ဟူဒ် · 101/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
وَمَا ظَلَمْنَاهُمْ وَلَٰكِن ظَلَمُوا أَنفُسَهُمْ ۖ فَمَا أَغْنَتْ عَنْهُمْ آلِهَتُهُمُ الَّتِي يَدْعُونَ مِن دُونِ اللَّهِ مِن شَيْءٍ لَّمَّا جَاءَ أَمْرُ رَبِّكَ ۖ وَمَا زَادُوهُمْ غَيْرَ تَتْبِيبٍ ۝١٠١
Wa maa zalamnaahum wa laakin zalamooo anfusahum famaaa aghnat `anhum aalihatuhumul latee yad`oona min doonil laahi min shai`il lammaa jaaa`a amru Rabbika wa maa zaadoohum ghaira tatbeeb
📖 မြန်မာဘာသာ
စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား နှိပ်စက်တော်မူခဲ့သည်မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့ကိုယ်တိုင်ပင် (အလ္လာဟ်အရှင်မြတ်အားစွန့်၍ အခြားအရာများကိုဟစ်ခေါ်ခြင်းအားဖြင့်) မိမိတို့ကိုယ်ကို နှိပ်စက်ကလူ ပြုခဲ့ကြလေသည်။ သို့တစေလည်း အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော် ရောက်ရှိလာသောအခါ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍ ဟစ်ခေါ် လေ့ရှိကြကုန်သော ၎င်းတို့၏ ကိုးကွယ်ရာများသည် ၎င်းတို့အဖို့ အနည်းငယ်တစ်စုံတစ်ရာမျှပင် အသုံးမဝင် အကျိုးမပေးနိုင်ခဲ့ကြချေ။ ထိုမှတစ်ပါး ယင်းကိုးကွယ်ရာများသည် ၎င်းတို့၌ ပျက်စီးစေခြင်းမှတစ်ပါး အခြားတစ်စုံတစ်ရာမျှ တိုးပွားစေခဲ့ကြသည်လည်းမဟုတ်ပေတကား။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 99-103 — စူရာ ဟူဒ်

99وَأُتْبِعُوا فِي هَٰذِهِ لَعْنَةً وَيَوْمَ الْقِيَامَةِ ۚ بِئْسَ الرِّفْدُ الْمَرْفُودُ
ထို့ပြင် ယင်းသူတို့သည် ဤပစ္စက္ခမျက်မှောက်ဘဝ၌လည်းကောင်း၊ ကိယာမတ် ရှင်ပြန်ထမည့် နေ့တွင်လည်းကောင်း၊ ကရုဏာတော်မှကင်းဝေးစေခြင်း ကို (မိမိတို့)နောက်မှထပ်ကြပ်မကွာလိုက်စေခြင်းကို ခံခဲ့ကြရလေသည်။ (၎င်းတို့)ချီးမြှင့်ခြင်းခံကြရမည့် မေတ္တာလက်ဆောင်သည် အလွန်ဆိုးရွားလှသော မေတ္တာလက်ဆောင်ပင် ဖြစ်ပေသည်တကား။
100ذَٰلِكَ مِنْ أَنبَاءِ الْقُرَىٰ نَقُصُّهُ عَلَيْكَ ۖ مِنْهَا قَائِمٌ وَحَصِيدٌ
ဤကား အကြင်မြို့ရွာများ၏ အချို့သတင်းစကားစကားပင်။ ငါအရှင်မြတ်သည် ထိုသတင်းစကားကို အသင်၏ရှေ့ဝယ်ပြန်၍ ပြောကြားတော်မူ၏။ ထိုမြို့ရွာများအနက် အချို့မှာ(ယနေ့တိုင်အောင်)တည်ရှိနေ၍ (အချို့မြို့ရွာများမှာမူကား)ပျက်ပြုန်းခဲ့လေသတည်း။
101وَمَا ظَلَمْنَاهُمْ وَلَٰكِن ظَلَمُوا أَنفُسَهُمْ ۖ فَمَا أَغْنَتْ عَنْهُمْ آلِهَتُهُمُ الَّتِي يَدْعُونَ مِن دُونِ اللَّهِ مِن شَيْءٍ لَّمَّا جَاءَ أَمْرُ رَبِّكَ ۖ وَمَا زَادُوهُمْ غَيْرَ تَتْبِيبٍ
စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား နှိပ်စက်တော်မူခဲ့သည်မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့ကိုယ်တိုင်ပင် (အလ္လာဟ်အရှင်မြတ်အားစွန့်၍ အခြားအရာများကိုဟစ်ခေါ်ခြင်းအားဖြင့်) မိမိတို့ကိုယ်ကို နှိပ်စက်ကလူ ပြုခဲ့ကြလေသည်။ သို့တစေလည်း အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော် ရောက်ရှိလာသောအခါ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍ ဟစ်ခေါ် လေ့ရှိကြကုန်သော ၎င်းတို့၏ ကိုးကွယ်ရာများသည် ၎င်းတို့အဖို့ အနည်းငယ်တစ်စုံတစ်ရာမျှပင် အသုံးမဝင် အကျိုးမပေးနိုင်ခဲ့ကြချေ။ ထိုမှတစ်ပါး ယင်းကိုးကွယ်ရာများသည် ၎င်းတို့၌ ပျက်စီးစေခြင်းမှတစ်ပါး အခြားတစ်စုံတစ်ရာမျှ တိုးပွားစေခဲ့ကြသည်လည်းမဟုတ်ပေတကား။
102وَكَذَٰلِكَ أَخْذُ رَبِّكَ إِذَا أَخَذَ الْقُرَىٰ وَهِيَ ظَالِمَةٌ ۚ إِنَّ أَخْذَهُ أَلِيمٌ شَدِيدٌ
စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မြို့(သူ)(ရွာ)သားတို့အား၎င်းတို့သည် နှိပ်စက်ကလူပြုလျက်ရှိနေကြစဉ် ဖမ်းဆီးအရေးယူတော်မူသောအခါ ဤနည်းအတိုင်းပင် ဖမ်းဆီးအရေးယူတော်မူလေ့ရှိ၏။ ဧကန်အမှန် ထိုအရှင်မြတ်၏ ဖမ်းဆီးအပြစ်ပေးမှုကား အလွန်ပြင်းပြနာကျင်ဖွယ် ဖြစ်လှပေသည်။ အလွန်ပြင်းထန် လှပေသတည်း။
103إِنَّ فِي ذَٰلِكَ لَآيَةً لِّمَنْ خَافَ عَذَابَ الْآخِرَةِ ۚ ذَٰلِكَ يَوْمٌ مَّجْمُوعٌ لَّهُ النَّاسُ وَذَٰلِكَ يَوْمٌ مَّشْهُودٌ
ဧကန်မလွဲ ဤသည့်(အဖြစ်အပျက်)တို့တွင်နောင်တမလွန်ဘဝ၏ပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ် သောသူတို့အဖို့ အမှန်ပင်သက်သေလက္ခဏာရှိပေသည်။ ထိုနေ့သည်ကားလူခပ်သိမ်းတို့ စုရုံးခြင်းခံကြရပေမည်။ ထိုနေ့သည်ကား(လူခပ်သိမ်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင်)အသင့် ရောက်ရှိစေခြင်းခံကြရမည့်နေ့ပင်ဖြစ်ချေသတည်း။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
101အာယာသ်

ဘာသာပြန် — ဟူဒ် 101

စူရာ ဟူဒ် အာယာသ် 101 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား နှိပ်စက်တော်မူခဲ့သည်မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့ကိုယ်တိုင်ပင် (အလ္လာဟ်အရှင်မြတ်အားစွန့်၍ အခြားအရာများကိုဟစ်ခေါ်ခြင်းအားဖြင့်) မိမိတို့ကိုယ်ကို နှိပ်စက်ကလူ…

စူရာ အာယာသ် 101/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 99–103. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers