အတ်-တောင်ဘ · 53/129
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တောင်ဘ
قُلْ أَنفِقُوا طَوْعًا أَوْ كَرْهًا لَّن يُتَقَبَّلَ مِنكُمْ ۖ إِنَّكُمْ كُنتُمْ قَوْمًا فَاسِقِينَ ۝٥٣
Qul anfiqoo taw`an aw karhal lany yutaqabbala min kum innakum kuntum qawman faasiqeen
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (၎င်းမုနာဖစ်က်တို့အား ဤသို့)ပြောကြားပါဦးလေ။ အသင် တို့သည်သဒ္ဓါကြည်ဖြူစွာဖြစ်စေ၊ သို့တည်းမဟုတ် သဒ္ဓါကြည်ဖြူခြင်းမရှိပဲလျက်ဖြစ်စေ၊ ပေးကမ်းသုံးစွဲ ကြ�ေကုန်။ (သို့ရာတွင်)ထိုသုံးစွဲမှုသည် (အလ္လာဟ်အရှင်မြတ်ထံတော်၌) အသင်တို့ထံမှသဘောတူတော်မူခြင်းကို အလျင်း ခံရလိမ့်မည်မဟုတ်ပေ။အကြောင်းသော်ကား အသင်တို့သည် (အမိန့်တော်ကို)သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြသောကြောင့်ပင်တည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်

  • أَنفِقُوا (အန်ဖိကူး) — သင်တို့သည် ဥစ္စာပစ္စည်းများကို သုံးစွဲလှူဒါန်းကြပါ။
  • طَوْعًا (သောင်အန်) — စိတ်ရင်းအတိုင်း စေတနာဖြင့်။
  • كَرْهًا (ကရ်ဟန်) — မလိုလားဘဲ အတင်းအကြပ်။
  • لَّن يُتَقَبَّلَ (လန် ယုသကဗ်ဗလ) — လုံးဝ လက်ခံခြင်းခံရမည် မဟုတ်ပါ။
  • فَاسِقِينَ (ဖာစိကီးန) — အမိန့်တော်ကို ဖီဆန်သူများ၊ နာခံမှုမှ ထွက်သွားသူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို နဗီတမန်တော်၊ အရှင်မြတ်က ဤမုနာဖိက်များအား မိန့်တော်မူပါ — သင်တို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများကို စေတနာရင်းဖြင့်ဖြစ်စေ၊ မလိုလားဘဲဖြစ်စေ လှူဒါန်းကြပါ။ သို့သော် သင်တို့ လှူဒါန်းသမျှကို အလ္လာဟ်အရှင်မြတ်သည် လုံးဝ လက်ခံတော်မူမည် မဟုတ်ပါ။ အကြောင်းမှာ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ဒီန်သာသနာမှ ထွက်ခွာသွားကြသော၊ အရှင်မြတ်ကို နာခံမှုမှ ဖီဆန်သွားကြသော လူမျိုးတစ်မျိုး ဖြစ်နေကြသောကြောင့် ပင်တည်း။ ဤအာယသ်တော်သည် အမိန့်ပုံစံဖြင့် လာသော်လည်း အဓိပ္ပာယ်မှာ သတင်းအချက်အလက်ပေးခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သင်တို့ စေတနာဖြင့်ဖြစ်စေ၊ အတင်းအကြပ်ဖြစ်စေ လှူဒါန်းကြသော်လည်း သင်တို့၏ လှူဒါန်းမှုကို လက်ခံမည် မဟုတ်ကြောင်း အရှင်မြတ်က အသိပေးတော်မူခြင်း ဖြစ်သည်။ အကြောင်းရင်းမှာ သူတို့၏ ကုဖ်ရ် (မယုံကြည်မှု) နှင့် အရှင်မြတ်အား နာခံမှုမှ ထွက်ခွာခြင်းကြောင့် ပင်ဖြစ်သည်။ ထို့ကြောင့် လှူဒါန်းမှုတစ်ခုကို အရှင်မြတ်လက်ခံတော်မူရန် အဓိကအခြေခံမှာ ယုံကြည်ခြင်းနှင့် အရှင်မြတ်အား နာခံခြင်းပင်ဖြစ်သည်။ ယုံကြည်ခြင်းကင်းမဲ့သော လှူဒါန်းမှုများသည် မည်မျှပင် များပြားပါစေ အရှင်မြတ်ထံတော်တွင် တန်ဖိုးမရှိပေ။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် လှူဒါန်းမှု၏ ပမာဏကိုသာမက လှူဒါန်းသူ၏ စိတ်နှလုံးအခြေအနေ၊ ယုံကြည်ခြင်းနှင့် နာခံမှုကိုပါ ကြည့်ရှုတော်မူကြောင်း သိရှိရသည်။
  • ဒီန်သာသနာမှ ထွက်ခွာခြင်းနှင့် အရှင်မြတ်အား ဖီဆန်ခြင်းသည် မည်သည့် ကောင်းမှုကိုမျှ အရှင်မြတ်ထံတော်တွင် လက်ခံခြ


📜 အာယာသ် 51-55 — စူရာ အတ်-တောင်ဘ

51قُل لَّن يُصِيبَنَا إِلَّا مَا كَتَبَ اللَّهُ لَنَا هُوَ مَوْلَانَا ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်က အကျွန်ုပ်တို့နှင့် ပတ်သက်၍ စီရင်ရေးသားတော်မူခဲ့သည့်မှအပ အခြားမည်သည့် တစ်စုံတစ်ရာမျှ အကျွန်ုပ်တို့၌ အလျင်း ဆိုက်ရောက်နိုင်မည် မဟုတ်ပေ။ ထိုအရှင်မြတ်သည် အကျွန်ုပ်တို့၏အရှင်သခင် ဖြစ်တော်မူသည်။ သို့ဖြစ်ပေရာ မုအ်မင်န်သက်ဝင်ယုံကြည်သောသူတို့သည် ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ လွှဲအပ်ကြရာကုန်သတည်း။
52قُلْ هَلْ تَرَبَّصُونَ بِنَا إِلَّا إِحْدَى الْحُسْنَيَيْنِ ۖ وَنَحْنُ نَتَرَبَّصُ بِكُمْ أَن يُصِيبَكُمُ اللَّهُ بِعَذَابٍ مِّنْ عِندِهِ أَوْ بِأَيْدِينَا ۖ فَتَرَبَّصُوا إِنَّا مَعَكُم مُّتَرَبِّصُونَ
အို-နဗီတမန်တော်အသင်သည် (4င်းတို့အားဤဤသို့)ပြောကြားပါလေ။ ဟယ်-(အချင်းတို့) အသင်တို့သည်အကျွန်ုပ်တို့နှင့်ပတ်သက်၍ ကောင်းမြတ်သော အကြောင်းအရာနှစ်ခုအနက် တခုမှတစ်ပါး အခြားတစ်စုံတစ်ရာကို စောင့်မျှော်၍နေကြသလော။ စင်စစ်သော်ကား အကျွန်ုပ်တို့သည်အသင်တို့နှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်သည် မိမိအထံတော်မှဖြစ်စေ၊ အကျွန်ုပ်တို့၏လက်များဖြင့်ဖြစ်စေ၊ အသင်တို့၌ပြစ်ဒဏ်တစ်စုံတစ်ရာကို သက်ရောက်စေတော်မူရန် စောင့်မျှော်လျက် ရှိကြပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် စောင့်မျှော်၍ နေကြလေကုန်။ အကျွန်ုပ်တို့သည်လည်း (မိမိတို့အနေနှင့်) အသင်တို့နှင့်အတူ စောင့်မျှော်လျက်ပင် ရှိကြပေသည်။
53قُلْ أَنفِقُوا طَوْعًا أَوْ كَرْهًا لَّن يُتَقَبَّلَ مِنكُمْ ۖ إِنَّكُمْ كُنتُمْ قَوْمًا فَاسِقِينَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းမုနာဖစ်က်တို့အား ဤသို့)ပြောကြားပါဦးလေ။ အသင် တို့သည်သဒ္ဓါကြည်ဖြူစွာဖြစ်စေ၊ သို့တည်းမဟုတ် သဒ္ဓါကြည်ဖြူခြင်းမရှိပဲလျက်ဖြစ်စေ၊ ပေးကမ်းသုံးစွဲ ကြ�ေကုန်။ (သို့ရာတွင်)ထိုသုံးစွဲမှုသည် (အလ္လာဟ်အရှင်မြတ်ထံတော်၌) အသင်တို့ထံမှသဘောတူတော်မူခြင်းကို အလျင်း ခံရလိမ့်မည်မဟုတ်ပေ။အကြောင်းသော်ကား အသင်တို့သည် (အမိန့်တော်ကို)သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြသောကြောင့်ပင်တည်း။
54وَمَا مَنَعَهُمْ أَن تُقْبَلَ مِنْهُمْ نَفَقَاتُهُمْ إِلَّا أَنَّهُمْ كَفَرُوا بِاللَّهِ وَبِرَسُولِهِ وَلَا يَأْتُونَ الصَّلَاةَ إِلَّا وَهُمْ كُسَالَىٰ وَلَا يُنفِقُونَ إِلَّا وَهُمْ كَارِهُونَ
စင်စစ်သော်ကား ယင်း(မုနာဖစ်က်)တို့ထံမှ ၎င်းတို့၏ အလှုပစ္စည်းများကို သဘောတူလက်ခံတော် မူခြင်းမှအလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်အား ၎င်းတို့၏သွေဖည်ခြင်းမှအပါး အခြားမည်သည့်အရာကမျှ မြစ်တားခဲ့သည်မဟုတ်ပေ။ ထို့ပြင် 4င်းတို့သည် ပျင်းရိစွာမှအပ ဆွလာတ်ဝတ်ပြုကြသည်လည်း မရှိချေ။ ထိုနည်းတူစွာ၎င်းတို့သည် မနှစ်မြို့သော သူများအဖြစ်မှတစ်ပါး လှူဒါန်းသုံးစွဲကြသည်လည်း မရှိပေ။
55فَلَا تُعْجِبْكَ أَمْوَالُهُمْ وَلَا أَوْلَادُهُمْ ۚ إِنَّمَا يُرِيدُ اللَّهُ لِيُعَذِّبَهُم بِهَا فِي الْحَيَاةِ الدُّنْيَا وَتَزْهَقَ أَنفُسُهُمْ وَهُمْ كَافِرُونَ
သို့ဖြစ်ပေရာ ထို(မုနာဖစ်က်) တို့၏ဥစ္စာပစ္စည်းများသည်လည်းကောင်း၊ ထိုသူတို့၏သားသမီး များသည်လည်းကောင်း၊ အသင့်အား အံ့အားမသင့်စေရ။ အလ္လာဟ်အရှင်မြတ်သည် ထိုဥစ္စာပစ္စည်းနှင့် သားသမီးတို့အားဖြင့် ထိုသူတို့အား ပစ္စုပ္ပန်လောကီဘဝတွင် ပြစ်ဒဏ်ပေးတော်မူရန်နှင့်၎င်းတို့သည် ကာဖိရ်သွေဖည်ငြင်းပယ်သူများအဖြစ်နှင့် ၎င်းတို့၏ အသက်ဇီဝိန်များ ထွက်သွားရန်သာလျှင် ရည်စူးတော်မူလေသတည်း။
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
53အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 53

စူရာ အတ်-တောင်ဘ အာယာသ် 53 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (၎င်းမုနာဖစ်က်တို့အား ဤသို့)ပြောကြားပါဦးလေ။ အသင် တို့သည်သဒ္ဓါကြည်ဖြူစွာဖြစ်စေ၊ သို့တည်းမဟုတ် သဒ္ဓါကြည်ဖြူခြင်းမရှိပဲလျက်ဖြစ်စေ၊ ပေးကမ်းသုံးစွဲ ကြ�ေကုန်။…

စူရာ အာယာသ် 53/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 51–55. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers