ယူနူစ် · 54/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
وَلَوْ أَنَّ لِكُلِّ نَفْسٍ ظَلَمَتْ مَا فِي الْأَرْضِ لَافْتَدَتْ بِهِ ۗ وَأَسَرُّوا النَّدَامَةَ لَمَّا رَأَوُا الْعَذَابَ ۖ وَقُضِيَ بَيْنَهُم بِالْقِسْطِ ۚ وَهُمْ لَا يُظْلَمُونَ ۝٥٤
Wa law anna likulli nafsin zalamat maa fil ardi laftadat bih; wa asarrun nadaamata lammaa ra awul `azaab, wa qudiya bainahum bilqist; wa hum laa yuzlamoon
📖 မြန်မာဘာသာ
ထို့ပြင် အကယ်၍ (မိမိတို့ကိုယ်ကိုမိမိတို့ပင်)နှိပ်စက်ကလူ ပြုကြကုန်သော(မုရှ်ရစ်က်ဘုရားများကိုးကွယ်)သူအသီးသီးတို့တွင် ကမ္ဘာအဝှန်းနှင့်အမျှ အရာအားလုံးပိုင်ခဲ့လျှင်ထိုအရာအားလုံးတို့ကို လျော်ကြေးအဖြစ်ပေး(၍ပြစ်ဒဏ်မှလွတ်မြောက်) လိုကြပေအံ့။ ၎င်း ပြင် ထိုသူတို့သည် ပြစ်ဒဏ်ကို(ဦးစွာပထမ) မြင်ကြရသောအခါတွင် (မိမိတို့) နောင်တရ(ဝမ်းနည်း)ကို လျှို့ဝှက်ကြကုန်အံ့။ ထို့ပြင် (ထိုနေ့တွင်)၎င်း တို့၏အကြားဝယ် တရားမျှတစွာ စီရင်ဆုံးဖြတ်ပြီးဖြစ်အံ့။ စင်စစ်သော်ကား ၎င်း တို့သည် မတရားပြုလုပ်ခြင်းကို အလျဉ်းခံကြရမည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့မြေပြင်ပေါ်ရှိ အရာအားလုံးကို ပိုင်ဆိုင်ထားသော်လည်း၊ ထိုဥစ္စာဓနအားလုံးကို လွတ်မြောက်ရေးအတွက် အဖိုးအခ ပေးဆပ်ရမည်ဆိုလျှင် ပေးဆပ်လိုကြမည်။ ထို့အပြင် ထိုသူများသည် ပြစ်ဒဏ်ကို မြင်တွေ့ကြရသောအခါ နောင်တရမှုကို ဖုံးကွယ်ထားကြမည်။ ထို့နောက် သူတို့အကြားတွင် တရားမျှတစွာ စီရင်ခြင်းခံရမည်။ သူတို့သည် မတရားခံရမည် မဟုတ်ပေ။
  2. ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် ရှိရှိသမျှ ကမ္ဘာ့ဥစ္စာဓနအားလုံးကို ပိုင်ဆိုင်ထားသည့်တိုင် ကုဖ်ရ်နှင့် ရှိရ်က် ကျူးလွန်ခဲ့သော မည်သည့်သူမဆို ထိုဥစ္စာဓနအားလုံးကို အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ လွတ်မြောက်ရေးအတွက် အဖိုးအခအဖြစ် ပေးဆပ်လိုကြမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ သို့သော် ထိုနေ့တွင် မည်သည့်အဖိုးအခမျှ အသုံးမဝင်တော့ပေ။ ကိယာမသ်နေ့တွင် ပြစ်ဒဏ်ကို မျက်မြင်တွေ့ကြရသောအခါ ကာဖိရ်များသည် မိမိတို့၏ ကုဖ်ရ်နှင့် ရှိရ်က်အတွက် နောင်တရမှုကို ဖုံးကွယ်ထားကြမည်။ အချို့က ထိုနောင်တရမှုကို ထုတ်ဖော်ပြကြမည်ဟု ဆိုကြသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူတို့အကြားတွင် တရားမျှတစွာ စီရင်တော်မူမည်။ မည်သူ့ကိုမျှ မတရားပြုမည် မဟုတ်ပေ။ သူတို့သည် မိမိတို့၏ လုပ်ရပ်များအတိုင်းသာ အကျိုးအပြစ် ခံစားကြရမည်ဖြစ်သည်။
  3. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် တရားမျှတမှုကို အလွန်တန်ဖိုးထားတော်မူကြောင်း သိရှိရသည်။ ကိယာမသ်နေ့တွင် မည်သူ့ကိုမျှ မတရားပြုမည်မဟုတ်ဘဲ လုပ်ရပ်အတိုင်း အကျိုးအပြစ်ပေးတော်မူမည်ဖြစ်သည်။
  • လောကီဥစ္စာဓနများသည် နောင်တမှ လွတ်မြောက်ရေးအတွက် အသုံးမဝင်နိုင်ကြောင်း သိရှိရသည်။ ထို့ကြောင့် လောကီဘဝတွင် ကောင်းမှုကုသိုလ်များ ပြုလုပ်ရန် အားထုတ်သင့်သည်။
  • အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသော၊ အလွန်ကရုဏာထားတော်မူသော အရှင်ဖြစ်တော်မူကြောင်း သိရှိရသည်။ ဤလောကီဘဝတွင် အခွင့်အရေးရှိစဉ် အလ္လာဟ်အရှင်မြတ်ထံ ဝန်ချတောင်းပန်းပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းဖြင့် နောင်တမှ လွတ်မြောက်နိုင်သည်။
  • အစ္စလာမ်သာသနာသည် တရားမျှတမှုကို အခြေခံသော သာသနာဖြစ်ကြောင်း သိရှိရသည်။ ဤသာသနာတော်သည် လူ


📜 အာယာသ် 52-56 — စူရာ ယူနူစ်

52ثُمَّ قِيلَ لِلَّذِينَ ظَلَمُوا ذُوقُوا عَذَابَ الْخُلْدِ هَلْ تُجْزَوْنَ إِلَّا بِمَا كُنتُمْ تَكْسِبُونَ
ထိုနောက် (မိမိကိုယ်ကို) နှိပ်စက်ကလူ ပြုခဲ့ကြသည် အစဉ်ထာဝရတည်အံ့သောအပြစ်ဒဏ်၏(အရသာ) ကိုမြည်းစမ်းကြလေကုန်။ အသင်တို့သည် မိမိတို့ ရှာဖွေဆည်းပူးခဲ့ကြသည်တို့မှတစ်ပါး မည်သည်ကိုမျှ အစားပေးခြင်းကိုခံကြရသည်မဟုတ်ပေတကား။
53۞ وَيَسْتَنبِئُونَكَ أَحَقٌّ هُوَ ۖ قُلْ إِي وَرَبِّي إِنَّهُ لَحَقٌّ ۖ وَمَا أَنتُم بِمُعْجِزِينَ
၎င်း ပြင် ထိုသူတို့သည် အသင့်အား ဤ(ပြစ်ဒဏ်ကျရောက်မည့်)ကိစ္စသည် မှန်ကန်ပါသလောဟု သတင်းမေးမြန်းစုံစမ်းကြကုန်သည်။ အသင်သည် (၎င်း တို့အား ဤသို့)ဖြေကြားပါလေ။ ဟုတ်ပေသည်(ငါသည်)မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား တိုင်တည်၍ပြောကြားအံ့။ဧကန်မလွဲ ဤကိစ္စသည် အမှန်သာလျှင်ဖြစ်သည်။ ထို့ပြင်အသင်တို့သည် (မိမိတို့၌ ထိုပြစ်ဒဏ်မကျရောက်စေရန်)တားဆီးထားနိုင်ကြမည့်သူများလည်း မဟုတ်ကြပေ။
54وَلَوْ أَنَّ لِكُلِّ نَفْسٍ ظَلَمَتْ مَا فِي الْأَرْضِ لَافْتَدَتْ بِهِ ۗ وَأَسَرُّوا النَّدَامَةَ لَمَّا رَأَوُا الْعَذَابَ ۖ وَقُضِيَ بَيْنَهُم بِالْقِسْطِ ۚ وَهُمْ لَا يُظْلَمُونَ
ထို့ပြင် အကယ်၍ (မိမိတို့ကိုယ်ကိုမိမိတို့ပင်)နှိပ်စက်ကလူ ပြုကြကုန်သော(မုရှ်ရစ်က်ဘုရားများကိုးကွယ်)သူအသီးသီးတို့တွင် ကမ္ဘာအဝှန်းနှင့်အမျှ အရာအားလုံးပိုင်ခဲ့လျှင်ထိုအရာအားလုံးတို့ကို လျော်ကြေးအဖြစ်ပေး(၍ပြစ်ဒဏ်မှလွတ်မြောက်) လိုကြပေအံ့။ ၎င်း ပြင် ထိုသူတို့သည် ပြစ်ဒဏ်ကို(ဦးစွာပထမ) မြင်ကြရသောအခါတွင် (မိမိတို့) နောင်တရ(ဝမ်းနည်း)ကို လျှို့ဝှက်ကြကုန်အံ့။ ထို့ပြင် (ထိုနေ့တွင်)၎င်း တို့၏အကြားဝယ် တရားမျှတစွာ စီရင်ဆုံးဖြတ်ပြီးဖြစ်အံ့။ စင်စစ်သော်ကား ၎င်း တို့သည် မတရားပြုလုပ်ခြင်းကို အလျဉ်းခံကြရမည်မဟုတ်ပေ။
55أَلَا إِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۗ أَلَا إِنَّ وَعْدَ اللَّهِ حَقٌّ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
သတိပြုကြလေကုန်၊ ဧကန်စင်စစ် မိုးကောင်းကင်များ၌ရှိကုန်သော အရာဝတ္ထုအလုံးစုံတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိကုန်သော အရာဝတ္ထု အလုံးစုံတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသောအရာဝတ္ထုချည်းသာ ဖြစ်ကြပေသည်။ သတိပြုကြလေကုန်၊ဧကန်မလွဲ အလ္လာဟ်အရှင်မြတ် ထားရှိတော်မူသော ကတိတော်သည် မှန်ကန်သောကတိတော်ပင်ဖြစ်၏။ သို့ရာတွင်၎င်း တို့ အနက် အများစုသည် မသိနားမလည်ကြချေ။
56هُوَ يُحْيِي وَيُمِيتُ وَإِلَيْهِ تُرْجَعُونَ
ထိုအရှင်မြတ်သည်သာလျှင် အသက်ရှင်စေတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်ပင် အသက်သေစေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ် ထံတော်သို့ပင်အသင်တို့သည် ပြန်လည်၍ ရောက်ရှိ ကြရပေမည်။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
54အာယာသ်

ဘာသာပြန် — ယူနူစ် 54

စူရာ ယူနူစ် အာယာသ် 54 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် အကယ်၍ (မိမိတို့ကိုယ်ကိုမိမိတို့ပင်)နှိပ်စက်ကလူ ပြုကြကုန်သော(မုရှ်ရစ်က်ဘုရားများကိုးကွယ်)သူအသီးသီးတို့တွင် ကမ္ဘာအဝှန်းနှင့်အမျှ အရာအားလုံးပိုင်ခဲ့လျှင်ထိုအရာအားလုံးတို့ကို လျော်ကြေးအဖြစ်ပေး(၍ပြစ်ဒဏ်မှလွတ်မြောက်) လိုကြပေအံ့။ ၎င်း ပြင်…

စူရာ အာယာသ် 54/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 52–56. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers