အလ်-အန်ဖာလ် · 40/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
وَإِن تَوَلَّوْا فَاعْلَمُوا أَنَّ اللَّهَ مَوْلَاكُمْ ۚ نِعْمَ الْمَوْلَىٰ وَنِعْمَ النَّصِيرُ ۝٤٠
Wa in tawallaw fa`lamooo annal laaha mawlaakum; ni`mal mawlaa wa ni`man naseer
📖 မြန်မာဘာသာ
တဖန် အကယ်၍ ၎င်းတို့သည် လွှဲဖယ်၍ သွားခဲ့ကြလျှင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား (ရိုင်းပင်းကူညီတော်မူမည့်) မိတ်သဟာယ၊ အကောင်းဆုံးသောကူညီတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူကြောင်းအသင်တို့သည် (ကောင်းစွာ) သတိထားနှင့်ကြကုန်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်
  • تَوَلَّوْا (တဝလ္လဝ်) — မျက်နှာလွှဲသွားကြသည်၊ လှည့်ထွက်သွားကြသည်၊ ငြင်းပယ်ကြသည်။
  • مَوْلَاكُمْ (မောလာကုမ်) — သင်တို့၏ ကာကွယ်စောင့်ရှောက်သူ၊ ကူညီထောက်ပံ့သူ၊ မိတ်ဆွေစစ်။
  • نِعْمَ الْمَوْلَىٰ (နိအ်မာလ်-မောလာ) — အကောင်းဆုံးသော ကာကွယ်စောင့်ရှောက်သူ။
  • نِعْمَ النَّصِيرُ (နိအ်မာန်-နဆီးရ်) — အကောင်းဆုံးသော ကူညီသူ၊ အောင်မြင်မှုပေးသူ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို မုအ်မင်န်တို့၊ အကယ်၍ ထို ကာဖိရ်များသည် သင်တို့ခေါ်ဆိုသော အီမာန်သက်ဝင်ယုံကြည်ခြင်းနှင့် သင်တို့နှင့် တိုက်ခိုက်ခြင်းမှ ရပ်တန့်ခြင်းကို လက်မခံဘဲ မျက်နှာလွှဲထွက်သွားကြပြီး ကာဖိရ်အဖြစ်တွင်လည်းကောင်း၊ သင်တို့ကို တိုက်ခိုက်ခြင်းတွင်လည်းကောင်း ဆက်လက်တည်ရှိနေကြလျှင်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ကာကွယ်စောင့်ရှောက်သူနှင့် ကူညီထောက်ပံ့သူဖြစ်တော်မူကြောင်း သေချာစွာ သိရှိကြပါ။ အလ္လာဟ်အရှင်မြတ်သည် မိမိကို မိတ်ဆွေအဖြစ် မှီခိုအားထားသူအတွက် အကောင်းဆုံးသော ကာကွယ်စောင့်ရှောက်သူဖြစ်တော်မူ၏။ မိမိကို ကူညီသူအတွက်လည်း အကောင်းဆုံးသော ကူညီထောက်ပံ့သူဖြစ်တော်မူ၏။ အရှင်မြတ်ကို မိတ်ဆွေအဖြစ် မှီခိုသူသည် အောင်မြင်မှုရရှိမည်ဖြစ်ပြီး၊ အရှင်မြတ်၏ ကူညီမှုကို ရရှိသူသည် အောင်ပွဲခံရမည်ဖြစ်သည်။ အရှင်မြတ်သည် မိမိကို မှီခိုအားထားသူကို ဘယ်သောအခါမျှ ပစ်ပယ်ထားတော်မမူဘဲ၊ မိမိ၏ ကူညီမှုကို ရရှိသူကို မည်သူမျှ အနိုင်ယူနိုင်မည်မဟုတ်ပေ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်များ၏ စစ်မှန်သော ကာကွယ်စောင့်ရှောက်သူဖြစ်ကြောင်း ယုံကြည်စိတ်ချမှုကို ရရှိစေသည်။
  • ရန်သူများ၏ အင်အားကြီးမားမှုကို မကြောက်ဘဲ အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်ကိုးစားခြင်းဖြင့် အောင်မြင်မှုရရှိနိုင်ကြောင်း သွန်သင်ပေးသည်။
  • အလ္လာဟ်အရှင်မြတ်ကို မိတ်ဆွေအဖြစ် မှီခိုအားထားခြင်းသည် အမှန်တကယ် အောင်မြင်မှု၏ လမ်းစဖြစ်ကြောင်း သိရှိစေသည်။
  • အခက်အခဲများနှင့် ရင်ဆိုင်ရာတွင် အရှင်မြတ်သည် အကောင်းဆုံးသော ကူညီသူဖြစ်ကြောင်း နှစ်သိမ့်မှ


📜 အာယာသ် 38-42 — စူရာ အလ်-အန်ဖာလ်

38قُل لِّلَّذِينَ كَفَرُوا إِن يَنتَهُوا يُغْفَرْ لَهُم مَّا قَدْ سَلَفَ وَإِن يَعُودُوا فَقَدْ مَضَتْ سُنَّتُ الْأَوَّلِينَ
(အို-နဗီတမန်တော်) အသင်သည် မယုံမကြည်သွေဖည်ငြင်းပယ်သောလူတို့အား (ဤသို့)ပြောကြားပါလေ။၎င်းတို့သည် အကယ်၍သာ (မယုံမကြည် သွေဖည်ငြင်းပယ်ခြင်းမှ) ရပ်စဲကြပါမူ၊ လွန်လေပြီးသော ပြစ်မှုဒုစရိုက်တို့သည်၎င်းတို့အဖို့ ခွင့်လွှတ်ပြီးဖြစ်ချေမည်။ သို့ရာတွင် အကယ်၍သာ၎င်းတို့သည် ထပ်မံ၍ ပြုလုပ်ကြပါလျှင်၊ ဧကန်မလွဲ ရှေးသူဟောင်းတို့နှင့် ပတ်သက်သော (ငါအရှင်မြတ်၏) စည်းကမ်းဥပဒေသည်လည်း လွန်ခဲ့ပြီး ဖြစ်ချေသတည်း။
39وَقَاتِلُوهُمْ حَتَّىٰ لَا تَكُونَ فِتْنَةٌ وَيَكُونَ الدِّينُ كُلُّهُ لِلَّهِ ۚ فَإِنِ انتَهَوْا فَإِنَّ اللَّهَ بِمَا يَعْمَلُونَ بَصِيرٌ
၎င်းပြင် (အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့)အသင်တို့သည် ယင်းသူတို့အား (သာသနာရေးနှင့်ပတ်သက်၍)နှိပ်စက် ညှဉ်းပန်းမှုသည် ပပျောက်ကာ အလ္လာဟ်အရှင်မြတ်၏စီရင်ဆုံးဖြတ်ချက်သည် လုံးဝတည်တံ့၍ သွားသည်အထိတိုက်ခိုက်ကြလေကုန်။ သို့ရာတွင် အကယ်၍ ၎င်းတို့ သည်(စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းမှ) ရပ်စဲခဲ့ကြပါလျှင်၊ ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုမူသမျှတို့ကို ခွဲခြားသိမြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။(တစ်နည်း)ထို့ပြင်တဝ အသင်တို့သည် သာသနာရေး ညှဉ်းပန်းမှု လုံးဝပပျောက်၍ သာသနာတော်သည် အလ္လာဟ်အရှင်မြတ်အဖို့သာ ဖြစ်သွားသည့်တိုင် အောင် ((ဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို သာလျှင် လိုက်နာကြသည့်တိုင်အောင်)ထိုသူတို့နှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်လော့။
40وَإِن تَوَلَّوْا فَاعْلَمُوا أَنَّ اللَّهَ مَوْلَاكُمْ ۚ نِعْمَ الْمَوْلَىٰ وَنِعْمَ النَّصِيرُ
တဖန် အကယ်၍ ၎င်းတို့သည် လွှဲဖယ်၍ သွားခဲ့ကြလျှင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား (ရိုင်းပင်းကူညီတော်မူမည့်) မိတ်သဟာယ၊ အကောင်းဆုံးသောကူညီတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူကြောင်းအသင်တို့သည် (ကောင်းစွာ) သတိထားနှင့်ကြကုန်။
41۞ وَاعْلَمُوا أَنَّمَا غَنِمْتُم مِّن شَيْءٍ فَأَنَّ لِلَّهِ خُمُسَهُ وَلِلرَّسُولِ وَلِذِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينِ وَابْنِ السَّبِيلِ إِن كُنتُمْ آمَنتُم بِاللَّهِ وَمَا أَنزَلْنَا عَلَىٰ عَبْدِنَا يَوْمَ الْفُرْقَانِ يَوْمَ الْتَقَى الْجَمْعَانِ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
၎င်းပြင် (အို-သက်ဝင်ယုံကြည်သူအပေါင်းတို့)အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ ငါအရှင်မြတ်သည် မိမိ၏ကျွန်တော် (မုဟမ္မဒ်)၏အပေါ်သို့ (သက်ဝင်ယုံကြည်သူတို့နှင့် မယုံကြည် သွေဖည်ငြင်းပယ်သောသူတို့အား) ခွဲခြားသိသာစေသောနေ့တွင်(ဝါ)အုပ်စုတစ်စုနှင့်တစ်စု ရင်ဆိုင်တွေ့ကြုံခဲ့ကြသောနေ့တွင် ချပေးသနားတော်မူခဲ့သည့် (သက်သေသာဓကများ) ကိုလည်းကောင်း၊ ယုံကြည် ကြပါလျှင် အသင်တို့သည် (စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ရာတွင်) တစ်စုံတစ်ရာ လက်ရပစ္စည်းများကို ရရှိခဲ့ကြပါမူ၊ထိုပစ္စည်းများအနက်ငါးပုံတစ်ပုံကို ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ (ရစူလ်တမန်တော်မြတ်၏) ဆွေရင်းသားရင်းတို့သည်လည်းကောင်း၊ ဖမဲ့ ကလေးသူငယ်တို့သည်လည်းကောင်း၊သူဆင်းရဲတို့သည်လည်းကောင်း၊ ခရီးသည်တို့သည် လည်းကောင်း၊ ပိုင်ဆိုင်ကြသည်ကို (ကောင်းစွာ)သိရှိထားကြလေကုန်။အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလုံးစုံတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
42إِذْ أَنتُم بِالْعُدْوَةِ الدُّنْيَا وَهُم بِالْعُدْوَةِ الْقُصْوَىٰ وَالرَّكْبُ أَسْفَلَ مِنكُمْ ۚ وَلَوْ تَوَاعَدتُّمْ لَاخْتَلَفْتُمْ فِي الْمِيعَادِ ۙ وَلَٰكِن لِّيَقْضِيَ اللَّهُ أَمْرًا كَانَ مَفْعُولًا لِّيَهْلِكَ مَنْ هَلَكَ عَن بَيِّنَةٍ وَيَحْيَىٰ مَنْ حَيَّ عَن بَيِّنَةٍ ۗ وَإِنَّ اللَّهَ لَسَمِيعٌ عَلِيمٌ
ထို(အုပ်စုတစ်စုနှင့်တစ်စု ရင်ဆိုင်တွေ့ကြုံကြသော)အချိန်အခါတွင် အသင်တို့သည် (စစ်မြေပြင်၏) အနီး၌ရှိခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့မှာ အဝေး၌ရှိခဲ့ကြကုန်၏။ထို့ပြင် ကုန်သည်စုမှာကား အသင်တို့၏အောက်တွင် ရှိခဲ့ကြလေသည်။ အကယ်၍သာ အသင့်တို့(နှင့်ထိုသူတို့)သည် အချင်းချင်း (တစ်ဘက်နှင့်တစ်ဘက်) ချိန်းချက်ခဲ့ကြပါ လျှင်၊ မုချဧကန်အသင်တို့သည် ထိုချိန်းချက်မှုနှင့် စပ်လျဉ်း၍ ကွဲလွဲခဲ့ကြပေမည်။ သို့ရာတွင်မူကား အလ္လာဟ်အရှင်မြတ်သည် (မလွှဲမရှောင်သာ) ဖြစ်ရ မည့် ကိစ္စတရပ်ကို ပြီးမြောက်စေတော်မူအံ့သောငှာ(ဝါ)သေကြေပျက်စီးမည့်သူသည် သက်သေလက္ခဏာ အထင်အရှား(တွေ့မြင်ပြီးနောက်)သေကြေပျက်စီးအံ့ သောငှာလည်းကောင်း၊ အသက်ထင်ရှား ရှိနေမည့် သူသည်လည်း သက်သေလက္ခဏာ အထင်အရှား (တွေ့မြင်ပြီးနောက်) အသက်ထင်ရှားရှိအံ့သော်ငှာ လည်းကောင်း၊ (ထိုအုပ်စုနှစ်စုကို ရင်ဆိုင်စေတော်မူခြင်းပင်)ဖြစ်ချေသည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည်အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင်၊ ဖြစ်တော်မူပေသတည်း။
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
40အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 40

စူရာ အလ်-အန်ဖာလ် အာယာသ် 40 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တဖန် အကယ်၍ ၎င်းတို့သည် လွှဲဖယ်၍ သွားခဲ့ကြလျှင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား (ရိုင်းပင်းကူညီတော်မူမည့်) မိတ်သဟာယ၊…

စူရာ အာယာသ် 40/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 38–42. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 31, 2026

Don't forget us in your sincere prayers