အလ်-အန်ဖာလ် · 73/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
وَالَّذِينَ كَفَرُوا بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ إِلَّا تَفْعَلُوهُ تَكُن فِتْنَةٌ فِي الْأَرْضِ وَفَسَادٌ كَبِيرٌ ۝٧٣
Wallazeena kafaroo ba`duhum awliyaaa`u ba`d; illaa taf`aloohu takun fitnatun fil ardi wa fasaadun kabeer
📖 မြန်မာဘာသာ
၎င်းပြင် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့သည် အချင်းချင်း တစ်ဦးသည် တစ်ဦး၏အမွေစားအမွေခံများပင်ဖြစ်ကြကုန်၏။ အကယ်၍သာ(အိုမုစ်လင်မ်တို့)အသင်တို့သည် ဤ(ပညတ်တော်)အတိုင်း မပြုကြပါလျှင်၊ ကမ္ဘာမြေဝယ် (အကြီးအကျယ်)ရှုပ်ထွေးမှု၊ ညှဉ်းပန်းနှိပ်စက်မှုသည်လည်းကောင်း၊ အကြီးအကျယ် ဖျက်ဆီးမှုသည်လည်းကောင်း၊ ဖြစ်ပေါ်၍လာလတံ္တ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 71-75 — စူရာ အလ်-အန်ဖာလ်

71وَإِن يُرِيدُوا خِيَانَتَكَ فَقَدْ خَانُوا اللَّهَ مِن قَبْلُ فَأَمْكَنَ مِنْهُمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
သို့ရာတွင် ၎င်းတို့သည် အကယ်၍ အသင့်အားသစ္စာဖောက်ရန် ရည်စူးကြပါလျှင် ဧကန်စင်စစ် ၎င်းတို့သည်ယခင်က အလ္လာဟ်အရှင်မြတ်ကိုပင် သစ္စာဖောက်ခဲ့ကြချေပြီ။သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည်(အသင့်အား) ၎င်းတို့ကိုဖမ်းဆီးနိုင်စေတော်မူခဲ့လေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ နက်နဲသိမ်မွေ့သော ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
72إِنَّ الَّذِينَ آمَنُوا وَهَاجَرُوا وَجَاهَدُوا بِأَمْوَالِهِمْ وَأَنفُسِهِمْ فِي سَبِيلِ اللَّهِ وَالَّذِينَ آوَوا وَّنَصَرُوا أُولَٰئِكَ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ وَالَّذِينَ آمَنُوا وَلَمْ يُهَاجِرُوا مَا لَكُم مِّن وَلَايَتِهِم مِّن شَيْءٍ حَتَّىٰ يُهَاجِرُوا ۚ وَإِنِ اسْتَنصَرُوكُمْ فِي الدِّينِ فَعَلَيْكُمُ النَّصْرُ إِلَّا عَلَىٰ قَوْمٍ بَيْنَكُمْ وَبَيْنَهُم مِّيثَاقٌ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ဧကန်စင်စစ် အကြင်သူတို့သည် ‘အီမာန်’ သက်ဝင်ယုံကြည်ခဲ့ကြကုန်၏၊ ၎င်းပြင် ထိုသူတို့သည် (မိမိတို့၏အိုးအိမ်စည်းစိမ်တို့ကိုစွန့်လွှတ်ကာ)’ဟစ်ဂျ်ရတ်’ ရွေ့ပြောင်းနေထိုင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ယင်းတို့သည် မိမိတို့၏ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏အသက်ဇီဝိန်များဖြင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြကုန်၏။ (ထိုသူတို့သည် ‘မုဟာဂျီရီန်’မည်၏)။ ၎င်းပြင် အကြင်သူတို့သည် ခိုကိုးရန်နေရာများ ပေးခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ယိုင်းပင်း ကူညီခဲ့ကြကုန်၏။(ထိုသူတို့သည် ‘အန်ဆွာရ်’မည်၏)။ ထိုသူတို့ကား အချင်းချင်းတစ်ဦးသည်တစ်ဦး၏ အမွေစားအမွေခံများပင် ဖြစ်ကြကုန်သည်။ သို့ရာတွင် အကြင်သူတို့မူကားေ သက်ဝင် ယုံကြည်ခဲ့ကြကုန်၏။ သို့တစေလည်း ၎င်းတို့သည် ‘ဟစ်ဂျ်ရတ်’ (မိမိတို့၏အိုးအိမ်စည်းစိမ်တို့ကိုစွန့်၍) ရွှေ့ပြောင်းနေထိုင်ခြင်း မပြုခဲ့ကြချေ။ထိုသူတို့သည် ရွှေ့ပြောင်းနေထိုင်ခြင်းမပြုသမျှ ကာလပတ်လုံးအသင်တို့၌ ၎င်းတို့၏အမွေဆက်ခံခြင်းသည် လုံးဝမရှိချေ။ သို့သော်ငြားလည်း အကယ်၍ ထိုသူတို့သည် ‘ဒီန်’ သာသနာရေးနှင့်စပ်လျဉ်း၍ အသင်တို့ထံမှအကူအညီရလိုကြပါလျှင် အသင်တို့နှင့်ပဋိညာဉ်စာချုပ်ချုပ် ဆိုပြီးဖြစ်သော လူမျိုးမှတစ်ပါးအခြားလူမျိုး နှင့် ဆန့်ကျင်၍ (၎င်းတို့အား) ကူညီယိုင်းပင်းရန်အသင်တို့၌ တာဝန်ရှိပေသည်။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့ မြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
73وَالَّذِينَ كَفَرُوا بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ إِلَّا تَفْعَلُوهُ تَكُن فِتْنَةٌ فِي الْأَرْضِ وَفَسَادٌ كَبِيرٌ
၎င်းပြင် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့သည် အချင်းချင်း တစ်ဦးသည် တစ်ဦး၏အမွေစားအမွေခံများပင်ဖြစ်ကြကုန်၏။ အကယ်၍သာ(အိုမုစ်လင်မ်တို့)အသင်တို့သည် ဤ(ပညတ်တော်)အတိုင်း မပြုကြပါလျှင်၊ ကမ္ဘာမြေဝယ် (အကြီးအကျယ်)ရှုပ်ထွေးမှု၊ ညှဉ်းပန်းနှိပ်စက်မှုသည်လည်းကောင်း၊ အကြီးအကျယ် ဖျက်ဆီးမှုသည်လည်းကောင်း၊ ဖြစ်ပေါ်၍လာလတံ္တ။
74وَالَّذِينَ آمَنُوا وَهَاجَرُوا وَجَاهَدُوا فِي سَبِيلِ اللَّهِ وَالَّذِينَ آوَوا وَّنَصَرُوا أُولَٰئِكَ هُمُ الْمُؤْمِنُونَ حَقًّا ۚ لَّهُم مَّغْفِرَةٌ وَرِزْقٌ كَرِيمٌ
ထို့ပြင်တဝ အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင်ထိုသူတို့သည် (မိမိတို့ ၏) အိုးအိမ်စည်းစိမ် (တို့ကိုစွန့်ကာအရပ်တစ်ပါးသို့) ရွှေ့ပြောင်းနေထိုင်ခဲ့ကြကုန်၏၊ ထိုမှတစ်ပါး ယင်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြကုန်၏။ ထို့အတူအကြင်သူတို့သည် ခိုကိုးရန်နေရာများ ပေးခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ယိုင်းပင်းကူညီခဲ့ကြကုန်၏။ ထိုသူတို့သည်ပင်လျှင် ပြည့်စုံသော ‘မုအ်မင်န်’ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူများ ဖြစ်ကြကုန်သတည်း။ ထိုသူတို့အဖို့မှာကား လွတ်ငြိမ်းချမ်းသာခွင့် သည်လည်းကောင်း၊ မြင့်မြတ်လှစွာသော စားနပ်ရိက္ခာသည်လည်းကောင်း၊ ရှိချေသတည်း။
75وَالَّذِينَ آمَنُوا مِن بَعْدُ وَهَاجَرُوا وَجَاهَدُوا مَعَكُمْ فَأُولَٰئِكَ مِنكُمْ ۚ وَأُولُو الْأَرْحَامِ بَعْضُهُمْ أَوْلَىٰ بِبَعْضٍ فِي كِتَابِ اللَّهِ ۗ إِنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
၎င်းပြင် အကြင်သူတို့သည် နောက်သော်မှ’အီမာန်’ သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည်(အရပ်တစ်ပါးသို့) ရွှေ့ပြောင်းနေထိုင်ခြင်းကိုလည်း ပြုခဲ့ကြကုန်၏။ ထိုမှတစ်ပါး ယင်းတို့သည် အသင်တို့နှင့်အတူ စစ်မက်ပြိုင်ဆိုင်တိုက် ခိုက်ခြင်းကိုလည်း ပြုခဲ့ကြကုန်၏။ သို့ဖြစ်လျှင်၎င်း တို့သည်လည်း အသင် (မုဟာဂျီရီန်နှင့် အန်ဆွာရ်) တို့တွင်အပါအဝင် ဖြစ်ကြကုန်သည်။ သို့ရာတွင်(၎င်းတို့အနက်မှ)ဆွေမျိုးရင်းချာတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်အရအချင်းချင်း တစ်ဦး၏အမွေကိုတစ်ဦးက ပိုမို၍ပင် ဆက်ခံထိုက်၏။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသတည်း။(ရကူ)
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
73အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 73

စူရာ အလ်-အန်ဖာလ် အာယာသ် 73 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့သည် အချင်းချင်း တစ်ဦးသည် တစ်ဦး၏အမွေစားအမွေခံများပင်ဖြစ်ကြကုန်၏။ အကယ်၍သာ(အိုမုစ်လင်မ်တို့)အသင်တို့သည် ဤ(ပညတ်တော်)အတိုင်း မပြုကြပါလျှင်၊…

စူရာ အာယာသ် 73/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 71–75. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers