إِن نَّقُولُ إِلَّا اعْتَرَاكَ بَعْضُ آلِهَتِنَا بِسُوءٍ ۗ قَالَ إِنِّي أُشْهِدُ اللَّهَ وَاشْهَدُوا أَنِّي بَرِيءٌ مِّمَّا تُشْرِكُونَ ٥٤
🔤 Transliteration
In naqoolu illa` taraaka ba`du aalihatinaa bisooo`; qaala inneee ushhidul laaha wash hadooo annee bareee`um mimmaa tushrikoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုးကွယ်ရာဘုရားများအနက် ဘုရားတစ်ဆူဆူက အသင့်အား အမှောင့်ပယောဂဖြင့် ဖမ်းစားခဲ့သည်ဟူ၍သာပြောဆိုလိုကြပေသည်။ (ထိုအခါ)ထိုနဗီတမန်တော်ဟူဒ်က (ဤသို့)ပြန်ကြားခံလေသည်မှာ(ဟယ်=အချင်းတို့) အသင်တို့ အလ္လာဟ်အရှင်မြတ်အပြင် တွဲဖက်ကိုးကွယ် လျက်ရှိကြသောအရာများနှင့် ငါသည် လုံးဝလွတ်ကင်းသူတစ်ဦးဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်အား သက်သေထား(၍အတည့်အလင်းကြေညာ)သည်။ အသင်တို့သည်လည်း သက်သေခံကြကုန်လော့။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ: اعْتَرَاكَ (အိအ်သ�ရာကာ): သင့်အား ထိမှန်ခြင်း၊ ရောက်ရှိခြင်း၊ ဖြစ်ပေါ်ခြင်း ဟု အဓိပ္ပာယ်ရသည်။ بِسُوءٍ (ဗိဆူအင်း): ဆိုးကျိုး၊ အန္တရာယ်၊ ရောဂါ၊ ရူးသွပ်ခြင်း ဟု အဓိပ္ပာယ်ရသည်။ بَرِيءٌ (ဗရီအွန်): ကင်းလွတ်သူ၊ ဆက်စပ်မှုမရှိသူ၊ လွတ်ကင်းသူ ဟု အဓိပ္ပာယ်ရသည်။ تُشْرِكُونَ (တွရှ်ရိကူန): သင်တို့ ရှိခိုးကိုးကွယ်သော၊ တွဲဖက်သတ်မှတ်သော ဟု အဓိပ္ပာယ်ရသည်။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: တမန်တော် ဟူဒ် (အလိုင်ဟိစ်စလာမ်) သည် သူ၏လူမျိုးများအား အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်ရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော် သူတို့သည် သူ့ကို လှောင်ပြောင်သရော်ပြီး ဤသို့ဆိုကြသည်။ "ငါတို့၏ ဘုရားများကို သင်စော်ကားသဖြင့် ငါတို့၏ ဘုရားတစ်ပါးပါးက သင့်ကို ရူးသွပ်ခြင်းဖြင့် ထိမှန်စေခဲ့ပြီ" ဟု ဆိုကြသည်။ ဆိုလိုသည်မှာ သူတို့၏ ရုပ်တုဘုရားများက သူ့ကို အပြစ်ပေးပြီး ရူးသွပ်စေခဲ့သည်ဟု ယူဆကြခြင်းဖြစ်သည်။
ထိုအခါ တမန်တော် ဟူဒ်က ဤသို့ဖြေကြားခဲ့သည်။ "ငါသည် အလ္လာဟ်အရှင်မြတ်အား သက်သေထားပြီး၊ သင်တို့လည်း သက်သေခံကြပါ။ ငါသည် သင်တို့ တွဲဖက်ကိုးကွယ်နေသော ရုပ်တုများနှင့် လုံးဝကင်းလွတ်ကြောင်း ကြေညာလိုက်သည်။" ဆိုလိုသည်မှာ သူသည် သူတို့၏ ရုပ်တုများနှင့် မည်သို့မျှ ဆက်စပ်မှုမရှိကြောင်း၊ ထိုရုပ်တုများက သူ့အား မည်သည့်အန္တရာယ်မျှ မပြုနိုင်ကြောင်း ယုံကြည်စိတ်ချစွာ ကြေညာခဲ့ခြင်းဖြစ်သည်။ သူသည် အလ္လာဟ်အရှင်မြတ်အပေါ် အပြည့်အဝ ယုံကြည်ကိုးစားပြီး၊ ရုပ်တုများ၏ အန္တရာယ်ကို လုံးဝမကြောက်ရွံ့ကြောင်း ပြသခဲ့သည်။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ: အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်ကိုးစားခြင်းသည် အကြီးမားဆုံး ခွန်အားဖြစ်သည်။ တမန်တော် ဟူဒ်သည် ရုပ်တုများ၏ အန္တရာယ်ကို လုံးဝမကြောက်ဘဲ အလ္လာဟ်အရှင်မြတ်ကိုသာ ယုံကြည်ကိုးစားခဲ့သည်။ တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ခြင်းသည် စစ်မှန်သော လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာကို ပေးသည်။ ရုပ်တုများနှင့် ဖန်တီးထ
إِن نَّقُولُ إِلَّا ٱعۡتَرَىٰكَ بَعۡضُ ءَالِهَتِنَا بِسُوٓءٍۗ قَالَ إِنِّيٓ أُشۡهِدُ ٱللَّهَ وَٱشۡهَدُوٓاْ أَنِّي بَرِيٓءٌ مِّمَّا تُشۡرِكُونَ ٥٤
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုးကွယ်ရာဘုရားများအနက် ဘုရားတစ်ဆူဆူက အသင့်အား အမှောင့်ပယောဂဖြင့် ဖမ်းစားခဲ့သည်ဟူ၍သာပြောဆိုလိုကြပေသည်။ (ထိုအခါ)ထိုနဗီတမန်တော်ဟူဒ်က (ဤသို့)ပြန်ကြားခံလေသည်မှာ(ဟယ်=အချင်းတို့) အသင်တို့ အလ္လာဟ်အရှင်မြတ်အပြင် တွဲဖက်ကိုးကွယ် လျက်ရှိကြသောအရာများနှင့် ငါသည် လုံးဝလွတ်ကင်းသူတစ်ဦးဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်အား သက်သေထား(၍အတည့်အလင်းကြေညာ)သည်။ အသင်တို့သည်လည်း သက်သေခံကြကုန်လော့။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 52-56 — စူရာ ဟူဒ်
52 وَيَا قَوْمِ اسْتَغْفِرُوا رَبَّكُمْ ثُمَّ تُوبُوا إِلَيْهِ يُرْسِلِ السَّمَاءَ عَلَيْكُم مِّدْرَارًا وَيَزِدْكُمْ قُوَّةً إِلَىٰ قُوَّتِكُمْ وَلَا تَتَوَلَّوْا مُجْرِمِينَ
၎င်းပြင် အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ ထို့နောက် အသင်တို့သည် (ထိုအရှင်မြတ်အထံတော်၌ဝန်ချတောင်းပန်ကြလေကုန်။) (တစ်နည်း) ထိုအရှင်မြတ်အထံတော်သို့လှည့်ကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ မိုးကို ဖြိုင်ဖြိုင် ရွာသွန်းစေတော်မူအံ့။ အသင်တို့၏အားအင်၌ အသစ်ထပ်ဖြည့်တော်မူ၍ အသင်တို့ကို အားအင်တိုးတက်စေတော်မူအံ့။ ၎င်းပြင် အသင်တို့သည် ပြစ်မှုကျူးလွန်သူများအဖြစ် မျက်နှာလွှဲ၍ မသွားကြကုန်လင့်။
53 قَالُوا يَا هُودُ مَا جِئْتَنَا بِبَيِّنَةٍ وَمَا نَحْنُ بِتَارِكِي آلِهَتِنَا عَن قَوْلِكَ وَمَا نَحْنُ لَكَ بِمُؤْمِنِينَ
၎င်း(အမျိုးသား)တို့က (နဗီတမန်တော်ဟူဒ်အား ဤသို့)ပြောဆိုခဲ့ကြလေသည်။ အို-ဟူဒ်၊ အသင်သည်(မိမိပြောဆိုချက်နှင့်စပ်လျဉ်း၍) ကျွန်ုပ်တို့ထံ ထင်ရှားသောသက်သေသာဓက တစ်စုံတစ်ရာကိုမျှ ယူဆောင်ခဲ့သည်မရှိချေ။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်ပြောဆိုချက်ကြောင့် မိမိတို့၏ကိုးကွယ်ရာများကို စွန့်လွှတ်ကြမည့်သူများလည်း မဟုတ်ကြချေ။ထိုမှတစ်ပါး ကျွန်ုပ်တို့သည် အသင့်၏အပေါ်၌ ယုံကြည်ကြမည့်သူများလည်း မဟုတ်ကြပေ။
54 إِن نَّقُولُ إِلَّا اعْتَرَاكَ بَعْضُ آلِهَتِنَا بِسُوءٍ ۗ قَالَ إِنِّي أُشْهِدُ اللَّهَ وَاشْهَدُوا أَنِّي بَرِيءٌ مِّمَّا تُشْرِكُونَ
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုးကွယ်ရာဘုရားများအနက် ဘုရားတစ်ဆူဆူက အသင့်အား အမှောင့်ပယောဂဖြင့် ဖမ်းစားခဲ့သည်ဟူ၍သာပြောဆိုလိုကြပေသည်။ (ထိုအခါ)ထိုနဗီတမန်တော်ဟူဒ်က (ဤသို့)ပြန်ကြားခံလေသည်မှာ(ဟယ်=အချင်းတို့) အသင်တို့ အလ္လာဟ်အရှင်မြတ်အပြင် တွဲဖက်ကိုးကွယ် လျက်ရှိကြသောအရာများနှင့် ငါသည် လုံးဝလွတ်ကင်းသူတစ်ဦးဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်အား သက်သေထား(၍အတည့်အလင်းကြေညာ)သည်။ အသင်တို့သည်လည်း သက်သေခံကြကုန်လော့။
55 مِن دُونِهِ ۖ فَكِيدُونِي جَمِيعًا ثُمَّ لَا تُنظِرُونِ
သို့ဖြစ်ပေရာ အသင်တို့အားလုံးသည် ငါနှင့်ဆန့်ကျင်၍ လျှို့ဝှက်ကြံစည်ကြလေကုန်။ ထို့နောက် အသင်တို့သည် ငါအား (အနည်းငယ်မျှပင်) ရွှေ့ဆိုင်း ခွင့်မပေးကြကုန်လင့်။
56 إِنِّي تَوَكَّلْتُ عَلَى اللَّهِ رَبِّي وَرَبِّكُم ۚ مَّا مِن دَابَّةٍ إِلَّا هُوَ آخِذٌ بِنَاصِيَتِهَا ۚ إِنَّ رَبِّي عَلَىٰ صِرَاطٍ مُّسْتَقِيمٍ
အကယ်စင်စစ် ငါသည် ငါ၏အရှင်မြတ်လည်းဖြစ်တော်မူသော အသင်တို့၏အရှင်မြတ်လည်း ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်စိတ်ချလွှဲအပ်ခဲ့လေပြီ။ ထိုအရှင်မြတ်သည် ရှိရှိသမျှသော တိရစ္ဆာန်တို့၏နဖူး(ဆံစ)ကို ဆုပ် ကိုင်ထားတော်မူပေသည်။ ဧကန်မလွဲ ငါ၏ အရှင်မြတ်သည် ဖြောင့်မတ်မှန်ကန်သောလမ်းပေါ်၌ ပင်ရှိနေတော်မူပေသတည်း။
ဘာသာပြန် — ဟူဒ် 54 စူရာ ဟူဒ် အာယာသ် 54 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုးကွယ်ရာဘုရားများအနက် ဘုရားတစ်ဆူဆူက အသင့်အား အမှောင့်ပယောဂဖြင့် ဖမ်းစားခဲ့သည်ဟူ၍သာပြောဆိုလိုကြပေသည်။ (ထိုအခါ)ထိုနဗီတမန်တော်ဟူဒ်က (ဤသို့)ပြန်ကြားခံလေသည်မှာ(ဟယ်=အချင်းတို့) အသင်တို့…
စူရာ အာယာသ် 54/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 52–56. မြန်မာဘာသာ: ภาษาไทย.