ယူနူစ် · 74/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
ثُمَّ بَعَثْنَا مِن بَعْدِهِ رُسُلًا إِلَىٰ قَوْمِهِمْ فَجَاءُوهُم بِالْبَيِّنَاتِ فَمَا كَانُوا لِيُؤْمِنُوا بِمَا كَذَّبُوا بِهِ مِن قَبْلُ ۚ كَذَٰلِكَ نَطْبَعُ عَلَىٰ قُلُوبِ الْمُعْتَدِينَ ۝٧٤
Summma ba`asnaa mim ba`dihee Rusulan ilaa qawmihim fajaaa`oohum bilbaiyinaati famaa kaanoo liyu`minoo bimaa kazzaboo bihee min qabl; kazaalika natba`u `alaa quloobil mu`tadeen
📖 မြန်မာဘာသာ
ထို့နောက် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)နူးဟ် မရှိသည့်နောက်တွင်(အခြားသော)ရစူလ်တမန်တော်များကို ထိုရစူလ်တမန်တော်များ၏ အမျိုးသားများထံစေလွှတ်တော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုရစူလ်တမန်တော်များသည် ၎င်း တို့ထံ ထင်ရှားစွာသော သက်သေသာဓကများကိုယူဆောင်လာခဲ့ကြလေသည်။ သို့ရာတွင်(ယခုသော်) ထိုအမျိုးသားများသည် မိမိတို့ရှေးဦးမဆွက မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် ယုံကြည်ကြရန် မဖြစ်တော့ပေ။ ငါအရှင်မြတ်သည် စည်းကမ်းကျူး လွန်သောသူတို့၏ စိတ်နှလုံးပေါ်တွင်ဤအတိုင်းပင် တံဆိပ်ခတ်နှိပ်တော်မူလေ့ ရှိပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • بَعَثْنَا (ဗအ်သနာ) — ငါအရှင်မြတ်သည် စေလွှတ်တော်မူခဲ့သည်။
  • رُسُلًا (ရုစုလန်) — ရစူလ်တမန်တော်များ။
  • بِالْبَيِّنَاتِ (ဗိလ်ဗိုင်ယိနာသ်) — ထင်ရှားလှသော သက်သေလက္ခဏာများ၊ မုအ်ဂျိဇာန်တော်များ။
  • نَطْبَعُ (နသ်ဗအု) — ငါအရှင်မြတ်သည် တံဆိပ်ခတ်နှိပ်တော်မူသည်။
  • الْمُعْتَدِينَ (အလ်မုအ်သဒီးန်) — ကုသိုလ်တရားတော်များ၏ အပိုင်းအခြားကို ကျူးလွန်သူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ထို့နောက် နူးဟ် (အလိုင်ဟိစ်စလာမ်) ၏နောက်တွင် ငါအရှင်မြတ်သည် ရစူလ်တမန်တော်များကို သူတို့၏လူမျိုးများထံသို့ စေလွှတ်တော်မူခဲ့သည်။ ထိုတမန်တော်များသည် မိမိတို့လူမျိုးများထံသို့ ထင်ရှားလှသော သက်သေလက္ခဏာများ၊ မုအ်ဂျိဇာန်တော်များဖြင့် ရောက်ရှိလာခဲ့ကြသည်။ သို့သော် ထိုလူမျိုးများသည် ယုံကြည်ရန် ဆန္ဒမရှိခဲ့ကြပေ။ အကြောင်းမှာ သူတို့သည် ရစူလ်တမန်တော်များ မရောက်လာမီကတည်းက မှားယွင်းသောလမ်းစဉ်တွင် ရှိနေခဲ့ကြပြီး၊ အမှန်တရားကို ငြင်းပယ်ခဲ့ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရစူလ်တမန်တော်များ ရောက်လာပြီးနောက်တွင်လည်း သူတို့၏အခြေအနေသည် မပြောင်းလဲခဲ့ပေ။ ဤကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်သည် ကုသိုလ်တရားတော်များ၏ အပိုင်းအခြားကို ကျူးလွန်သော သူတို့၏စိတ်နှလုံးများကို တံဆိပ်ခတ်နှိပ်တော်မူသည်။ ဆိုလိုသည်မှာ သူတို့သည် အမှန်တရားကို လက်ခံနိုင်စွမ်းမရှိတော့ဘဲ၊ ယုံကြည်ခြင်းမှ ကင်းဝေးသွားကြသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် လူသားများကို လမ်းညွှန်ရန် ရစူလ်တမန်တော်များကို အဆက်မပြတ် စေလွှတ်တော်မူခဲ့သည်။ ဤသည်မှာ အရှင်မြတ်၏ ကြီးမားသော ကရုဏာတော်ဖြစ်သည်။
  • ရစူလ်တမန်တော်များသည် ထင်ရှားသော သက်သေလက္ခဏာများဖြင့် ရောက်လာခဲ့ကြသည်။ ထိုသက်သေလက္ခဏာများကို စေ့စေ့စဉ်းစားခြင်းဖြင့် အမှန်တရားကို ရှာဖွေသူများအတွက် လမ်းညွှန်မှု ရရှိနိုင်သည်။
  • ယုံကြည်ခြင်းသည် စိတ်နှလုံးကို ဖွင့်ထားရန် လိုအပ်သည်။ မာန်မာနနှင့် ခေါင်းမာမှုဖြင့် အမှန်တရားကို ငြင်းပယ


📜 အာယာသ် 72-76 — စူရာ ယူနူစ်

72فَإِن تَوَلَّيْتُمْ فَمَا سَأَلْتُكُم مِّنْ أَجْرٍ ۖ إِنْ أَجْرِيَ إِلَّا عَلَى اللَّهِ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ الْمُسْلِمِينَ
သို့ရာတွင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲ၍သွားခဲ့ပါမူ ငါသည် အသင်တို့ထံ (မိမိ၏ ဆုံးမဩဝါဒပေးခြင်းနှင့် စပ်လျဉ်း၍) တစ်စုံတစ်ရာ အခပေးရန် တောင်းဆိုခဲ့ဖူးသည်မဟုတ်ပေ။ ငါ့အား အစားပေးရန်တာဝန်ကားအလ္လာဟ်အရှင်မြတ်အပေါ် ၌သာရှိပေသည်။ ၎င်း ပြင် ငါသည်မုစ်လင်မ်(အမိန့်တော်ကို လိုက်နာသူ)တို့တွင် တဦးအပါအဝင်ဖြစ်ရန် အမိန့်ပေးတော်ရရှိခဲ့လေသတည်း။
73فَكَذَّبُوهُ فَنَجَّيْنَاهُ وَمَن مَّعَهُ فِي الْفُلْكِ وَجَعَلْنَاهُمْ خَلَائِفَ وَأَغْرَقْنَا الَّذِينَ كَذَّبُوا بِآيَاتِنَا ۖ فَانظُرْ كَيْفَ كَانَ عَاقِبَةُ الْمُنذَرِينَ
သို့ပါလျက် ယင်း(နဗီတမန်တော်နူးဟ်၏) အမျိုးတို့သည် ထို(နဗီတမန်တော်)နူးဟ်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။ ထို့နောက် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)နူးဟ်အားလည်းကောင်း၊ ထို(နဗီတမန်တော်) နူးဟ်နှင့်အတူ သင်္ဘောပေါ်တွင်(စီးနင်း)လိုက်ပါခဲ့ကြကုန်သော သူတို့အားလည်းကောင်း၊ (ရေဘေးမှ)ကယ်တော်မူခဲ့လေသည်။၎င်း ပြင် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်နူးဟ်နှင့်အတူလိုက်ပါခဲ့သော)သူတို့အား (ကမ္ဘာမြေပြင်ဝယ် ရေဘေးသင့်၍သေကြေပျက်စီးသွားခဲ့ကြသောသူတို့၏) အရိုက်အရာ ဆက်ခံသူများ ပြုလုပ်တော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောသူတို့အား ငါအရှင်မြတ်သည် နစ်မြုပ်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ သတိပေးနှိုးဆော်ခြင်းခံကြရသောသူတို့၏နောက်ဆုံးအကျိုးဆက်သည် မည်သို့မည်ပုံရှိခဲ့သည်ကို အသင်သည် ဆင်ခြင်သုံးသပ်ပါလေ။
74ثُمَّ بَعَثْنَا مِن بَعْدِهِ رُسُلًا إِلَىٰ قَوْمِهِمْ فَجَاءُوهُم بِالْبَيِّنَاتِ فَمَا كَانُوا لِيُؤْمِنُوا بِمَا كَذَّبُوا بِهِ مِن قَبْلُ ۚ كَذَٰلِكَ نَطْبَعُ عَلَىٰ قُلُوبِ الْمُعْتَدِينَ
ထို့နောက် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)နူးဟ် မရှိသည့်နောက်တွင်(အခြားသော)ရစူလ်တမန်တော်များကို ထိုရစူလ်တမန်တော်များ၏ အမျိုးသားများထံစေလွှတ်တော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုရစူလ်တမန်တော်များသည် ၎င်း တို့ထံ ထင်ရှားစွာသော သက်သေသာဓကများကိုယူဆောင်လာခဲ့ကြလေသည်။ သို့ရာတွင်(ယခုသော်) ထိုအမျိုးသားများသည် မိမိတို့ရှေးဦးမဆွက မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် ယုံကြည်ကြရန် မဖြစ်တော့ပေ။ ငါအရှင်မြတ်သည် စည်းကမ်းကျူး လွန်သောသူတို့၏ စိတ်နှလုံးပေါ်တွင်ဤအတိုင်းပင် တံဆိပ်ခတ်နှိပ်တော်မူလေ့ ရှိပေသတည်း။
75ثُمَّ بَعَثْنَا مِن بَعْدِهِم مُّوسَىٰ وَهَارُونَ إِلَىٰ فِرْعَوْنَ وَمَلَئِهِ بِآيَاتِنَا فَاسْتَكْبَرُوا وَكَانُوا قَوْمًا مُّجْرِمِينَ
ထို့နောက် ငါအရှင်မြတ်သည် ထိုရစူလ် တမန်တော်များ မရှိသည့်နောက်တွင် (နဗီတမန်တော်) မူစာ အားလည်းကောင်း၊ (နဗီတမန်တော်)ဟာရွန် အားလည်းကောင်း၊ငါအင်မြတ်၏ သက်သေ လက္ခဏာတော်များနှင့်တကွ ဖစ်ရ်အောင်န်နှင့် ၎င်း ၏အကြီးအကဲများထံသို့ စေလွှတ်တော်မူခဲ့လေသည်။ သို့သော် ၎င်း တို့သည် မောက်မာပလွှားခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်း တို့သည် ပြစ်မှုကျူးလွန်လေ့ရှိသော အမျိုးသားများ ဖြစ်ခဲ့ကြကုန်သတည်း။
76فَلَمَّا جَاءَهُمُ الْحَقُّ مِنْ عِندِنَا قَالُوا إِنَّ هَٰذَا لَسِحْرٌ مُّبِينٌ
သို့ဖြစ်ပေရာ ၎င်း တို့ထံ ငါအရှင်မြတ် အထံတော်မှ အမှန်တရား (တန်ခိုးပြာဋိဟာ)သည် ရောက်လာသောအခါ၎င်း တို့က ဤသည် ဧကန်မလွဲ စုန်းပယောဂ အတတ်ပင်ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြလေသတည်း။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
74အာယာသ်

ဘာသာပြန် — ယူနူစ် 74

စူရာ ယူနူစ် အာယာသ် 74 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)နူးဟ် မရှိသည့်နောက်တွင်(အခြားသော)ရစူလ်တမန်တော်များကို ထိုရစူလ်တမန်တော်များ၏ အမျိုးသားများထံစေလွှတ်တော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုရစူလ်တမန်တော်များသည် ၎င်း တို့ထံ…

စူရာ အာယာသ် 74/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 72–76. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers