ယူစူဖ် · 75/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
قَالُوا جَزَاؤُهُ مَن وُجِدَ فِي رَحْلِهِ فَهُوَ جَزَاؤُهُ ۚ كَذَٰلِكَ نَجْزِي الظَّالِمِينَ ۝٧٥
Qaaloo jazaaa`uhoo manw wujida fee rahlihee fahuwa jazaaa`uh; kazaalika najziz zaalimeen
📖 မြန်မာဘာသာ
၎င်းတို့က (ဤသို့) ပြောကြားခဲ့ကြလေသည်။အကြင်သူသည် ထိုသူ၏ ခရီးဆောင်ပစ္စည်းတွင် ယင်းခြင်ခွက်(ရေဖလား)သည် တွေ့ရှိခဲ့သော်၊ ထိုသူသည်ပင် မိမိ၏အစားဖြစ်ပေမည်။ ကျွန်ုပ်တို့သည် ဤနည်းအတိုင်းပင် ပြစ်မှုကျူးလွန်သူတို့အား အစားပေးလေ့ရှိကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 73-77 — စူရာ ယူစူဖ်

73قَالُوا تَاللَّهِ لَقَدْ عَلِمْتُم مَّا جِئْنَا لِنُفْسِدَ فِي الْأَرْضِ وَمَا كُنَّا سَارِقِينَ
(ထိုအခါ) ၎င်းတို့က(ဤသို့)ပြောဆိုဖြေ ကြားခဲ့ကြလေသည်။ အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ပြောအံ့။ကျွန်ုပ်တို့သည် တိုင်းပြည်တွင် ဆူပူသောင်းကျန်ရန်အတွက်လာခဲ့ကြသည်မဟုတ်ကြောင်း။ ထို့ပြင် ကျွန်ုပ်တို့သည် ခိုးသားများလည်း မဟုတ်ကြောင်း။ အသင်တု့ိသည် ကောင်းစွာ သိရှိခဲ့ကြပြီးဖြစ်ကုန်၏။
74قَالُوا فَمَا جَزَاؤُهُ إِن كُنتُمْ كَاذِبِينَ
ယင်းကြေညာသူတို့က သို့ဖြစ်လျှင် အကယ်၍အသင်တို့သည် မုသာဝါဒီများဖြစ်ခဲ့ကြသော် ထို(ခိုးသား)၏ပြစ်ဒဏ်သည် မည်သို့ဖြစ်ပါမည်နည်း ဟု ပြောဆို(မေးမြန်း)ခဲ့ကြလေ၏။
75قَالُوا جَزَاؤُهُ مَن وُجِدَ فِي رَحْلِهِ فَهُوَ جَزَاؤُهُ ۚ كَذَٰلِكَ نَجْزِي الظَّالِمِينَ
၎င်းတို့က (ဤသို့) ပြောကြားခဲ့ကြလေသည်။အကြင်သူသည် ထိုသူ၏ ခရီးဆောင်ပစ္စည်းတွင် ယင်းခြင်ခွက်(ရေဖလား)သည် တွေ့ရှိခဲ့သော်၊ ထိုသူသည်ပင် မိမိ၏အစားဖြစ်ပေမည်။ ကျွန်ုပ်တို့သည် ဤနည်းအတိုင်းပင် ပြစ်မှုကျူးလွန်သူတို့အား အစားပေးလေ့ရှိကြကုန်၏။
76فَبَدَأَ بِأَوْعِيَتِهِمْ قَبْلَ وِعَاءِ أَخِيهِ ثُمَّ اسْتَخْرَجَهَا مِن وِعَاءِ أَخِيهِ ۚ كَذَٰلِكَ كِدْنَا لِيُوسُفَ ۖ مَا كَانَ لِيَأْخُذَ أَخَاهُ فِي دِينِ الْمَلِكِ إِلَّا أَن يَشَاءَ اللَّهُ ۚ نَرْفَعُ دَرَجَاتٍ مَّن نَّشَاءُ ۗ وَفَوْقَ كُلِّ ذِي عِلْمٍ عَلِيمٌ
ထို့နောက် ယင်းယူဆွဖ်သည် မိမိညီတော်၏အိတ်(ကိုရှာဖွေခြင်း)မပြုမီအလျှင် ထိုနောင်တော်များ၏ အိတ်များကို စတင်(ရှာဖွေ)ခဲ့လေသည်။ ထို့နောက် ယင်းယူဆွဖ်သည်ထိုပမာဏကို မိမိညီတော်၏အိတ်ထဲမှ ထုတ်ဆောင်ခဲ့လေ၏။ဤအတိုင်းပင် ငါအရှင်မြတ်သည် ယူဆွဖ်၏အကျိုးငှာ ကြံစည်တော်မူခဲ့လေ၏။ (အမှန်စင်စစ်မှာမူကား)ထိုယူဆွဖ်သည် မိမိညီတော်အား (အီဂျစ်)ဘုရင်၏ စည်းမျဉ်းဥပဒေအရ ခေါ်ယူထားနိုင်သည်မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်(ဤအတိုင်းပင်) အလိုရှိတော်မူ၏။ ငါအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား အဆင့်အတန်းများစွာ မြှင့်တင်၍ပေးတော်မူ၏။ အမှန်သော်ကား ပညာရှင်တိုင်း၏ထက်ဝယ်(၎င်းထက်) အလွန်တတ်မြောက်သော ပညာရှင်တစ်ပါးသည်ရှိချေသတည်း။
77۞ قَالُوا إِن يَسْرِقْ فَقَدْ سَرَقَ أَخٌ لَّهُ مِن قَبْلُ ۚ فَأَسَرَّهَا يُوسُفُ فِي نَفْسِهِ وَلَمْ يُبْدِهَا لَهُمْ ۚ قَالَ أَنتُمْ شَرٌّ مَّكَانًا ۖ وَاللَّهُ أَعْلَمُ بِمَا تَصِفُونَ
၎င်းတို့က အကယ်၍ ဤညီငယ်သည် ခိုးဝှက်သည်ရှိသော် (အံ့ဖွယ်ရာမဟုတ်ပေ။ အကြောင်းမူကား) ယင်း၏ နောင်တော်(ယူဆွဖ်)သည်လည်း ယခင်က ခိုးဝှက်ခြင်းကိုပြုခဲ့ဖူးလေသည်ဟု ပြောဆိုခဲ့ကြပေသည်။ သို့ပါလျက် ယူဆွဖ်သည် ယင်းပြောဆိုချက်ကို မိမိစိတ်ထဲ၌ပင် မျိုသိပ်၍ထားရှိခဲ့လေသည်။ ၎င်းပြင် ထိုစကားကို ၎င်းတို့ရှေ့တွင် ထုတ်ဖော်(ပြောဆို)ခြင်း မပြုခဲ့ချေ။ (သို့ရာတွင်) ထိုယူဆွဖ်သည် (မိမိစိတ်ထဲတွင်) အသင်တို့သည် အဆင့်အတန်းအားဖြင့် ပိုမို၍ပင်ဆိုးရွားကြကုန်သည်။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ပြောဆိုလျက်ရှိသည်ကို အသိဆုံးပင် ဖြစ်တော်မူပေသည်ဟု ပြောဆိုခဲ့ချေသတည်း။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
75အာယာသ်

ဘာသာပြန် — ယူစူဖ် 75

စူရာ ယူစူဖ် အာယာသ် 75 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းတို့က (ဤသို့) ပြောကြားခဲ့ကြလေသည်။အကြင်သူသည် ထိုသူ၏ ခရီးဆောင်ပစ္စည်းတွင် ယင်းခြင်ခွက်(ရေဖလား)သည် တွေ့ရှိခဲ့သော်၊ ထိုသူသည်ပင် မိမိ၏အစားဖြစ်ပေမည်။ ကျွန်ုပ်တို့သည်…

စူရာ အာယာသ် 75/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 73–77. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers