အီဗ်ရာဟီမ် · 12/52
ဘာသာပြန် အသံနိုင်ငံ — စူရာ အီဗ်ရာဟီမ်
وَمَا لَنَا أَلَّا نَتَوَكَّلَ عَلَى اللَّهِ وَقَدْ هَدَانَا سُبُلَنَا ۚ وَلَنَصْبِرَنَّ عَلَىٰ مَا آذَيْتُمُونَا ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُتَوَكِّلُونَ ۝١٢
Wa maa lanaa allaa natawakkala `alal laahi wa qad hadaanaa subulanaa; wa lanasbiranna `alaa maaa aazaitumoonaa; wa `alal laahi falyatawakkalil mutawakkiloon
📖 မြန်မာဘာသာ
စင်စစ်သော်ကား ငါတိုသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ထားခြင်းကို မပြုကြရန် ငါတို့၌ မည်သည့်အကြောင်းရှိပါသနည်း။ အမှန်သော်ကား ထိုအရှင်မြတ်သည် ငါတို့အား ငါတို့၏ (အကျိုးဖြစ်ထွန်းစေမည့်) လမ်းများကိုညွှန်ကြား ပြသတော်မူခဲ့လေသည်။ ၎င်းပြင် အမှန်ပင် ငါတို့သည် အသင်တို့ ငါတို့အား ဘေးဒုက္ခပေးခဲ့ကြသည်များနှင့်စပ်လျဉ်း၍ မုချသည်းခံကြရတော့မည် ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အမှန်စင်စစ် ယုံပုံလွှဲအပ် အားကိုးအားထားသူတို့သည် အလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံပုံလွှဲအပ်အားကိုးအားထား ပြုလုပ်ကြရာ ကုန်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်
  • تَوَكَّلَ (တဝက္ကုလ်) — ယုံကြည်စိတ်ချစွာ အပ်နှံခြင်း၊ ကိုးစားခြင်း။
  • هَدَانَا سُبُلَنَا (ဟဒါနာ သုဗုလနာ) — ကျွန်ုပ်တို့၏လမ်းများကို ညွှန်ပြခဲ့သည်။
  • آذَيْتُمُونَا (အာဇိုင်သုမုနာ) — သင်တို့သည် ကျွန်ုပ်တို့ကို ထိခိုက်နစ်နာစေခဲ့သည်။
  • الْمُتَوَكِّلُونَ (အလ်မုတဝက္ကိလူန) — ကိုးစားအပ်နှံသူများ။
  1. အာယသ်တော်၏အနက်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အီဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) နှင့် သူ၏နောက်လိုက်များ၏ စကားဖြစ်သည်။ သူတို့က ဤသို့ဆိုကြသည် — အလ္လာဟ်အရှင်မြတ်အပေါ် ကျွန်ုပ်တို့ ကိုးစားအပ်နှံရန် မည်သည့်အတားအဆီး၊ မည်သည့်ဆင်ခြေမျှ မရှိပါ။ အကြောင်းမှာ အရှင်မြတ်သည် ကျွန်ုပ်တို့အား ကယ်တင်ရာလမ်းစဉ်များ၊ အမှန်တရားလမ်းကို ရှင်းလင်းစွာ ညွှန်ပြပေးတော်မူခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ကျွန်ုပ်တို့အား စော်ကားခြင်း၊ ပြောင်လှောင်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းများဖြင့် ထိခိုက်နစ်နာစေသော်လည်း ကျွန်ုပ်တို့သည် ဇွဲရှိရှိ ခံနိုင်ရည်ရှိမည်ဟု ကတိပြုကြသည်။ ယုံကြည်သူများသည် မိမိတို့၏ကိစ္စအားလုံးတွင် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းအပေါ်သာ ကိုးစားအပ်နှံရမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား လမ်းညွှန်ပေးတော်မူခဲ့ပြီးဖြစ်သောကြောင့် ကိုးစားအပ်နှံရန် ဆင်ခြေပေးစရာ အကြောင်းမရှိပါ။
  • ယုံကြည်သူများသည် ဒုက္ခအခက်အခဲများ၊ နှိပ်စက်ညှဉ်းပန်းမှုများကို ရင်ဆိုင်ရာတွင် ဇွဲလုံ့လနှင့် ခံနိုင်ရည်ရှိရမည်။
  • အလ္လာဟ်အရှင်မြတ်အပေါ် ကိုးစားအပ်နှံခြင်းသည် ယုံကြည်သူများ၏ စိတ်နှလုံးကို ငြိမ်းချမ်းစေပြီး ခွန်အားဖြစ်စေသည်။
  • ဤအာယသ်တော်သည် အစ္စလာမ်သာသနာနှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို ချစ်မြတ်နိုးစေသည့် သင်ခန်းစာများကို ပေးအပ်သည် — အခက်အခဲများကြားတွင်ပင် အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်ကိုးစားခြင်းဖြင့် အောင်မြင်မှုရရှိနိုင်သည်ဟု သွန်သင်ပေးသည်။


📜 အာယာသ် 10-14 — စူရာ အီဗ်ရာဟီမ်

10۞ قَالَتْ رُسُلُهُمْ أَفِي اللَّهِ شَكٌّ فَاطِرِ السَّمَاوَاتِ وَالْأَرْضِ ۖ يَدْعُوكُمْ لِيَغْفِرَ لَكُم مِّن ذُنُوبِكُمْ وَيُؤَخِّرَكُمْ إِلَىٰ أَجَلٍ مُّسَمًّى ۚ قَالُوا إِنْ أَنتُمْ إِلَّا بَشَرٌ مِّثْلُنَا تُرِيدُونَ أَن تَصُدُّونَا عَمَّا كَانَ يَعْبُدُ آبَاؤُنَا فَأْتُونَا بِسُلْطَانٍ مُّبِينٍ
၎င်းတို့၏ ရစူလ်တမန်တော်များက(၎င်းတို့အား)အသို့ပါနည်း၊ (အသင်တို့၌)အလ္လာဟ် အရှင်မြတ်နှင့်ပတ်သက်၍ ဒွိဟသံသယ ရှိနေပါသလော။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ဖန်ဆင်းတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့၏ပြစ်မှုများမှလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော် မူအံ့သောငှာလည်းကောင်း၊ အသင်တို့အား ကန့်သတ်ထားသော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်းတော်မူအံ့သောငှာ လည်းကောင်း၊ဖိတ်ခေါ်တော်မူလေသည်ဟု ပြောဆိုဖြေကြားခဲ့လေသည်။ (ထိုရောအခါဝယ်) ၎င်းတို့က (မိမိတို့၏ ရစူလ်တမန်တော်များအားဤသို့တုံ့ပြန်)ပြောဆိုကြလေသည်။ အသင်တို့သည်ကျွန်ုပ်တို့ကဲ့သို့ပင် လူသားမျှသာဖြစ်ကြပေသည်။ အသင်တို့သည် ကျွန်ုပ်တို့အား၊ ကျွန်ုပ်တို့၏အဖ၊ ဘိုးဘေးများ ကိုးကွယ်လျက်ရှိခဲ့ကြသည်ကိုမှ ပိတ်ပင်တားဆီးရန် ကြံရွယ်ကြပေသည်။သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်တို့ထံ ထင်ရှားသော တန်ခိုးပြာဋိဟာကို ယူဆောင်ခဲ့ကြလေကုန်။
11قَالَتْ لَهُمْ رُسُلُهُمْ إِن نَّحْنُ إِلَّا بَشَرٌ مِّثْلُكُمْ وَلَٰكِنَّ اللَّهَ يَمُنُّ عَلَىٰ مَن يَشَاءُ مِنْ عِبَادِهِ ۖ وَمَا كَانَ لَنَا أَن نَّأْتِيَكُم بِسُلْطَانٍ إِلَّا بِإِذْنِ اللَّهِ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
၎င်းတို့အား ၎င်းတို့၏ ရစူလ်တမန်တော်များက(ဤသို့)ပြောဆိုဖြေကြားခဲ့ပေသည်။ (အချင်းတို့၊ဧကန်မလွဲ)ငါတို့သည် အသင်တို့ကဲ့သို့ပင် လူသားများသာဖြစ်ကြပေသည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များအနက်မှ မိမိအလိုရှိတော်မူသောသူအပေါ်၌ ကျေးဇူးပြုတော်မူလေ့ရှိပေသည်။ စင်စစ်သော်ကား ငါတို့၌ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့်မှတစ်ပါး အသင်တို့ထံ တန်ခိုးပြာဋိဟာ တစ်စုံတစ်ခုကိုယူဆောင်လာကြရန် အခွင့်အာဏာမရှိပေ။ အမှန်သော်ကားမုအ်မင်န် သက်ဝင် ယုံကြည်သူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် အားကိုးအားထား ယုံပုံလွှဲအပ်ကြရာကုန်သတည်း။
12وَمَا لَنَا أَلَّا نَتَوَكَّلَ عَلَى اللَّهِ وَقَدْ هَدَانَا سُبُلَنَا ۚ وَلَنَصْبِرَنَّ عَلَىٰ مَا آذَيْتُمُونَا ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُتَوَكِّلُونَ
စင်စစ်သော်ကား ငါတိုသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ထားခြင်းကို မပြုကြရန် ငါတို့၌ မည်သည့်အကြောင်းရှိပါသနည်း။ အမှန်သော်ကား ထိုအရှင်မြတ်သည် ငါတို့အား ငါတို့၏ (အကျိုးဖြစ်ထွန်းစေမည့်) လမ်းများကိုညွှန်ကြား ပြသတော်မူခဲ့လေသည်။ ၎င်းပြင် အမှန်ပင် ငါတို့သည် အသင်တို့ ငါတို့အား ဘေးဒုက္ခပေးခဲ့ကြသည်များနှင့်စပ်လျဉ်း၍ မုချသည်းခံကြရတော့မည် ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အမှန်စင်စစ် ယုံပုံလွှဲအပ် အားကိုးအားထားသူတို့သည် အလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံပုံလွှဲအပ်အားကိုးအားထား ပြုလုပ်ကြရာ ကုန်သတည်း။
13وَقَالَ الَّذِينَ كَفَرُوا لِرُسُلِهِمْ لَنُخْرِجَنَّكُم مِّنْ أَرْضِنَا أَوْ لَتَعُودُنَّ فِي مِلَّتِنَا ۖ فَأَوْحَىٰ إِلَيْهِمْ رَبُّهُمْ لَنُهْلِكَنَّ الظَّالِمِينَ
ထိုမှတစ်ပါး ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သောသူတို့သည်မိမိတို့ ရစူလ်တမန်တော်များအားဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်တို့အား ကျွန်ုပ်တို့၏ မြို့ရွာ၊နယ်မြေအတွင်းမှ မုချနှင်ထုတ်ကြပေမည်။ သို့တည်းမဟုတ်အသင်တို့သည် ကျွန်ုပ်ကို၏သာသနာထဲသို့ မုချပြန်ဝင်ကြရလိမ့်မည်ဟုပြောဆို (ခြိမ်းခြောက်)ခဲ့လေသည်။ ထိုရောအခါဝယ် ၎င်းရစူလ်တမန်တော်များထံ ၎င်းတို့၏အရှင်မြတ်ကမလွဲဧကန် ငါအရှင်မြတ်သည်(ဤသို့) မတရားပြုမူသောသူတို့အား မုချပျက်စီးစေတော်မူအံ့ဟု အမိန့်တော်ချပေးတော်မူခဲ့လေသတည်း။
14وَلَنُسْكِنَنَّكُمُ الْأَرْضَ مِن بَعْدِهِمْ ۚ ذَٰلِكَ لِمَنْ خَافَ مَقَامِي وَخَافَ وَعِيدِ
၎င်းပြင် အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့မရှိကြသည့်နောက်တွင် အသင်တို့အား မြို့ရွာနယ်မြေ၌ နေရာချ၍ပေးတော်မူအံ့။ ဤ(ကတိဝန်ခံချက်)သည်ကား ငါအရှင်မြတ်၏ ေ့ရှတော်မှောက်ဝယ် မတ်တတ်ရပ်ရမည်ကို စိုးရိမ်သောသူ၏အဖို့လည်းကောင်း၊ ငါအရှင်မြတ် ချိန်းချက်ထားတော်မူသော ပြစ်ဒဏ်ကို ကြောက်ရွံ့သောသူ၏အဖို့လည်းကောင်း၊ ဖြစ်ပေသတည်း။
အီဗ်ရာဟီမ်ကုရ်အာန် ညွှန်းကိန်း
52အာယာသ်
MeccanRevelation
12အာယာသ်

ဘာသာပြန် — အီဗ်ရာဟီမ် 12

စူရာ အီဗ်ရာဟီမ် အာယာသ် 12 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား ငါတိုသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ထားခြင်းကို မပြုကြရန် ငါတို့၌ မည်သည့်အကြောင်းရှိပါသနည်း။ အမှန်သော်ကား ထိုအရှင်မြတ်သည် ငါတို့အား…

စူရာ အာယာသ် 12/52 — စူရာ အီဗ်ရာဟီမ် إبراهيم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အီဗ်ရာဟီမ် နားထောင်, စူရာ အီဗ်ရာဟီမ် ဘာသာပြန်, စူရာ အီဗ်ရာဟီမ် mp3, စူရာ အီဗ်ရာဟီမ် pdf. အာယာသ် 10–14. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers