ယူနူစ် · 73/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
فَكَذَّبُوهُ فَنَجَّيْنَاهُ وَمَن مَّعَهُ فِي الْفُلْكِ وَجَعَلْنَاهُمْ خَلَائِفَ وَأَغْرَقْنَا الَّذِينَ كَذَّبُوا بِآيَاتِنَا ۖ فَانظُرْ كَيْفَ كَانَ عَاقِبَةُ الْمُنذَرِينَ ۝٧٣
Fakazzaboohu fanajjainaahu wa mamm`ahoo fil fulki wa ja`alnaahum khalaaa`ifa wa aghraqnal lazeena kazzaboo bi aayaatinaa fanzur kaifa kaana `aaqibatul munzareen
📖 မြန်မာဘာသာ
သို့ပါလျက် ယင်း(နဗီတမန်တော်နူးဟ်၏) အမျိုးတို့သည် ထို(နဗီတမန်တော်)နူးဟ်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။ ထို့နောက် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)နူးဟ်အားလည်းကောင်း၊ ထို(နဗီတမန်တော်) နူးဟ်နှင့်အတူ သင်္ဘောပေါ်တွင်(စီးနင်း)လိုက်ပါခဲ့ကြကုန်သော သူတို့အားလည်းကောင်း၊ (ရေဘေးမှ)ကယ်တော်မူခဲ့လေသည်။၎င်း ပြင် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်နူးဟ်နှင့်အတူလိုက်ပါခဲ့သော)သူတို့အား (ကမ္ဘာမြေပြင်ဝယ် ရေဘေးသင့်၍သေကြေပျက်စီးသွားခဲ့ကြသောသူတို့၏) အရိုက်အရာ ဆက်ခံသူများ ပြုလုပ်တော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောသူတို့အား ငါအရှင်မြတ်သည် နစ်မြုပ်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ သတိပေးနှိုးဆော်ခြင်းခံကြရသောသူတို့၏နောက်ဆုံးအကျိုးဆက်သည် မည်သို့မည်ပုံရှိခဲ့သည်ကို အသင်သည် ဆင်ခြင်သုံးသပ်ပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • ဖကသ္ဇ္ဇဗူဟု (فَكَذَّبُوهُ) — သူ့ကို မဟုတ်မမှန်ဟု ငြင်းပယ်ကြသည်။
  • ဖုလ်က် (الْفُلْكِ) — သင်္ဘော။
  • ခလာအိဖ် (خَلَائِفَ) — အရှင်မြတ်၏ ကိုယ်စားလှယ်များ၊ နောက်ဆက်ခံသူများ။
  • အဂျ်ရက္နာ (أَغْرَقْنَا) — နစ်မြုပ်စေခဲ့သည်။
  • မွန်ဇရီးန် (الْمُنذَرِينَ) — သတိပေးခြင်းခံခဲ့ရသူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

တမန်တော် နူးဟ် (အလိုင်ဟိစ်စလာမ်) သည် မိမိလူမျိုးများအား အလ္လာဟ်အရှင်မြတ်၏ တစ်ဆူတည်းဖြစ်တော်မူခြင်းနှင့် ကိုးကွယ်မှုဆိုင်ရာ အမိန့်တော်များကို ရှည်လျားစွာ ဟောပြောပို့ချခဲ့သော်လည်း သူတို့သည် မယုံကြည်ဘဲ ငြင်းပယ်ခဲ့ကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် တမန်တော် နူးဟ် (အလိုင်ဟိစ်စလာမ်) နှင့် သူနှင့်အတူ ယုံကြည်သူများကို သင်္ဘောပေါ်တွင် ကယ်တင်တော်မူခဲ့သည်။ ထို့နောက် ထိုယုံကြည်သူများကို ကမ္ဘာမြေပေါ်တွင် နောက်ဆက်ခံသူများအဖြစ် ဖြစ်စေတော်မူခဲ့သည်။ သို့သော် အရှင်မြတ်၏ အာယသ်တော်များနှင့် သက်သေလက္ခဏာများကို ငြင်းပယ်ခဲ့ကြသူများကိုမူ ရေလွှမ်းမိုးမှုဖြင့် နစ်မြုပ်ဖျက်ဆီးတော်မူခဲ့သည်။ ထို့ကြောင့် သတိပေးခြင်းခံခဲ့ရသော သူများ၏ နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ကို ဆင်ခြင်သုံးသပ်ပါ။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်များနှင့် ယုံကြည်သူများကို အမြဲကယ်တင်တော်မူကြောင်း သိရှိရသည်။
  • မယုံကြည်သူများ၏ ငြင်းပယ်မှုသည် သူတို့ကိုယ်တိုင်အတွက် ပျက်စီးဆုံးရှုံးမှုကို ယူဆောင်လာကြောင်း သင်ခန်းစာရရှိသည်။
  • ယုံကြည်သူများသည် ကမ္ဘာမြေပေါ်တွင် အရှင်မြတ်၏ ကိုယ်စားလှယ်များအဖြစ် ဂုဏ်ပြုခံရကြောင်း သိရှိရသည်။
  • သတိပေးခြင်းခံရသော်လည်း မယုံကြည်ဘဲ ငြင်းပယ်သူများ၏ နောက်ဆုံးအကျိုးဆက်သည် အလွန်ဆိုးရွားကြောင်း သတိရရသည်။
  • ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်နှင့် ကရုဏာတော်ကို ထင်ရှားစေပြီး ယုံကြည်သူများအတွက် မျှော်လင့်ချက်နှင့် ခွန်အားကို ပေးအပ်သည်။


📜 အာယာသ် 71-75 — စူရာ ယူနူစ်

71۞ وَاتْلُ عَلَيْهِمْ نَبَأَ نُوحٍ إِذْ قَالَ لِقَوْمِهِ يَا قَوْمِ إِن كَانَ كَبُرَ عَلَيْكُم مَّقَامِي وَتَذْكِيرِي بِآيَاتِ اللَّهِ فَعَلَى اللَّهِ تَوَكَّلْتُ فَأَجْمِعُوا أَمْرَكُمْ وَشُرَكَاءَكُمْ ثُمَّ لَا يَكُنْ أَمْرُكُمْ عَلَيْكُمْ غُمَّةً ثُمَّ اقْضُوا إِلَيَّ وَلَا تُنظِرُونِ
ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ၎င်း တို့၏ရှေ့ဝယ် (နဗီတမန်တော်) နူးဟ်၏အတ္ထုပ္ပတ္တိအကြောင်းကိုဖတ်ကြားပါလေ။ တစ်ရံရော အခါဝယ်(နဗီတမန်တော်) နူးဟ်သည် မိမိအမျိုးသားတို့အား (ဤသို့)ပြောကြားခဲ့လေသည်။အို-ငါ၏အမျိုးသားတို့၊ အကယ်၍ ငါ၏ရပ်တည်ခြင်းသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များဖြင့်ငါ၏ဆုံးမဩဝါဒပေးခြင်းသည်လည်းကောင်း၊ အသင်တို့အပေါ်၌ ဝန်လေးနေပါလျှင် ငါသည် အလ္လာဟ်အသျှင်မြတ်အပေါ်၌သာ ယုံပုံလွှဲအပ်ပြီးဖြစ်ပေရာ အသင်တို့သည် (ငါ့အားချေမှုန်းရန်) မိမိတို့၏ အကြံအစည်များကို မိမိတို့၏တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ရာများနှင့် ပူးပေါင်း၍ ပြဋ္ဌာန်းကြလေကုန်။ ထို့နောက်အသင်တို့၏(ယင်း)အကြံ အစည်များသည်လည်း အသင်တို့အပေါ်ဝယ် ဖုံးအုပ်လျက် မရှိပါစေနှင့်။ ထို့နောက် အသင်တို့သည် ငါနှင့်ပတ်သက်၍ စီမံဆောင်ရွက်ကြလေကုန်။ ၎င်း ပြင်အသင်တို့သည် ငါ့အား ရွှေ့ဆိုင်းခွင့်ပင် မပေးကြကုန်လင့်။
72فَإِن تَوَلَّيْتُمْ فَمَا سَأَلْتُكُم مِّنْ أَجْرٍ ۖ إِنْ أَجْرِيَ إِلَّا عَلَى اللَّهِ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ الْمُسْلِمِينَ
သို့ရာတွင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲ၍သွားခဲ့ပါမူ ငါသည် အသင်တို့ထံ (မိမိ၏ ဆုံးမဩဝါဒပေးခြင်းနှင့် စပ်လျဉ်း၍) တစ်စုံတစ်ရာ အခပေးရန် တောင်းဆိုခဲ့ဖူးသည်မဟုတ်ပေ။ ငါ့အား အစားပေးရန်တာဝန်ကားအလ္လာဟ်အရှင်မြတ်အပေါ် ၌သာရှိပေသည်။ ၎င်း ပြင် ငါသည်မုစ်လင်မ်(အမိန့်တော်ကို လိုက်နာသူ)တို့တွင် တဦးအပါအဝင်ဖြစ်ရန် အမိန့်ပေးတော်ရရှိခဲ့လေသတည်း။
73فَكَذَّبُوهُ فَنَجَّيْنَاهُ وَمَن مَّعَهُ فِي الْفُلْكِ وَجَعَلْنَاهُمْ خَلَائِفَ وَأَغْرَقْنَا الَّذِينَ كَذَّبُوا بِآيَاتِنَا ۖ فَانظُرْ كَيْفَ كَانَ عَاقِبَةُ الْمُنذَرِينَ
သို့ပါလျက် ယင်း(နဗီတမန်တော်နူးဟ်၏) အမျိုးတို့သည် ထို(နဗီတမန်တော်)နူးဟ်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။ ထို့နောက် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)နူးဟ်အားလည်းကောင်း၊ ထို(နဗီတမန်တော်) နူးဟ်နှင့်အတူ သင်္ဘောပေါ်တွင်(စီးနင်း)လိုက်ပါခဲ့ကြကုန်သော သူတို့အားလည်းကောင်း၊ (ရေဘေးမှ)ကယ်တော်မူခဲ့လေသည်။၎င်း ပြင် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်နူးဟ်နှင့်အတူလိုက်ပါခဲ့သော)သူတို့အား (ကမ္ဘာမြေပြင်ဝယ် ရေဘေးသင့်၍သေကြေပျက်စီးသွားခဲ့ကြသောသူတို့၏) အရိုက်အရာ ဆက်ခံသူများ ပြုလုပ်တော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောသူတို့အား ငါအရှင်မြတ်သည် နစ်မြုပ်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ သတိပေးနှိုးဆော်ခြင်းခံကြရသောသူတို့၏နောက်ဆုံးအကျိုးဆက်သည် မည်သို့မည်ပုံရှိခဲ့သည်ကို အသင်သည် ဆင်ခြင်သုံးသပ်ပါလေ။
74ثُمَّ بَعَثْنَا مِن بَعْدِهِ رُسُلًا إِلَىٰ قَوْمِهِمْ فَجَاءُوهُم بِالْبَيِّنَاتِ فَمَا كَانُوا لِيُؤْمِنُوا بِمَا كَذَّبُوا بِهِ مِن قَبْلُ ۚ كَذَٰلِكَ نَطْبَعُ عَلَىٰ قُلُوبِ الْمُعْتَدِينَ
ထို့နောက် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)နူးဟ် မရှိသည့်နောက်တွင်(အခြားသော)ရစူလ်တမန်တော်များကို ထိုရစူလ်တမန်တော်များ၏ အမျိုးသားများထံစေလွှတ်တော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုရစူလ်တမန်တော်များသည် ၎င်း တို့ထံ ထင်ရှားစွာသော သက်သေသာဓကများကိုယူဆောင်လာခဲ့ကြလေသည်။ သို့ရာတွင်(ယခုသော်) ထိုအမျိုးသားများသည် မိမိတို့ရှေးဦးမဆွက မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် ယုံကြည်ကြရန် မဖြစ်တော့ပေ။ ငါအရှင်မြတ်သည် စည်းကမ်းကျူး လွန်သောသူတို့၏ စိတ်နှလုံးပေါ်တွင်ဤအတိုင်းပင် တံဆိပ်ခတ်နှိပ်တော်မူလေ့ ရှိပေသတည်း။
75ثُمَّ بَعَثْنَا مِن بَعْدِهِم مُّوسَىٰ وَهَارُونَ إِلَىٰ فِرْعَوْنَ وَمَلَئِهِ بِآيَاتِنَا فَاسْتَكْبَرُوا وَكَانُوا قَوْمًا مُّجْرِمِينَ
ထို့နောက် ငါအရှင်မြတ်သည် ထိုရစူလ် တမန်တော်များ မရှိသည့်နောက်တွင် (နဗီတမန်တော်) မူစာ အားလည်းကောင်း၊ (နဗီတမန်တော်)ဟာရွန် အားလည်းကောင်း၊ငါအင်မြတ်၏ သက်သေ လက္ခဏာတော်များနှင့်တကွ ဖစ်ရ်အောင်န်နှင့် ၎င်း ၏အကြီးအကဲများထံသို့ စေလွှတ်တော်မူခဲ့လေသည်။ သို့သော် ၎င်း တို့သည် မောက်မာပလွှားခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်း တို့သည် ပြစ်မှုကျူးလွန်လေ့ရှိသော အမျိုးသားများ ဖြစ်ခဲ့ကြကုန်သတည်း။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
73အာယာသ်

ဘာသာပြန် — ယူနူစ် 73

စူရာ ယူနူစ် အာယာသ် 73 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ပါလျက် ယင်း(နဗီတမန်တော်နူးဟ်၏) အမျိုးတို့သည် ထို(နဗီတမန်တော်)နူးဟ်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။ ထို့နောက် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)နူးဟ်အားလည်းကောင်း၊ ထို(နဗီတမန်တော်)…

စူရာ အာယာသ် 73/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 71–75. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers