ယူနူစ် · 72/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
فَإِن تَوَلَّيْتُمْ فَمَا سَأَلْتُكُم مِّنْ أَجْرٍ ۖ إِنْ أَجْرِيَ إِلَّا عَلَى اللَّهِ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ الْمُسْلِمِينَ ۝٧٢
Fa in tawallaitum famaa sa altukum min ajrin in ajriya illaa `alal laahi wa umirtu an akoona minal muslimeen
📖 မြန်မာဘာသာ
သို့ရာတွင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲ၍သွားခဲ့ပါမူ ငါသည် အသင်တို့ထံ (မိမိ၏ ဆုံးမဩဝါဒပေးခြင်းနှင့် စပ်လျဉ်း၍) တစ်စုံတစ်ရာ အခပေးရန် တောင်းဆိုခဲ့ဖူးသည်မဟုတ်ပေ။ ငါ့အား အစားပေးရန်တာဝန်ကားအလ္လာဟ်အရှင်မြတ်အပေါ် ၌သာရှိပေသည်။ ၎င်း ပြင် ငါသည်မုစ်လင်မ်(အမိန့်တော်ကို လိုက်နာသူ)တို့တွင် တဦးအပါအဝင်ဖြစ်ရန် အမိန့်ပေးတော်ရရှိခဲ့လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 70-74 — စူရာ ယူနူစ်

70مَتَاعٌ فِي الدُّنْيَا ثُمَّ إِلَيْنَا مَرْجِعُهُمْ ثُمَّ نُذِيقُهُمُ الْعَذَابَ الشَّدِيدَ بِمَا كَانُوا يَكْفُرُونَ
(၎င်း တို့အဖို့)လောကီဘဝတွင် အကျိုးခံစားခြင်းအနည်းငယ်မျှသာရှိပေသည်။ ထို့နောက် ၎င်း တို့သည် ငါအရှင်မြတ်အထံတော်တို့သာလျှင် ပြန်လည်ရောက်ရှိရပေမည်။ ထို့နောက် ငါအရှင်မြတ်သည် ၎င်း တို့အား ၎င်း တို့သွေဖည်ငြင်းပယ်လျက်ရှိခဲ့ကြသောကြောင့် ပြင်းထန်စွာသော ပြစ်ဒဏ်(၏ရသာ)ကို မြည်းစမ်းစေတော်မူမည် ဖြစ်ပေသတည်း။
71۞ وَاتْلُ عَلَيْهِمْ نَبَأَ نُوحٍ إِذْ قَالَ لِقَوْمِهِ يَا قَوْمِ إِن كَانَ كَبُرَ عَلَيْكُم مَّقَامِي وَتَذْكِيرِي بِآيَاتِ اللَّهِ فَعَلَى اللَّهِ تَوَكَّلْتُ فَأَجْمِعُوا أَمْرَكُمْ وَشُرَكَاءَكُمْ ثُمَّ لَا يَكُنْ أَمْرُكُمْ عَلَيْكُمْ غُمَّةً ثُمَّ اقْضُوا إِلَيَّ وَلَا تُنظِرُونِ
ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ၎င်း တို့၏ရှေ့ဝယ် (နဗီတမန်တော်) နူးဟ်၏အတ္ထုပ္ပတ္တိအကြောင်းကိုဖတ်ကြားပါလေ။ တစ်ရံရော အခါဝယ်(နဗီတမန်တော်) နူးဟ်သည် မိမိအမျိုးသားတို့အား (ဤသို့)ပြောကြားခဲ့လေသည်။အို-ငါ၏အမျိုးသားတို့၊ အကယ်၍ ငါ၏ရပ်တည်ခြင်းသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များဖြင့်ငါ၏ဆုံးမဩဝါဒပေးခြင်းသည်လည်းကောင်း၊ အသင်တို့အပေါ်၌ ဝန်လေးနေပါလျှင် ငါသည် အလ္လာဟ်အသျှင်မြတ်အပေါ်၌သာ ယုံပုံလွှဲအပ်ပြီးဖြစ်ပေရာ အသင်တို့သည် (ငါ့အားချေမှုန်းရန်) မိမိတို့၏ အကြံအစည်များကို မိမိတို့၏တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ရာများနှင့် ပူးပေါင်း၍ ပြဋ္ဌာန်းကြလေကုန်။ ထို့နောက်အသင်တို့၏(ယင်း)အကြံ အစည်များသည်လည်း အသင်တို့အပေါ်ဝယ် ဖုံးအုပ်လျက် မရှိပါစေနှင့်။ ထို့နောက် အသင်တို့သည် ငါနှင့်ပတ်သက်၍ စီမံဆောင်ရွက်ကြလေကုန်။ ၎င်း ပြင်အသင်တို့သည် ငါ့အား ရွှေ့ဆိုင်းခွင့်ပင် မပေးကြကုန်လင့်။
72فَإِن تَوَلَّيْتُمْ فَمَا سَأَلْتُكُم مِّنْ أَجْرٍ ۖ إِنْ أَجْرِيَ إِلَّا عَلَى اللَّهِ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ الْمُسْلِمِينَ
သို့ရာတွင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲ၍သွားခဲ့ပါမူ ငါသည် အသင်တို့ထံ (မိမိ၏ ဆုံးမဩဝါဒပေးခြင်းနှင့် စပ်လျဉ်း၍) တစ်စုံတစ်ရာ အခပေးရန် တောင်းဆိုခဲ့ဖူးသည်မဟုတ်ပေ။ ငါ့အား အစားပေးရန်တာဝန်ကားအလ္လာဟ်အရှင်မြတ်အပေါ် ၌သာရှိပေသည်။ ၎င်း ပြင် ငါသည်မုစ်လင်မ်(အမိန့်တော်ကို လိုက်နာသူ)တို့တွင် တဦးအပါအဝင်ဖြစ်ရန် အမိန့်ပေးတော်ရရှိခဲ့လေသတည်း။
73فَكَذَّبُوهُ فَنَجَّيْنَاهُ وَمَن مَّعَهُ فِي الْفُلْكِ وَجَعَلْنَاهُمْ خَلَائِفَ وَأَغْرَقْنَا الَّذِينَ كَذَّبُوا بِآيَاتِنَا ۖ فَانظُرْ كَيْفَ كَانَ عَاقِبَةُ الْمُنذَرِينَ
သို့ပါလျက် ယင်း(နဗီတမန်တော်နူးဟ်၏) အမျိုးတို့သည် ထို(နဗီတမန်တော်)နူးဟ်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။ ထို့နောက် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)နူးဟ်အားလည်းကောင်း၊ ထို(နဗီတမန်တော်) နူးဟ်နှင့်အတူ သင်္ဘောပေါ်တွင်(စီးနင်း)လိုက်ပါခဲ့ကြကုန်သော သူတို့အားလည်းကောင်း၊ (ရေဘေးမှ)ကယ်တော်မူခဲ့လေသည်။၎င်း ပြင် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်နူးဟ်နှင့်အတူလိုက်ပါခဲ့သော)သူတို့အား (ကမ္ဘာမြေပြင်ဝယ် ရေဘေးသင့်၍သေကြေပျက်စီးသွားခဲ့ကြသောသူတို့၏) အရိုက်အရာ ဆက်ခံသူများ ပြုလုပ်တော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောသူတို့အား ငါအရှင်မြတ်သည် နစ်မြုပ်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ သတိပေးနှိုးဆော်ခြင်းခံကြရသောသူတို့၏နောက်ဆုံးအကျိုးဆက်သည် မည်သို့မည်ပုံရှိခဲ့သည်ကို အသင်သည် ဆင်ခြင်သုံးသပ်ပါလေ။
74ثُمَّ بَعَثْنَا مِن بَعْدِهِ رُسُلًا إِلَىٰ قَوْمِهِمْ فَجَاءُوهُم بِالْبَيِّنَاتِ فَمَا كَانُوا لِيُؤْمِنُوا بِمَا كَذَّبُوا بِهِ مِن قَبْلُ ۚ كَذَٰلِكَ نَطْبَعُ عَلَىٰ قُلُوبِ الْمُعْتَدِينَ
ထို့နောက် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)နူးဟ် မရှိသည့်နောက်တွင်(အခြားသော)ရစူလ်တမန်တော်များကို ထိုရစူလ်တမန်တော်များ၏ အမျိုးသားများထံစေလွှတ်တော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုရစူလ်တမန်တော်များသည် ၎င်း တို့ထံ ထင်ရှားစွာသော သက်သေသာဓကများကိုယူဆောင်လာခဲ့ကြလေသည်။ သို့ရာတွင်(ယခုသော်) ထိုအမျိုးသားများသည် မိမိတို့ရှေးဦးမဆွက မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် ယုံကြည်ကြရန် မဖြစ်တော့ပေ။ ငါအရှင်မြတ်သည် စည်းကမ်းကျူး လွန်သောသူတို့၏ စိတ်နှလုံးပေါ်တွင်ဤအတိုင်းပင် တံဆိပ်ခတ်နှိပ်တော်မူလေ့ ရှိပေသတည်း။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
72အာယာသ်

ဘာသာပြန် — ယူနူစ် 72

စူရာ ယူနူစ် အာယာသ် 72 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲ၍သွားခဲ့ပါမူ ငါသည် အသင်တို့ထံ (မိမိ၏ ဆုံးမဩဝါဒပေးခြင်းနှင့် စပ်လျဉ်း၍) တစ်စုံတစ်ရာ…

စူရာ အာယာသ် 72/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 70–74. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers