمٌ ١٠
🔤 Transliteration
Wa maa ja`alahul laahu illaa bushraa wa litatma`inna bihee quloobukum; wa man nasru illaa min `indil laah; innal laaha Azeezun Hakeem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ထို(ကဲ့သို့မလာအိကဟ်များကို စေလွှတ်တော်မူ၍ ကူညီတော်မူမည်ဟု)ကတိပေးတော်မူခြင်းမှာ အသင်တို့အဖို့ ဝမ်းမြောက်ဖွယ်ရာသတင်း အဖြစ်သာလည်းကောင်း၊ အသင်တို့၏ စိတ်နှလုံးများသည် ထိုသတင်း (ကိုကြားသိရခြင်းအား)ဖြင့် နှစ်သိမ့်ခြင်းငှာလည်း ကောင်း၊ ပြုတော်မူခဲ့လေသည်။ အမှန်သော်ကားအောင်မြင်မှုသည် အလ္လာဟ်အရှင်မြတ် အထံတော်မှ သာလျှင်ဖြစ်၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။(ရကူ)
🌐 Additional reference in ภาษาไทย
၁။ ဝေါဟာရအနက်ဖွင့်ဆိုချက်
بُشْرَىٰ (ဗုရှ်ရာ) — ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်း။ لِتَطْمَئِنَّ (လိတသ်မအင်နာ) — စိတ်နှလုံးငြိမ်းချမ်းအေးချမ်းရန်၊ တည်ငြိမ်ရန်။ قُلُوبُكُمْ (ကူလူဗုကုမ်) — သင်တို့၏ စိတ်နှလုံးများ။ النَّصْرُ (အန်-နဆ်ရ်) — အောင်မြင်မှု၊ အကူအညီ။ عَزِيزٌ (အဇီဇ်) — တန်ခိုးကြီးမြတ်တော်မူသော၊ မည်သူမျှ အနိုင်မယူနိုင်သော။ حَكِيمٌ (ဟကီမ်) — ဉာဏ်ပညာနှင့်ပြည့်စုံတော်မူသော။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
ဤအာယသ်တော်သည် ဗဒ်ရ်စစ်ပွဲတွင် မုအ်မင်န်များအား ကောင်းကင်တမန်များဖြင့် အားဖြည့်ကူညီတော်မူခြင်းနှင့် ပတ်သက်၍ ချမှတ်တော်မူသော အာယသ်တော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ထိုကောင်းကင်တမန်များဖြင့် ကူညီတော်မူခြင်းကို အခြားမည်သည့်အတွက်ကြောင့်မျှ ပြုလုပ်တော်မူခဲ့သည်မဟုတ်၊ မုအ်မင်န်များအတွက် ဝမ်းမြောက်ဖွယ်သတင်းကောင်းအဖြစ်လည်းကောင်း၊ သူတို့၏စိတ်နှလုံးများ ငြိမ်းချမ်းအေးချမ်းပြီး စိတ်ချမှုရရှိစေရန်လည်းကောင်း ဖြစ်သည်။ အမှန်စင်စစ် အောင်မြင်မှုသည် စစ်သည်အင်အားများခြင်း၊ လက်နက်ကိရိယာများပြားခြင်းကြောင့် မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်ထံတော်မှသာလျှင် ရရှိမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်နှင့်ပြည့်စုံတော်မူသောအရှင်၊ မည်သူမျှ အနိုင်ယူနိုင်ခြင်းမရှိသောအရှင်၊ မိမိ၏စီမံခန့်ခွဲမှုနှင့် ဗျာဒိတ်တော်များတွင် ဉာဏ်ပညာနှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။
၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ
အလ္လာဟ်အရှင်မြတ်သည် မိမိ၏အစေခံများအား အခက်အခဲများတွင် ကူညီတော်မူကြောင်း သိရှိစေသည်။ အောင်မြင်မှုသည် လူ့အင်အား၊ ပစ္စည်းဥစ္စာပေါ်တွင်သာ မူတည်သည်မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်၏ အကူအညီပေါ်တွင် မူတည်ကြောင်း သွန်သင်ပေးသည်။ မုအ်မင်န်များသည် စိတ်နှလုံးငြိမ်းချမ်းမှုရရှိရန် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်စိတ်ချသင့်ကြောင်း ဖော်ပြသည်။ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးကြီးမြတ်တော်မူပြီး ဉာဏ်ပညာနှင့်ပြည့်စုံတော်မူကြောင်း သိရှိစေသည်။ ဤအာယသ်တော်သည် အစ္စလာမ်သာသနာနှင့် ကုရ်အာန်ကျမ်းတော်မြတ်အပေါ်
وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشۡرَىٰ وَلِتَطۡمَئِنَّ بِهِۦ قُلُوبُكُمۡۚ وَمَا ٱلنَّصۡرُ إِلَّا مِنۡ عِندِ ٱللَّهِۚ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ ١٠
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ထို(ကဲ့သို့မလာအိကဟ်များကို စေလွှတ်တော်မူ၍ ကူညီတော်မူမည်ဟု)ကတိပေးတော်မူခြင်းမှာ အသင်တို့အဖို့ ဝမ်းမြောက်ဖွယ်ရာသတင်း အဖြစ်သာလည်းကောင်း၊ အသင်တို့၏ စိတ်နှလုံးများသည် ထိုသတင်း (ကိုကြားသိရခြင်းအား)ဖြင့် နှစ်သိမ့်ခြင်းငှာလည်း ကောင်း၊ ပြုတော်မူခဲ့လေသည်။ အမှန်သော်ကားအောင်မြင်မှုသည် အလ္လာဟ်အရှင်မြတ် အထံတော်မှ သာလျှင်ဖြစ်၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။(ရကူ)
🖼️ Save Image
🎬 Save Video
📜 အာယာသ် 8-12 — စူရာ အလ်-အန်ဖာလ်
8 لِيُحِقَّ الْحَقَّ وَيُبْطِلَ الْبَاطِلَ وَلَوْ كَرِهَ الْمُجْرِمُونَ
(သို့ရည်စူးတော်မူခြင်းကား) အပြစ်ရှိသူတို့သည်နှစ် သက်ကြမည်မဟုတ်သော်လည်း အမှန်သည် အမှန်ပင်ဖြစ်ကြောင်း ထင်ရှားစေရန်လည်းကောင်း၊ အမှားသည် အမှားပင်ဖြစ်ကြောင်း ထင်ရှားစေရန်လည်းကောင်း၊ ဖြစ်ပေသတည်း။
9 إِذْ تَسْتَغِيثُونَ رَبَّكُمْ فَاسْتَجَابَ لَكُمْ أَنِّي مُمِدُّكُم بِأَلْفٍ مِّنَ الْمَلَائِكَةِ مُرْدِفِينَ
(ပြန်လည်သတိရကြလေကုန်) အကြင်အခါဝယ်၊အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် ကူညီစောင်မတော်မူရန် လျှောက်ထားပန်ကြားလျက်ရှိကြလေသည်။ ၎င်းနောက် ထိုအရှင်မြတ်သည်အသင်တို့၏ ပန်ကြား ချက်ကို (လက်ခံတော်မူ၍) ဧကန်စင်စစ်ငါအရှင်မြတ်သည် အသင်တို့အား တစ်ပါးပြီးတစ်ပါး (ဆက်တိုက်)လာကြမည်ဖြစ်သော မလာအိကဟ်ကောင်းကင်တမန်တစ်ထောင်ဖြင့် ကူညီစောင်မတော်မူမည်ဟု ပြန်ကြားတော်မူခဲ့လေသတည်း။
10 وَمَا جَعَلَهُ اللَّهُ إِلَّا بُشْرَىٰ وَلِتَطْمَئِنَّ بِهِ قُلُوبُكُمْ ۚ وَمَا النَّصْرُ إِلَّا مِنْ عِندِ اللَّهِ ۚ إِنَّ اللَّهَ عَزِيزٌ حَكِيمٌ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ထို(ကဲ့သို့မလာအိကဟ်များကို စေလွှတ်တော်မူ၍ ကူညီတော်မူမည်ဟု)ကတိပေးတော်မူခြင်းမှာ အသင်တို့အဖို့ ဝမ်းမြောက်ဖွယ်ရာသတင်း အဖြစ်သာလည်းကောင်း၊ အသင်တို့၏ စိတ်နှလုံးများသည် ထိုသတင်း (ကိုကြားသိရခြင်းအား)ဖြင့် နှစ်သိမ့်ခြင်းငှာလည်း ကောင်း၊ ပြုတော်မူခဲ့လေသည်။ အမှန်သော်ကားအောင်မြင်မှုသည် အလ္လာဟ်အရှင်မြတ် အထံတော်မှ သာလျှင်ဖြစ်၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။(ရကူ)
11 إِذْ يُغَشِّيكُمُ النُّعَاسَ أَمَنَةً مِّنْهُ وَيُنَزِّلُ عَلَيْكُم مِّنَ السَّمَاءِ مَاءً لِّيُطَهِّرَكُم بِهِ وَيُذْهِبَ عَنكُمْ رِجْزَ الشَّيْطَانِ وَلِيَرْبِطَ عَلَىٰ قُلُوبِكُمْ وَيُثَبِّتَ بِهِ الْأَقْدَامَ
(ပြန်လည်၍သတိရရှိကြလေကုန်)။ အခါ တစ်ပါး၌ ထိုအရှင်မြတ်သည် မိမိအထံတော်မှ အသင်တို့အပေါ်၌အမောအပန်းပြေစေခြင်းငှာ ငိုက်မျည်းခြင်းကို ဖုံးလွှမ်းစေတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အပေါ်ဝယ် မိုးကောင်းကင်မှ(မိုး)ရေကို ထို(မိုးရေ)ဖြင့် အသင်တို့အား သန့်ရှင်းစင်ကြယ် စိမ့်သောငှာလည်းကောင်း၊ အသင်တို့(၏စိတ်နှလုံးတွင်း)မှ ရှိုင်တွာန်မိစ္ဆာကောင်၏ အကြံပေးချက်ကို ပပျောက်စိမ့်သောငှာလည်းကောင်း၊ အသင်တို့၏စိတ်နှလုံးများ ကြံ့ခိုင်စိမ့်သောငှာလည်းကောင်း၊ (အသင်တို့၏)ခြေများကို ထို(မိုးရေ)ဖြင့် မြဲမြံခိုင်မြဲစိမ့်သော ငှာလည်းကောင်း၊ ရွာသွန်းစေလျက်ရှိတော်မူခဲ့ချေသတည်း။
12 إِذْ يُوحِي رَبُّكَ إِلَى الْمَلَائِكَةِ أَنِّي مَعَكُمْ فَثَبِّتُوا الَّذِينَ آمَنُوا ۚ سَأُلْقِي فِي قُلُوبِ الَّذِينَ كَفَرُوا الرُّعْبَ فَاضْرِبُوا فَوْقَ الْأَعْنَاقِ وَاضْرِبُوا مِنْهُمْ كُلَّ بَنَانٍ
(ပြန်လည်၍ သတိရရှိပါလေ) တစ်ရံရောအခါအသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်မလာအိကဟ်ကောင်းကင်စေတမန်များထံ(ဤသို့) ဝဟ်ယ်အမိန့်တော် ချမှတ်တော်မူခဲ့လေသည်။ ငါအရှင်မြတ်သည်ဧကန်စင်စစ် အသင်တို့ နှင့်အတူရှိတော်မူ၏။ သို့ဖြစ်ပေရာအသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား (ကြံ့ခိုင်စွာ) တည်မြဲစေကြလေကုန်။
ဘာသာပြန် — အလ်-အန်ဖာလ် 10 စူရာ အလ်-အန်ဖာလ် အာယာသ် 10 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ထို(ကဲ့သို့မလာအိကဟ်များကို စေလွှတ်တော်မူ၍ ကူညီတော်မူမည်ဟု)ကတိပေးတော်မူခြင်းမှာ အသင်တို့အဖို့ ဝမ်းမြောက်ဖွယ်ရာသတင်း အဖြစ်သာလည်းကောင်း၊ အသင်တို့၏ စိတ်နှလုံးများသည်…
စူရာ အာယာသ် 10/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 8–12. မြန်မာဘာသာ: ภาษาไทย.