فَبَدَأَ بِأَوْعِيَتِهِمْ قَبْلَ وِعَاءِ أَخِيهِ ثُمَّ اسْتَخْرَجَهَا مِن وِعَاءِ أَخِيهِ ۚ كَذَٰلِكَ كِدْنَا لِيُوسُفَ ۖ مَا كَانَ لِيَأْخُذَ أَخَاهُ فِي دِينِ الْمَلِكِ إِلَّا أَن يَشَاءَ اللَّهُ ۚ نَرْفَعُ دَرَجَاتٍ مَّن نَّشَاءُ ۗ وَفَوْقَ كُلِّ ذِي عِلْمٍ عَلِيمٌ ٧٦
🔤 Transliteration
Fabada-a bi-aw`iyatihim qabla wi`aaa`i akheehi summas takhrajahaa minw wi `aaa`i akheeh; kazaalika kidnaa li Yoosuf; maa kaana liyaakhuza akhaahu fee deenil maliki illaaa any yashaaa`al laah; narfa`u darajaatim man nashaaa`; wa fawqa kulli zee `ilmin `Aleem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့နောက် ယင်းယူဆွဖ်သည် မိမိညီတော်၏အိတ်(ကိုရှာဖွေခြင်း)မပြုမီအလျှင် ထိုနောင်တော်များ၏ အိတ်များကို စတင်(ရှာဖွေ)ခဲ့လေသည်။ ထို့နောက် ယင်းယူဆွဖ်သည်ထိုပမာဏကို မိမိညီတော်၏အိတ်ထဲမှ ထုတ်ဆောင်ခဲ့လေ၏။ဤအတိုင်းပင် ငါအရှင်မြတ်သည် ယူဆွဖ်၏အကျိုးငှာ ကြံစည်တော်မူခဲ့လေ၏။ (အမှန်စင်စစ်မှာမူကား)ထိုယူဆွဖ်သည် မိမိညီတော်အား (အီဂျစ်)ဘုရင်၏ စည်းမျဉ်းဥပဒေအရ ခေါ်ယူထားနိုင်သည်မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်(ဤအတိုင်းပင်) အလိုရှိတော်မူ၏။ ငါအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား အဆင့်အတန်းများစွာ မြှင့်တင်၍ပေးတော်မူ၏။ အမှန်သော်ကား ပညာရှင်တိုင်း၏ထက်ဝယ်(၎င်းထက်) အလွန်တတ်မြောက်သော ပညာရှင်တစ်ပါးသည်ရှိချေသတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ أَوْعِيَة (အောင်ဝိယဟ်) — ဝေါဟာရ وِعَاء (ဝိအာ) ၏ အများကိန်းဖြစ်ပြီး "ပစ္စည်းထည့်သည့် အိတ်၊ သေတ္တာ၊ ခွက်" ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် ညီအစ်ကိုများ၏ ကုလားအုတ်ဝန်ထုပ်များပေါ်ရှိ ပစ္စည်းထည့်အိတ်များကို ဆိုလိုသည်။السِّقَايَة / صُوَاع — ရှင်ဘုရင်၏ ရွှေခွက် (သို့) သောက်ရေခွက်ဖြစ်သည်။ ဤခွက်ကို ဗင်ယာမိန်၏ အိတ်ထဲတွင် ထည့်ထားခြင်းဖြစ်သည်။كِدْنَا (ကိဒ်နာ) — كَيْد မှ ဆင်းသက်လာပြီး မူလအားဖြင့် "လျှို့ဝှက်စီမံခြင်း" ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် အပြစ်ကင်းသော ဘုရားသခင်၏ လျှို့ဝှက်စီမံမှု၊ ဉာဏ်ပညာနှင့်ပြည့်စုံသော အစီအစဉ်ကို ဆိုလိုသည်။دِينِ الْمَلِكِ — ဘုရင်မင်းမြတ်၏ ဥပဒေ၊ တရားစီရင်ရေးစနစ်ကို ဆိုလိုသည်။دَرَجَات (ဒရာဂျာသ်) — အဆင့်အတန်း၊ ဂုဏ်သတင်းမြင့်မားမှုများကို ဆိုလိုသည်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ထို့နောက် ယူစုဖ် (အလိုင်ဟိစ်စလာမ်) သည် သူတို့၏ ပစ္စည်းအိတ်များကို စတင်ရှာဖွေစစ်ဆေးရာ သူ၏ ညီရင်းအစ်ကိုဖြစ်သော ဗင်ယာမိန်၏ အိတ်ကို နောက်ဆုံးမှ စစ်ဆေးခဲ့သည်။ ဤသို့ပြုလုပ်ခြင်းမှာ သူ့အပေါ် သံသယမဖြစ်စေရန်နှင့် အစီအစဉ်ကို သဘာဝကျကျ အကောင်အထည်ဖော်နိုင်ရန်အတွက်ဖြစ်သည်။ ထို့နောက် ဗင်ယာမိန်၏ အိတ်ထဲမှ ဘုရင်၏ ရွှေခွက်ကို ထုတ်ယူပြခဲ့သည်။ ဤသို့သော လျှို့ဝှက်စီမံမှုသည် ငါအရှင်မြတ်၏ ဉာဏ်ပညာနှင့် အစီအစဉ်တော်အားဖြင့် ယူစုဖ်အတွက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အကယ်၍ ဘုရင်မင်းမြတ်၏ ဥပဒေအတိုင်း ဆောင်ရွက်ခဲ့ပါက ခိုးသူကို ရိုက်နှက်ခြင်း၊ ဒဏ်ငွေဆောင်ခြင်းသာ ပြုလုပ်မည်ဖြစ်ပြီး ကျွန်အဖြစ် သိမ်းယူခြင်းမပြုပေ။ သို့သော် ယူစုဖ်၏ ညီအစ်ကိုများ၏ ဘာသာတရားဥပဒေအရ ခိုးသူကို ကျွန်အဖြစ် သိမ်းယူနိုင်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ လျှာများပေါ်တွင် သူတို့၏ ကိုယ်ပိုင်ဥပဒေကို ဖော်ထုတ်စေတော်မူခဲ့ပြီး ထိုဥပဒေအတိုင်း ဗင်ယာမိန်ကို ထိန်းသိမ်းခွင့် ပြုတော်မူခဲ့သည်။ ဤအရာအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ဆန္ဒတော်အတိုင်း ဖ
فَبَدَأَ بِأَوۡعِيَتِهِمۡ قَبۡلَ وِعَآءِ أَخِيهِ ثُمَّ ٱسۡتَخۡرَجَهَا مِن وِعَآءِ أَخِيهِۚ كَذَٰلِكَ كِدۡنَا لِيُوسُفَۖ مَا كَانَ لِيَأۡخُذَ أَخَاهُ فِي دِينِ ٱلۡمَلِكِ إِلَّآ أَن يَشَآءَ ٱللَّهُۚ نَرۡفَعُ دَرَجَٰتٍ مَّن نَّشَآءُۗ وَفَوۡقَ كُلِّ ذِي عِلۡمٍ عَلِيمٌ ٧٦
ထို့နောက် ယင်းယူဆွဖ်သည် မိမိညီတော်၏အိတ်(ကိုရှာဖွေခြင်း)မပြုမီအလျှင် ထိုနောင်တော်များ၏ အိတ်များကို စတင်(ရှာဖွေ)ခဲ့လေသည်။ ထို့နောက် ယင်းယူဆွဖ်သည်ထိုပမာဏကို မိမိညီတော်၏အိတ်ထဲမှ ထုတ်ဆောင်ခဲ့လေ၏။ဤအတိုင်းပင် ငါအရှင်မြတ်သည် ယူဆွဖ်၏အကျိုးငှာ ကြံစည်တော်မူခဲ့လေ၏။ (အမှန်စင်စစ်မှာမူကား)ထိုယူဆွဖ်သည် မိမိညီတော်အား (အီဂျစ်)ဘုရင်၏ စည်းမျဉ်းဥပဒေအရ ခေါ်ယူထားနိုင်သည်မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်(ဤအတိုင်းပင်) အလိုရှိတော်မူ၏။ ငါအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား အဆင့်အတန်းများစွာ မြှင့်တင်၍ပေးတော်မူ၏။ အမှန်သော်ကား ပညာရှင်တိုင်း၏ထက်ဝယ်(၎င်းထက်) အလွန်တတ်မြောက်သော ပညာရှင်တစ်ပါးသည်ရှိချေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 74-78 — စူရာ ယူစူဖ်
74 قَالُوا فَمَا جَزَاؤُهُ إِن كُنتُمْ كَاذِبِينَ
ယင်းကြေညာသူတို့က သို့ဖြစ်လျှင် အကယ်၍အသင်တို့သည် မုသာဝါဒီများဖြစ်ခဲ့ကြသော် ထို(ခိုးသား)၏ပြစ်ဒဏ်သည် မည်သို့ဖြစ်ပါမည်နည်း ဟု ပြောဆို(မေးမြန်း)ခဲ့ကြလေ၏။
75 قَالُوا جَزَاؤُهُ مَن وُجِدَ فِي رَحْلِهِ فَهُوَ جَزَاؤُهُ ۚ كَذَٰلِكَ نَجْزِي الظَّالِمِينَ
၎င်းတို့က (ဤသို့) ပြောကြားခဲ့ကြလေသည်။အကြင်သူသည် ထိုသူ၏ ခရီးဆောင်ပစ္စည်းတွင် ယင်းခြင်ခွက်(ရေဖလား)သည် တွေ့ရှိခဲ့သော်၊ ထိုသူသည်ပင် မိမိ၏အစားဖြစ်ပေမည်။ ကျွန်ုပ်တို့သည် ဤနည်းအတိုင်းပင် ပြစ်မှုကျူးလွန်သူတို့အား အစားပေးလေ့ရှိကြကုန်၏။
76 فَبَدَأَ بِأَوْعِيَتِهِمْ قَبْلَ وِعَاءِ أَخِيهِ ثُمَّ اسْتَخْرَجَهَا مِن وِعَاءِ أَخِيهِ ۚ كَذَٰلِكَ كِدْنَا لِيُوسُفَ ۖ مَا كَانَ لِيَأْخُذَ أَخَاهُ فِي دِينِ الْمَلِكِ إِلَّا أَن يَشَاءَ اللَّهُ ۚ نَرْفَعُ دَرَجَاتٍ مَّن نَّشَاءُ ۗ وَفَوْقَ كُلِّ ذِي عِلْمٍ عَلِيمٌ
ထို့နောက် ယင်းယူဆွဖ်သည် မိမိညီတော်၏အိတ်(ကိုရှာဖွေခြင်း)မပြုမီအလျှင် ထိုနောင်တော်များ၏ အိတ်များကို စတင်(ရှာဖွေ)ခဲ့လေသည်။ ထို့နောက် ယင်းယူဆွဖ်သည်ထိုပမာဏကို မိမိညီတော်၏အိတ်ထဲမှ ထုတ်ဆောင်ခဲ့လေ၏။ဤအတိုင်းပင် ငါအရှင်မြတ်သည် ယူဆွဖ်၏အကျိုးငှာ ကြံစည်တော်မူခဲ့လေ၏။ (အမှန်စင်စစ်မှာမူကား)ထိုယူဆွဖ်သည် မိမိညီတော်အား (အီဂျစ်)ဘုရင်၏ စည်းမျဉ်းဥပဒေအရ ခေါ်ယူထားနိုင်သည်မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်(ဤအတိုင်းပင်) အလိုရှိတော်မူ၏။ ငါအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား အဆင့်အတန်းများစွာ မြှင့်တင်၍ပေးတော်မူ၏။ အမှန်သော်ကား ပညာရှင်တိုင်း၏ထက်ဝယ်(၎င်းထက်) အလွန်တတ်မြောက်သော ပညာရှင်တစ်ပါးသည်ရှိချေသတည်း။
77 ۞ قَالُوا إِن يَسْرِقْ فَقَدْ سَرَقَ أَخٌ لَّهُ مِن قَبْلُ ۚ فَأَسَرَّهَا يُوسُفُ فِي نَفْسِهِ وَلَمْ يُبْدِهَا لَهُمْ ۚ قَالَ أَنتُمْ شَرٌّ مَّكَانًا ۖ وَاللَّهُ أَعْلَمُ بِمَا تَصِفُونَ
၎င်းတို့က အကယ်၍ ဤညီငယ်သည် ခိုးဝှက်သည်ရှိသော် (အံ့ဖွယ်ရာမဟုတ်ပေ။ အကြောင်းမူကား) ယင်း၏ နောင်တော်(ယူဆွဖ်)သည်လည်း ယခင်က ခိုးဝှက်ခြင်းကိုပြုခဲ့ဖူးလေသည်ဟု ပြောဆိုခဲ့ကြပေသည်။ သို့ပါလျက် ယူဆွဖ်သည် ယင်းပြောဆိုချက်ကို မိမိစိတ်ထဲ၌ပင် မျိုသိပ်၍ထားရှိခဲ့လေသည်။ ၎င်းပြင် ထိုစကားကို ၎င်းတို့ရှေ့တွင် ထုတ်ဖော်(ပြောဆို)ခြင်း မပြုခဲ့ချေ။ (သို့ရာတွင်) ထိုယူဆွဖ်သည် (မိမိစိတ်ထဲတွင်) အသင်တို့သည် အဆင့်အတန်းအားဖြင့် ပိုမို၍ပင်ဆိုးရွားကြကုန်သည်။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ပြောဆိုလျက်ရှိသည်ကို အသိဆုံးပင် ဖြစ်တော်မူပေသည်ဟု ပြောဆိုခဲ့ချေသတည်း။
78 قَالُوا يَا أَيُّهَا الْعَزِيزُ إِنَّ لَهُ أَبًا شَيْخًا كَبِيرًا فَخُذْ أَحَدَنَا مَكَانَهُ ۖ إِنَّا نَرَاكَ مِنَ الْمُحْسِنِينَ
၎င်းတို့က ပြောဆိုခဲ့ကြပြန်သည်မှာ အို-အဇီဇ်၊ဧကန်စင်စစ် ထိုညီငယ်၌ အလွန်အိုမင်း အသက်အရွယ်ကြီးရင့်သော ဖခင်ကြီးတစ်ပါးရှိပါသည်။ သို့ဖြစ်ပေရာ အသင်သည် ၎င်း၏အစား ကျွန်ုပ်တို့အနက်မှ တစ်ဦးဦးကို ယူထားပါလေ။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား ကျေးဇူးပြုတတ်သူတစ်ဦး ဖြစ်သည်ဟူ၍ပင် မြင်ကြပေသည်။
ဘာသာပြန် — ယူစူဖ် 76 စူရာ ယူစူဖ် အာယာသ် 76 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ယင်းယူဆွဖ်သည် မိမိညီတော်၏အိတ်(ကိုရှာဖွေခြင်း)မပြုမီအလျှင် ထိုနောင်တော်များ၏ အိတ်များကို စတင်(ရှာဖွေ)ခဲ့လေသည်။ ထို့နောက် ယင်းယူဆွဖ်သည်ထိုပမာဏကို မိမိညီတော်၏အိတ်ထဲမှ ထုတ်ဆောင်ခဲ့လေ၏။ဤအတိုင်းပင်…
စူရာ အာယာသ် 76/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 74–78. မြန်မာဘာသာ: ภาษาไทย.